သရဲနီခံစစ္ေၾကာင္းတည္ၿငိမ္လာဖို႔ ဘယ္သူေတြဦးေဆာင္သင့္သလဲဆိုတာ ဖြင့္ဟလာတဲ့ ရီယိုဖာဒီနန္

သရဲနီခံစစ္ေၾကာင္းတည္ၿငိမ္လာဖို႔ ဘယ္သူေတြဦးေဆာင္သင့္သလဲဆိုတာ ဖြင့္ဟလာတဲ့ ရီယိုဖာဒီနန္

ၿပီးခဲ့ေသာ ႏိုဝင္ဘာတြင္ ဆိုးရွားကို ထုတ္ပယ္ၿပီးေနာက္ ဂ်ာမန္လူမ်ိဳး ရန္းနစ္က ယာယီမန္ေနဂ်ာအျဖစ္ အသင္းကို တာဝန္ယူခဲ့ေသာ္လည္း မန္ယူတြင္ သိသာသည့္ တိုးတက္မႈမ်ား ျဖစ္ေပၚလာျခင္း မရွိေသးဟု ေဝဖန္ခံေနရသည္။ မန္ခ်က္စတာယူနိက္တက္ရဲ႕ တည္ၿငိမ္လွတဲ့ ခံစစ္ေၾကာင္းကို ပရိတ္သတ္ေတြက နည္းျပသစ္လက္ထက္မွာ ျမင္ေတြ႕ခ်င္ေပမဲ့ အလဲလဲအကြဲကြဲ ျဖစ္ေနတာကိုေတြ႕ရပါတယ္….တပြဲနဲ႔တပြဲ မတည္ၿငိမ္တဲ့ ခံစစ္ေၾကာင္းကို ဘယ္သူဦးေဆာင္မလဲ ဆိုတဲ့ေမးခြန္းရဲ႕ အေျဖကို ယူနိက္တက္ပရိတ္သတ္တိုင္းသိခ်င္ေနၾကၿပီး ရန္းနက္ဆီက တည္က်တဲ့ အေျဖကို ေမွ်ာ္ေနၾကပါတယ္…

 

.ယခုလက္ရွိခံစစ္ Players မ်ားထဲတြင္ ဘယ္သူေတြ အသင့္ေတာ္ဆုံးလဲႏွင့္ ဘယ္ကစားသမားက ခံစစ္ကို ဦးေဆာင္သင့္လဲဆိုတာ ဖာဒီနန္က Talk Sport မွာ ယခုလိုေျပာခဲ့ပါတယ္…ဖာဒီနန္က ” က်ေနာ္တို႔ ယူနိက္တက္ ခံစစ္အတြက္ မ်ားစြာ စိတ္ပ်က္ဖြယ္ရာေတြေတြ႕ခဲ့ရပါတယ္….နည္းျပနဲ႔ ကစားသမားနားလည္မႈလြဲတာကျပင္လို႔ရပါတယ္….တကယ္လိုအပ္ေနတာက ယူနိက္တက္ DNA ရွိၿပီး ပရီးမီးယားလိဂ္နဲ႔ အသားက်တဲ့ ကစားသမားမ်ိဳးက ဦးေဆာင္တာကိုလိုအပ္ေနတာပါ….အဲ့ဒီအရည္အေသြးေတြကို ဖီးလ္ဂ်ဳံး နဲ႔ ဗာရန္းအတြဲမွာ ေတြ႕ေနရပါတယ္…

သူတို႔ႏွစ္ေယာက္မွာ လ်င္ျမန္မႈ အားပိုထြက္ၿပီး ဂိုးမေပးရဖို႔ ဘာဘဲလုပ္ရလုပ္ရ လုပ္မယ့္ ဖီးဂ်ဳံးကို ဦးေဆာင္ေစခ်င္တယ္….ေဘာ့လ္ လည္း သေဘာက်မွာပါ…ဗာရန္းက ကစားပုံဒီထက္ျမန္ဖို႔လိုေသးတယ္…မက္ကြိဳင္းယားကိုေတာ့ မေျပာေတာ့ဘူး….ခံစစ္အစြန္ေတြ မွာ ဒါးေလာ့ နဲ႔ ေရွာတို႔ကို မသုံးဘဲ တဲလက္နဲ႔သုံးေစခ်င္ပါတယ္…..ဒီ Format ကိုသုံးမယ္ဆို ေပးဂိုးေတြနည္းသြားမယ္လို႔ထင္ပါတယ္….” ဟုေျပာသြားခဲ့ပါတယ္…..ထပ္ၿပီးေတာ့ ဖာဒီနန္က ဖီးလ္ဂ်ဳံးအား ျပန္လာႏိုင္တဲ့အတြက္ ဂုဏ္ယူပါတယ္….ယူနိက္တက္အတြက္ဆက္ၿပီး တိုက္ပြဲဝင္ေပးပါ ဟု ေျပာသြားခဲ့ပါတယ္…

 

ဖီးလ္ဂ်ဳံးကေတာ့ ယူႏိုက္တက္အသင္းအတြက္ ျပန္လည္ကစားႏိုင္တဲ့အေပၚ ” သိတဲ့အတိုင္းပဲ က်ေနာ္ ဒဏ္ရာေၾကာင့္အသင္းလူစာရင္းနဲ႔ ကြင္း ထဲမေရာက္တာ အခ်ိန္ေတြအရမ္းၾကာသြားခဲ့ပါတယ္။ ဒါက ကြၽန္ေတာ့္အတြက္ထိန္႔လန္႔စရာ အရာေတြလည္းျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ အခုလက္ရွိကစားသမားေတြနဲ႔ေဘာလုံးျပန္ကစားရတာ အင္မတန္မွ ေကာင္းပါတယ္။ ကြင္းထဲမွာ မကစားရတဲ့အခ်ိန္ ကြင္းအတြင္း ကစားေနတာကိုျမင္ရင္ အားမလိုအားမရ တာေတြလည္းျဖစ္တက္ပါတယ္။ အခ်ိန္တိုင္း အသင္းအေပၚ ကြၽန္ေတာ္အၿမဲတမ္းေလးစား ပါတယ္။ ဒီဂ်ာစီကို ဝတ္ဆင္ၿပီးကစားတဲ့ အခ်ိန္တိုင္းကြၽန္ေတာ့္ေသြး၊ ေခြၽး၊ မ်က္ရည္ အစရွိတဲ့အရာအားလုံးကို အသင္းဆီပုံအပ္ထားပါတယ္။ဟု ေျပာၾကားသြားခဲ့ပါတယ္။
crd

unicode

သရဲနီခံစစ်ကြောင်းတည်ငြိမ်လာဖို့ ဘယ်သူတွေဦးဆောင်သင့်သလဲဆိုတာ ဖွင့်ဟလာတဲ့ ရီယိုဖာဒီနန်

ပြီးခဲ့သော နိုဝင်ဘာတွင် ဆိုးရှားကို ထုတ်ပယ်ပြီးနောက် ဂျာမန်လူမျိုး ရန်းနစ်က ယာယီမန်နေဂျာအဖြစ် အသင်းကို တာဝန်ယူခဲ့သော်လည်း မန်ယူတွင် သိသာသည့် တိုးတက်မှုများ ဖြစ်ပေါ်လာခြင်း မရှိသေးဟု ဝေဖန်ခံနေရသည်။ မန်ချက်စတာယူနိက်တက်ရဲ့ တည်ငြိမ်လှတဲ့ ခံစစ်ကြောင်းကို ပရိတ်သတ်တွေက နည်းပြသစ်လက်ထက်မှာ မြင်တွေ့ချင်ပေမဲ့ အလဲလဲအကွဲကွဲ ဖြစ်နေတာကိုတွေ့ရပါတယ်….တပွဲနဲ့တပွဲ မတည်ငြိမ်တဲ့ ခံစစ်ကြောင်းကို ဘယ်သူဦးဆောင်မလဲ ဆိုတဲ့မေးခွန်းရဲ့ အဖြေကို ယူနိက်တက်ပရိတ်သတ်တိုင်းသိချင်နေကြပြီး ရန်းနက်ဆီက တည်ကျတဲ့ အဖြေကို မျှော်နေကြပါတယ်…

.ယခုလက်ရှိခံစစ် Players များထဲတွင် ဘယ်သူတွေ အသင့်တော်ဆုံးလဲနှင့် ဘယ်ကစားသမားက ခံစစ်ကို ဦးဆောင်သင့်လဲဆိုတာ ဖာဒီနန်က Talk Sport မှာ ယခုလိုပြောခဲ့ပါတယ်…ဖာဒီနန်က ” ကျနော်တို့ ယူနိက်တက် ခံစစ်အတွက် များစွာ စိတ်ပျက်ဖွယ်ရာတွေတွေ့ခဲ့ရပါတယ်….နည်းပြနဲ့ ကစားသမားနားလည်မှုလွဲတာကပြင်လို့ရပါတယ်….တကယ်လိုအပ်နေတာက ယူနိက်တက် DNA ရှိပြီး ပရီးမီးယားလိဂ်နဲ့ အသားကျတဲ့ ကစားသမားမျိုးက ဦးဆောင်တာကိုလိုအပ်နေတာပါ….အဲ့ဒီအရည်အသွေးတွေကို ဖီးလ်ဂျုံး နဲ့ ဗာရန်းအတွဲမှာ တွေ့နေရပါတယ်…

သူတို့နှစ်ယောက်မှာ လျင်မြန်မှု အားပိုထွက်ပြီး ဂိုးမပေးရဖို့ ဘာဘဲလုပ်ရလုပ်ရ လုပ်မယ့် ဖီးဂျုံးကို ဦးဆောင်စေချင်တယ်….ဘော့လ် လည်း သဘောကျမှာပါ…ဗာရန်းက ကစားပုံဒီထက်မြန်ဖို့လိုသေးတယ်…မက်ကွိုင်းယားကိုတော့ မပြောတော့ဘူး….ခံစစ်အစွန်တွေ မှာ ဒါးလော့ နဲ့ ရှောတို့ကို မသုံးဘဲ တဲလက်နဲ့သုံးစေချင်ပါတယ်…..ဒီ Format ကိုသုံးမယ်ဆို ပေးဂိုးတွေနည်းသွားမယ်လို့ထင်ပါတယ်….” ဟုပြောသွားခဲ့ပါတယ်…..ထပ်ပြီးတော့ ဖာဒီနန်က ဖီးလ်ဂျုံးအား ပြန်လာနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်….ယူနိက်တက်အတွက်ဆက်ပြီး တိုက်ပွဲဝင်ပေးပါ ဟု ပြောသွားခဲ့ပါတယ်…

ဖီးလ်ဂျုံးကတော့ ယူနိုက်တက်အသင်းအတွက် ပြန်လည်ကစားနိုင်တဲ့အပေါ် ” သိတဲ့အတိုင်းပဲ ကျနော် ဒဏ်ရာကြောင့်အသင်းလူစာရင်းနဲ့ ကွင်း ထဲမရောက်တာ အချိန်တွေအရမ်းကြာသွားခဲ့ပါတယ်။ ဒါက ကျွန်တော့်အတွက်ထိန့်လန့်စရာ အရာတွေလည်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုလက်ရှိကစားသမားတွေနဲ့ဘောလုံးပြန်ကစားရတာ အင်မတန်မှ ကောင်းပါတယ်။ ကွင်းထဲမှာ မကစားရတဲ့အချိန် ကွင်းအတွင်း ကစားနေတာကိုမြင်ရင် အားမလိုအားမရ တာတွေလည်းဖြစ်တက်ပါတယ်။ အချိန်တိုင်း အသင်းအပေါ် ကျွန်တော်အမြဲတမ်းလေးစား ပါတယ်။ ဒီဂျာစီကို ဝတ်ဆင်ပြီးကစားတဲ့ အချိန်တိုင်းကျွန်တော့်သွေး၊ ချွေး၊ မျက်ရည် အစရှိတဲ့အရာအားလုံးကို အသင်းဆီပုံအပ်ထားပါတယ်။ဟု ပြောကြားသွားခဲ့ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *