ဝဂ္ေဟာ့စ္ကို ‌ေခၚယူႏိုင္ၿပီျဖစ္ေသာလည္း မၿပီးဆုံးေသးတဲ့ ယူႏိုက္တက္ရဲ႕ ပထမဦးစားေပးနံပါတ္ ၉ ရွာပုံေတာ္

နယ္သာလန္တိုက္စစ္မႈး ဝဂ္ေဟာ့စ္ကို ၆ လ အငွားျဖင့္ ေခၚယူႏိုင္ခဲ့ေပမယ့္လည္း တိုက္စစ္မႉးအသစ္ ထပ္ေခၚယူအုံးမယ့္ ယူႏိုက္တက္
ဝဂ္ေဟာ့စ္ကို ‌ေခၚယူႏိုင္ၿပီျဖစ္ေသာလည္း မၿပီးဆုံးေသးတဲ့ ယူႏိုက္တက္ရဲ႕ ပထမဦးစားေပးနံပါတ္ ၉ ရွာပုံေတာ္

မန္ယူႏိုက္တက္အသင္းဟာ နယ္သာလန္တိုက္စစ္မႈး ဝဂ္ေဟာ့စ္ကို ၆ လ အငွားျဖင့္ ေခၚယူႏိုင္ခဲ့ေပမယ့္လည္း တိုက္စစ္မႈး ရွာပုံေတာ္ဖြင့္မႈက အဆုံမသတ္ေသးပါဘူး။ မန္ယူႏိုက္တဒ္ အသင္းအတြက္ တိုက္စစ္မႈးရွာပုံေတာ္ဖြင့္ခန္းဟာ လာမယ့္ေႏြေဈးကြက္မွာ အၿပီးသတ္ေခၚယူမႈ ျဖစ္လာမွာျဖစ္ၿပီး ကစားသမား အေတာ္မ်ားမ်ားကိုေလ့လာ ေစာင့္ၾကည့္လ်က္ရွိပါတယ္။

မန္ယူႏိုက္တဒ္ ရဲ႕ ေခၚယူလိုတဲ့ ကစားသမားစာရင္းမွာ ဥေရာပတလႊားက တိုက္စစ္မႈးမ်ားစြာပါဝင္ေနသလို အနီးကပ္ေစာင့္ၾကည့္ေနတဲ့ ကစားသမားတခ်ိဳ႕လည္းရွိၿပီး ပရီးမီးယားလိဂ္ က တိုက္စစ္မႈး တခ်ိဳ႕ကိုလည္း တန္ဟဂ္ ကိုယ္တိုင္ ေလ့လာေစာင့္ၾကည့္လ်က္ရွိပါတယ္။

ဟယ္ရီကိန္း
စပါးတိုက္စစ္မႈးကို ေခၚယူဖို႔ ယူႏိုက္တဒ္ ဖက္က အလိုရွိတာၾကာၿပီျဖစ္ၿပီး လာမယ့္ေႏြမွာ ေခၚယူႏိုင္ခြင့္ ရရွိတာနဲ႔ အမိအရ စုပ္ကိုင္သြားဖြယ္ရွိပါတယ္။

ကိန္းဟာ အသက္(၃၀)ကို ေရာက္ရွိလာေပမယ့္ လိဂ္ ရဲ႕ ေၾကာက္စရာအေကာင္းဆုံး ကစားသမားျဖစ္သလို ထိန္းခ်ဳပ္ရခက္တဲ့ တိုက္စစ္မႈးျဖစ္တာေၾကာင့္ ယူႏိုက္တဒ္ တိုက္စစ္မွာ တိုက္႐ိုက္ အံဝင္ႏိုင္မယ့္သူအျဖစ္ ရႈျမင္ထားပါတယ္။ကိန္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ကစားဟန္ က တန္ဟဂ္ ရဲ႕ နည္းစနစ္နဲ႔ တိုက္႐ိုက္အံဝင္တာေၾကာင့္လည္း လာမယ့္ေႏြမွာ လန္ဒန္ က ထြက္ခြာလိုတဲ့ ကိန္း ကို မန္ခ်က္စတာ မွာ ျမင္ေတြ႕ရႏိုင္တယ္လို႔ ယူဆေနၾကပါတယ္။

ဗစ္တာအိုစမန္နီ
နာပိုလီ တိုက္စစ္မႈးကို ယူ႐ိုသန္း(၁၀၀)တန္ေၾကး သတ္မွတ္ထားၿပီး ဥေရာပ မွာေတာ့ အသင္းႀကီးေတြၾကား ေခၚယူဖို႔ ဒြိဟမ်ားေနဆဲ ျဖစ္ပါတယ္။

တိုက္စစ္မႈးတစ္ေယာက္ ရဲ႕ ရွိသင့္တဲ့ အရည္အခ်င္း ေတြ ျပည့္စုံေနေပမယ့္လည္း ဦးေခါင္းပိုင္း ဒဏ္ရာထိခိုက္မႈ ျပင္းထန္ခဲ့တာေၾကာင့္လည္း အသင္းႀကီးေတြက လက္ေရွာင္ၾကတာျဖစ္ပါတယ္။လာမယ့္ေႏြမွာေတာ့ နာပိုလီအသင္းဖက္က ေခၚေဈးကို ေလွ်ာ့ခ်ခဲ့ရင္ မန္ယူႏိုက္တဒ္ ဖက္ကလည္း စိတ္ဝင္စားမႈျမင့္တက္လာႏိုင္ပါတယ္။

ကရင္းမ္ဘန္ဇီမာ
ယူႏိုက္တဒ္တာဝန္ရွိသူေတြ အႀကိဳက္ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေခၚယူႏိုင္တဲ့ ကစားသမားျဖစ္ၿပီး နာမည္ နဲ႔ ပုံရိပ္အရ ႀကီးမားတဲ့ အျမတ္ေငြျပန္ရွာေပးႏိုင္တဲ့ ကစားသမားျဖစ္ပါတယ္။ေျခစြမ္းအရ ဘန္ဇီမာ ဟာ သံသယ ျဖစ္စရာ မလိုသလို နည္းစနစ္အတြင္းအံဝင္ဂြင္က် ကစားႏိုင္သူျဖစ္ေပမယ့္ လာမယ့္ရာသီမွာ (၃၅)ႏွစ္ထဲ ခ်ဥ္းနည္းဝင္ေရာက္လာမယ့္ ကရင္းမ္ အတြက္ ပရီးမီးယားလိဂ္ ဟာ လြယ္ကူတဲ့ စိန္ေခၚမႈမျဖစ္ႏိုင္တာေတာ့ေသခ်ာပါတယ္။တိုက္စစ္ပိုင္းလူမလုံေလာက္တဲ့ ယူႏိုက္တဒ္ အတြက္ ျပင္သစ္သားကိုေခၚယူတာက ႀကီးမားတဲ့ စြန႔္စားမႈ ျဖစ္လာပါလိမ့္မယ္။
crd

Unicode
နယ်သာလန်တိုက်စစ်မှုး ဝဂ်ဟော့စ်ကို ၆ လ အငှားဖြင့် ခေါ်ယူနိုင်ခဲ့ပေမယ့်လည်း တိုက်စစ်မှူးအသစ် ထပ်ခေါ်ယူအုံးမယ့် ယူနိုက်တက်
ဝဂ်ဟော့စ်ကို ‌ခေါ်ယူနိုင်ပြီဖြစ်သောလည်း မပြီးဆုံးသေးတဲ့ ယူနိုက်တက်ရဲ့ ပထမဦးစားပေးနံပါတ် ၉ ရှာပုံတော်

မန်ယူနိုက်တက်အသင်းဟာ နယ်သာလန်တိုက်စစ်မှုး ဝဂ်ဟော့စ်ကို ၆ လ အငှားဖြင့် ခေါ်ယူနိုင်ခဲ့ပေမယ့်လည်း တိုက်စစ်မှုး ရှာပုံတော်ဖွင့်မှုက အဆုံမသတ်သေးပါဘူး။ မန်ယူနိုက်တဒ် အသင်းအတွက် တိုက်စစ်မှုးရှာပုံတော်ဖွင့်ခန်းဟာ လာမယ့်နွေဈေးကွက်မှာ အပြီးသတ်ခေါ်ယူမှု ဖြစ်လာမှာဖြစ်ပြီး ကစားသမား အတော်များများကိုလေ့လာ စောင့်ကြည့်လျက်ရှိပါတယ်။

မန်ယူနိုက်တဒ် ရဲ့ ခေါ်ယူလိုတဲ့ ကစားသမားစာရင်းမှာ ဥရောပတလွှားက တိုက်စစ်မှုးများစွာပါဝင်နေသလို အနီးကပ်စောင့်ကြည့်နေတဲ့ ကစားသမားတချို့လည်းရှိပြီး ပရီးမီးယားလိဂ် က တိုက်စစ်မှုး တချို့ကိုလည်း တန်ဟဂ် ကိုယ်တိုင် လေ့လာစောင့်ကြည့်လျက်ရှိပါတယ်။

ဟယ်ရီကိန်း
စပါးတိုက်စစ်မှုးကို ခေါ်ယူဖို့ ယူနိုက်တဒ် ဖက်က အလိုရှိတာကြာပြီဖြစ်ပြီး လာမယ့်နွေမှာ ခေါ်ယူနိုင်ခွင့် ရရှိတာနဲ့ အမိအရ စုပ်ကိုင်သွားဖွယ်ရှိပါတယ်။

ကိန်းဟာ အသက်(၃၀)ကို ရောက်ရှိလာပေမယ့် လိဂ် ရဲ့ ကြောက်စရာအကောင်းဆုံး ကစားသမားဖြစ်သလို ထိန်းချုပ်ရခက်တဲ့ တိုက်စစ်မှုးဖြစ်တာကြောင့် ယူနိုက်တဒ် တိုက်စစ်မှာ တိုက်ရိုက် အံဝင်နိုင်မယ့်သူအဖြစ် ရှုမြင်ထားပါတယ်။ကိန်းရဲ့ စွမ်းဆောင်ရည်နဲ့ကစားဟန် က တန်ဟဂ် ရဲ့ နည်းစနစ်နဲ့ တိုက်ရိုက်အံဝင်တာကြောင့်လည်း လာမယ့်နွေမှာ လန်ဒန် က ထွက်ခွာလိုတဲ့ ကိန်း ကို မန်ချက်စတာ မှာ မြင်တွေ့ရနိုင်တယ်လို့ ယူဆနေကြပါတယ်။

ဗစ်တာအိုစမန်နီ
နာပိုလီ တိုက်စစ်မှုးကို ယူရိုသန်း(၁၀၀)တန်ကြေး သတ်မှတ်ထားပြီး ဥရောပ မှာတော့ အသင်းကြီးတွေကြား ခေါ်ယူဖို့ ဒွိဟများနေဆဲ ဖြစ်ပါတယ်။

တိုက်စစ်မှုးတစ်ယောက် ရဲ့ ရှိသင့်တဲ့ အရည်အချင်း တွေ ပြည့်စုံနေပေမယ့်လည်း ဦးခေါင်းပိုင်း ဒဏ်ရာထိခိုက်မှု ပြင်းထန်ခဲ့တာကြောင့်လည်း အသင်းကြီးတွေက လက်ရှောင်ကြတာဖြစ်ပါတယ်။လာမယ့်နွေမှာတော့ နာပိုလီအသင်းဖက်က ခေါ်ဈေးကို လျှော့ချခဲ့ရင် မန်ယူနိုက်တဒ် ဖက်ကလည်း စိတ်ဝင်စားမှုမြင့်တက်လာနိုင်ပါတယ်။

ကရင်းမ်ဘန်ဇီမာ
ယူနိုက်တဒ်တာဝန်ရှိသူတွေ အကြိုက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်တဲ့ ကစားသမားဖြစ်ပြီး နာမည် နဲ့ ပုံရိပ်အရ ကြီးမားတဲ့ အမြတ်ငွေပြန်ရှာပေးနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ခြေစွမ်းအရ ဘန်ဇီမာ ဟာ သံသယ ဖြစ်စရာ မလိုသလို နည်းစနစ်အတွင်းအံဝင်ဂွင်ကျ ကစားနိုင်သူဖြစ်ပေမယ့် လာမယ့်ရာသီမှာ (၃၅)နှစ်ထဲ ချဉ်းနည်းဝင်ရောက်လာမယ့် ကရင်းမ် အတွက် ပရီးမီးယားလိဂ် ဟာ လွယ်ကူတဲ့ စိန်ခေါ်မှုမဖြစ်နိုင်တာတော့သေချာပါတယ်။တိုက်စစ်ပိုင်းလူမလုံလောက်တဲ့ ယူနိုက်တဒ် အတွက် ပြင်သစ်သားကိုခေါ်ယူတာက ကြီးမားတဲ့ စွန့်စားမှု ဖြစ်လာပါလိမ့်မယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *