



crd

unicode

လာမယ့်နွေမှာယူနိုက်တက်အသင်းထံရောက်ရှိဖို့ သေချာသလောက်ရှိနေတဲ့ လိဒ်ကြယ်ပွင့်

ကစားသမားအပြောင်းအရွှေ့သတင်းတွေမှာယုံကြည်ရလောက်တဲ့သတင်းအရင်းအမြစ်တစ်ခုဖြစ်တဲ့ဝါရင့်အေးဂျင့်ဖာဇီယိုရိုမဲရိုးကလာမယ့်နွေဈေးကွက်မှာယူနိုက်တတ်ကိုရောက်ရှိလာဖို့၉၀%လောက်သေချာနေတဲ့ကစားသမားတစ်ဦးကိုထုတ်ပြောလိုက်ပါပြီ။အေးဂျင့်ဖာဇီယိုနဲ့Espnတို့တွေ့ဆုံခခန်းမှာအဆိုပါကစားသမားကိုဖာဇီယိုကထုတ်ပြောသွားခဲ့တာပါ။ဖာဇီယိုပြောကြားသွားတဲ့ကစားသမားကတော့ လိဒ်အသင်းရဲ့အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားကယ်ဗင်ဖိလစ်ဘဲဖြစ်ပါတယ်။

ဖိလစ်ဟာဆရာအရင်းဖြစ်သူဘီယဲဆာအသင်းကနေအထုတ်ခံရမှုနဲ့အတူလာမယ့်နွေရာသီမှာအသင်းသစ်ကိုသေချာပေါက်ပြောင်းရွှေ့လိမ့်မယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီကဖိလစ်ကို ပေါင်သန်းငါးဆယ်ဖြင့်ဝက်ဟမ်းအသင်းကကမ်းလှမ်းခဲ့ပေမယ့်လိဒ်ဘက်ကပယ်ချခဲ့သလိုကစားသမားဘက်ကလည်းငြင်းဆန်ခဲ့ပါတယ်။ဒါပေမယ့်ယူနိုက်တတ်ဘက်ကလျှို့ဝှက်ချိတ်ဆက်မှုတွေကြောင့်ယင်းအပြောင်းအရွှေကိုငြင်းဆန်ခဲ့တာဖြစ်တယ်လို့Espnသတင်းကထုတ်ပြန်ပါတယ်။

အေးဂျင့်ဖာဇီယိုကပြောကြားရာမှာတော့လိဒ်ကနေယူနိုက်တတ်ကိုပြောင်းရွှေ့ခဲ့တဲ့ကစားသမားတွေကတော့ကန်တိုနာ၊ဖာဒီနန်နဲ့အလန်စမစ်တို့ပါအဲ့ဒိသုံးယောက်လုံးယူနိုက်တတ်မှာတော့သူတို့ရဲ့ထိုက်တန်တဲ့ရလာဒ်တွေရရှိခဲ့သူတွေပါ။ကယ်ဗင်ဖိလစ်လည်းဒါ့ကိုအသေချာစဉ်းစားနေတာပါ။ဒီကမ်းလှမ်းမှုတွေကိုငြင်းဆန်ဖို့ဆိုတာသူ့မှာအင်အားမရှိလှပါဘူး။သူကိုအသင်းသစ်မှာမြင်ရဖို့၉၀%လောက်အထိကိုရှိနေခဲ့ပါပြီ။ကျန်၁၀%မှာယူနိုက်တတ်နည်းပြသစ်ဘယ်သူဖြစ်လာမလဲဆိုတာအရေးပါနေပါသေးတယ်။

ရန်းနစ်ကတော့အရေးပါတဲ့နေရာမှာရှိနေဦးမှာဖြစ်တာကြောင့်သူရွေးချယ်တဲ့ကစားသမားကတော့ယူနိုက်တတ်ကိုရောက်ရှိလာဖို့များပါတယ်လို့ဆိုသွားခဲ့ပါတယ်။ယူနိုက်တတ်ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ပေါ့ဘာ၊လင်ဂတ်၊မာတစ်၊မာတာတို့ဟာလာမယ့်နွေရာသီမှာအသင်းကထွက်ခွါတော့မှယဖြစ်တာကြောင့်ယူနိုက်တတ်ဟာကွင်းလယ်ကစားသမားတစ်ဦးတော့အနည်းဆုံးဝယ်ယူမှာပါ။နည်းပြသစ်အဖြစ်အဲရစ်တန်ဟတ်သာနေရာရရှိခဲ့ပါက တပည့်ဟောင်းဗန်ဒါဘိနေရာရလာနိုင်သလို လူငယ်အသင်းက ကစားသမားအချို့လည်းအသင်းကြီးကွင်းလယ်မှာနေရာရလာဖို့ရှိနေပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *