သရဲနီပရိတ္ေတြႏွစ္ရွည္လမ်ားေမွ်ာ္လင့္ေစာင့္စားေနတဲ့နည္းျပတစ္ဦးျဖစ္ေၾကာင္း ခ်ဲလ္ဆီးနဲ႔ပြဲမွာသက္ေသျပခဲ့တဲ့ အဲရစ္တန္ဟဂ္

ယူႏိုက္တက္နည္းျပ အဲရစ္တန္ဟက္ခ္ ခ်ဲလ္ဆီးနဲ႔ သေရက်ခဲ့တဲ့ပြဲမွာ ပြဲၿပီးခါနီး ျပဳမူခဲ့တဲ့ သူ႔ရဲ႕ အျပဳအမူက ယူႏိုက္တက္ပရိသတ္ေတြ ႏွစ္ရွည္လမ်ား ေစာင့္ေမွ်ာ္ခဲ့ရတဲ့ နည္းျပတေယာက္ဆိုတာကို သက္ေသျပေနခဲ့ပါတယ္။ ဒီပြဲမွာ ေနာက္က်သြင္းဂိုးႏွစ္ဂိုးနဲ႔အတူ တဖက္တဂိုးစီသေရက်ခဲ့ၾကတာပါ။ ခ်ဲလ္ဆီးနဲ႔ယူႏိုက္တက္ ပြဲၿပီးခါနီးမွာ ျမင္ေတြ႕ခဲ့ရတာပါ။

ခ်ဲလ္ဆီးအတြက္ ဦးေဆာင္ဂိုးကို ပြဲကစားခ်ိန္ (၈၆) မိနစ္မွ ေဂ်ာ္ဂ်င္ဟိုက ပင္နယ္တီကတဆင့္ စတင္ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ပြဲကစားခ်ိန္ မိနစ္ (၉၀) ျပည့္လို႔ နာက်င္အခ်ိန္ပိုမွာ လုခ္ေရွာရဲ႕ ျဖတ္တင္ေပးပို႔မႈကို ကက္စ္မဲ႐ိုးက ေခါင္းတိုက္ၿပီး ယူႏိုက္တက္အတြက္ ေခ်ပဂိုးရရွိခဲ့ပါတယ္။ ယူႏိုက္တက္အသင္းသားေတြဟာ ဒီလိုမ်ိဳး ေနာက္က်ေခ်ပဂိုးအတြက္ သည္းႀကီးမဲႀကီး ေအာင္ပြဲခံခဲ့ၾကေပမယ့္ တန္ဟက္ခ္ကိုယ္တိုင္က သေရရလဒ္နဲ႔ ေက်နပ္ခဲ့တာမဟုတ္ဘူးဆိုတာကို ဒီပြဲရဲ႕ ျမင္ကြင္းတခုက သက္ေသျပခဲ့ပါတယ္။

ယူႏိုက္တက္တို႔ ေခ်ပဂိုးရခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးရဲ႕ တိုက္စစ္ဆင္မႈကို လုခ္ေရွာက ရွင္းထုတ္ရင္း ယူႏိုက္တက္တို႔ လက္ပစ္ေဘာေျမႇာက္ခြင့္ရရွိခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ လုခ္ေရွာက ပြဲသိမ္းခရာမႈတ္ဖို႔ ေစာင့္ေနသလို ပုံစံမ်ိဳး ေအးေအးေဆးေဆးနဲ႔ပဲ လက္ပစ္ေဘာကို ေျမႇာက္ေပးဖို႔ ျပင္ဆင္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ ပြဲၿပီးဆုံးဖို႔က စကၠန္႔ (၃၀) ေလာက္ပဲ က်န္ရွိေတာ့ၿပီး ယူႏိုက္တက္တို႔အတြက္ ျမန္ႏိုင္ရင္ ျမန္ႏိုင္သေလာက္ ေနာက္တႀကိမ္ တိုက္စစ္ဆင္ခြင့္ရွိပါေသးတယ္။ အဲ့ဒါေၾကာင့္လည္း တန္ဟက္ခ္က ဗီဒီယိုထဲမွာ ျမင္ေတြ႕ရတဲ့အတိုင္း လုခ္ေရွာကို ေအာ္ဟစ္ခဲ့တာျဖစ္ပါတယ္။

တန္ဟက္ခ္က လုခ္ေရွာကို ပြဲအျမန္ဆုံးျပန္စဖို႔၊ လက္ပစ္ေဘာကို အျမန္ဆုံးေျမႇာက္ေပးဖို႔ ေအာ္ဟစ္ ၫႊန္ၾကားေနခဲ့ၿပီး ဒါက ယူႏိုက္တက္ပရိသတ္ေတြအတြက္ေတာ့ သေဘာက်စရာျဖစ္ခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ဒီပထမရာသီဝက္ အသင္းႀကီးေတြနဲ႔ ထိပ္တိုက္ေတြ႕ခဲ့တဲ့ မွတ္တမ္းေတြမွာ တပြဲတည္းသာရႈံးနိမ့္ခဲ့ၿပီး ခ်ဲလ္ဆီးကို သေရက်ကာ က်န္တဲ့အသင္းႀကီးေတြကို အႏိုင္ကစားႏိုင္ခဲ့တဲ့အသင္းတသင္းလည္းျဖစ္ခဲ့ပါတယ္။
crd

unicode

သရဲနီပရိတ်တွေနှစ်ရှည်လများမျှော်လင့်စောင့်စားနေတဲ့နည်းပြတစ်ဦးဖြစ်ကြောင်း ချဲလ်ဆီးနဲ့ပွဲမှာသက်သေပြခဲ့တဲ့ အဲရစ်တန်ဟဂ်

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ် ချဲလ်ဆီးနဲ့ သရေကျခဲ့တဲ့ပွဲမှာ ပွဲပြီးခါနီး ပြုမူခဲ့တဲ့ သူ့ရဲ့ အပြုအမူက ယူနိုက်တက်ပရိသတ်တွေ နှစ်ရှည်လများ စောင့်မျှော်ခဲ့ရတဲ့ နည်းပြတယောက်ဆိုတာကို သက်သေပြနေခဲ့ပါတယ်။ ဒီပွဲမှာ နောက်ကျသွင်းဂိုးနှစ်ဂိုးနဲ့အတူ တဖက်တဂိုးစီသရေကျခဲ့ကြတာပါ။ ချဲလ်ဆီးနဲ့ယူနိုက်တက် ပွဲပြီးခါနီးမှာ မြင်တွေ့ခဲ့ရတာပါ။

ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် (၈၆) မိနစ်မှ ဂျော်ဂျင်ဟိုက ပင်နယ်တီကတဆင့် စတင် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ပွဲကစားချိန် မိနစ် (၉၀) ပြည့်လို့ နာကျင်အချိန်ပိုမှာ လုခ်ရှောရဲ့ ဖြတ်တင်ပေးပို့မှုကို ကက်စ်မဲရိုးက ခေါင်းတိုက်ပြီး ယူနိုက်တက်အတွက် ချေပဂိုးရရှိခဲ့ပါတယ်။ ယူနိုက်တက်အသင်းသားတွေဟာ ဒီလိုမျိုး နောက်ကျချေပဂိုးအတွက် သည်းကြီးမဲကြီး အောင်ပွဲခံခဲ့ကြပေမယ့် တန်ဟက်ခ်ကိုယ်တိုင်က သရေရလဒ်နဲ့ ကျေနပ်ခဲ့တာမဟုတ်ဘူးဆိုတာကို ဒီပွဲရဲ့ မြင်ကွင်းတခုက သက်သေပြခဲ့ပါတယ်။

ယူနိုက်တက်တို့ ချေပဂိုးရခဲ့ပြီးနောက် ချဲလ်ဆီးရဲ့ တိုက်စစ်ဆင်မှုကို လုခ်ရှောက ရှင်းထုတ်ရင်း ယူနိုက်တက်တို့ လက်ပစ်ဘောမြှောက်ခွင့်ရရှိခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ လုခ်ရှောက ပွဲသိမ်းခရာမှုတ်ဖို့ စောင့်နေသလို ပုံစံမျိုး အေးအေးဆေးဆေးနဲ့ပဲ လက်ပစ်ဘောကို မြှောက်ပေးဖို့ ပြင်ဆင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ပွဲပြီးဆုံးဖို့က စက္ကန့် (၃၀) လောက်ပဲ ကျန်ရှိတော့ပြီး ယူနိုက်တက်တို့အတွက် မြန်နိုင်ရင် မြန်နိုင်သလောက် နောက်တကြိမ် တိုက်စစ်ဆင်ခွင့်ရှိပါသေးတယ်။ အဲ့ဒါကြောင့်လည်း တန်ဟက်ခ်က ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့အတိုင်း လုခ်ရှောကို အော်ဟစ်ခဲ့တာဖြစ်ပါတယ်။

တန်ဟက်ခ်က လုခ်ရှောကို ပွဲအမြန်ဆုံးပြန်စဖို့၊ လက်ပစ်ဘောကို အမြန်ဆုံးမြှောက်ပေးဖို့ အော်ဟစ် ညွှန်ကြားနေခဲ့ပြီး ဒါက ယူနိုက်တက်ပရိသတ်တွေအတွက်တော့ သဘောကျစရာဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီပထမရာသီဝက် အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ မှတ်တမ်းတွေမှာ တပွဲတည်းသာရှုံးနိမ့်ခဲ့ပြီး ချဲလ်ဆီးကို သရေကျကာ ကျန်တဲ့အသင်းကြီးတွေကို အနိုင်ကစားနိုင်ခဲ့တဲ့အသင်းတသင်းလည်းဖြစ်ခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *