သရဲနီတစ္ဦးျဖစ္ခ်င္ခဲ့ေပမယ့္ ႀကိဳးၾကာနီျဖစ္ခဲ့ရလို႔ ေနာင္တရေနတယ္ဆိုတဲ့ နယ္သာလန္စတား
|သရဲနီတစ္ဦးျဖစ္ခ်င္ခဲ့ေပမယ့္ ႀကိဳးၾကာနီျဖစ္ခဲ့ရလို႔ ေနာင္တရေနတယ္ဆိုတဲ့ နယ္သာလန္စတား
ပရီးမီးယားလိဂ္မွာ (၇)ပြဲကစား ဂိုး(ဝ)၊ဖန္တီးမႈ(ဝ) ျဖစ္ေနလို႔ 007 ရယ္လို႔ တင္စားခံေနရတဲ့ ေကာ္ဒီဂတ္ပို တစ္ေယာက္ ၿပီးခဲ့တဲ့ေႏြမွာသာ မန္ယူႏိုက္တဒ္ ကို ေျပာင္းေ႐ႊ႕ႏိုင္ခဲ့ရင္ ယခုလိုအျဖစ္ဆိုးနဲ႔ႀကဳံရမွာမဟုတ္ဘူးလို႔ ညည္းတြားလိုက္ပါတယ္။ မန္ယူႏိုက္တဒ္ဟာ ဂတ္ပိုကို ေခၚယူဖို႔ အနီးစပ္ဆုံးအေနထားထိ ေရာက္ရွိခဲ့ၿပီးမွ အန္တိုနီကို ေခၚယူခဲ့တာျဖစ္ၿပီး ေဆာင္းေဈးကြက္မွာလည္း ေခၚယူရန္ ခ်ဥ္းကပ္ခဲ့ပါေသးတယ္။ သို႔ေသာ္လည္း အသင္းေရာင္းခ်ေရး စီစဥ္ေနမႈက ဂတ္ပို ေခၚယူမႈမွာ အားနည္းခဲ့လို႔ အဆုံးသတ္မွာေတာ့ ယူႏိုက္တဒ္က စိတ္ဝင္စားရင္ အသည္းသန္ျဖတ္လုခ်င္တဲ့ ကေလာပ့္ လက္ထဲေရာက္ရွိခဲ့ၿပီး ၾကယ္တစ္ပြင့္ဟာ အေရာင္ေမွးမွိန္ခဲ့ရတာပဲ ျဖစ္ပါတယ္။
ဂတ္ပိုက “ကြၽန္ေတာ္ ႐ုဒ့္(နစၥတ႐ြိဳင္း) နဲ႔ ယူႏိုက္တဒ္ အေၾကာင္းေတြ အေတာ္မ်ားမ်ား ေျပာျဖစ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ေႏြမွာ မန္ယူႏိုက္တဒ္ နဲ႔ အေျပာင္းေ႐ႊ႕က အမွန္တကယ္ျဖစ္လာေတာ့မယ္လို႔ ခံစားရၿပီး တကယ္လည္း နီးစပ္တဲ့အေျခအေနမွာ ရွိေနခဲ့တာပါ။ ဒါေပမယ့္ ေဆာင္းရာသီမွာေတာ့ သူတို႔ဖက္က စိတ္ဝင္စားမႈက ေလ်ာ့က်သြားၿပီး အေျပာင္းေ႐ႊ႕က ခက္ခဲခဲ့ပါတယ္။
ကြၽန္ေတာ့္ကို အသင္းႀကီးတစ္သင္းမွာ ကစားလိုတာက ႐ုဒ့္ ရဲ႕ ဆႏၵပါ၊ သူက ကြၽန္ေတာ့္ကို မန္ယူႏိုက္တဒ္ မွာပဲ ကစားေစလိုတာပါ။ ဒါေပမယ့္ အခု ကြၽန္ေတာ္လီဗာပူးလ္ကို ေျပာင္းေ႐ႊ႕လာခဲ့ၿပီး ဒီအသင္းဟာလည္း အသင္းႀကီးတစ္သင္းျဖစ္လို႔ ေပ်ာ္႐ႊင္ပါတယ္”လို႔ ဆိုပါတယ္။ ဂတ္ပိုဟာ တန္ဟဂ္ ရဲ႕ ကာလရွည္ၾကာေစာင့္ၾကည့္ထားတဲ့ ကစားသမားျဖစ္ၿပီး ယူႏိုက္တဒ္ တိုက္စစ္မွာ အံဝင္ဂြင္က် ကစားႏိုင္ေပမယ့္ မာေနး ေနရာကိုျဖည့္ႏိုင္ဖို႔ အလြန္အကြၽံ ရွာေဖြေနတဲ့ ကေလာပ့္ ရဲ႕ လက္ထဲမွာေတာ့ ႐ုန္းကန္ေနသူျဖစ္ပါတယ္။
ၿပီးခဲ့တဲ့တစ္ပတ္ကလည္း နယ္သာလန္သား ႐ုပ္သံအစီစဥ္တင္ဆက္သူ ဗန္ဒါဗတ္က “ေကာ္ဒီဂတ္ပိုသာ လီဗာပူးလ္ ကို မဟုတ္ပဲ မန္ယူႏိုက္တဒ္ ကို ေျပာင္းေ႐ႊ႕ခဲ့ရင္ ပိုၿပီး သက္ေသာင့္သက္သာရွိသလို ဂိုးေတြလည္း သြင္းယူႏိုင္ၿပီး ျဖစ္ပါလိမ့္မယ္။ လီဗာပူးလ္မွာ သူ႔ကို ဝန္းရံေပးမယ့္ ကစားသမားမရွိေပမယ့္ ယူႏိုက္တဒ္ မွာေတာ့ ကတ္စမဲ႐ိုး၊ ဘ႐ူႏို၊ အဲရခ္ဆင္၊ ရရွ္ဖိုဒ့္တို႔နဲ႔ဆိုရင္ ဂတ္ပို အတြက္ ဂိုးေတြရဖို႔ ပိုၿပီးလြယ္ကူပါလိမ့္မယ္”လို႔ ေဝဖန္ခဲ့ပါတယ္။
crd
unicode
သရဲနီတစ်ဦးဖြစ်ချင်ခဲ့ပေမယ့် ကြိုးကြာနီဖြစ်ခဲ့ရလို့ နောင်တရနေတယ်ဆိုတဲ့ နယ်သာလန်စတား
ပရီးမီးယားလိဂ်မှာ (၇)ပွဲကစား ဂိုး(ဝ)၊ဖန်တီးမှု(ဝ) ဖြစ်နေလို့ 007 ရယ်လို့ တင်စားခံနေရတဲ့ ကော်ဒီဂတ်ပို တစ်ယောက် ပြီးခဲ့တဲ့နွေမှာသာ မန်ယူနိုက်တဒ် ကို ပြောင်းရွှေ့နိုင်ခဲ့ရင် ယခုလိုအဖြစ်ဆိုးနဲ့ကြုံရမှာမဟုတ်ဘူးလို့ ညည်းတွားလိုက်ပါတယ်။ မန်ယူနိုက်တဒ်ဟာ ဂတ်ပိုကို ခေါ်ယူဖို့ အနီးစပ်ဆုံးအနေထားထိ ရောက်ရှိခဲ့ပြီးမှ အန်တိုနီကို ခေါ်ယူခဲ့တာဖြစ်ပြီး ဆောင်းဈေးကွက်မှာလည်း ခေါ်ယူရန် ချဉ်းကပ်ခဲ့ပါသေးတယ်။ သို့သော်လည်း အသင်းရောင်းချရေး စီစဉ်နေမှုက ဂတ်ပို ခေါ်ယူမှုမှာ အားနည်းခဲ့လို့ အဆုံးသတ်မှာတော့ ယူနိုက်တဒ်က စိတ်ဝင်စားရင် အသည်းသန်ဖြတ်လုချင်တဲ့ ကလောပ့် လက်ထဲရောက်ရှိခဲ့ပြီး ကြယ်တစ်ပွင့်ဟာ အရောင်မှေးမှိန်ခဲ့ရတာပဲ ဖြစ်ပါတယ်။
ဂတ်ပိုက “ကျွန်တော် ရုဒ့်(နစ္စတရွိုင်း) နဲ့ ယူနိုက်တဒ် အကြောင်းတွေ အတော်များများ ပြောဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေမှာ မန်ယူနိုက်တဒ် နဲ့ အပြောင်းရွှေ့က အမှန်တကယ်ဖြစ်လာတော့မယ်လို့ ခံစားရပြီး တကယ်လည်း နီးစပ်တဲ့အခြေအနေမှာ ရှိနေခဲ့တာပါ။ ဒါပေမယ့် ဆောင်းရာသီမှာတော့ သူတို့ဖက်က စိတ်ဝင်စားမှုက လျော့ကျသွားပြီး အပြောင်းရွှေ့က ခက်ခဲခဲ့ပါတယ်။
ကျွန်တော့်ကို အသင်းကြီးတစ်သင်းမှာ ကစားလိုတာက ရုဒ့် ရဲ့ ဆန္ဒပါ၊ သူက ကျွန်တော့်ကို မန်ယူနိုက်တဒ် မှာပဲ ကစားစေလိုတာပါ။ ဒါပေမယ့် အခု ကျွန်တော်လီဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့ပြီး ဒီအသင်းဟာလည်း အသင်းကြီးတစ်သင်းဖြစ်လို့ ပျော်ရွှင်ပါတယ်”လို့ ဆိုပါတယ်။ ဂတ်ပိုဟာ တန်ဟဂ် ရဲ့ ကာလရှည်ကြာစောင့်ကြည့်ထားတဲ့ ကစားသမားဖြစ်ပြီး ယူနိုက်တဒ် တိုက်စစ်မှာ အံဝင်ဂွင်ကျ ကစားနိုင်ပေမယ့် မာနေး နေရာကိုဖြည့်နိုင်ဖို့ အလွန်အကျွံ ရှာဖွေနေတဲ့ ကလောပ့် ရဲ့ လက်ထဲမှာတော့ ရုန်းကန်နေသူဖြစ်ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်ကလည်း နယ်သာလန်သား ရုပ်သံအစီစဉ်တင်ဆက်သူ ဗန်ဒါဗတ်က “ကော်ဒီဂတ်ပိုသာ လီဗာပူးလ် ကို မဟုတ်ပဲ မန်ယူနိုက်တဒ် ကို ပြောင်းရွှေ့ခဲ့ရင် ပိုပြီး သက်သောင့်သက်သာရှိသလို ဂိုးတွေလည်း သွင်းယူနိုင်ပြီး ဖြစ်ပါလိမ့်မယ်။ လီဗာပူးလ်မှာ သူ့ကို ဝန်းရံပေးမယ့် ကစားသမားမရှိပေမယ့် ယူနိုက်တဒ် မှာတော့ ကတ်စမဲရိုး၊ ဘရူနို၊ အဲရခ်ဆင်၊ ရရှ်ဖိုဒ့်တို့နဲ့ဆိုရင် ဂတ်ပို အတွက် ဂိုးတွေရဖို့ ပိုပြီးလွယ်ကူပါလိမ့်မယ်”လို့ ဝေဖန်ခဲ့ပါတယ်။