လူကာမိုဒရစ္လက္သစ္လို႔ နာမည္ႀကီးေနတဲ့ ခ႐ိုေအးရွားကြင္းလယ္ကစားသမား Lovro Majerကို ေခၚယူသြားဖို႔ စပါးနဲ႔အၿပိဳင္ႀကိဳးစားေနတဲ့ ယူႏိုက္တက္

လူကာမိုဒရစ္လက္သစ္လို႔ နာမည္ႀကီးေနတဲ့ ခ႐ိုေအးရွားကြင္းလယ္ကစားသမား Lovro Majerကို ေခၚယူသြားဖို႔ စပါးနဲ႔အၿပိဳင္ႀကိဳးစားေနတဲ့ ယူႏိုက္တက္
လူကာမိုဒရစ္ေနရာအား ဆက္ခံမယ့္ ခ႐ိုေအးရွားကြင္းလယ္ကစားသမား Lovro Majerကို ေခၚယူဖို႔ ႀကိဳးစားေနတဲ့ မန္ယူႏိုက္တက္အသင္း

ပရီးမီးယားလိဂ္ရဲ႕ႀကီး 6 ႀကီးထဲက ႏွစ္သင္းျဖစ္ေသာ မန္ခ်က္စတာယူႏိုက္တက္အသင္းႏွင့္ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းတို႔ဟာ ေနာက္ႏွစ္‌ေႏြရာသီမွာ အသင္းရဲ႕ကြင္းလယ္ပိုင္းကို အေလးထားၿပီး ျပင္ဆင္မႈေတြျပဳလုပ္လိုတာေၾကာင့္ အရည္အေသြးျမင့္တဲ့ ကြင္းလယ္ၾကယ္ပြင့္တစ္ဦးကို ေခၚယူဖို႔အၿပိဳင္စိတ္ဝင္စားေနၿပီး အေျပာင္းအေ႐ႊ႕ကိစၥမွာ ထိပ္တိုက္ေတြ႕ဆုံေနေၾကာင္း သတင္းေတြက ေဖာ္ျပလာခဲ့ပါသည္။

နာမည္ေက်ာ္ သတင္းေထာက္တစ္ဦးရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းတို႔ဟာ ရန္းနက္စ္အသင္းရဲ႕ ခ႐ိုေအးရွားကြင္းလယ္ကစားသမား Lovro Majer ၏ ေျခစြမ္းအား အနီးကပ္ေစာင့္ၾကည့္ေနၾကသည္ဟု သိရွိရၿပီး ယင္းကစားသမားကို ေခၚယူဖို႔ မၾကာခင္မွာႀကိဳးပမ္းမႈေတြ ျပဳလုပ္လာမည္ျဖစ္ေၾကာင္း သိရသည္။Lovro Majer သည္ ခ႐ိုေအရွားလက္ေ႐ြးစင္အသင္းမွာ အသင္းေခါင္းေဆာင္ Luka Modric ၏ေနရာအား ဆက္ခံထိုက္ေသာ ေျခစြမ္းမ်ိဳးရွိသည့္ ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ျခင္း ခံထားရသူျဖစ္ပါတယ္။

အသက္ 25 ႏွစ္ အ႐ြယ္သာရွိေသးသည့္ ခ႐ိုေအးရွားလက္ေ႐ြးစင္ကစားသမားဟာ 2021 ခုႏွစ္ ဩဂုတ္လမွ ျပင္သစ္ေျမေပၚသို႔ စတင္ေျခခ်ခဲ့ကာ ရန္းနစ္အသင္းထံ ေျပာင္းေ႐ႊ႕လာခဲ့သူ ျဖစ္ပါတယ္။Lovro Majer ဟာ လက္ရွိရာသီအပါအဝင္ ရန္းနစ္အသင္းႏွင့္အတူ ျပင္သစ္လိဂ္ဂူး one မွာ ႏွစ္ရာသီၾကာ ကစားထားသူျဖစ္ၿပီး လိဂ္ၿပိဳင္ပြဲတြင္ သြင္းဂိုး 7 ဂိုးႏွင့္ ဂိုးဖန္တီးမႈ 10 ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့ပါတယ္။ သူဟာ ကြင္းလယ္တြင္ ေနရာစုံကစားႏိုင္စြမ္းရွိသူျဖစ္ၿပီး အသင္းရဲ႕ တိုက္စစ္ ၊ ခံစစ္ တန္ပိုကို ထိန္းညႇိေပးႏိုင္သူျဖစ္တာေၾကာင့္ ယူႏိုက္တက္ႏွင့္ ေတာ့တင္ဟမ္တို႔က စိတ္ဝင္စားလာျခင္းျဖစ္ေပသည္။

အဆိုပါကစားသမား၏ လက္ရွိစာခ်ဳပ္သည္ 2027 ခုႏွစ္အထိ သက္တမ္းရွိ‌ေနတာျဖစ္ၿပီး ရန္းနစ္အသင္းက ၎တို႔ကစားသမားအတြက္ ေပါင္သန္း 50 ထိ ေတာင္းဆိုထားတာေၾကာင့္ ယူႏိုက္တက္အသင္းအတြက္ လြယ္ကူတဲ့ ‌အေျပာင္းအေ႐ႊ႕တစ္ခုျဖစ္လာဖြယ္မရွိပါဘူး။ယင္းကစားသမား၏ေျခစြမ္းအား ၿပီးခဲ့သည့္ ပီအက္စ္ဂ်ီအသင္းအား အႏိုင္ရခဲ့သည့္ပြဲစဥ္တြင္ မန္ခ်က္စတာယူႏိုက္တက္အသင္းႏွင့္ ေတာ့တင္ဟမ္ေဟာ့စပါးတို႔ ႏွစ္သင္းစလုံး၏ ကင္းေထာက္မ်ားမွ သြားေရာက္ၾကည့္ရႈေလ့လာခဲ့ၾကေၾကာင္း ျပင္သစ္မွလာသည့္ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရွိရသည္။
crd

Unicode
လူကာမိုဒရစ်လက်သစ်လို့ နာမည်ကြီးနေတဲ့ ခရိုအေးရှားကွင်းလယ်ကစားသမား Lovro Majerကို ခေါ်ယူသွားဖို့ စပါးနဲ့အပြိုင်ကြိုးစားနေတဲ့ ယူနိုက်တက်
လူကာမိုဒရစ်နေရာအား ဆက်ခံမယ့် ခရိုအေးရှားကွင်းလယ်ကစားသမား Lovro Majerကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ မန်ယူနိုက်တက်အသင်း

ပရီးမီးယားလိဂ်ရဲ့ကြီး 6 ကြီးထဲက နှစ်သင်းဖြစ်သော မန်ချက်စတာယူနိုက်တက်အသင်းနှင့် တော့တင်ဟမ်ဟော့စပါးအသင်းတို့ဟာ နောက်နှစ်‌နွေရာသီမှာ အသင်းရဲ့ကွင်းလယ်ပိုင်းကို အလေးထားပြီး ပြင်ဆင်မှုတွေပြုလုပ်လိုတာကြောင့် အရည်အသွေးမြင့်တဲ့ ကွင်းလယ်ကြယ်ပွင့်တစ်ဦးကို ခေါ်ယူဖို့အပြိုင်စိတ်ဝင်စားနေပြီး အပြောင်းအရွှေ့ကိစ္စမှာ ထိပ်တိုက်တွေ့ဆုံနေကြောင်း သတင်းတွေက ဖော်ပြလာခဲ့ပါသည်။

နာမည်ကျော် သတင်းထောက်တစ်ဦးရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ဟာ ရန်းနက်စ်အသင်းရဲ့ ခရိုအေးရှားကွင်းလယ်ကစားသမား Lovro Majer ၏ ခြေစွမ်းအား အနီးကပ်စောင့်ကြည့်နေကြသည်ဟု သိရှိရပြီး ယင်းကစားသမားကို ခေါ်ယူဖို့ မကြာခင်မှာကြိုးပမ်းမှုတွေ ပြုလုပ်လာမည်ဖြစ်ကြောင်း သိရသည်။Lovro Majer သည် ခရိုအေရှားလက်ရွေးစင်အသင်းမှာ အသင်းခေါင်းဆောင် Luka Modric ၏နေရာအား ဆက်ခံထိုက်သော ခြေစွမ်းမျိုးရှိသည့် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရသူဖြစ်ပါတယ်။

အသက် 25 နှစ် အရွယ်သာရှိသေးသည့် ခရိုအေးရှားလက်ရွေးစင်ကစားသမားဟာ 2021 ခုနှစ် ဩဂုတ်လမှ ပြင်သစ်မြေပေါ်သို့ စတင်ခြေချခဲ့ကာ ရန်းနစ်အသင်းထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။Lovro Majer ဟာ လက်ရှိရာသီအပါအဝင် ရန်းနစ်အသင်းနှင့်အတူ ပြင်သစ်လိဂ်ဂူး one မှာ နှစ်ရာသီကြာ ကစားထားသူဖြစ်ပြီး လိဂ်ပြိုင်ပွဲတွင် သွင်းဂိုး 7 ဂိုးနှင့် ဂိုးဖန်တီးမှု 10 ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ သူဟာ ကွင်းလယ်တွင် နေရာစုံကစားနိုင်စွမ်းရှိသူဖြစ်ပြီး အသင်းရဲ့ တိုက်စစ် ၊ ခံစစ် တန်ပိုကို ထိန်းညှိပေးနိုင်သူဖြစ်တာကြောင့် ယူနိုက်တက်နှင့် တော့တင်ဟမ်တို့က စိတ်ဝင်စားလာခြင်းဖြစ်ပေသည်။

အဆိုပါကစားသမား၏ လက်ရှိစာချုပ်သည် 2027 ခုနှစ်အထိ သက်တမ်းရှိ‌နေတာဖြစ်ပြီး ရန်းနစ်အသင်းက ၎င်းတို့ကစားသမားအတွက် ပေါင်သန်း 50 ထိ တောင်းဆိုထားတာကြောင့် ယူနိုက်တက်အသင်းအတွက် လွယ်ကူတဲ့ ‌အပြောင်းအရွှေ့တစ်ခုဖြစ်လာဖွယ်မရှိပါဘူး။ယင်းကစားသမား၏ခြေစွမ်းအား ပြီးခဲ့သည့် ပီအက်စ်ဂျီအသင်းအား အနိုင်ရခဲ့သည့်ပွဲစဉ်တွင် မန်ချက်စတာယူနိုက်တက်အသင်းနှင့် တော့တင်ဟမ်ဟော့စပါးတို့ နှစ်သင်းစလုံး၏ ကင်းထောက်များမှ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း ပြင်သစ်မှလာသည့် သတင်းတွေရဲ့ဖော်ပြချက်အရ သိရှိရသည်။
crd

Add a Comment

Your email address will not be published. Required fields are marked *