လက္ရွိရာသီပရီးမီးယားလိဂ္ရဲ႕ျမန္ႏႈန္းအျမင့္ဆုံး full back တစ္ဦးအျဖစ္မွတ္ေက်ာက္တင္ထားႏိုင္ခဲ့တဲ့ သရဲနီ ဒါေလာ့ဒ္

မန္ခ်က္စတာယူႏိုက္တက္ခံစစ္ကစားသမားျဖစ္သူ ဒီေယဂို ဒါးေလာ့ဟာ ယခုလက္ရွိရာသီပရီးမီးယားလိဂ္ရဲ႕ တိုးတက္မႈအရွိဆုံးကစားသမားေတြထဲကတစ္ဦးအပါအဝင္ျဖစ္ေနၿပီး၊ အလွ်င္ျမန္ဆုံးကစားသမားေတြထဲမွာလည္း ပါဝင္ေနတယ္လို႔ Opta သတင္းဌာနက ေဖာ္ျပခဲ့တဲ့အခ်က္အလက္ေတြအရ သိရပါတယ္။ ဒါးေလာ့ရဲ႕ အမ်ားဆုံးအျမန္ႏႈန္းဟာ တစ္နာရီကို ၃၅.၈ ကီလိုမီတာရွိၿပီး၊ ၂၀၂၂-၂၃ ရာသီရဲ႕ တတိယေျမာက္အျမန္ဆုံးစံခ်ိန္လည္း ျဖစ္ပါတယ္။

လီဗာပူးလ္တိုက္စစ္မႉး ဒါဝင္ ႏူးနက္ဇ္နဲ႔ အာဆင္နယ္တိုက္စစ္မႉး ဂါဘရီရယ္ မာတင္နယ္လီတို႔ႏွစ္ဦးကသာ ဒါးေလာ့ထက္ အနည္းငယ္ပိုျမန္တဲ့ စံခ်ိနိကို ပိုင္ထားတာေၾကာင့္၊ ဒါးေလာ့ဟာ ပရီးမီးယားလိဂ္ရဲ႕ အျမန္ဆုံးခံစစ္မႉးလို႔ေတာင္ ဆိုႏိုင္ပါတယ္။ ဒါးေလာ့ဟာ သူ႔ရဲ႕ပြဲထြက္ခြင့္တစ္ေနရာကို စိန္ေခၚမယ့္ ကစားသမားမရွိတာေၾကာင့္ေကာ၊ သူ႔ရဲ႕ ေကာင္းမြန္တဲ့ပုံစံေကာင္းေၾကာင့္ေကာ ဒီရာသီ မန္ယူအသင္းရဲ႕ ညာျခမ္းခံစစ္မွာ ပုံမွန္ပြဲထြက္ခြင့္ရတဲ့ ကစားသမားျဖစ္ေနပါတယ္။

ဒါဟာ ၿပီးခဲ့တဲ့ရာသီတုန္းက တစ္ပြဲကစားရဖို႔ေတာင္ အခြင့္အေရးနည္းပါးခဲ့တဲ့ ဒါးေလာ့အတြက္ေတာ့ ႀကီးမားတဲ့ အေျပာင္းအလဲလည္းျဖစ္ပါတယ္။ ESPN သတင္းဌာနရဲ႕ အဆိုအရေတာ့ ဒါးေလာ့ဟာ ဒီရာသီမတိုင္ခင္ သူ႔ရဲ႕ ေျပးအားႏႈန္းကို တိုးတက္ေစဖို႔ရာအတြက္ ေလ့က်င့္ေရးဆရာတစ္ဦးနဲ႔ အနီးကပ္ေလ့က်င့္ခဲ့တာေၾကာင့္ အခုလိုစံခ်ိန္မ်ိဳးကို ပိုင္ဆိုင္ထားခဲ့တာ ျဖစ္ပါတယ္။

ဒါးေလာ့ဟာ ေပၚတူဂီလက္ေ႐ြးစင္အသင္းမွာလည္း ပုံမွန္ပြဲထြက္ခြင့္ေနရာကို ခိုင္မာစြာ ရယူထားႏိုင္ခဲ့ၿပီးေတာ့ လာမယ့္ကမာၻ႔ဖလားကို ကလပ္အသင္းေဖာ္ေတြျဖစ္တဲ့ ခရစၥတီယာႏို ေရာ္နယ္ဒို၊ ဘ႐ူႏို ဖာနန္ဒက္စ္တို႔နဲ႔အတူ ဆင္ႏြဲသြားဖို႔ ရွိေနပါတယ္။ ဒါးေလာ့ဟာ ဒီရာသီမွာ ေနရာ‌ေပါင္းစုံကေန တိုးတက္လာခဲ့ၿပီး၊ ေခါင္းခုန္တိုက္အား၊ ေဘာလုံးျဖတ္ထုတ္မႈတို႔အျပင္ ေျပးအားႏႈန္းပါ အပိုတိုးတက္လာခဲ့တာ ျဖစ္ပါတယ္။
crd

unicode

လက်ရှိရာသီပရီးမီးယားလိဂ်ရဲ့မြန်နှုန်းအမြင့်ဆုံး full back တစ်ဦးအဖြစ်မှတ်ကျောက်တင်ထားနိုင်ခဲ့တဲ့ သရဲနီ ဒါလော့ဒ်

မန်ချက်စတာယူနိုက်တက်ခံစစ်ကစားသမားဖြစ်သူ ဒီယေဂို ဒါးလော့ဟာ ယခုလက်ရှိရာသီပရီးမီးယားလိဂ်ရဲ့ တိုးတက်မှုအရှိဆုံးကစားသမားတွေထဲကတစ်ဦးအပါအဝင်ဖြစ်နေပြီး၊ အလျှင်မြန်ဆုံးကစားသမားတွေထဲမှာလည်း ပါဝင်နေတယ်လို့ Opta သတင်းဌာနက ဖော်ပြခဲ့တဲ့အချက်အလက်တွေအရ သိရပါတယ်။ ဒါးလော့ရဲ့ အများဆုံးအမြန်နှုန်းဟာ တစ်နာရီကို ၃၅.၈ ကီလိုမီတာရှိပြီး၊ ၂၀၂၂-၂၃ ရာသီရဲ့ တတိယမြောက်အမြန်ဆုံးစံချိန်လည်း ဖြစ်ပါတယ်။

လီဗာပူးလ်တိုက်စစ်မှူး ဒါဝင် နူးနက်ဇ်နဲ့ အာဆင်နယ်တိုက်စစ်မှူး ဂါဘရီရယ် မာတင်နယ်လီတို့နှစ်ဦးကသာ ဒါးလော့ထက် အနည်းငယ်ပိုမြန်တဲ့ စံချိနိကို ပိုင်ထားတာကြောင့်၊ ဒါးလော့ဟာ ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးခံစစ်မှူးလို့တောင် ဆိုနိုင်ပါတယ်။ ဒါးလော့ဟာ သူ့ရဲ့ပွဲထွက်ခွင့်တစ်နေရာကို စိန်ခေါ်မယ့် ကစားသမားမရှိတာကြောင့်ကော၊ သူ့ရဲ့ ကောင်းမွန်တဲ့ပုံစံကောင်းကြောင့်ကော ဒီရာသီ မန်ယူအသင်းရဲ့ ညာခြမ်းခံစစ်မှာ ပုံမှန်ပွဲထွက်ခွင့်ရတဲ့ ကစားသမားဖြစ်နေပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ရာသီတုန်းက တစ်ပွဲကစားရဖို့တောင် အခွင့်အရေးနည်းပါးခဲ့တဲ့ ဒါးလော့အတွက်တော့ ကြီးမားတဲ့ အပြောင်းအလဲလည်းဖြစ်ပါတယ်။ ESPN သတင်းဌာနရဲ့ အဆိုအရတော့ ဒါးလော့ဟာ ဒီရာသီမတိုင်ခင် သူ့ရဲ့ ပြေးအားနှုန်းကို တိုးတက်စေဖို့ရာအတွက် လေ့ကျင့်ရေးဆရာတစ်ဦးနဲ့ အနီးကပ်လေ့ကျင့်ခဲ့တာကြောင့် အခုလိုစံချိန်မျိုးကို ပိုင်ဆိုင်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါးလော့ဟာ ပေါ်တူဂီလက်ရွေးစင်အသင်းမှာလည်း ပုံမှန်ပွဲထွက်ခွင့်နေရာကို ခိုင်မာစွာ ရယူထားနိုင်ခဲ့ပြီးတော့ လာမယ့်ကမ္ဘာ့ဖလားကို ကလပ်အသင်းဖော်တွေဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို၊ ဘရူနို ဖာနန်ဒက်စ်တို့နဲ့အတူ ဆင်နွဲသွားဖို့ ရှိနေပါတယ်။ ဒါးလော့ဟာ ဒီရာသီမှာ နေရာ‌ပေါင်းစုံကနေ တိုးတက်လာခဲ့ပြီး၊ ခေါင်းခုန်တိုက်အား၊ ဘောလုံးဖြတ်ထုတ်မှုတို့အပြင် ပြေးအားနှုန်းပါ အပိုတိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *