crd
unicode
လိုင်ယွန်အသင်းထံမှယူနိုက်တက်အသင်းကြားဖြတ်ခေါ်ယူခဲ့တဲ့ အီဗရာလက်သစ် မာလာစီယာရဲ့ကစားပုံအကြောင်း
မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ယခုရက်ပိုင်းအတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုတွေမှာ အထူးအာရုံစိုက်လာနေပါတယ်။ ဦးစားပေး ကစားသမားဖြစ်တဲ့ ကွင်းလယ်လူ ဒီဂျောင်နဲ့ အခြေအနေကောင်းတွေ ရရှိခဲ့သလို၊ ယခုတစ်ခါမှာလည်း ခံစစ်မှုး မာလာစီယာကို ခေါ်ယူနိုင်ခဲ့ပြန်ပါတယ်။ တန်ဟက်ဟာ မာလာစီယာနဲ့ ရင်ဆိုင်စဉ်အတွင်း အထူးအထင်ကြီးခဲ့ပြီး ယခုအခါ အိုးလ်ထရက်ဖို့ဒ်တွင် ၎င်း၏ကစားကွက်ပုံစံကို အကောင်အထည်ဖေါ်နိုင်ရန်အတွက် ကြိုးပမ်းလာတာဖြစ်ပါတယ်။နောက်ခံလူ မာလာစီယာနဲ့ ယူနိုက်တက်အသင်းတို့ ကြားမှာ စိတ်ဝင်စားဖွယ်ရာ အချို့လည်း ရှိနေပါတယ်။ ဒီကစားသမားကို ယူနိုက်တက်တို့ စောင့်ကြည့်နေခဲ့တာ ကာလတစ်ခုရှိပြီဖြစ်ပြီး နည်းပြတန်ဟက်ကလည်း သဘောကျတဲ့အတွက် ခေါ်ယူဖို့ မီးစိမ်းပြထားတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။
မာလာဆီယာဟာ တိုက်စစ်လိုက်ပါနိုင်တဲ့ ပြေးအားလည်းကောင်းသလို၊ လူကပ်ထိန်းချုပ်ရာမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ ဒီနှစ်ရာသီမှာ ဖီယနုအသင်းအတွက် လိဂ်ဖလားမှာ ပွဲ၃၀ကစားထားရာ ၁ဂိုးသွင်း၊၄ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပြီး ၈၅% ပေးပို့မှု မှန်ကန်ခြင်း၊ တပွဲပျမ်းမျှ ၆ ကြိမ်နှုန်း ယှဉ်လုမှု အသာရခြင်း၊ တစ်ပွဲ ပျမ်းမျှ ၂.၇ ကြိမ် နှုန်းဖျက်ထုတ်နိုင်ခြင်း စတဲ့ အရည်အသွေးမှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အဲရစ်တန်ဟန့် ကိုယ်တိုင် မာလာစီယာကို Full Back နေရာအတွက် အသုံးချဖို့ သဘောကျခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲရစ်တန်ဟန့်ဟာ Ajax အသင်းမှာ နည်းပြစဉ် အခါကတည်းက မာလာစီယာကို စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ ကစားသမားရဲ့ လျင်မြန်တဲ့ ပြေးအား၊ မြင့်မားတဲ့ ဘောလုံးလုယူမှုနုန်းတွေ၊ ဘောလုံးထိမ်းသိမ်း သေသပ်မှုတွေကို သဘောကျခဲ့သူ ဖြစ်ပါတယ်။ အထူးသဖြင့် မာလာစီယာဟာ ဘယ်ခြမ်းခံစစ်ကနေ တိုက်စစ်ကို အကောင်းဆုံး လိုက်ပါ ပံ့ပိုးပေးပြီး၊ Attacking Space တွေကို ဖန်တီးပေးနိုင်သူ ဖြစ်ပါတယ်။ ခံစစ်မှုး မာလာစီယာထံမှာ ယူနိုက်တက်အတွက် လိုအပ်နေတဲ့ အရည်အချင်း အပြည့်အဝ ရှိနေတယ်လို့ ဆိုထားပါတယ်။
သူက ရှေ့ ၊ လယ် ၊ နောက် လိုက်ပါကစားနိုင်ပြီး ပြိုင်ဘက်ရဲ့ တောင်ပံကစားသမားတွေကို ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အားသာချက်က ခံစစ်ပိုင်း စွမ်းဆောင်ရည်တွေကို အတော်လေး အကျိုးပြုတာတေွ့ရပါတယ်။ အလျင်အမြန် နေရာပြန်ယူနိုင်စွမ်း ၊ အလျင်အမြန် ဘောလုံး ပြန်လည် ဆယ်ယူနိုင်စွမ်းရှိရုံသာမက ပြိုင်ဘက်နဲ့ တစ်ဦးချင်း ရင်ဆိုင်ရတဲ့အခါ ( 1 v1 ) မှာလည်း အ‌ေတာ်လေး မာကျောမှုရှိတာတွေ့ရပါတယ်။ အချိန်တိုအတွင်း အရှိန်တင်တတ်တာတွေ ခန့်မှန်းမှုကောင်းတာတွေကြောင့် ပြိုင်ဘက်တောင်ပံကစားသမားတွေအနေနဲ့ မာလာစီယာကို တစ်ဦးချင်း ဖြတ်ကျော်ဖို့ ခက်ပါတယ်။ သူက ပြီးခဲ့တဲ့ရာသီမှာ ပျမ်းမျှ မိနစ် ( ၉၀ ) အတွင်း တစ်ဦးချင်း ဖြတ်ကျော်ခံရမှု ( ၀.၇ ) ကြိမ်သာ ရှိခဲ့ပါတယ်။ တခါတလေ ဗဟိုနောက်ခံလူတွေရဲ့ ရှေ့ကို ရောက်နေတတ်ပြီး ပြိုင်ဘက်တိုက်စစ် ကစားသမားတွေ ဘောလုံးလက်ခံရယူပြီး ဂိုးဘက်ကို မလှည့်နိုင်အောင် တားဆီးတတ်ပါတယ်။
တစ်ဖက်မှာလည်း မာလာစီယာက အကူးအပြောင်းကာလတွေမှာ ကိုယ့်နေရာကိုယ် ရှိမနေတာတွေ ကြုံရတတ်ပါတယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အားသာချက်ကြောင့် နောက်ဆုံးအချိန်မှာ သူရဲကောင်းဆန်ဆန် tackles တွေ ပြုလုပ်ပြီး တားဆီးနိုင်လေ့ရှိပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာလို ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ပိုရှိတဲ့ တိုက်စစ်မှူးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဒီအားနည်းကြောင့် ဒုက္ခရောက်နိုင်ပါတယ်။ ဒါက မာလာစီယာ အဓိက တိုးတက်ဖို့ လိုအပ်တဲ့နေရာဖြစ်ပါတယ်။ ဖီရင်နိုရဲ့ ညာခြမ်း half-space ( အလွယ်မှတ်ရန် – ဗဟိုခံစစ် နှင့် အစွန်ခံစစ်ကြားကနေရာ ) က ပြိုင်ဘက်တွေအတွက် မကြာခဏ အကူးအပြောင်းကာလတွေမှာ ထိုးဖောက်လို့ရတဲ့ ဟာကွက်ဖြစ်နေပါတယ်။
သူက ရှေ့ကို ဘောလုံးပေးပို့ရာမှာလည်း အခြားသော ဘယ်အစွန်နောက်ခံလူတွေထက် ပိုပြီး ထက်မြက်မှုရှိပါတယ်။ ဘေးစည်းတစ်လျှောက် တောင်ပံကစားသမားနဲ့ တွဲဖက်တတ်သလို ဖီရင်နု နံပါတ် ( ၁၀ ) ကစားသမားထံလည်း ထောင့်ဖြတ်ဘောတေွ ပေးပို့လေ့ရှိပါတယ်။ သူက ပေးပို့မှု ကောင်းရုံသာမက ဘောလုံးနဲ့အတူ ရှေ့ကို ဆွဲတက်တဲ့နေရာမှာလည်း ထူးချွန်သူဖြစ်ပါတယ်။ မာလာစီယာက final third ရောက်ချိန် ဘေးစည်းနားမှာ နေရာယူလေ့ရှိပြီး ဘယ်တောင်ပံကစားသမားကို အထဲဝင်သွားစေကာ ပြိုင်ဘက်ခံစစ်ကို ပိုမိုကျည်းမြောင်းသွားအောင် လုပ်တတ်ပါတယ်။ အဲ့ဒီအချိန် သူက ဘောလုံး လက်ခံရယူပြီး ဖြတ်တင်ဘော ပေးပို့လေ့ရှိသလို ၊ ဒါမှမဟုတ် ဘေးစည်းနားမှာပဲ သူ့ရဲ့ လျင်မြန်မှုနဲ့ ပြိုင်ဘက်နောက်ခံလူကို ကျော်ဖြတ်လေ့ရှိပါတယ်။ မာလာစီယာက မန်ချက်စတာ ယူနိုက်တက်နဲ့ ပထမရာသီမှာတော့ လုခ်ရှောရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ပွဲထွက်ခွင့်တွေလည်း ရလာနိုင်ပါတယ်။ ကစားသမားကို ယူနိုက်တက်အသင်းက လိုင်ယွန်အသင်းနဲ့ အပြီးသတ် လက်မှတ်ထိုးခါနီး အချိန်မှာပဲ ကြားဖြတ် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ မာလာစီယာအတွက် ပြောင်းရွေ့ကြေးအဖြစ် ယူရို(၁၅)သန်း+ အပိုဆုကြေး (၂)သန်း ဖြင့် သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ ကစားသမားနဲ့ ယူနိုက်တက်တို့ ကြားမှာတော့ ကာလရှည် စာချုပ်သက်တမ်း တစ်ခုနဲ့ ချုပ်ဆိုသွားဖို့ ရှိနေပါတယ်။
crd
လိုင်ယွန်အသင်းထံမှယူနိုက်တက်အသင်းကြားဖြတ်ခေါ်ယူခဲ့တဲ့ အီဗရာလက်သစ် မာလာစီယာရဲ့ကစားပုံအကြောင်း
မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ယခုရက်ပိုင်းအတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုတွေမှာ အထူးအာရုံစိုက်လာနေပါတယ်။ ဦးစားပေး ကစားသမားဖြစ်တဲ့ ကွင်းလယ်လူ ဒီဂျောင်နဲ့ အခြေအနေကောင်းတွေ ရရှိခဲ့သလို၊ ယခုတစ်ခါမှာလည်း ခံစစ်မှုး မာလာစီယာကို ခေါ်ယူနိုင်ခဲ့ပြန်ပါတယ်။ တန်ဟက်ဟာ မာလာစီယာနဲ့ ရင်ဆိုင်စဉ်အတွင်း အထူးအထင်ကြီးခဲ့ပြီး ယခုအခါ အိုးလ်ထရက်ဖို့ဒ်တွင် ၎င်း၏ကစားကွက်ပုံစံကို အကောင်အထည်ဖေါ်နိုင်ရန်အတွက် ကြိုးပမ်းလာတာဖြစ်ပါတယ်။နောက်ခံလူ မာလာစီယာနဲ့ ယူနိုက်တက်အသင်းတို့ ကြားမှာ စိတ်ဝင်စားဖွယ်ရာ အချို့လည်း ရှိနေပါတယ်။ ဒီကစားသမားကို ယူနိုက်တက်တို့ စောင့်ကြည့်နေခဲ့တာ ကာလတစ်ခုရှိပြီဖြစ်ပြီး နည်းပြတန်ဟက်ကလည်း သဘောကျတဲ့အတွက် ခေါ်ယူဖို့ မီးစိမ်းပြထားတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။
မာလာဆီယာဟာ တိုက်စစ်လိုက်ပါနိုင်တဲ့ ပြေးအားလည်းကောင်းသလို၊ လူကပ်ထိန်းချုပ်ရာမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ ဒီနှစ်ရာသီမှာ ဖီယနုအသင်းအတွက် လိဂ်ဖလားမှာ ပွဲ၃၀ကစားထားရာ ၁ဂိုးသွင်း၊၄ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပြီး ၈၅% ပေးပို့မှု မှန်ကန်ခြင်း၊ တပွဲပျမ်းမျှ ၆ ကြိမ်နှုန်း ယှဉ်လုမှု အသာရခြင်း၊ တစ်ပွဲ ပျမ်းမျှ ၂.၇ ကြိမ် နှုန်းဖျက်ထုတ်နိုင်ခြင်း စတဲ့ အရည်အသွေးမှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အဲရစ်တန်ဟန့် ကိုယ်တိုင် မာလာစီယာကို Full Back နေရာအတွက် အသုံးချဖို့ သဘောကျခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲရစ်တန်ဟန့်ဟာ Ajax အသင်းမှာ နည်းပြစဉ် အခါကတည်းက မာလာစီယာကို စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ ကစားသမားရဲ့ လျင်မြန်တဲ့ ပြေးအား၊ မြင့်မားတဲ့ ဘောလုံးလုယူမှုနုန်းတွေ၊ ဘောလုံးထိမ်းသိမ်း သေသပ်မှုတွေကို သဘောကျခဲ့သူ ဖြစ်ပါတယ်။ အထူးသဖြင့် မာလာစီယာဟာ ဘယ်ခြမ်းခံစစ်ကနေ တိုက်စစ်ကို အကောင်းဆုံး လိုက်ပါ ပံ့ပိုးပေးပြီး၊ Attacking Space တွေကို ဖန်တီးပေးနိုင်သူ ဖြစ်ပါတယ်။ ခံစစ်မှုး မာလာစီယာထံမှာ ယူနိုက်တက်အတွက် လိုအပ်နေတဲ့ အရည်အချင်း အပြည့်အဝ ရှိနေတယ်လို့ ဆိုထားပါတယ်။
သူက ရှေ့ ၊ လယ် ၊ နောက် လိုက်ပါကစားနိုင်ပြီး ပြိုင်ဘက်ရဲ့ တောင်ပံကစားသမားတွေကို ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အားသာချက်က ခံစစ်ပိုင်း စွမ်းဆောင်ရည်တွေကို အတော်လေး အကျိုးပြုတာတေွ့ရပါတယ်။ အလျင်အမြန် နေရာပြန်ယူနိုင်စွမ်း ၊ အလျင်အမြန် ဘောလုံး ပြန်လည် ဆယ်ယူနိုင်စွမ်းရှိရုံသာမက ပြိုင်ဘက်နဲ့ တစ်ဦးချင်း ရင်ဆိုင်ရတဲ့အခါ ( 1 v1 ) မှာလည်း အ‌ေတာ်လေး မာကျောမှုရှိတာတွေ့ရပါတယ်။ အချိန်တိုအတွင်း အရှိန်တင်တတ်တာတွေ ခန့်မှန်းမှုကောင်းတာတွေကြောင့် ပြိုင်ဘက်တောင်ပံကစားသမားတွေအနေနဲ့ မာလာစီယာကို တစ်ဦးချင်း ဖြတ်ကျော်ဖို့ ခက်ပါတယ်။ သူက ပြီးခဲ့တဲ့ရာသီမှာ ပျမ်းမျှ မိနစ် ( ၉၀ ) အတွင်း တစ်ဦးချင်း ဖြတ်ကျော်ခံရမှု ( ၀.၇ ) ကြိမ်သာ ရှိခဲ့ပါတယ်။ တခါတလေ ဗဟိုနောက်ခံလူတွေရဲ့ ရှေ့ကို ရောက်နေတတ်ပြီး ပြိုင်ဘက်တိုက်စစ် ကစားသမားတွေ ဘောလုံးလက်ခံရယူပြီး ဂိုးဘက်ကို မလှည့်နိုင်အောင် တားဆီးတတ်ပါတယ်။
တစ်ဖက်မှာလည်း မာလာစီယာက အကူးအပြောင်းကာလတွေမှာ ကိုယ့်နေရာကိုယ် ရှိမနေတာတွေ ကြုံရတတ်ပါတယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အားသာချက်ကြောင့် နောက်ဆုံးအချိန်မှာ သူရဲကောင်းဆန်ဆန် tackles တွေ ပြုလုပ်ပြီး တားဆီးနိုင်လေ့ရှိပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာလို ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ပိုရှိတဲ့ တိုက်စစ်မှူးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဒီအားနည်းကြောင့် ဒုက္ခရောက်နိုင်ပါတယ်။ ဒါက မာလာစီယာ အဓိက တိုးတက်ဖို့ လိုအပ်တဲ့နေရာဖြစ်ပါတယ်။ ဖီရင်နိုရဲ့ ညာခြမ်း half-space ( အလွယ်မှတ်ရန် – ဗဟိုခံစစ် နှင့် အစွန်ခံစစ်ကြားကနေရာ ) က ပြိုင်ဘက်တွေအတွက် မကြာခဏ အကူးအပြောင်းကာလတွေမှာ ထိုးဖောက်လို့ရတဲ့ ဟာကွက်ဖြစ်နေပါတယ်။
သူက ရှေ့ကို ဘောလုံးပေးပို့ရာမှာလည်း အခြားသော ဘယ်အစွန်နောက်ခံလူတွေထက် ပိုပြီး ထက်မြက်မှုရှိပါတယ်။ ဘေးစည်းတစ်လျှောက် တောင်ပံကစားသမားနဲ့ တွဲဖက်တတ်သလို ဖီရင်နု နံပါတ် ( ၁၀ ) ကစားသမားထံလည်း ထောင့်ဖြတ်ဘောတေွ ပေးပို့လေ့ရှိပါတယ်။
သူက ပေးပို့မှု ကောင်းရုံသာမက ဘောလုံးနဲ့အတူ ရှေ့ကို ဆွဲတက်တဲ့နေရာမှာလည်း ထူးချွန်သူဖြစ်ပါတယ်။ မာလာစီယာက final third ရောက်ချိန် ဘေးစည်းနားမှာ နေရာယူလေ့ရှိပြီး ဘယ်တောင်ပံကစားသမားကို အထဲဝင်သွားစေကာ ပြိုင်ဘက်ခံစစ်ကို ပိုမိုကျည်းမြောင်းသွားအောင် လုပ်တတ်ပါတယ်။ အဲ့ဒီအချိန် သူက ဘောလုံး လက်ခံရယူပြီး ဖြတ်တင်ဘော ပေးပို့လေ့ရှိသလို ၊ ဒါမှမဟုတ် ဘေးစည်းနားမှာပဲ သူ့ရဲ့ လျင်မြန်မှုနဲ့ ပြိုင်ဘက်နောက်ခံလူကို ကျော်ဖြတ်လေ့ရှိပါတယ်။ မာလာစီယာက မန်ချက်စတာ ယူနိုက်တက်နဲ့ ပထမရာသီမှာတော့ လုခ်ရှောရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ပွဲထွက်ခွင့်တွေလည်း ရလာနိုင်ပါတယ်။ ကစားသမားကို ယူနိုက်တက်အသင်းက လိုင်ယွန်အသင်းနဲ့ အပြီးသတ် လက်မှတ်ထိုးခါနီး အချိန်မှာပဲ ကြားဖြတ် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ မာလာစီယာအတွက် ပြောင်းရွေ့ကြေးအဖြစ် ယူရို(၁၅)သန်း+ အပိုဆုကြေး (၂)သန်း ဖြင့် သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ ကစားသမားနဲ့ ယူနိုက်တက်တို့ ကြားမှာတော့ ကာလရှည် စာချုပ်သက်တမ်း တစ်ခုနဲ့ ချုပ်ဆိုသွားဖို့ ရှိနေပါတယ်။
Add a Comment
Your email address will not be published. Required fields are marked *