သရဲနီတို႔ရဲ႕နံပါတ္10 ႏွင့္ မားကပ္ရက္ဖို႔ဒ္ ထိုက္တန္မႈရွိ မရွိ ေျပာၾကားလာတဲ့ legend ႀကီး ဝိန္း႐ြန္းနီ

သရဲနီတို႔ရဲ႕နံပါတ္10 ႏွင့္ မားကပ္ရက္ဖို႔ဒ္ ထိုက္တန္မႈရွိ မရွိ ေျပာၾကားလာတဲ့ legend ႀကီး ဝိန္း႐ြန္းနီ

မန္ခ်က္စတာယူနိက္တက္ဟာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ဝက္ဟမ္းအသင္းကို အိမ္ကြင္းမွာ လက္ခံကစားခဲ့ရာမွာ 1-0 ျဖင့္အႏိုင္ရခဲ့ၿပီး အရင္က ဖာဂူဆန္လက္ထက္ သုံးမိနစ္ မန္ယူဆိုတာမ်ိဳးကိုျပန္လည္ျပသႏိုင္ခဲ့ပါတယ္…ယင္းပြဲမွာ ရန္းနက္စ္ကေတာ့ ကာဗာနီ နဲ႔ ရတ္ဖို႔စ္တို႔ကို အရံခုံထိုင္ခိုင္းထားၿပီး ပြဲၿပီးခါနီးမွ Super Sub အျဖစ္လုပ္သုံးခဲ့တာကိုေတြ႕ခဲ့ရၿပီး ေရာ္နယ္ဒိုဟာလည္းတပြဲလုံးနီးပါး ေနာက္ဆုံးမိနစ္ေတြအထိ ေတာက္ေလ်ာက္႐ုန္းကန္ခဲ့တာကိုေတြ႕ခဲ့ရပါတယ္…တပြဲလုံး ဂရင္းဝုဒ္သာ အပိုင္အခြင့္အေရးတခ်ိဳ႕ကို မျဖဳန္းတီးပစ္ခဲ့ဘူးဆိုရင္ ဒီပြဲက ဂိုးျပတ္ႏိုင္ရမယ့္ပြဲတပြဲလို႔ဘဲ ျမင္မိပါတယ္….ဒါေပမဲ့ ဂရင္းဝုဒ္ကေတာ့ အပိုင္အခြင့္အေရးတခ်ိဳ႕ကို လြယ္လြယ္ကူကူျဖဳန္းတီးပစ္ခဲ့ပါတယ္…

 

ယင္းပြဲမွာ အႏိုင္ဂိုးသြင္းခဲ့တဲ့ နံပါတ္ 10 ပိုင္ရွင္ ရတ္ဖို႔စ္ကို နံပါတ္10 နဲ႔ထိုက္တန္ေနၿပီလားဆိုတဲ့ ေမးခြန္းကို နံပါတ္10 ပိုင္ရွင္ေဟာင္း Legendႀကီး ဝိန္း႐ြန္းနီက ယခုလိေျဖခဲ့ပါတယ္…ဝိန္း႐ြန္းနီက ” အရင္တုန္းက ထိုက္တန္းျခင္းမထိုက္တန္ျခင္းက ဂိုးေတြသြင္းေနတာကို ၾကည့္ၿပီး မဆုံးျဖတ္ပါဘူး….အသင္းအတြက္ ဘယ္ေလာက္႐ုန္းကန္သလဲ..ဘယ္ေလာက္ကစားေပးလဲ…အသင္းအတြက္ ဘယ္ေလာက္ထိေပးဆပ္ႏိုင္လဲ စိတ္ဓာတ္ေကာင္းပိုင္ဆိုင္ရမယ္…အသင္းေဖာ္ေတြအေပၚ ကြင္းတြင္ ကြင္းျပင္နားလည္မႈရွိရမယ္…ဆိုတဲ့အခ်က္ကေတြနဲ႔ ၾကည့္ၿပီး ေဘာ့စ္ (ဖာဂူဆန္) ကေပးခဲ့တာပါ…..

အခု ရတ္ဖို႔စ္အေနနဲ႔ ထိုက္တန္ရဲ႕လားဆိုတာကို က်ေနာ္မဆုံးျဖတ္ခ်င္ပါဘူး..သူဟာ နံပါတ္ 10 နဲ႔ထိုက္တန္ရဲ႕လားဆိုတာကို ပရိတ္သတ္ေတြဆုံးျဖတ္ပါေစ…ပရိတ္သတ္ေတြဘဲ ထိုက္တန္မယ္ဆိုတာကိုသိပါမယ္….နည္းျပအေျပာင္းအလဲေတြကလည္းျဖစ္ေနေတာ့ ဒီေမးခြန္းကေတာ့ခက္ခဲပါတယ္…က်ေနာ္ကေတာ့ ထိုက္တန္ဖို႔ စိတ္ဓာတ္ပိုင္းအနည္းငယ္လိုေသးတယ္…ထင္တာပါဘဲ ..ကစားအားေရာ ေျခစြမ္းေရာ အကုန္ေကာင္းပါတယ္….ေနာက္ၿပီး ပရဟိတေတြလုပ္ခ်င္စိတ္ရွိတာရယ္ အသင္းတြက္ ႐ုန္းကန္ေပးခ်င္စိတ္ရွိတာရယ္က သူ႔ကို ထိုက္တန္တယ္ဆိုတဲ့အေျဖကိုေပးေနၿပီးသားပါ….ကြင္းထဲမွာရွိခ်ိန္ စိတ္ဓာတ္ေလး ျပင္လိုက္ရင္ သူ႔ အထိုက္တန္ဆုံးပါ ” ဟု Sport Tribble မွာေျဖသြားခဲ့ပါတယ္…

 

မန္ခ်က္စတာ ယူႏိုက္တက္ ၁-၀ ဝက္စ္ဟမ္း ပြဲစဥ္မွာ မန္ခ်က္စတာ ယူႏိုက္တက္ အတြက္ အဖိုးတန္ အႏိုင္ဂိုးကို ေနာက္ဆုံးမိနစ္မွာ သြင္းယူေပးခဲ့ၿပီးေနာက္ မားကပ္ ရက္ဖို႔ဒ္ဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ တခုထဲမွာတင္ မိနစ္ ၉၀ေနာက္ပိုင္း သြင္းဂိုး ၄ဂိုး အထိ သြင္းယူႏိုင္ခဲ့ေၾကာင္း သိရပါတယ္။ရက္ဖို႔ဒ္ဟာ မိနစ္၉၀ေနာက္ပိုင္းမွာ သြင္းဂိုး ၄ဂိုး အထိ သြင္းယူထားႏိုင္တာေၾကာင့္ပဲ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ သမိုင္းတေလွ်ာက္ နာက်င္အခ်ိန္ပိုမွာ သြင္းဂိုး အမ်ားဆုံး သြင္းယူထားႏိုင္တဲ့ ကစားသမား အျဖစ္ မွတ္တမ္းဝင္ခဲ့တာပါ။ဒါ့အျပင္ ရက္ဖို႔ဒ္ဟာ လူစားဝင္ ကစားသမား အျဖစ္ ဝင္ေရာက္ ကစားရာမွ သြင္းဂိုး ၁ဂိုး သြင္းယူႏိုင္ခဲ့တာေၾကာင့္ မန္ခ်က္စတာ ယူႏိုက္တက္အသင္း အတြက္ လူစားဝင္ ကစားၿပီး သြင္းဂိုး အမ်ားဆုံး သြင္းယူေပးခဲ့တဲ့ ကစားသမား စာရင္းရဲ႕ တတိယေနရာမွာ သြင္းဂိုး ၁၁ဂိုးနဲ႔ ရပ္တည္ႏိုင္ခဲ့ပါတယ္။
crd

unicode

သရဲနီတို့ရဲ့နံပါတ်10 နှင့် မားကပ်ရက်ဖို့ဒ် ထိုက်တန်မှုရှိ မရှိ ပြောကြားလာတဲ့ legend ကြီး ဝိန်းရွန်းနီ

မန်ချက်စတာယူနိက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်ဟမ်းအသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရာမှာ 1-0 ဖြင့်အနိုင်ရခဲ့ပြီး အရင်က ဖာဂူဆန်လက်ထက် သုံးမိနစ် မန်ယူဆိုတာမျိုးကိုပြန်လည်ပြသနိုင်ခဲ့ပါတယ်…ယင်းပွဲမှာ ရန်းနက်စ်ကတော့ ကာဗာနီ နဲ့ ရတ်ဖို့စ်တို့ကို အရံခုံထိုင်ခိုင်းထားပြီး ပွဲပြီးခါနီးမှ Super Sub အဖြစ်လုပ်သုံးခဲ့တာကိုတွေ့ခဲ့ရပြီး ရော်နယ်ဒိုဟာလည်းတပွဲလုံးနီးပါး နောက်ဆုံးမိနစ်တွေအထိ တောက်လျောက်ရုန်းကန်ခဲ့တာကိုတွေ့ခဲ့ရပါတယ်…တပွဲလုံး ဂရင်းဝုဒ်သာ အပိုင်အခွင့်အရေးတချို့ကို မဖြုန်းတီးပစ်ခဲ့ဘူးဆိုရင် ဒီပွဲက ဂိုးပြတ်နိုင်ရမယ့်ပွဲတပွဲလို့ဘဲ မြင်မိပါတယ်….ဒါပေမဲ့ ဂရင်းဝုဒ်ကတော့ အပိုင်အခွင့်အရေးတချို့ကို လွယ်လွယ်ကူကူဖြုန်းတီးပစ်ခဲ့ပါတယ်…

ယင်းပွဲမှာ အနိုင်ဂိုးသွင်းခဲ့တဲ့ နံပါတ် 10 ပိုင်ရှင် ရတ်ဖို့စ်ကို နံပါတ်10 နဲ့ထိုက်တန်နေပြီလားဆိုတဲ့ မေးခွန်းကို နံပါတ်10 ပိုင်ရှင်ဟောင်း Legendကြီး ဝိန်းရွန်းနီက ယခုလိဖြေခဲ့ပါတယ်…ဝိန်းရွန်းနီက ” အရင်တုန်းက ထိုက်တန်းခြင်းမထိုက်တန်ခြင်းက ဂိုးတွေသွင်းနေတာကို ကြည့်ပြီး မဆုံးဖြတ်ပါဘူး….အသင်းအတွက် ဘယ်လောက်ရုန်းကန်သလဲ..ဘယ်လောက်ကစားပေးလဲ…အသင်းအတွက် ဘယ်လောက်ထိပေးဆပ်နိုင်လဲ စိတ်ဓာတ်ကောင်းပိုင်ဆိုင်ရမယ်…အသင်းဖော်တွေအပေါ် ကွင်းတွင် ကွင်းပြင်နားလည်မှုရှိရမယ်…ဆိုတဲ့အချက်ကတွေနဲ့ ကြည့်ပြီး ဘော့စ် (ဖာဂူဆန်) ကပေးခဲ့တာပါ…..

အခု ရတ်ဖို့စ်အနေနဲ့ ထိုက်တန်ရဲ့လားဆိုတာကို ကျနော်မဆုံးဖြတ်ချင်ပါဘူး..သူဟာ နံပါတ် 10 နဲ့ထိုက်တန်ရဲ့လားဆိုတာကို ပရိတ်သတ်တွေဆုံးဖြတ်ပါစေ…ပရိတ်သတ်တွေဘဲ ထိုက်တန်မယ်ဆိုတာကိုသိပါမယ်….နည်းပြအပြောင်းအလဲတွေကလည်းဖြစ်နေတော့ ဒီမေးခွန်းကတော့ခက်ခဲပါတယ်…ကျနော်ကတော့ ထိုက်တန်ဖို့ စိတ်ဓာတ်ပိုင်းအနည်းငယ်လိုသေးတယ်…ထင်တာပါဘဲ ..ကစားအားရော ခြေစွမ်းရော အကုန်ကောင်းပါတယ်….နောက်ပြီး ပရဟိတတွေလုပ်ချင်စိတ်ရှိတာရယ် အသင်းတွက် ရုန်းကန်ပေးချင်စိတ်ရှိတာရယ်က သူ့ကို ထိုက်တန်တယ်ဆိုတဲ့အဖြေကိုပေးနေပြီးသားပါ….ကွင်းထဲမှာရှိချိန် စိတ်ဓာတ်လေး ပြင်လိုက်ရင် သူ့ အထိုက်တန်ဆုံးပါ ” ဟု Sport Tribble မှာဖြေသွားခဲ့ပါတယ်…

မန်ချက်စတာ ယူနိုက်တက် ၁-၀ ဝက်စ်ဟမ်း ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် အဖိုးတန် အနိုင်ဂိုးကို နောက်ဆုံးမိနစ်မှာ သွင်းယူပေးခဲ့ပြီးနောက် မားကပ် ရက်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ တခုထဲမှာတင် မိနစ် ၉၀နောက်ပိုင်း သွင်းဂိုး ၄ဂိုး အထိ သွင်းယူနိုင်ခဲ့ကြောင်း သိရပါတယ်။ရက်ဖို့ဒ်ဟာ မိနစ်၉၀နောက်ပိုင်းမှာ သွင်းဂိုး ၄ဂိုး အထိ သွင်းယူထားနိုင်တာကြောင့်ပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတလျှောက် နာကျင်အချိန်ပိုမှာ သွင်းဂိုး အများဆုံး သွင်းယူထားနိုင်တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။ဒါ့အပြင် ရက်ဖို့ဒ်ဟာ လူစားဝင် ကစားသမား အဖြစ် ဝင်ရောက် ကစားရာမှ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် လူစားဝင် ကစားပြီး သွင်းဂိုး အများဆုံး သွင်းယူပေးခဲ့တဲ့ ကစားသမား စာရင်းရဲ့ တတိယနေရာမှာ သွင်းဂိုး ၁၁ဂိုးနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *