



crd

unicode

သရဲနီပစ်မှတ်တောင်ပံကစားသမားအန်ထော်နီနှင့်ပတ်သက်ပြီးဖွင့်ဟလာတဲ့ လူငယ်ကြယ်ပွင့် ဂါနာချို

ယခုနှစ်ဘောလုံးရာသီတွင် တဟုန်ထိုးခြေစွမ်းတိုးတက်လာတဲ့ ဂါနာချိုဟာ ပြီးခဲ့သည့် လတွေမှာ အာဂျင်တီးနာအသင်းကြီးရဲ့ ပဏာမလူစာရင်းတွင် ပါဝင်ခွင့်ရပြီး မက်ဆီနှင့်အတူ ထရိန်နင်ပါအတူ ဆင်းနိုင်ခဲ့ပါသေးတယ်။ အသက်၁၇နှစ်ရှိဂါနာချိုရဲ့ခြေစွမ်းပြကစားမှုကြောင့်ယူနိုက်တက်ဟာFA Youth Cupကို၁၁ကြိမ်မြောက်စံချိန်တင်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ဂါနာချိုဟာ လက်ရှိကစားနေတဲ့ U 20 ပွဲစဥ်တွင် အာဂျင်တီးနာ လူငယ်အသင်းအတွက် အဓိကခြေစွမ်းပြ ကစားနေသူဖြစ်ပြီး သွင်းဂိုး ၄ ဂိုးသွင်းကာ ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားနိုင်ခဲ့သည်။

ယူနိုက်တက်လူငယ်ကြယ်ပွင့် ဂါနာချိုက ယူနိုက်တက်နဲ့သတင်းထွက်နေတဲ့ အန်တိုနီနဲ့ပတ်သတ်ပြီး “ကျွန်တော် သူနဲ့တွဲကစားချင်ပါတယ်၊ အန်တိုနီက အရမ်းကောင်းတဲ့ တောင်ပံကစားသမားပါ”လို့ ပြောကြားလာပါတယ်။ လက်ရှိအချိန်မှာ အေဂျက်စ်ကစာသမား အန်တိုနီကိုခေါ်ယူဖို့အတွက် ယူနိုက်တက်အသင်းတာဝန်ရှိသူတွေ ဆက်တိုက်ဆွေးနွေးမှုပြုလုပ်နေပါတယ်။အေဂျက်စ်အသင်းဘက်ကလဲ အစောပိုင်းသတ်မှတ်ထားတဲ့ ပြောင်းရွေ့ကြေး ပေါင်သန်း၄၀ထက်ပိုတဲ့ ပြောင်းရွေ့ကြေးကို လိုချင်နေပါတယ်။

ကွင်းလယ်ဦးစားပေးပစ်မှတ်အဖြစ် ဘာစီလိုနာရဲ့ ဖရန်ကီ ဒီဂျောင်နဲ့အတူ အားဖြည့်မှုတွေ ပြုလုပ်နေပေမယ့် နောက်တန်းခံစစ်အတွက်လည်း ကစားသမားသစ်တစ်ဦးကို အလိုရှိနေဆဲဖြစ်သည်။ ခံစစ်ကစားသမားသစ်များနှင့်ပတ်သက်၍ နည်းပြတန်ဟက်ဂ်သည် စွယ်စုံရအေဂျက်စ်နောက်ခံလူ ဂျူရီယန်တင်ဘာက်ု ယူနိုက်တက်အသင်းထံသို့ လာရောက်ပူးပေါင်းစေလိုသည်။ သတင်းအများအပြားသည် အပြောင်းအရွှေ့ဈေးကွက်အတွင်း အချိန်အတိုင်းအတာတစ်ခုအထိ နှစ်ဦးနှစ်ဖက်သည်သဘောတူညီမှုရနိုင်ခြေကို ဖော်ပြခဲ့သည်။

ဒါ့အပြင် နယ်သာလန်လက်ရွေးစင် တင်ဘာ၏ အေးဂျင့်ဖြစ်သူ Revien Kanhai သည် ၎င်း၏ကိုယ်ပိုင်Instagram တွင် “အလုပ်အတွက် ခရီးသွားရတာကို နှစ်သက်သည်” ဟူသော စာတန်းနှင့်အတူ မန်ချက်စတာမြို့၏ ဓာတ်ပုံတစ်ပုံကို တင်ပြီးနောက် သတင်းများပိုမိုကျယ်ပြန့်လာသည်။

Add a Comment

Your email address will not be published. Required fields are marked *