သရဲနီဘုရင္ႀကီး ႐ိုနယ္ဒိုရဲ႕ ဂိုးသြင္းအေမြကို ဆက္ခံဖို႔ ဂ်ာအိုဖီးလစ္ကို အငွားေၾကး ယူ႐ို ၄သန္း+လုပ္ခလစာ အျပည့္နဲ႔ တရားဝင္ ကမ္းလွမ္းလိုက္ၿပီျဖစ္တဲ့ မန္ယူႏိုက္တက္

သရဲနီဘုရင္ႀကီး ႐ိုနယ္ဒိုရဲ႕ ဂိုးသြင္းအေမြကို ဆက္ခံဖို႔ ဂ်ာအိုဖီးလစ္ကို အငွားေၾကး ယူ႐ို ၄သန္း+လုပ္ခလစာ အျပည့္နဲ႔ တရားဝင္ ကမ္းလွမ္းလိုက္ၿပီျဖစ္တဲ့ မန္ယူႏိုက္တက္
ဂ်ာအိုဖီးလစ္ကိုယ္တိုင္က အသင္းမွာ မေနခ်င္ေတာ့တာေၾကာင့္ ယူႏိုက္တက္ရဲ႕ ကမ္းလွမ္းမႈကို လက္ခံဖြယ္ ရွိေနၿပီျဖစ္တဲ့ အက္သလက္တီကိုမက္ဒရစ္

မန္ခ်က္စတာ ယူႏိုက္တက္က အသင္းရဲ႕ ၾကယ္ပြင့္ ႐ိုနယ္ဒိုနဲ႔ ႏွစ္ဦးသေဘာတူ လမ္းခြဲခဲ့ၿပီးေနာက္ ႐ိုနယ္ဒိုရဲ႕ ေနရာအတြက္ တိုက္စစ္မႉးသစ္ တဦး ေခၚယူဖို႔ စီစဥ္ထားတဲ့ အသင္းတသင္း ျဖစ္ၿပီး အက္သလက္တီကို မက္ဒရစ္ရဲ႕ တိုက္စစ္မႉး ဂ်ာအို ဖီးလစ္က သူတို႔ရဲ႕ ကာလရွည္ ပစ္မွတ္ ကစားသမားေတြထဲက တဦးပဲ ျဖစ္ပါတယ္။

အသက္ ၂၃ႏွစ္ အ႐ြယ္ ေပၚတူဂီ လက္ေ႐ြးစင္ တိုက္စစ္မႉး ဂ်ာအို ဖီးလစ္က အေထာင္တိုက္စစ္ ၊ ေနာက္ခ်န္တိုက္စစ္နဲ႔ ဘယ္ညာ ေတာင္ပံႏွစ္ဖက္စလုံးမွာ ကစားႏိုင္စြမ္း ရွိသူ တဦး ျဖစ္ၿပီး သူက အရည္အေသြးျမင့္ တိုက္စစ္မႉး တဦး ျဖစ္ေပမယ့္ သူနဲ႔ အက္သလက္တီကို မက္ဒရစ္နည္းျပ ဆီႁမြန္နီတို႔ ၾကားမွာ ဆက္ဆံေရး မေျပလည္မႈေတြ ရွိေနပါတယ္။

ဒါေၾကာင့္ပဲ အက္သလက္တီကို မက္ဒရစ္က အသင္းရဲ႕ ဘ႑ာေရး ျပႆနာကို ေျဖရွင္းႏိုင္ဖို႔ ဂ်ာအို ဖီးလစ္ကို ယခု ေဆာင္းေဈးကြက္ အတြင္းမွာ အငွားခ်ရန္ ဆုံးျဖတ္ခဲ့ၿပီး ဂ်ာအို ဖီးလစ္ကလည္း အက္သလက္တီကို မက္ဒရစ္မွာ မေပ်ာ္ေတာ့တာေၾကာင့္ အသင္းေျပာင္းခြင့္ ေတာင္းခံထားပါတယ္။

နာမည္ႀကီး စပိန္အေျခစိုက္ သတင္းဌာန တခု ျဖစ္တဲ့ Relevo သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာ ယူႏိုက္တက္က ဂ်ာအို ဖီးလစ္ကို ရာသီဝက္အငွားေၾကး ယူ႐ို ၄သန္း + ဖီးလစ္ရဲ႕ လုပ္ခလစာ အျပည့္ကို ေပးေခ်ေပးမယ္ ဆိုတဲ့ ကမ္းလွမ္းခ်က္ တရပ္ကို အက္သလက္တီကို မက္ဒရစ္ဆီ ေပးပို႔ခဲ့ၿပီး မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ကမ္းလွမ္းမႈထဲမွာ ရာသီကုန္ရင္ ဖီးလစ္ကို ဝယ္ယူပါ့မယ္ ဆိုတဲ့ အခ်က္အလက္ မပါဝင္ခဲ့ေၾကာင္း သိရပါတယ္။

အက္သလက္တီကို မက္ဒရစ္က ဖီးလစ္အတြက္ အငွားေၾကး ယူ႐ို ၈သန္း အထိ လိုခ်င္ေနေပမယ့္ ဖီးလစ္ကိုယ္တိုင္က အသင္းမွာ မေနခ်င္ေတာ့တာေၾကာင့္ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ကမ္းလွမ္းမႈကို လက္ခံဖြယ္ ရွိေနေၾကာင္း စပိန္အေျပာင္းအေ႐ႊ႕ ကြၽမ္းက်င္သူေတြက သုံးသပ္ထားၾကပါတယ္။
crd

Unicode
သရဲနီဘုရင်ကြီး ရိုနယ်ဒိုရဲ့ ဂိုးသွင်းအမွေကို ဆက်ခံဖို့ ဂျာအိုဖီးလစ်ကို အငှားကြေး ယူရို ၄သန်း+လုပ်ခလစာ အပြည့်နဲ့ တရားဝင် ကမ်းလှမ်းလိုက်ပြီဖြစ်တဲ့ မန်ယူနိုက်တက်
ဂျာအိုဖီးလစ်ကိုယ်တိုင်က အသင်းမှာ မနေချင်တော့တာကြောင့် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိနေပြီဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်

မန်ချက်စတာ ယူနိုက်တက်က အသင်းရဲ့ ကြယ်ပွင့် ရိုနယ်ဒိုနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီးနောက် ရိုနယ်ဒိုရဲ့ နေရာအတွက် တိုက်စစ်မှူးသစ် တဦး ခေါ်ယူဖို့ စီစဉ်ထားတဲ့ အသင်းတသင်း ဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်ရဲ့ တိုက်စစ်မှူး ဂျာအို ဖီးလစ်က သူတို့ရဲ့ ကာလရှည် ပစ်မှတ် ကစားသမားတွေထဲက တဦးပဲ ဖြစ်ပါတယ်။

အသက် ၂၃နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ဂျာအို ဖီးလစ်က အထောင်တိုက်စစ် ၊ နောက်ချန်တိုက်စစ်နဲ့ ဘယ်ညာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး သူက အရည်အသွေးမြင့် တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် သူနဲ့ အက်သလက်တီကို မက်ဒရစ်နည်းပြ ဆီမြွန်နီတို့ ကြားမှာ ဆက်ဆံရေး မပြေလည်မှုတွေ ရှိနေပါတယ်။

ဒါကြောင့်ပဲ အက်သလက်တီကို မက်ဒရစ်က အသင်းရဲ့ ဘဏ္ဍာရေး ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဂျာအို ဖီးလစ်ကို ယခု ဆောင်းဈေးကွက် အတွင်းမှာ အငှားချရန် ဆုံးဖြတ်ခဲ့ပြီး ဂျာအို ဖီးလစ်ကလည်း အက်သလက်တီကို မက်ဒရစ်မှာ မပျော်တော့တာကြောင့် အသင်းပြောင်းခွင့် တောင်းခံထားပါတယ်။

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Relevo သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဂျာအို ဖီးလစ်ကို ရာသီဝက်အငှားကြေး ယူရို ၄သန်း + ဖီးလစ်ရဲ့ လုပ်ခလစာ အပြည့်ကို ပေးချေပေးမယ် ဆိုတဲ့ ကမ်းလှမ်းချက် တရပ်ကို အက်သလက်တီကို မက်ဒရစ်ဆီ ပေးပို့ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုထဲမှာ ရာသီကုန်ရင် ဖီးလစ်ကို ဝယ်ယူပါ့မယ် ဆိုတဲ့ အချက်အလက် မပါဝင်ခဲ့ကြောင်း သိရပါတယ်။

အက်သလက်တီကို မက်ဒရစ်က ဖီးလစ်အတွက် အငှားကြေး ယူရို ၈သန်း အထိ လိုချင်နေပေမယ့် ဖီးလစ်ကိုယ်တိုင်က အသင်းမှာ မနေချင်တော့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိနေကြောင်း စပိန်အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *