crd
unicode
သရဲနီတွေစံနမူနာယူရမယ့် ကပ္ပတိန် ဖာနန်ဒက်စ်ရဲ့အရည်အချင်းတစ်ရပ်ကိုထုတ်ဖော်ပြောဆိုလိုက်တဲ့ နည်းပြတန်ဟက်
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ၁၀ ရက်အတွင်း ပြိုင်ပွဲစုံလေးပွဲ ကစားရမယ့် အရေးကြီးတဲ့ ခရီးစဥ်စတင်ခဲ့ပြီးနောက် နည်းပြ အဲရစ် တန်ဟန့်က ဘရူနို ဖာနန်ဒက်စ်နဲ့ ခေါင်းဆောင်နိုင်စွမ်းကို ချီးကျုးပြောဆိုလိုက်ပါတယ်။ ဖာနန်ဒက်စ်ဟာ ဒီရာသီမှာ မူလအသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားက ပွဲအနည်းငယ်သာ ပါဝင်ကစားထားရချိန်မှာ အသင်းခေါင်းဆောင်လက်ပတ်ကို မကြာခဏဆိုသလို ဝတ်ဆင်နေရသူ ဖြစ်ပါတယ်။
ထို့အတွက်ကြောင့် တန်ဟန့်က ” ဖာနန်ဒက်ဟာ ပွဲတော်တော်များများကို ကစားပေးနိုင်တဲ့ ကစားသမားမျိုးပါ။ သူ့က ကြံ့ခိုင်မှုတွေအရမ်းပြည့်တဲ့ ကစားသမားပါ။ အသင်းခေါင်ဆောင်တယောက်အနေနဲ့ ဘရုနိုဟာ စံပြကစားသမားတယောက်ဖြစ်ပါတယ်။ “ပထမဆုံး အသင်းခေါင်းဆောင်အနေနဲ့၊ သူအသင်းတွက် စွမ်းဆောင်ထားတာတွေက နမူနာယူစရာစံပြ ဖြစ်ပါတယ်။ ပွဲအတွင်းမှာ အသင်းရဲ့ နည်းစနစ်ဗျူဟာအပြောင်းလဲကြားထဲမှာ အရေးကြီးတဲ့ကစားသမားတဦးလဲဖြစ်ပါတယ်။ အသင်းတွက်လဲ ဘရူနိုကအရမ်းအရေးကြီးပါတယ်။ ဒါဟာကစားသမားတိုင်းအတွက် စံနမူနာကောင်းတစ်ခုပါပဲ ” လို့ ဆိုခဲ့ပါတယ်။
ဆက်လက်ပြီး မန်ယူအသင်းအနေနဲ့ အရေးကြီးတဲ့ပွဲတွေ တောက်လျှောက် ကစားရတော့မာနဲ့ ပတ်သက်ပြီး တန်ဟန့်က ” နည်းစနစ်ပိုင်းဆိုင်ရာ ချဥ်းကပ်မှုအရ၊ အလှည့်ကျနည်းကို ကျွန်တော် စဥ်းစားသွားပါမယ်၊ ဒါပေမယ့် တစ်ခါတစ်လေမှာ အားအင်ပိုင်းအရ ချဥ်းကပ်မှုတွေလည်း လုပ်ရမယ်။ ကျွန်တော်တို့ အဲ့ဒါကို ကြည့်ဖို့တော့ လိုပါတယ်၊ ဒါပေမယ့် ထပ်ပြီးတော့ ပြောရရင် နောက်ပွဲက အရေးအကြီးဆုံးပါပဲ၊ ဒီတော့ ကျွန်တော်တို့တွေ အကောင်းဆုံးအသင်းအဖြစ် မြင်နိုင်အောင်လို့ ” ကစားသွားကြပါမယ်။
ကျွန်တော်တို့တွေ ရှည်ရှည်ဝေးဝေးကြီးတော့ လှမ်းမကြည့်ထားပါဘူး။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့ ပိုကောင်းတဲ့ ဗားရှင်းကိုပဲ ဖြစ်ချင်ပါတယ်၊ အဲ့ဒီနောက်တော့ အဲ့ဒါက ကျွန်တော်တို့ကို ဘယ်နေရာဆီ ခေါ်ဆောင်သွားမလဲဆိုတာ ဧပြီလအကုန်မှာ ကြည့်ကြတာပေါ့ ” လို့ ဆိုခဲ့ပါတယ်။ မန်ယူအသင်းဟာ ဘာစီလိုနာအသင်းနဲ့ အရေးကြီးတဲ့ ယူရိုပါလိဂ်ဒုတိယအကျော့ပွဲစဥ်ကန်ပြီးနောက်၊ နယူးကာဆယ်အသင်းနဲ့ ခါရာဘောင်းဖိုင်နယ်ကစားသွားရမာ ဖြစ်ပါတယ်။