သရဲနီတိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ဟာ တစ္ရာသီမွာ ပရီးမိးယားလိဂ္ဂိုး ၂၀ ေလာက္ သြင္းယူႏိုင္တဲ့ အရည္အေသြးရွိတယ္လို႔ ခ်ီးက်ဴးလိုက္တဲ့ နည္းျပႀကီး တန္ဟက္ဂ္
|သရဲနီတိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ဟာ တစ္ရာသီမွာ ပရီးမိးယားလိဂ္ဂိုး ၂၀ ေလာက္ သြင္းယူႏိုင္တဲ့ အရည္အေသြးရွိတယ္လို႔ ခ်ီးက်ဴးလိုက္တဲ့ နည္းျပႀကီး တန္ဟက္ဂ္
တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ကို နည္းျပႀကီး တန္ဟက္ဂ္က အမႊန္းတင္ခ်ီးက်ဴးလိုက္တာေၾကာင့္ ဇန္နဝါရီမွာ လူသစ္ဝယ္ဖို႔ မရွိေတာ့မွာ စိုးရိမ္ေနရၿပီျဖစ္တဲ့ ယူႏိုက္တက္ပရိတ္သတ္မ်ား
လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အသင္းအတြက္ တိုက္စစ္မႉးတဦးကို ရွာေဖြသြားမယ္လို႔ ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဂ်္က ေျပာဆိုလိုက္ပါတယ္။ ေရာ္နယ္ဒိုနဲ႔ ႏွစ္ဖက္သေဘာတူလမ္းခြဲခဲ့ၿပီးေနာက္ ယူႏိုက္တက္ဟာ အေထာင္တိုက္စစ္မႉးတဦးလိုအပ္ေနတာျဖစ္ၿပီး ေစ်းကြက္ထဲမွာ အဆိုပါေနရာကို ျဖည့္တင္းေပးႏိုင္မယ့္သူကို ရွာေဖြသြားမွာျဖစ္ပါတယ္။
ယူႏိုက္တက္တိုက္စစ္ပိုင္းမွာ အားထားရမယ့္သူေတြအျဖစ္ ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္တို႔ႏွစ္ဦးတည္းသာ ရွိေနတာျဖစ္ၿပီး မာရွယ္ကလည္း ဒဏ္ရာမၾကာခဏရရွိေနတာေၾကာင့္ ပြဲကစားခ်ိန္ထက္ အနားယူခ်ိန္က ပိုမ်ားေနသူျဖစ္ပါတယ္။ ဒါေၾကာင့္ ေရာ္နယ္ဒိုကို ဆုံးရႈံးထားရလို႔ တိုက္စစ္မႉးတဦးကို ေခၚယူမယ္လို႔ နယ္သာလန္သားနည္းျပႀကီးက ေျပာဆိုခဲ့တာပါ။
“ဟုတ္ပါတယ္၊ က်ေနာ္တို႔ တိုက္စစ္မႉးတဦးကို ဆုံးရႈံးထားရၿပီး ဒါေၾကာင့္ တဦးလိုအပ္ေနပါတယ္၊ ဒါေပမယ့္လည္း အသင္းအတြက္ တကယ္အရည္အေသြးျပည့္၀တဲ့ ကစားသမားမွသာ ေခၚယူမွာပါ၊ အသင္းလူစာရင္းကို ေပါင္းထည့္႐ုံသက္သက္မဟုတ္ပါဘူး၊ ယူႏိုက္တက္မွာ သတ္မွတ္ခ်က္ေတြက ျမင့္မားပါတယ္” လို႔ တန္ဟက္ဂ်္က ေျပာဆိုခဲ့ပါတယ္။
ယူႏိုက္တက္ဟာ အမွတ္ေပးဇယားထိပ္ဆုံး ၈ သင္းထဲမွာ ဂိုးသြင္းအနည္းဆုံးအသင္းအျဖစ္ ရပ္တည္ေနတာျဖစ္ၿပီး တန္ဟက္ဂ်္ကေတာ့ ရက္ရွ္ဖို႔ဒ္ရဲ႕ ေျခစြမ္းျပသမႈေတြရွိလာမယ္လို႔ ယုံၾကည္ေနပါတယ္။ အဂၤလန္တိုက္စစ္မႉးဟာ ကာတာမွာ ၃ ဂိုးအထိ သြင္းယူခဲ့ၿပီး ေျခစြမ္းျပခဲ့သလို ၿပီးခဲ့တဲ့တပတ္က ကစားခဲ့တဲ့ ကာရာေဘာင္းဖလားပြဲမွာလည္း ေကာင္းမြန္တဲ့ သြင္းဂိုးတဂိုးရယူႏိုင္ခဲ့ပါေသးတယ္။
“သူက တရာသီကို ပရီးမိးယားလိဂ္ဂိုး ၂၀ ေလာက္ သြင္းယူႏိုင္တဲ့ အရည္အေသြးရွိတယ္လို႔ ထင္တယ္၊ ကမာၻ႔ဖလားမွာ သူ ၃ ဂိုးအထိ ရခဲ့ၿပီးေတာ့ ပရီးမီးယားလိဂ္မွာလည္း သူလုပ္ျပႏိုင္စြမ္းရွိပါတယ္၊ က်ေနာ္တို႔ တိုက္စစ္ပိုင္းမွာ ျပသနာအမ်ားႀကီးမရွိပါဘူး” လို႔ ေျပာဆိုခဲ့ပါတယ္။
crd
Unicode
သရဲနီတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ တစ်ရာသီမှာ ပရီးမိးယားလိဂ်ဂိုး ၂၀ လောက် သွင်းယူနိုင်တဲ့ အရည်အသွေးရှိတယ်လို့ ချီးကျူးလိုက်တဲ့ နည်းပြကြီး တန်ဟက်ဂ်
တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို နည်းပြကြီး တန်ဟက်ဂ်က အမွှန်းတင်ချီးကျူးလိုက်တာကြောင့် ဇန်နဝါရီမှာ လူသစ်ဝယ်ဖို့ မရှိတော့မှာ စိုးရိမ်နေရပြီဖြစ်တဲ့ ယူနိုက်တက်ပရိတ်သတ်များ
လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းအတွက် တိုက်စစ်မှူးတဦးကို ရှာဖွေသွားမယ်လို့ ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဂျ်က ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုနဲ့ နှစ်ဖက်သဘောတူလမ်းခွဲခဲ့ပြီးနောက် ယူနိုက်တက်ဟာ အထောင်တိုက်စစ်မှူးတဦးလိုအပ်နေတာဖြစ်ပြီး စျေးကွက်ထဲမှာ အဆိုပါနေရာကို ဖြည့်တင်းပေးနိုင်မယ့်သူကို ရှာဖွေသွားမှာဖြစ်ပါတယ်။
ယူနိုက်တက်တိုက်စစ်ပိုင်းမှာ အားထားရမယ့်သူတွေအဖြစ် ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့နှစ်ဦးတည်းသာ ရှိနေတာဖြစ်ပြီး မာရှယ်ကလည်း ဒဏ်ရာမကြာခဏရရှိနေတာကြောင့် ပွဲကစားချိန်ထက် အနားယူချိန်က ပိုများနေသူဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုကို ဆုံးရှုံးထားရလို့ တိုက်စစ်မှူးတဦးကို ခေါ်ယူမယ်လို့ နယ်သာလန်သားနည်းပြကြီးက ပြောဆိုခဲ့တာပါ။
“ဟုတ်ပါတယ်၊ ကျနော်တို့ တိုက်စစ်မှူးတဦးကို ဆုံးရှုံးထားရပြီး ဒါကြောင့် တဦးလိုအပ်နေပါတယ်၊ ဒါပေမယ့်လည်း အသင်းအတွက် တကယ်အရည်အသွေးပြည့်၀တဲ့ ကစားသမားမှသာ ခေါ်ယူမှာပါ၊ အသင်းလူစာရင်းကို ပေါင်းထည့်ရုံသက်သက်မဟုတ်ပါဘူး၊ ယူနိုက်တက်မှာ သတ်မှတ်ချက်တွေက မြင့်မားပါတယ်” လို့ တန်ဟက်ဂျ်က ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ အမှတ်ပေးဇယားထိပ်ဆုံး ၈ သင်းထဲမှာ ဂိုးသွင်းအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေတာဖြစ်ပြီး တန်ဟက်ဂျ်ကတော့ ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းပြသမှုတွေရှိလာမယ်လို့ ယုံကြည်နေပါတယ်။ အင်္ဂလန်တိုက်စစ်မှူးဟာ ကာတာမှာ ၃ ဂိုးအထိ သွင်းယူခဲ့ပြီး ခြေစွမ်းပြခဲ့သလို ပြီးခဲ့တဲ့တပတ်က ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲမှာလည်း ကောင်းမွန်တဲ့ သွင်းဂိုးတဂိုးရယူနိုင်ခဲ့ပါသေးတယ်။
“သူက တရာသီကို ပရီးမိးယားလိဂ်ဂိုး ၂၀ လောက် သွင်းယူနိုင်တဲ့ အရည်အသွေးရှိတယ်လို့ ထင်တယ်၊ ကမ္ဘာ့ဖလားမှာ သူ ၃ ဂိုးအထိ ရခဲ့ပြီးတော့ ပရီးမီးယားလိဂ်မှာလည်း သူလုပ်ပြနိုင်စွမ်းရှိပါတယ်၊ ကျနော်တို့ တိုက်စစ်ပိုင်းမှာ ပြသနာအများကြီးမရှိပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
crd