



crd

unicode

ဝက်စ်ဟမ်းကိုအနိုင်ရခဲ့တဲ့ပွဲစဥ်မှ မျက်ရည်ကျမတတ်ဝမ်းသာမိတဲ့ အဖြစ်ပျက်တစ်ခုကိုဖွင့်ဟလာတဲ့ သရဲနီလူငယ် အီလန်ဂါ

ယူနိုက်တက်ကစားသမားလေး အန်တိုနီအီလန်ဂါဟာ မကြာသေးမီက ပွဲစဉ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် သရဲနီတွေရဲ့ ပွဲထွက်လူစာရင်းမှာပါဝင်လာခဲ့ပါတယ်။သူဟာ ပြီးခဲ့တဲ့ ရာသီက လက်စတာ နဲ့ ပွဲစဉ် မှာ စတင် ကစားခဲ့တာ ဖြစ်ပေမယ့် ထိုပွဲဟာ ယူနိုက်တက်ဟာ ထိပ်တန်း လေး နေရာ ကို ရထားပြီးသား ဖြစ်တာကြောင့် ရင်ခုန်စရာမကောင်းခဲ့ပါဘူး။သူ့ရဲ့အခြား အိမ်ကွင်းပွဲစဉ်ဖြစ်တဲ့ ချန်ပီယံလိဂ်မှာ Young Boys နဲ့စတင်ကစားခဲ့တာတောင်မှ သူ့အတွက် သာမန်ပွဲတစ်ပွဲထက် မပိုခဲ့ပါဘူး။

နောက်ဆုံးအဝေးကွင်းနှစ်ပွဲကစားအပြီးမှာတော့ အီလန်ဂါသည် အရေးကြီးသောလိဂ်ပွဲဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ သူ့ရဲ့နေရာကိုရရှိခဲ့ပြီး ပရိသတ်များကလည်း သူ့ကို အမှန်တကယ်အားပေးခဲ့ကြပါတယ်။ပရိသတ်များက ‘Rhythm is a dancer Anthony Elanga’ လို့ ကြွေးကြော်ပြီး လူအုပ်ကြီးရဲ့ ထောက်ခံမှုကို ဆွီဒင်လူငယ်လေးကြားပြီး မျက်ရည်ကျမတတ် ဝမ်းသာခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ဝက်စ်ဟမ်းကို 1-0 ဖြင့်အနိုင်ရပြီးနောက် Instagram တွင်မှတ်ချက်ပေးရာတွင် အီလန်ဂါ က ဒါဟာ ‘အံ့သြဖွယ်ကောင်းသောခံစားချက်’ ဖြစ်ပြီး သူ့အိပ်မက်တွေထဲကအတိုင်းပဲလို့ ဝန်ခံခဲ့ပါတယ်။

အီလန်ဂါဟာ ပြီးခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ အရေးကြီးတဲ့ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး သူဟာ ယူနိုက်တက်အတွက် သရဲနီတစ်ယောက်ဖြစ်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ သက်သေပြခဲ့ပါတယ်။ဝက်စ်ဟမ်းနှင့်ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ခြေစွမ်းပြနိုင်ခဲ့ပြီး ပြိုင်ဘက်တွေကို ခေါင်းယှဥ်တိုက်တဲ့နေရာမှာလည်း အနိုင်ရခဲ့သလို ဒုတိယပိုင်းအစမှာတောင် သူ့ရဲ့ကန်ချက်ကလှပပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။အီဒီဆန် ကာဗာနီက အရန်ခုံတန်းသို့ ပြန်ရောက်လာသလို အန်တိုနီမာရှယ်ကလည်း လေ့ကျင့်မှုပိုရလာတာကြောင့် အီလန်ဂါအတွက် ပွဲထွက်ခွင့်ရဖို့ ကြိုးစားနေရတာဖြစ်ပါတယ်။

Rangnic ရဲ့လူစားလဲမှုနဲ့ ဆုံးဖြတ်ချက်တွေမှန်ကန်မှုကြောင့်လည်း ယူနိုက်တက်ဟာ ဝက်စ်ဟမ်းကိုအနိုင်ရခဲ့တာဖြစ်ပါတယ်။သူကစားခဲ့တဲ့ပွဲချိန် 61 မိနစ်အတွင်းမှာ အီလန်ဂါ က ဂိုးရဖို့ နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့ပြီး အခွင့်အရေးတစ်ခု ဖန်တီးပေးခဲ့တဲ့အပြင် ခံစစ်မှာ တစ်ကြိမ်ဖျက်ထုတ်နိုင်ခဲ့ပါတယ်။အသက် 19 နှစ်အရွယ်သာရှိသေးတဲ့ အီလန်ဂါဟာ အခုချိန်ကနေ ရာသီကုန်အထိ အသင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားနိုင်ကြောင်းနဲ့ အသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ် ထိုက်တန်ကြောင်း သက်သေပြခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *