လိဒ္ကိုဂိုးျပတ္ေခ်မႈန္းခဲ့တဲ့ ယူႏိုက္တက္ရဲ႕ေအာင္ပြဲမွာအဓိကက်ခဲ့တဲ့ သရဲနီကစားသမား
|လိဒ္ကိုဂိုးျပတ္ေခ်မႈန္းခဲ့တဲ့ ယူႏိုက္တက္ရဲ႕ေအာင္ပြဲမွာအဓိကက်ခဲ့တဲ့ သရဲနီကစားသမား
လိဒ္နဲ႔ေတြ႕ဆုံခဲ့တဲ့ ႏွစ္ပြဲစလုံးဟာ လူမစုံတဲ့ မန္ယူႏိုက္တဒ္အတြက္ ဖိအားမ်ားခဲ့ရသလို ဒုေက်ာ့အျဖစ္ကစားခဲ့တဲ့ ပြဲဟာ အီလန္႐ုဒ္မွာ ျဖစ္တာေၾကာင့္လည္း တန္ဟဂ္ တစ္ေယာက္ အေတာ္ေလး ႐ုန္းကန္ခဲ့ရပါတယ္။ ဒီပြဲအၿပီး ဘာစီလိုနာနဲ႔ အေရးႀကီးပြဲကစားဖို႔ရွိတာေၾကာင့္ လူခ်န္ရသလို ကြင္းထဲက ကစားသမားေတြကလည္း ပြဲမပန္းေစေအာင္ ထိန္းသိမ္းေဆာ့ကစားေနတာေၾကာင့္ လိဒ္ရဲ႕ ဖိအားေပးမႈေအာက္ အေတာ္ေလး ေရာက္ခဲ့ရပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ လိဒ္ကို ( ၂-၀ ) နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ဗဟိုခံစစ္ေနရာအတြက္ ရာဖာ ဗာရန္း ႏွင့္ လီဆန္ဒ႐ို မာတီးနက္ကို အသုံးမျပဳပဲ ဟယ္ရီ မက္ဂြဲယား ႏွင့္ လုခ္ေရွာတို႔အတြဲကို ပြဲထြက္လာခဲ့ပါတယ္ ။
အဲရစ္ တင္ဟာ့ခ္ရဲ႕ အသင္းဟာ ပထမပိုင္း တစ္ပိုင္းလုံး ႏွင့္ ဒုတိယပိုင္းအစ ( ၁၅ ) မိနစ္ေလာက္ထိ ပြဲရဲ႕ အရွိန္ကို လိုက္မီႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ အိမ္ရွင္အသင္းက မာမာထန္ထန္ ကစားခဲ့ၿပီး ယူႏိုက္တက္ ကြင္းလယ္ အမွားေတြ က်ဴးလြန္ေအာင္ press လုပ္ခဲ့ပါတယ္။ ယူႏိုက္တက္ရဲ႕ အဓိက ျပႆနာက ေနာက္တန္းကေန ကစားကြက္ စတင္ႏိုင္ျခင္း မရွိခဲ့တာ ျဖစ္ပါတယ္။ လိဒ္က ေဘာလုံးေပးပို႔ႏိုင္တဲ့ လမ္းေၾကာင္းအားလုံးကို ပိတ္ဆို႔ထားခဲ့ၿပီး ကက္စမဲ႐ိုးလို နံပါတ္ ၆ ကစားသမားစစ္ ပါမေနတဲ့အတြက္ ခံစစ္ကေန ေဘာလုံးဆင္းယူမယ့္သူလည္း တစ္ဦးမွ် ရွိမေနခဲ့ပါဘူး ။
မန္ယူႏိုက္တဒ္ရဲ႕ ပြဲကစားခ်ိန္ မိနစ္(၇၀)နီးပါး ကစားပုံဟာ အမွားမ်ားလြန္းၿပီး ကစားပုံကလည္း အေတာ္ေလး အဆင့္တန္းနိမ့္ပါးလြန္းခဲ့ပါတယ္။ ဒုတိယပိုင္းမွာ တင္ဟာ့ခ္က မာတီးနက္ကို လူစားလဲၿပီးေနာက္ ယူႏိုက္တက္အေနနဲ႔ ေဘာလုံးကို တိုက္စစ္ထံ အလြယ္တကူ ပို႔ေဆာင္လာႏိုင္ခဲ့ပါတယ္။ ခ်က္ခ်င္းပဲ ပြဲကို ထိန္းခ်ဳပ္ႏိုင္စြမ္းရွိလာသလို အခြင့္အေရးေတြပါ ဖန္တီးလာႏိုင္ခဲ့ပါတယ္။ မာတီနက္ဇ္ ဝင္ေရာက္လာခ်ိန္မွာ ယူႏိုက္တဒ္ခံစစ္ကေန ကြင္းလယ္-တိုက္စစ္ကို ေဘာလုံးျဖန႔္ေဝမႈေတြ ေကာင္းမြန္လာၿပီး အာဂ်င္တိုင္းသားရဲ႕ line breaking pass ေတြက အလြန္အကြၽံ high press ဖိေနတဲ့ လိဒ္ ကစားသမားေတြ ကိုေက်ာ္လြန္ၿပီး တိုက္စစ္လမ္းေၾကာင္းေတြ မၾကာခဏ ရွာေဖြေပးႏိုင္ခဲ့ပါတယ္။
မာတီးနက္ဟာ ( ၂၉ ) မိနစ္တာ ကာလအတြင္း ေဘာလုံးထိခ်က္ ( ၃၈ ) ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ၿပီး ( ၃၄ ) ႀကိမ္ ေပးပို႔မႈ ျပဳလုပ္ရာမွာလည္း အႀကိမ္ ( ၃၀ ) ေအာင္ျမင္ခဲ့ပါတယ္။ ဒါ့အျပင္ tackles ( ၃ ) ႀကိမ္ျပဳလုပ္ရာမွာလည္း ( ၃ ) ႀကိမ္စလုံး အႏိုင္ရခဲ့ၿပီး ေျမျပင္ယွဥ္လုယူမႈ ( ၃ ) ႀကိမ္မွာလည္း ( ၃ ) ႀကိမ္စလုံး အႏိုင္ရခဲ့ပါတယ္။ ကမာၻ႔ဖလားခ်န္ပီယံဟာ ဒီပြဲစဥ္မွာလည္း ကမာၻ႔အေကာင္းဆုံး ball-playing ေနာက္ခံလူေတြထဲက တစ္ဦးျဖစ္ေၾကာင္း ထပ္မံသက္ေသျပသြားခဲ့ျပန္ပါတယ္။ မာတီနက္ဇ္သာ မပါဝင္လာရင္ လိဒ္ရဲ႕ ဖိအားေပးမႈကို ဆက္ခံေနရမွာျဖစ္ၿပီး တန္ဟဂ္ရဲ႕ မဟာဗ်ဴဟာကလည္း အံအားသင့္စရာေကာင္းေအာင္ အလုပ္ျဖစ္ခဲ့တယ္လို႔ ဆိုရပါလိမ့္မယ္။
crd
unicode
လိဒ်ကိုဂိုးပြတ်ချေမှုန်းခဲ့တဲ့ ယူနိုက်တက်ရဲ့အောင်ပွဲမှာအဓိကကျခဲ့တဲ့ သရဲနီကစားသမား
လိဒ်နဲ့တွေ့ဆုံခဲ့တဲ့ နှစ်ပွဲစလုံးဟာ လူမစုံတဲ့ မန်ယူနိုက်တဒ်အတွက် ဖိအားများခဲ့ရသလို ဒုကျော့အဖြစ်ကစားခဲ့တဲ့ ပွဲဟာ အီလန်ရုဒ်မှာ ဖြစ်တာကြောင့်လည်း တန်ဟဂ် တစ်ယောက် အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ ဒီပွဲအပြီး ဘာစီလိုနာနဲ့ အရေးကြီးပွဲကစားဖို့ရှိတာကြောင့် လူချန်ရသလို ကွင်းထဲက ကစားသမားတွေကလည်း ပွဲမပန်းစေအောင် ထိန်းသိမ်းဆော့ကစားနေတာကြောင့် လိဒ်ရဲ့ ဖိအားပေးမှုအောက် အတော်လေး ရောက်ခဲ့ရပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လိဒ်ကို ( ၂-၀ ) နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဥ်မှာ ဗဟိုခံစစ်နေရာအတွက် ရာဖာ ဗာရန်း နှင့် လီဆန်ဒရို မာတီးနက်ကို အသုံးမပြုပဲ ဟယ်ရီ မက်ဂွဲယား နှင့် လုခ်ရှောတို့အတွဲကို ပွဲထွက်လာခဲ့ပါတယ် ။
အဲရစ် တင်ဟာ့ခ်ရဲ့ အသင်းဟာ ပထမပိုင်း တစ်ပိုင်းလုံး နှင့် ဒုတိယပိုင်းအစ ( ၁၅ ) မိနစ်လောက်ထိ ပွဲရဲ့ အရှိန်ကို လိုက်မီနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ အိမ်ရှင်အသင်းက မာမာထန်ထန် ကစားခဲ့ပြီး ယူနိုက်တက် ကွင်းလယ် အမှားတွေ ကျူးလွန်အောင် press လုပ်ခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ အဓိက ပြဿနာက နောက်တန်းကနေ ကစားကွက် စတင်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ လိဒ်က ဘောလုံးပေးပို့နိုင်တဲ့ လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားခဲ့ပြီး ကက်စမဲရိုးလို နံပါတ် ၆ ကစားသမားစစ် ပါမနေတဲ့အတွက် ခံစစ်ကနေ ဘောလုံးဆင်းယူမယ့်သူလည်း တစ်ဦးမျှ ရှိမနေခဲ့ပါဘူး ။
မန်ယူနိုက်တဒ်ရဲ့ ပွဲကစားချိန် မိနစ်(၇၀)နီးပါး ကစားပုံဟာ အမှားများလွန်းပြီး ကစားပုံကလည်း အတော်လေး အဆင့်တန်းနိမ့်ပါးလွန်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ တင်ဟာ့ခ်က မာတီးနက်ကို လူစားလဲပြီးနောက် ယူနိုက်တက်အနေနဲ့ ဘောလုံးကို တိုက်စစ်ထံ အလွယ်တကူ ပို့ဆောင်လာနိုင်ခဲ့ပါတယ်။ ချက်ချင်းပဲ ပွဲကို ထိန်းချုပ်နိုင်စွမ်းရှိလာသလို အခွင့်အရေးတွေပါ ဖန်တီးလာနိုင်ခဲ့ပါတယ်။ မာတီနက်ဇ် ဝင်ရောက်လာချိန်မှာ ယူနိုက်တဒ်ခံစစ်ကနေ ကွင်းလယ်-တိုက်စစ်ကို ဘောလုံးဖြန့်ဝေမှုတွေ ကောင်းမွန်လာပြီး အာဂျင်တိုင်းသားရဲ့ line breaking pass တွေက အလွန်အကျွံ high press ဖိနေတဲ့ လိဒ် ကစားသမားတွေ ကိုကျော်လွန်ပြီး တိုက်စစ်လမ်းကြောင်းတွေ မကြာခဏ ရှာဖွေပေးနိုင်ခဲ့ပါတယ်။
မာတီးနက်ဟာ ( ၂၉ ) မိနစ်တာ ကာလအတွင်း ဘောလုံးထိချက် ( ၃၈ ) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ( ၃၄ ) ကြိမ် ပေးပို့မှု ပြုလုပ်ရာမှာလည်း အကြိမ် ( ၃၀ ) အောင်မြင်ခဲ့ပါတယ်။ ဒါ့အပြင် tackles ( ၃ ) ကြိမ်ပြုလုပ်ရာမှာလည်း ( ၃ ) ကြိမ်စလုံး အနိုင်ရခဲ့ပြီး မြေပြင်ယှဥ်လုယူမှု ( ၃ ) ကြိမ်မှာလည်း ( ၃ ) ကြိမ်စလုံး အနိုင်ရခဲ့ပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံဟာ ဒီပွဲစဥ်မှာလည်း ကမ္ဘာ့အကောင်းဆုံး ball-playing နောက်ခံလူတွေထဲက တစ်ဦးဖြစ်ကြောင်း ထပ်မံသက်သေပြသွားခဲ့ပြန်ပါတယ်။ မာတီနက်ဇ်သာ မပါဝင်လာရင် လိဒ်ရဲ့ ဖိအားပေးမှုကို ဆက်ခံနေရမှာဖြစ်ပြီး တန်ဟဂ်ရဲ့ မဟာဗျူဟာကလည်း အံအားသင့်စရာကောင်းအောင် အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။