လက္ရွိရာသီရဲ႕အေကာင္းဆုံးကစားသမားေခၚယူမႈအျဖစ္ သတ္မွတ္ျခင္းခံလိုက္ရတဲ့ သရဲနီကြင္းလယ္လူ အဲရစ္ဆန္
|လက္ရွိရာသီရဲ႕အေကာင္းဆုံးကစားသမားေခၚယူမႈအျဖစ္ သတ္မွတ္ျခင္းခံလိုက္ရတဲ့ သရဲနီကြင္းလယ္လူ အဲရစ္ဆန္
အေျပာင္းအေ႐ႊ႕သတင္းေထာက္တစ္ဦးက မန္ခ်က္စတာယူႏိုက္တက္အသင္းက ခရစၥတန္ဆန္ အဲရစ္ဆန္ဟာ ဒီရာသီရဲ႕ အေကာင္းဆုံးကစားသမားေခၚယူမႈျဖစ္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။ အဲရစ္ဆန္ဟာ ယူႏိုက္တက္အသင္းကို ေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းက အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး၊ နည္းျပ အဲရစ္ တန္ဟန႔္ရဲ႕ အသင္းမွာ အေရးပါတဲ့ကစားသမားတစ္ဦး ျဖစ္ေနပါတယ္။
အသက္ ၃၀ ႏွစ္သား ကြင္းလယ္လူဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက ႏွလုံးရပ္တန႔္သြားရာကေန ျပန္လာႏိုင္ခဲ့ၿပီး၊ ၿပီးခဲ့တဲ့ရာသီတုန္းက ဘရန႔္ဖို႔ဒ္အသင္းမွာ ျပသခဲ့တဲ့ သူ႔ရဲ႕ ပုံစံေၾကာင့္ မန္ယူအသင္းကို ေျပာင္းေ႐ႊ႕ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အဲရစ္ဆန္ဟာ ဒီရာသီမွာ ယူႏိုက္တက္အသင္းအတြက္ ၿပိဳင္ပြဲစုံ ပြဲ ၂၀ ကစားေပးထားခဲ့ၿပီး ၁ ဂိုးသြင္းယူထားကာ၊ ဂိုးဖန္တီးမႈ ၆ ႀကိမ္ ျပဳလုပ္ထားခဲ့ပါတယ္။
ထို႔အတြက္ေၾကာင့္ အေျပာင္းအေ႐ႊ႕သတင္းေထာက္ျဖစ္သူ ဒင္းဂ်ိန္းစ္က အဲရစ္ဆန္ရဲ႕ အေျပာင္းအေ႐ႊ႕အေပၚ အခုလိုမွတ္ခ်က္ေပးခဲ့ပါတယ္။ “ ကစားသမားရဲ႕ တန္ဖိုးကို သူ႔ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ႏႈိင္းယွဥ္ၿပီးေတာ့ အကဲျဖတ္ရမယ္ဆိုရင္ ” “ အဲရစ္ဆန္ဟာ ဒီရာသီရဲ႕ အေကာင္းဆုံးေခၚယူမႈျဖစ္ႏိုင္ပါတယ္။ သူဟာ မန္ယူအသင္းကို ဖရန္ကီ ဒီေယာင္းရဲ႕ ကိစၥကေနလည္း ေဝးသြားေအာင္ ကူညီေပးခဲ့တယ္။
သူဟာ ကစားဟန္နဲ႔ အေတြ႕အႀကဳံကို ယူေဆာင္လာဖို႔ ကူညီခဲ့တယ္၊ ဒီအခိုက္တန႔္မတိုင္ခင္တုန္းက ယူႏိုက္တက္အသင္းဟာ ဒီလိုစြမ္းေဆာင္ရည္မ်ိဳးကို မတတ္ႏိုင္ခဲ့ပါဘူး ”“ ဒီေတာ့၊ လုံးဝျငင္းဆန္စရာမရွိပဲ၊ သူက ဒီတစ္ႏွစ္ရဲ႕ အေကာင္းဆုံးကစားသမားေခၚယူမႈ ျဖစ္တယ္လို႔ သတ္မွတ္ရပါမယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။ အဲရစ္ဆန္ဟာ အခုဆိုရင္ ကာတာကမာၻ႔ဖလားအတြက္ ဒိန္းမတ္လက္ေ႐ြးစင္အသင္းနဲ႔အတူ ေရာက္ရွိေနၿပီျဖစ္တာေၾကာင့္၊ သူ႔ရဲ႕ ျပန္လည္သက္သာလာမႈအတြက္ ေနာက္ထပ္ ဝမ္းသာစရာျဖစ္ပါတယ္။
crd
unicode
လက်ရှိရာသီရဲ့အကောင်းဆုံးကစားသမားခေါ်ယူမှုအဖြစ် သတ်မှတ်ခြင်းခံလိုက်ရတဲ့ သရဲနီကွင်းလယ်လူ အဲရစ်ဆန်
အပြောင်းအရွှေ့သတင်းထောက်တစ်ဦးက မန်ချက်စတာယူနိုက်တက်အသင်းက ခရစ္စတန်ဆန် အဲရစ်ဆန်ဟာ ဒီရာသီရဲ့ အကောင်းဆုံးကစားသမားခေါ်ယူမှုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အဲရစ်ဆန်ဟာ ယူနိုက်တက်အသင်းကို နွေရာသီအပြောင်းအရွှေ့တုန်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး၊ နည်းပြ အဲရစ် တန်ဟန့်ရဲ့ အသင်းမှာ အရေးပါတဲ့ကစားသမားတစ်ဦး ဖြစ်နေပါတယ်။
အသက် ၃၀ နှစ်သား ကွင်းလယ်လူဟာ ပြီးခဲ့တဲ့နှစ်တုန်းက နှလုံးရပ်တန့်သွားရာကနေ ပြန်လာနိုင်ခဲ့ပြီး၊ ပြီးခဲ့တဲ့ရာသီတုန်းက ဘရန့်ဖို့ဒ်အသင်းမှာ ပြသခဲ့တဲ့ သူ့ရဲ့ ပုံစံကြောင့် မန်ယူအသင်းကို ပြောင်းရွှေ့နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲရစ်ဆန်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၂၀ ကစားပေးထားခဲ့ပြီး ၁ ဂိုးသွင်းယူထားကာ၊ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။
ထို့အတွက်ကြောင့် အပြောင်းအရွှေ့သတင်းထောက်ဖြစ်သူ ဒင်းဂျိန်းစ်က အဲရစ်ဆန်ရဲ့ အပြောင်းအရွှေ့အပေါ် အခုလိုမှတ်ချက်ပေးခဲ့ပါတယ်။ “ ကစားသမားရဲ့ တန်ဖိုးကို သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ နှိုင်းယှဉ်ပြီးတော့ အကဲဖြတ်ရမယ်ဆိုရင် ” “ အဲရစ်ဆန်ဟာ ဒီရာသီရဲ့ အကောင်းဆုံးခေါ်ယူမှုဖြစ်နိုင်ပါတယ်။ သူဟာ မန်ယူအသင်းကို ဖရန်ကီ ဒီယောင်းရဲ့ ကိစ္စကနေလည်း ဝေးသွားအောင် ကူညီပေးခဲ့တယ်။
သူဟာ ကစားဟန်နဲ့ အတွေ့အကြုံကို ယူဆောင်လာဖို့ ကူညီခဲ့တယ်၊ ဒီအခိုက်တန့်မတိုင်ခင်တုန်းက ယူနိုက်တက်အသင်းဟာ ဒီလိုစွမ်းဆောင်ရည်မျိုးကို မတတ်နိုင်ခဲ့ပါဘူး ”“ ဒီတော့၊ လုံးဝငြင်းဆန်စရာမရှိပဲ၊ သူက ဒီတစ်နှစ်ရဲ့ အကောင်းဆုံးကစားသမားခေါ်ယူမှု ဖြစ်တယ်လို့ သတ်မှတ်ရပါမယ် ” လို့ ပြောဆိုခဲ့ပါတယ်။ အဲရစ်ဆန်ဟာ အခုဆိုရင် ကာတာကမ္ဘာ့ဖလားအတွက် ဒိန်းမတ်လက်ရွေးစင်အသင်းနဲ့အတူ ရောက်ရှိနေပြီဖြစ်တာကြောင့်၊ သူ့ရဲ့ ပြန်လည်သက်သာလာမှုအတွက် နောက်ထပ် ဝမ်းသာစရာဖြစ်ပါတယ်။