သက္ေတာ္ရွည္ဂိုးသမားႀကီး ဒီဂီယာကို အလြတ္ျဖင့္ထြက္ခြာခြင့္ျပဳဖို႔ အဆင္သင့္ျဖစ္ေနၿပီး ေပါင္ 65 သန္းျဖင့္ ေပၚတိုဂိုးသမား ေကာ္စတာကို ေခၚယူႏိုင္ေတာ့မည့္ မန္ယူႏိုက္တက္

သက္ေတာ္ရွည္ဂိုးသမားႀကီး ဒီဂီယာကို အလြတ္ျဖင့္ထြက္ခြာခြင့္ျပဳဖို႔ အဆင္သင့္ျဖစ္ေနၿပီး ေပါင္ 65 သန္းျဖင့္ ေပၚတိုဂိုးသမား ေကာ္စတာကို ေခၚယူႏိုင္ေတာ့မည့္ မန္ယူႏိုက္တက္
ေပၚတူဂီလက္ေ႐ြးစင္ဂိုးသမား Diogo Costa အား ဒီဂီယာေနရာဆက္ခံသူအျဖစ္ သတ္မွတ္ထားၿပီး ေပါင္ 65 သန္းျဖင့္ အိုးထရက္ဖိုဒ့္ထံေခၚယူေတာ့မယ့္ မန္ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းသည္ ယခု‌ရာသီကုန္တြင္ ၎တို႔အသင္းႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မည့္ အသင္းရဲ႕သက္ေတာ္ရွည္ဂိုးသမား ေဒးဗစ္ဒီဂီယာကို စာခ်ဳပ္သစ္မခ်ဳပ္ဆိုေတာ့ဘဲ အလြတ္ျဖင့္ထြက္ခြာခြင့္ျပဳဖို႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း သတင္းေတြက အခိုင္အမာဆိုထားပါသည္။

Manchester United Evening News ရဲ႕ေဖာ္ျပခ်က္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းသည္ ေပၚတိုအသင္း၏ ေပၚတူဂီလက္ေ႐ြးစင္ဂိုးသမား Diogo Costa အား ဒီဂီယာေနရာဆက္ခံသူအျဖစ္ သတ္မွတ္ထားၿပီး လာမည့္‌ေႏြရာသီတြင္ အိုးထရက္ဖိုဒ့္ကလပ္ထံေခၚယူဖို႔ ႀကိဳးစားမည္ျဖစ္ေၾကာင္း သိရွိရၿပီး ယင္းကစားသမားကို ေခၚယူဖို႔ ေပါင္ ၆၅ သန္း ကုန္က်ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ေပၚတူဂီႏိုင္ငံ၏ သတင္းစာျဖစ္ေသာ Correio da Manha ၏ ေဖာ္ျပခ်က္အရ အဆိုပါ ေပၚတိုဂိုးသမားသည္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ အသင္းမွထြက္ခြာမည္ျဖစ္ေၾကာင္းႏွင့္ ေနာက္ႏွစ္ေႏြရာသီတြင္ ထြက္ခြာမည္ဆိုပါက ၎ကိုေခၚယူလိုေသာ အသင္းမ်ားအေနျဖင့္ ေျပာင္းေ႐ႊ႕ေၾကးအတြက္ ယူ႐ို ၇၅ သန္း (ေပါင္ ၆၅ သန္း) အျပည့္ေပးေခ်ရမည္ျဖစ္ေၾကာင္း ေဖာ္ျပထားခဲ့သည္။

မန္ယူႏိုက္တက္အသင္းသည္ ေႏြရာသီတြင္ စာခ်ဳပ္သက္တမ္းကုန္ဆုံးမည့္ ဂိုးသမား David Degea ၏ ေနရာအား အစားထိုးရန္အတြက္ ဂိုးသမား‌သစ္မ်ားစြာက္ို ေလ့လာေစာင့္ၾကည့္မႈေတြျပဳလုပ္ထားေသာ္လည္း ေပၚတိုၾကယ္ပြင့္ Diogo Costa မွာ အလားအလာအရွိဆုံး ဂိုးသမားျဖစ္သည္ဟု ယူႏိုက္တက္ဘုတ္အဖြဲ႕က သတ္မွတ္ထားေၾကာင္း သိရပါသည္။

အသက္ ၂၃ ႏွစ္အ႐ြယ္ Costa သည္ ေပၚတိုအသင္းႏွင့္အတူ အေကာင္းဆုံးစြမ္းေဆာင္ရည္ျပသထားႏိုင္ၿပီး ခ်န္ပီယံၿပိဳင္ပြဲတြင္ ပင္နယ္တီ 3 ပြဲဆက္ ကာကြယ္ႏိုင္ခဲ့သလို တစ္ပြဲတည္းတြင္ ပင္္နယ္တီကာကြယ္မႈႏွင့္ဂိုးဖန္တီးမႈျပဳလုပ္ႏိုင္သည့့္ ဂိုးသမားတစ္ဦးအျဖစ္လည္း မွတ္တမ္းဝင္ထားသူ ျဖစ္ပါတယ္။

ၿပီးခဲ့သည့္ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္လည္း ေကာ္စတာသည္ ေပၚတူဂီအသင္းအတြက္ ၅ ပြဲကစားေပးခဲ့ၿပီး အေကာင္းဆုံးလက္စြမ္းျပသႏိုင္ခဲ့ကာ ကြာတားဖိုင္နယ္အဆင့္ထိ တက္လွမ္းႏိုင္ခဲ့ၿပီး ၿပိဳင္ပြဲတစ္ေလွ်ာက္ ေပးဂိုး ၅ ဂိုးသာ ခြင့္ျပဳေပးခဲ့ရသည္။ လက္ရွိအခ်ိန္မွာေတာ့ ယူႏိုက္တက္ဟာ ေကာ္စတာကို ေခၚယူဖို႔ ေရပန္းအစားဆုံးအသင္းျဖစ္ေသာ္လည္း မၾကာမွီတြင္ ၿပိဳင္ဘက္အသစ္မ်ား ထြက္ေပၚလာႏိုင္ဖြယ္ရွိေၾကာင္း Sky Sports က ေဖာ္ျပထားခဲ့ပါသည္။
crd

Unicode
သက်တော်ရှည်ဂိုးသမားကြီး ဒီဂီယာကို အလွတ်ဖြင့်ထွက်ခွာခွင့်ပြုဖို့ အဆင်သင့်ဖြစ်နေပြီး ပေါင် 65 သန်းဖြင့် ပေါ်တိုဂိုးသမား ကော်စတာကို ခေါ်ယူနိုင်တော့မည့် မန်ယူနိုက်တက်
ပေါ်တူဂီလက်ရွေးစင်ဂိုးသမား Diogo Costa အား ဒီဂီယာနေရာဆက်ခံသူအဖြစ် သတ်မှတ်ထားပြီး ပေါင် 65 သန်းဖြင့် အိုးထရက်ဖိုဒ့်ထံခေါ်ယူတော့မယ့် မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းသည် ယခု‌ရာသီကုန်တွင် ၎င်းတို့အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် အသင်းရဲ့သက်တော်ရှည်ဂိုးသမား ဒေးဗစ်ဒီဂီယာကို စာချုပ်သစ်မချုပ်ဆိုတော့ဘဲ အလွတ်ဖြင့်ထွက်ခွာခွင့်ပြုဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သတင်းတွေက အခိုင်အမာဆိုထားပါသည်။

Manchester United Evening News ရဲ့ဖော်ပြချက်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းသည် ပေါ်တိုအသင်း၏ ပေါ်တူဂီလက်ရွေးစင်ဂိုးသမား Diogo Costa အား ဒီဂီယာနေရာဆက်ခံသူအဖြစ် သတ်မှတ်ထားပြီး လာမည့်‌နွေရာသီတွင် အိုးထရက်ဖိုဒ့်ကလပ်ထံခေါ်ယူဖို့ ကြိုးစားမည်ဖြစ်ကြောင်း သိရှိရပြီး ယင်းကစားသမားကို ခေါ်ယူဖို့ ပေါင် ၆၅ သန်း ကုန်ကျနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပေါ်တူဂီနိုင်ငံ၏ သတင်းစာဖြစ်သော Correio da Manha ၏ ဖော်ပြချက်အရ အဆိုပါ ပေါ်တိုဂိုးသမားသည် ဇန်နဝါရီအပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာမည်ဖြစ်ကြောင်းနှင့် နောက်နှစ်နွေရာသီတွင် ထွက်ခွာမည်ဆိုပါက ၎င်းကိုခေါ်ယူလိုသော အသင်းများအနေဖြင့် ပြောင်းရွှေ့ကြေးအတွက် ယူရို ၇၅ သန်း (ပေါင် ၆၅ သန်း) အပြည့်ပေးချေရမည်ဖြစ်ကြောင်း ဖော်ပြထားခဲ့သည်။

မန်ယူနိုက်တက်အသင်းသည် နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဂိုးသမား David Degea ၏ နေရာအား အစားထိုးရန်အတွက် ဂိုးသမား‌သစ်များစွာကို လေ့လာစောင့်ကြည့်မှုတွေပြုလုပ်ထားသော်လည်း ပေါ်တိုကြယ်ပွင့် Diogo Costa မှာ အလားအလာအရှိဆုံး ဂိုးသမားဖြစ်သည်ဟု ယူနိုက်တက်ဘုတ်အဖွဲ့က သတ်မှတ်ထားကြောင်း သိရပါသည်။

အသက် ၂၃ နှစ်အရွယ် Costa သည် ပေါ်တိုအသင်းနှင့်အတူ အကောင်းဆုံးစွမ်းဆောင်ရည်ပြသထားနိုင်ပြီး ချန်ပီယံပြိုင်ပွဲတွင် ပင်နယ်တီ 3 ပွဲဆက် ကာကွယ်နိုင်ခဲ့သလို တစ်ပွဲတည်းတွင် ပင်နယ်တီကာကွယ်မှုနှင့်ဂိုးဖန်တီးမှုပြုလုပ်နိုင်သည့် ဂိုးသမားတစ်ဦးအဖြစ်လည်း မှတ်တမ်းဝင်ထားသူ ဖြစ်ပါတယ်။

ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ကော်စတာသည် ပေါ်တူဂီအသင်းအတွက် ၅ ပွဲကစားပေးခဲ့ပြီး အကောင်းဆုံးလက်စွမ်းပြသနိုင်ခဲ့ကာ ကွာတားဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် ပေးဂိုး ၅ ဂိုးသာ ခွင့်ပြုပေးခဲ့ရသည်။ လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဟာ ကော်စတာကို ခေါ်ယူဖို့ ရေပန်းအစားဆုံးအသင်းဖြစ်သော်လည်း မကြာမှီတွင် ပြိုင်ဘက်အသစ်များ ထွက်ပေါ်လာနိုင်ဖွယ်ရှိကြောင်း Sky Sports က ဖော်ပြထားခဲ့ပါသည်။
crd

Add a Comment

Your email address will not be published. Required fields are marked *