လီဗာပူးလ္နဲ႔ပြဲစဥ္မွ ယူႏိုက္တက္ရဲ႕ အဆိုး႐ြားဆုံး ကစားသမား ( ၄ ) ဦး ။

လီဗာပူးလ္နဲ႔ပြဲစဥ္မွ ယူႏိုက္တက္ရဲ႕ အဆိုး႐ြားဆုံး ကစားသမား ( ၄ ) ဦး ။

( ၁ ) ဒီဂီယာ ။ လီဗာပူးလ္က ပြဲကို ထိန္းခ်ဳပ္ႏိုင္တယ္ဆိုတာ သူတို႔မွာ အလီဆန္ရွိေနလို႔ပါ ။
ယူႏိုက္တက္က ဘာလို႔ မထိန္းခ်ဳပ္ႏိုင္သလဲဆိုေတာ့ ဒီဂီယာ ရွိေနလို႔ပါ ။ ေဘာလုံးျဖန႔္ေဝမႈက ေပးလိုက္တဲ့ ၿပိဳင္ဘက္ေျခထဲ ေရာက္သြားသလား ေအာက္ေမ့ရပါတယ္။ ေႏြရာသီမွာ ဒီေနရာကို ဦးစားေပး အင္အားျဖည့္သင့္ပါတယ္။

 

( ၂ ) ဒီေယဂို ဒါလို ။ ပထမပိုင္းအတြင္း ဘ႐ူႏို ဖာနန္ဒက္စ္ထံ ေပးပို႔မႈတစ္ႀကိမ္ ေကာင္းမြန္ခဲ့ေပမယ့္ ခံစစ္ပိုင္းမွာ ထပ္မံ အားနည္းခဲ့ပါတယ္။ ပထမဂိုးမွာ ဆိုးဆိုး႐ြား႐ြားပဲ ေနရာလြတ္ျဖစ္ေနခဲ့ၿပီး ဘယ္ေတာ့မွ် အခ်ိန္မီ recover လုပ္ႏိုင္ျခင္း မရွိခဲ့ပါဘူး ။

( ၃ ) ဗာရန္း ။ ဒီေန႔ပြဲမွာ အေတာ္ေလး ေပါ့ေလ်ာ့ခဲ့ပါတယ္။ ပထမဂိုးမွာ ဂတ္ပိုရဲ႕ လွည့္ကြက္ေနာက္ကို ပါသြားၿပီး အလြတ္ကန္ခြင့္ေပးခဲ့တာက မျဖစ္သင့္ပါဘူး ။

 

( ၄ ) ဘ႐ူႏို ဖာနန္ဒက္စ္ ။ ယူႏိုက္တက္ရဲ႕ အေကာင္းဆုံး အခြင့္အေရးကို အဆုံးသတ္ခြင့္ရခဲ့ေပမယ့္ လြဲေခ်ာ္ခဲ့ပါတယ္။ လီဗာပူးလ္ ကြင္းလယ္ၾကားမွာ ဟိုေျပးလိုက္ သည္ေျပးလိုက္ပဲ လုပ္ႏိုင္ခဲ့ပါတယ္။ စည္းၾကပ္ဒိုင္ကို သြားတြန္းခဲ့ၿပီး ကံေကာင္းလို႔ အနီကတ္မျပခံခဲ့ရတာျဖစ္ပါတယ္။
crd

unicode

လီဗာပူးလ်နဲ့ပွဲစဥ်မှ ယူနိုက်တက်ရဲ့ အဆိုးရွားဆုံး ကစားသမား ( ၄ ) ဦး ။

( ၁ ) ဒီဂီယာ ။ လီဗာပူးလ်က ပွဲကို ထိန်းချုပ်နိုင်တယ်ဆိုတာ သူတို့မှာ အလီဆန်ရှိနေလို့ပါ ။
ယူနိုက်တက်က ဘာလို့ မထိန်းချုပ်နိုင်သလဲဆိုတော့ ဒီဂီယာ ရှိနေလို့ပါ ။ ဘောလုံးဖြန့်ဝေမှုက ပေးလိုက်တဲ့ ပြိုင်ဘက်ခြေထဲ ရောက်သွားသလား အောက်မေ့ရပါတယ်။ နွေရာသီမှာ ဒီနေရာကို ဦးစားပေး အင်အားဖြည့်သင့်ပါတယ်။

( ၂ ) ဒီယေဂို ဒါလို ။ ပထမပိုင်းအတွင်း ဘရူနို ဖာနန်ဒက်စ်ထံ ပေးပို့မှုတစ်ကြိမ် ကောင်းမွန်ခဲ့ပေမယ့် ခံစစ်ပိုင်းမှာ ထပ်မံ အားနည်းခဲ့ပါတယ်။ ပထမဂိုးမှာ ဆိုးဆိုးရွားရွားပဲ နေရာလွတ်ဖြစ်နေခဲ့ပြီး ဘယ်တော့မျှ အချိန်မီ recover လုပ်နိုင်ခြင်း မရှိခဲ့ပါဘူး ။

( ၃ ) ဗာရန်း ။ ဒီနေ့ပွဲမှာ အတော်လေး ပေါ့လျော့ခဲ့ပါတယ်။ ပထမဂိုးမှာ ဂတ်ပိုရဲ့ လှည့်ကွက်နောက်ကို ပါသွားပြီး အလွတ်ကန်ခွင့်ပေးခဲ့တာက မဖြစ်သင့်ပါဘူး ။

( ၄ ) ဘရူနို ဖာနန်ဒက်စ် ။ ယူနိုက်တက်ရဲ့ အကောင်းဆုံး အခွင့်အရေးကို အဆုံးသတ်ခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။ လီဗာပူးလ် ကွင်းလယ်ကြားမှာ ဟိုပြေးလိုက် သည်ပြေးလိုက်ပဲ လုပ်နိုင်ခဲ့ပါတယ်။ စည်းကြပ်ဒိုင်ကို သွားတွန်းခဲ့ပြီး ကံကောင်းလို့ အနီကတ်မပြခံခဲ့ရတာဖြစ်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *