crd
unicode
လာမယ့်ရာသီမှာ အသင်းရဲ့တန်ဖိုးအထားရဆုံး ဂန္တဝင်ကျောနံပါတ်နဲ့ ဂုဏ်ပြုခြင်းခံရဖို့ရှိနေတဲ့ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်
မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ လာမယ့်ရာသီကျရင် အသင်းရဲ့ဂန္ထဝင်ကျောနံပါတ်ကို ဝတ်ဆင်ကစားခွင့်ရဖို့ရှိနေပါတယ်။ ယူနိုက်တက်အသင်းဟာ လာမည့်ရာသီမှာ အသင်းရဲ့ တန်ဖိုးအထားရဆုံး ဂန္တဝင်ကျောနံပါတ် နဲ့ တိုက်စစ်မှုး မားကပ်ရက်ဖို့ဒ်ကို ဂုဏ်ပြုသွားဖို့ရှိနေပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲက ပြန်လာပြီးနောက်ပိုင်းမယုံနိုင်လောက်အောင် ခြေစွမ်းပြဂိုးတွေသွင်းနေတဲ့ ရပ်ရှ်ဖို့ဒ်ဟာပြိုင်ပွဲစုံနောက်ဆုံး(၁၆)ပွဲကစား၊ (၁၄)ဂိုးအထိ သွင်းယူခဲ့သလိုဒီရာသီမှာ စုစုပေါင်း (၃၅)ပွဲကစား၊ (၂၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၈)ကြိမ်ပြုလုပ်ခဲ့ပါတယ်။
ရပ်ဖို့ဒ်ဟာ ယူနိုက်တက်ကစားသမားဘ၀ အကောင်းဆုံးသွင်းဂိုးမှတ်တမ်းဖြစ်တဲ့၂၀၁၉-၂၀၂၀
ရာသီတုန်းက (၂၂)ဂိုးအရေအတွက်ကို ဘာစီလိုနာနဲ့ပွဲမှာ အမီလိုက်နိုင်ခဲ့ပြီးမကြာခင် တစ်ဦးချင်း သွင်းဂိုးစံချိန်သစ်တင်နိုင်ဖို့ရှိနေပါပြီ။ ဒီလိုခြေစွမ်းကောင်းတွေပြသနေတာကြောင့် ရပ်ရှ်ဖို့ဒ်အနေနဲ့ လာမယ့်ရာသီကျရင် ဂန္ထဝင်ကျောနံပါတ်(၇)ကိုဝတ်ဆင်ခွင့်ရဖို့ ရေပန်းစားနေပါပြီ။ ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးတွေဖြစ်တဲ့ ဒင်းနစ်လော၊ ရှရင်ဂမ်၊ နစ္စတယ်လ်ရွိုင်းနဲ့ကလပ်စံချိန်တင်သွင်းဂိုးပိုင်ရှင် ရွန်နီတို့ ဝင်ဆင်ခဲ့တဲ့ ကျောနံပါတ်(၁၀)ကို၂၀၁၈ ခုနှစ်ကတည်းက အမွေဆက်ခံခွင့်ရခဲ့ပြီး ဒီနံပါတ်ကလည်း ယူနိုက်တက်ရဲ့အထင်ကရ နံပါတ်တစ်ခုလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလအတွင်းနာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုနဲ့ ယူနိုက်တက်တို့ လမ်းခွဲပြီးတဲ့နောက် ဂန္ထဝင်ကျောနံပါတ်(၇)က ပိုင်ရှင်မဲ့နေပြီး ဒီနံပါတ်ကိုတော့ ဂျော့ချ်ဘက်စ်၊ကန်တိုနာ၊ ဘက်ခမ်၊ စီရော်နယ်လ်ဒိုစတဲ့ ဂန္ထဝင်ကစားသမားတွေ ဝတ်ဆင်ခဲ့ကြပါတယ်။ အသက် 25 နှစ်အရွယ် မားကပ်ရက်ဖို့ဒ် ကို နည်းပြ တန်ဂ်ဟက်က ဒီရာသီ မှာ (၃၅) ဂိုးအထိသွင်းယူပေးရန် တောင်းဆိုထားပါတယ်။ တန်ဂ်ဟက်ဟာ ရက်ဖို့ဒ်ကို 2019-2020 ရာသီက သွင်းယူခဲ့တဲ့ သွင်းဂိုးအရေအတွက် ထက်ပိုမို သွင်းယူပေးနိုင်ရန် အလိုရှိနေတာဖြစ်ပါတယ်။ ယူနိုက်တက်အကယ်ဒမီထွက် ရက်ဖို့ဒ်ဟာ နည်းပြ တန်ဂ်ဟက် တောင်းဆိုထားတဲ့ (၃၅) ဂိုး ပစ်မှတ်ကို ပြည့်မှီရန် အတွက် နောက်ထပ် ၁၃ ဂိုး သွင်းယူဖို့ လိုအပ်နေပါသေးတယ်။
အကယ်၍ ရက်ရှ်ဖို့ဒ် သာ သွင်းဂိုးတွေနဲ့ ယူနိုက်တက်ကို ဒီထက်မက ဆွဲတင်ပေးသွားနိုင်မယ်ဆိုပါက သူဟာ အသင်းရဲ့ ဂန္တဝင်ကျောနံပါတ်(၇) ကို လွှပြောင်းဝတ်ဆင်ဖို့ အထိုက်တန် ဆုံးကစားသမားလို့ သတ်မှတ်လို့ရမှာဖြစ်ပါတယ်။ လာမယ့်ရာသီကျရင် ကျောနံပါတ်(၇)အမွေဆက်ခံနိုင်တဲ့ ကစားသမားတွေထဲမှာလူငယ်တွေဖြစ်တဲ့ အန်တိုနီ၊ ဆန်ချို၊ ဂါနာချိုတို့လည်း သတင်းထွက်နေပေမယ့်လက်ရှိခြေစွမ်းပိုင်း၊ အတွေ့အကြုံပိုင်းတွေမှာ အကောင်းဆုံးအချိန်ရောက်နေပြီဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်က ရေပန်းအစားဆုံးဖြစ်နေပါတယ်။
crd