လစာေငြအေလွ်ာ့ခံကာ ယူႏိုက္တက္ ႏွင့္စာခ်ဳပ္အသစ္ ခ်ဳပ္ဆိုသြားေတာ့မယ့္ သက္ေတာ္ရွည္ဂိုးသမားႀကီး စူပါေဒဗ့္

လစာေငြအေလွ်ာ့ခံကာ ယူႏိုက္တက္ ႏွင့္စာခ်ဳပ္အသစ္ ခ်ဳပ္ဆိုသြားေတာ့မယ့္ သက္ေတာ္ရွည္ဂိုးသမားႀကီး စူပါေဒဗ့္
လစာေငြေလွ်ာ့ယူၿပီး ယူႏိုက္တက္ရဲ႕ ဂိုး‌ေပါက္ကို စြမ္းစြမ္းတမံကာကြယ္ေပးဖို႔ စာခ်ဳပ္အသစ္ ခ်ဳပ္ဆိုသြားေတာ့မယ့္ ေဒးဗစ္ ဒီဂီယာ

မန္ခ်က္စတာယူႏိုက္တက္အသင္းတြင္ 2011 ခုႏွစ္ ဂ်ဴလိုင္လကတည္းက ကစားေနခဲ့သည့္ စပိန္လက္ေ႐ြးစင္ဂိုးသမားေဟာင္း ေဒးဗစ္ ဒီဂီယာသည္ ယခုရာသီကုန္တြင္ အိုးထရက္ဖိုဒ့္ကလပ္ႏွင့္ စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီး အလြတ္ျဖင့္ထြက္ခြာရဖို႔ နီးစပ္ေနေၾကာင္း ကနဦးသတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရွိရသည္။

ဒါေပမယ့္လည္း ယမန္ေန႔ညက ထြက္ေပၚလာခဲ့သည့္ Telegraph သတင္းဌာနမွာေတာ့ စပိန္လက္ေ႐ြးစင္ဂိုးသမား ေဒးဗစ္ ဒီဂီယာသည္ လက္ရွိတစ္ပတ္လစာေငြေပါင္ (375000) ကို ေလွ်ာ့ယူရန္သေဘာတူညီခဲ့ၿပီး လစာေငြအေလွ်ာ့ခံကာ ယူႏိုက္တက္ ႏွင့္စာခ်ဳပ္အသစ္ ခ်ဳပ္ဆိုသြားမည္ဟု သိရွိရပါသည္။

ကစားသမားကိုယ္တိုင္က လုပ္ခလစာဟာ ၎အတြက္ အေရးမႀကီးဘဲ စာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီး ယူႏိုက္တက္အသင္းတြင္ ဆက္ေနသြားလိုသည္ဟု ယူႏိုက္တက္အသင္း တာဝန္ရွိသူမ်ားကို အသိေပးထားၿပီးျဖစ္ေၾကာင္းသိရၿပီး မၾကာမီကာလအတြင္းမွာ အသင္းႏွင့္၎တို႔ၾကား အၿပီးသတ္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုသြားဖြယ္ရွိေၾကာင္း ယင္းသတင္းဌာနက ဆက္လက္ေဖာ္ျပထားသည္။

ဒီဂီယာသည္ ဗန္ဒါးဆားထြက္ခြာသြားတဲ့ ယူႏိုက္တက္အသင္းရဲ႕ဂိုးေပါက္ကို ဆက္လက္တာဝန္ယူခဲ့ရတဲ့ ဂိုးသမားတစ္ဦးျဖစ္ၿပီး သူ႔ရဲ႕စြမ္းေဆာင္ရည္ေတြဟာ ကမာၻ႔အဆင့္ဂိုးသမားစာရင္းတြင္ ပါဝင္ခဲ့သည္အထိ လက္စြမ္းေကာင္းျပသထားႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီဂီယာရဲ႕ Playstyle ဟာ ေခတ္ေဟာင္းဂိုးသမားစတိုင္ျဖစ္ၿပီး 18 ကိုက္စည္းအတြင္းမွာသာ ၿပိဳင္ဘက္ကိုတားဆီးေလ့ရွိၿပီး အသင္းလိုက္ကစားဟန္အားနည္းခ်က္ေၾကာင့္ အဲရစ္တန္ဟဂ္စိတ္ႀကိဳက္ ဂိုးသမားပုံစံမ်ိဳး မဟုတ္ခဲ့ေပ။

လက္ရွိေဘာလုံးရာသီတြင္လည္း ဒီဂီယာသည္ လိဂ္ပြဲ 17 ပြဲစလုံးကို ပါဝင္ကစားခြင့္ရရွိထားၿပီး Clean Sheets 8 ပြဲအထိ ရရွိထားေအာင္ စြမ္းေဆာင္ထားႏိုင္ခဲ့ပါတယ္။ ဘုန္းေမာက္စ္နဲ႔ကစားခဲ့တဲ့ပြဲစဥ္မွာ ဒီဂီယာရဲ႕လက္စြမ္းေတြကအေရးပါခဲ့ၿပီး ၎ရဲ႕ေကာင္းမြန္တဲ့လက္စြမ္းေတြေၾကာင့္သာ ယူႏိုက္တက္အသင္းက ဂိုးျပတ္အႏိုင္ရရွိခဲ့တာ ျဖစ္သည္။
crd

Unicode
လစာငွေအလျှော့ခံကာ ယူနိုက်တက် နှင့်စာချုပ်အသစ် ချုပ်ဆိုသွားတော့မယ့် သက်တော်ရှည်ဂိုးသမားကြီး စူပါဒေဗ့်
လစာငွေလျှော့ယူပြီး ယူနိုက်တက်ရဲ့ ဂိုး‌ပေါက်ကို စွမ်းစွမ်းတမံကာကွယ်ပေးဖို့ စာချုပ်အသစ် ချုပ်ဆိုသွားတော့မယ့် ဒေးဗစ် ဒီဂီယာ

မန်ချက်စတာယူနိုက်တက်အသင်းတွင် 2011 ခုနှစ် ဂျူလိုင်လကတည်းက ကစားနေခဲ့သည့် စပိန်လက်ရွေးစင်ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာသည် ယခုရာသီကုန်တွင် အိုးထရက်ဖိုဒ့်ကလပ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အလွတ်ဖြင့်ထွက်ခွာရဖို့ နီးစပ်နေကြောင်း ကနဦးသတင်းတွေရဲ့ ဖော်ပြချက်အရ သိရှိရသည်။

ဒါပေမယ့်လည်း ယမန်နေ့ညက ထွက်ပေါ်လာခဲ့သည့် Telegraph သတင်းဌာနမှာတော့ စပိန်လက်ရွေးစင်ဂိုးသမား ဒေးဗစ် ဒီဂီယာသည် လက်ရှိတစ်ပတ်လစာငွေပေါင် (375000) ကို လျှော့ယူရန်သဘောတူညီခဲ့ပြီး လစာငွေအလျှော့ခံကာ ယူနိုက်တက် နှင့်စာချုပ်အသစ် ချုပ်ဆိုသွားမည်ဟု သိရှိရပါသည်။

ကစားသမားကိုယ်တိုင်က လုပ်ခလစာဟာ ၎င်းအတွက် အရေးမကြီးဘဲ စာချုပ်သစ်ချုပ်ဆိုပြီး ယူနိုက်တက်အသင်းတွင် ဆက်နေသွားလိုသည်ဟု ယူနိုက်တက်အသင်း တာဝန်ရှိသူများကို အသိပေးထားပြီးဖြစ်ကြောင်းသိရပြီး မကြာမီကာလအတွင်းမှာ အသင်းနှင့်၎င်းတို့ကြား အပြီးသတ် စာချုပ်သစ်ချုပ်ဆိုသွားဖွယ်ရှိကြောင်း ယင်းသတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

ဒီဂီယာသည် ဗန်ဒါးဆားထွက်ခွာသွားတဲ့ ယူနိုက်တက်အသင်းရဲ့ဂိုးပေါက်ကို ဆက်လက်တာဝန်ယူခဲ့ရတဲ့ ဂိုးသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့စွမ်းဆောင်ရည်တွေဟာ ကမ္ဘာ့အဆင့်ဂိုးသမားစာရင်းတွင် ပါဝင်ခဲ့သည်အထိ လက်စွမ်းကောင်းပြသထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဂီယာရဲ့ Playstyle ဟာ ခေတ်ဟောင်းဂိုးသမားစတိုင်ဖြစ်ပြီး 18 ကိုက်စည်းအတွင်းမှာသာ ပြိုင်ဘက်ကိုတားဆီးလေ့ရှိပြီး အသင်းလိုက်ကစားဟန်အားနည်းချက်ကြောင့် အဲရစ်တန်ဟဂ်စိတ်ကြိုက် ဂိုးသမားပုံစံမျိုး မဟုတ်ခဲ့ပေ။

လက်ရှိဘောလုံးရာသီတွင်လည်း ဒီဂီယာသည် လိဂ်ပွဲ 17 ပွဲစလုံးကို ပါဝင်ကစားခွင့်ရရှိထားပြီး Clean Sheets 8 ပွဲအထိ ရရှိထားအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဘုန်းမောက်စ်နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ ဒီဂီယာရဲ့လက်စွမ်းတွေကအရေးပါခဲ့ပြီး ၎င်းရဲ့ကောင်းမွန်တဲ့လက်စွမ်းတွေကြောင့်သာ ယူနိုက်တက်အသင်းက ဂိုးပြတ်အနိုင်ရရှိခဲ့တာ ဖြစ်သည်။
crd

Add a Comment

Your email address will not be published. Required fields are marked *