လီဗာပူးလ္နဲ႔ရႈံးပြဲအတြက္ သရဲနီေတြအသည္းေပါက္ေအာင္ အႏုနည္းနဲ႔ပညာေပးလိုက္တဲ့ အဲရစ္တန္ဟက္ဂ်္
|လီဗာပူးလ္နဲ႔ရႈံးပြဲအတြက္ သရဲနီေတြအသည္းေပါက္ေအာင္ အႏုနည္းနဲ႔ပညာေပးလိုက္တဲ့ အဲရစ္တန္ဟက္ဂ်္
မန္ခ်က္စတာယူႏိုက္တက္နည္းျပႀကီး အဲရစ္တန္ဟက္ဂ်္ကေတာ့ လီဗာပူးလ္ကို အရွက္တကြဲအက်ိဳးနည္းျဖစ္ေစခဲ့တဲ့ ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္မွာ သူ႔ကစားသမားေတြကို ေကာင္းေကာင္းႀကီး ပညာေပးခဲ့ၿပီျဖစ္ပါတယ္။ တန္ဟက္ဂ်္က ပြဲၿပီးေနာက္တေန႔မွာ သူ႔ကစားသမားကို အနားမေပးခဲ့ဘဲ ေလ့က်င့္ေရးကြင္းဆီကို ေစာေစာစီးစီးလာေရာက္ခိုင္းခဲ့ၿပီး သူကိုယ္တိုင္လည္း မနက္ ၇ နာရီကတည္းက ေရာက္ရွိေနခဲ့ပါတယ္။ ဒီေနာက္ ကစားသမားေတြအားလုံး မနက္ ၉ နာရီအေရာက္ ေလ့က်င့္ေရးကြင္းကို ေရာက္လာခဲ့ၾကပါတယ္။
အဲဒီေနာက္မွာ တန္ဟက္ဂ်္က လီဗာပူးလ္နဲ႔ပြဲက သူ ေ႐ြးခ်ယ္ၿပီး ထုတ္ႏုတ္ထားတဲ့ ႐ုပ္သံဗီဒီယိုကို ကစားသမားေတြဆီ ျပသခဲ့တယ္လို႔ သတင္းရင္းျမစ္တခုက ဖြင့္ဟခဲ့ပါတယ္။ ဒါ့အျပင္ နယ္သာလန္အားကစားစိတ္ပညာရွင္တဦးနဲ႔လည္း တန္ဟက္ဂ်္က ေဆြးေႏြးမႈေတြလုပ္ခဲ့ကာ အဆိုပါေဆြးေႏြးမႈကေန အသင္းအတြက္ အက်ိဳးေက်းဇူးေတြရမယ္လို႔လည္း ေမွ်ာ္လင့္ထားေၾကာင္း သိရပါတယ္။ ကစားသမားေတြကိုလည္း တန္ဟက္ဂ်္က ေနာက္ထပ္နည္းလမ္းတခုနဲ႔ ထပ္မံၿပီးေတာ့ ပညာေပးခဲ့ပါေသးတယ္။
အဲဒါကေတာ့ လီဗာပူးလ္ကစားသမားေတြနဲ႔ ပရိသတ္ေတြ ကြင္းအတြင္း ေအာင္ပြဲခံေပ်ာ္႐ႊင္ေနတဲ့ အသံေတြကို နားေထာင္ခိုင္းခဲ့တယ္လို႔ Mirror က ေဖာ္ျပခဲ့ပါတယ္။ ကစားသမားေတြကိုလည္း ေနာက္ထပ္တႀကိမ္ ဒီလိုမ်ိဳး အျပဳအမူ၊ စိတ္ဓာတ္ပိုင္းနဲ႔ ကစားမယ္ဆိုရင္ အရံအသင္းဆီ ပို႔ပစ္မယ္လို႔ သတိေပးၿခိမ္းေျခာက္ခဲ့ေၾကာင္းလည္း သိရပါတယ္။ ဒီ သမိုင္းဝင္ရႈံးပြဲအတြက္ တန္ဟက္ဂ်္က ေတာ္ေတာ္ေလးေဒါသထြက္ေနခဲ့ၿပီး သူ႔ကစားသမားေတြကို ပြဲအၿပီးအင္တာဗ်ဴးမွာလည္း လူသိရွင္ၾကား ႀကိမ္းေမာင္းခဲ့တာျဖစ္ပါတယ္။
လီဗာပူးလ္နဲ႔ပြဲစဥ္မွာ ကစားသမားမ်ား၏ ေျပးအားႏႈန္းက ၉၉.၀၁ ကီလိုမီတာသာရွိခဲ့ၿပီး ဘရန္႔ဖို႔ဒ္ (၉၅.၆ ကီလိုမီတာ) နဲ႔ပြဲစဥ္ေနာက္ပိုင္း ဒုတိယအနိမ့္ဆုံးေျပးအားျဖစ္ခဲ့သည္။ Erik ten Hag အေနနဲ႔ ကစားသမားမ်ားအား သတင္းစကားပါးခဲ့သည္မွာ ယခုျဖစ္ပ်က္ခဲ့ေသာအရာက ယခုရာသီပုံစံေကာင္းျပသခဲ့ျခင္းကို မဖ်က္စီးသင့္ေၾကာင္း အေလးေပးေျပာၾကားခဲ့သည္။ ယခုအေျခအေနကို ျပင္ဆင္ဖို႔ ဆာေလာင္ေနသင့္ၿပီး ယုံၾကည္မႈမပ်က္စီးေရးသာ အေရးႀကီးေၾကာင္း ေျပာၾကားခဲ့သည္။
ယူႏိုက္တက္ဟာ လာမယ့္ပြဲအျဖစ္ ယူ႐ိုပါလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့အျဖစ္ လာလီဂါကလပ္ ရီးရဲလ္ဘက္တစ္နဲ႔ ကစားသြားရမွာျဖစ္ပါတယ္။ လီဗာပူးလ္နဲ႔ ရႈံးပြဲကေန ျပန္လည္႐ုန္းထြက္ႏိုင္ဖို႔အတြက္ ဒီပြဲက သူတို႔အတြက္အေရးပါေနပါတယ္။ အိမ္ကြင္းမွာ ကစားရမွာျဖစ္လို႔ ယူႏိုက္တက္အတြက္ အခြင့္အေရးေကာင္းရရွိထားကာ ႀကီးမားတဲ့ရႈံးပြဲကေန ႐ုန္းထြက္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ အဆိုပါပြဲမွာေတာ့ ကြင္းလယ္လူကက္စ္မဲ႐ိုး ပါဝင္ဖို႔ မေသမခ်ာျဖစ္ေနတယ္လို႔လည္း သိရပါတယ္။
crd
unicode
လီဗာပူးလ်နဲ့ရှုံးပွဲအတွက် သရဲနီတွေအသည်းပေါက်အောင် အနုနည်းနဲ့ပညာပေးလိုက်တဲ့ အဲရစ်တန်ဟက်ဂျ်
မန်ချက်စတာယူနိုက်တက်နည်းပြကြီး အဲရစ်တန်ဟက်ဂျ်ကတော့ လီဗာပူးလ်ကို အရှက်တကွဲအကျိုးနည်းဖြစ်စေခဲ့တဲ့ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်မှာ သူ့ကစားသမားတွေကို ကောင်းကောင်းကြီး ပညာပေးခဲ့ပြီဖြစ်ပါတယ်။ တန်ဟက်ဂျ်က ပွဲပြီးနောက်တနေ့မှာ သူ့ကစားသမားကို အနားမပေးခဲ့ဘဲ လေ့ကျင့်ရေးကွင်းဆီကို စောစောစီးစီးလာရောက်ခိုင်းခဲ့ပြီး သူကိုယ်တိုင်လည်း မနက် ၇ နာရီကတည်းက ရောက်ရှိနေခဲ့ပါတယ်။ ဒီနောက် ကစားသမားတွေအားလုံး မနက် ၉ နာရီအရောက် လေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့ကြပါတယ်။
အဲဒီနောက်မှာ တန်ဟက်ဂျ်က လီဗာပူးလ်နဲ့ပွဲက သူ ရွေးချယ်ပြီး ထုတ်နုတ်ထားတဲ့ ရုပ်သံဗီဒီယိုကို ကစားသမားတွေဆီ ပြသခဲ့တယ်လို့ သတင်းရင်းမြစ်တခုက ဖွင့်ဟခဲ့ပါတယ်။ ဒါ့အပြင် နယ်သာလန်အားကစားစိတ်ပညာရှင်တဦးနဲ့လည်း တန်ဟက်ဂျ်က ဆွေးနွေးမှုတွေလုပ်ခဲ့ကာ အဆိုပါဆွေးနွေးမှုကနေ အသင်းအတွက် အကျိုးကျေးဇူးတွေရမယ်လို့လည်း မျှော်လင့်ထားကြောင်း သိရပါတယ်။ ကစားသမားတွေကိုလည်း တန်ဟက်ဂျ်က နောက်ထပ်နည်းလမ်းတခုနဲ့ ထပ်မံပြီးတော့ ပညာပေးခဲ့ပါသေးတယ်။
အဲဒါကတော့ လီဗာပူးလ်ကစားသမားတွေနဲ့ ပရိသတ်တွေ ကွင်းအတွင်း အောင်ပွဲခံပျော်ရွှင်နေတဲ့ အသံတွေကို နားထောင်ခိုင်းခဲ့တယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။ ကစားသမားတွေကိုလည်း နောက်ထပ်တကြိမ် ဒီလိုမျိုး အပြုအမူ၊ စိတ်ဓာတ်ပိုင်းနဲ့ ကစားမယ်ဆိုရင် အရံအသင်းဆီ ပို့ပစ်မယ်လို့ သတိပေးခြိမ်းခြောက်ခဲ့ကြောင်းလည်း သိရပါတယ်။ ဒီ သမိုင်းဝင်ရှုံးပွဲအတွက် တန်ဟက်ဂျ်က တော်တော်လေးဒေါသထွက်နေခဲ့ပြီး သူ့ကစားသမားတွေကို ပွဲအပြီးအင်တာဗျူးမှာလည်း လူသိရှင်ကြား ကြိမ်းမောင်းခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်နဲ့ပွဲစဉ်မှာ ကစားသမားများ၏ ပြေးအားနှုန်းက ၉၉.၀၁ ကီလိုမီတာသာရှိခဲ့ပြီး ဘရန့်ဖို့ဒ် (၉၅.၆ ကီလိုမီတာ) နဲ့ပွဲစဉ်နောက်ပိုင်း ဒုတိယအနိမ့်ဆုံးပြေးအားဖြစ်ခဲ့သည်။ Erik ten Hag အနေနဲ့ ကစားသမားများအား သတင်းစကားပါးခဲ့သည်မှာ ယခုဖြစ်ပျက်ခဲ့သောအရာက ယခုရာသီပုံစံကောင်းပြသခဲ့ခြင်းကို မဖျက်စီးသင့်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ယခုအခြေအနေကို ပြင်ဆင်ဖို့ ဆာလောင်နေသင့်ပြီး ယုံကြည်မှုမပျက်စီးရေးသာ အရေးကြီးကြောင်း ပြောကြားခဲ့သည်။
ယူနိုက်တက်ဟာ လာမယ့်ပွဲအဖြစ် ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့အဖြစ် လာလီဂါကလပ် ရီးရဲလ်ဘက်တစ်နဲ့ ကစားသွားရမှာဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ ရှုံးပွဲကနေ ပြန်လည်ရုန်းထွက်နိုင်ဖို့အတွက် ဒီပွဲက သူတို့အတွက်အရေးပါနေပါတယ်။ အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ ယူနိုက်တက်အတွက် အခွင့်အရေးကောင်းရရှိထားကာ ကြီးမားတဲ့ရှုံးပွဲကနေ ရုန်းထွက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အဆိုပါပွဲမှာတော့ ကွင်းလယ်လူကက်စ်မဲရိုး ပါဝင်ဖို့ မသေမချာဖြစ်နေတယ်လို့လည်း သိရပါတယ်။