လက္ရွိယူႏိုက္တက္အသင္းရဲ႕ ေျခစြမ္းကို ဘယ္အသင္းကိုမဆို ရင္ဆိုင္ႏိုင္စြမ္းရွိေနၿပီလို႔ ေႂကြးေၾကာ္လိုက္တဲ့ သရဲနီပဲ့ကိုင္ရွင္ႀကီး တန္ဟက္ဂ္

လက္ရွိယူႏိုက္တက္အသင္းရဲ႕ ေျခစြမ္းကို ဘယ္အသင္းကိုမဆို ရင္ဆိုင္ႏိုင္စြမ္းရွိေနၿပီလို႔ ေႂကြးေၾကာ္လိုက္တဲ့ သရဲနီပဲ့ကိုင္ရွင္ႀကီး တန္ဟက္ဂ္
မန္စီးတီးအပါအဝင္ ဘယ္အသင္းကိုမဆို ရင္ဆိုင္ဖို႔အသင့္ရွိေနၿပီလို႔ ေႂကြးေၾကာ္လိုက္တဲ့ ယူႏိုက္တက္နည္းျပ တန္ဟက္ဂ္

နယ္သာလန္လူမ်ိဳး နည္းျပျဖစ္သူ အဲရစ္ တန္ဟက္ဂ္က ယခုႏွစ္ ေဘာလုံးရာသီ အစကမွ ေအဂ်က္ကေန မန္ခ်က္စတာ ယူႏိုက္တက္ထံ ကာလရွည္ စာခ်ဳပ္တရပ္နဲ႔ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ၿပီး သူ႔ရဲ႕ လက္ေအာက္မွာ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ကစားပုံက သိသိသာသာ ေကာင္းမြန္လာခဲ့ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္က ေရွ႕ႏွစ္ေတြမွာလည္း ရလဒ္ေကာင္းေတြ ဆက္တိုက္ ရတဲ့ အခိုက္အတန႔္မ်ိဳး ရွိခဲ့ေပမယ့္ ကစားပုံပိုင္းမွာ တိက်တဲ့ ကစားကြက္မ်ိဳး ရွိမေနခဲ့ပဲ တဦးေကာင္း ၊ တေယာက္ေကာင္း စြမ္းေဆာင္ရည္ အေပၚသာ မွီခိုခဲ့ရေပမယ့္ ယခုႏွစ္ ေဘာလုံးရာသီမွာေတာ့ တန္ဟက္ဂ္ရဲ႕ ဦးေဆာင္မႈနဲ႔အတူ ေဘာလုံးပိုင္ဆိုင္မႈ အသားေပး ကစားဟန္ တခုကို ရလာခဲ့သလို ရလဒ္ေကာင္းေတြ ရဖို႔ ကစားသမား တဦးထဲကိုသာ မွီခိုေနရတာမ်ိဳး မရွိေတာ့ပဲ အသင္းလိုက္ ႀကိဳးစား အားထုတ္မႈနဲ႔အတူ ရလဒ္ေကာင္းေတြကို ရယူထားႏိုင္ခဲ့တာပါ။

တန္ဟက္ဂ္ရဲ႕ လက္ေအာက္မွာ မန္ခ်က္စတာ ယူႏိုက္တက္က ၿပိဳင္ပြဲစုံမွာ ၂၇ပြဲ ယွဥ္ၿပိဳင္ ကစားထားရာ ပြဲ ၂၀ အထိ အႏိုင္ရခဲ့သလို ၂ပြဲသေရ က်ထားကာ ၅ပြဲသာ ရႈံးနိမ့္ထားပါတယ္။ ဒါ့အျပင္ မန္ခ်က္စတာ ယူႏိုက္တက္က ေနာက္ဆုံး ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ ၈ပြဲဆက္တိုက္ အႏိုင္ရထားၿပီး ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အဆင့္၄ေနရာ ရထားသလို ကာရာေဘာင္းဖလားၿပိဳင္ပြဲမွာလည္း ဆီမီးဖိုင္နယ္ အထိ တက္လွမ္းထားႏိုင္ပါတယ္။

ဒါေၾကာင့္လည္း ေဘာလုံးေရးရာ ကြၽမ္းက်င္သူေတြက တန္ဟက္ဂ္ရဲ႕ အခ်ိန္တိုအတြင္းမွာ မန္ခ်က္စတာ ယူႏိုက္တက္ကို အသင္းႀကီး တသင္း ျပန္ျဖစ္လာေအာင္ ပုံသြင္းႏိုင္ခဲ့မႈကို ခ်ီးက်ဴးေနၾကၿပီး စေနေန႔ညမွာ ကစားရမယ့္ မန္ခ်က္စတာဒါဘီ ပြဲစဥ္မတိုင္မီ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ တန္ဟက္ဂ္က သူ႔ရဲ႕ အသင္းဟာ ဘယ္အသင္းကိုမဆို ယွဥ္ၿပိဳင္ ကစားႏိုင္စြမ္း ရွိေနၿပီ ျဖစ္ကာ မန္ခ်က္စတာဒါဘီမွာ အႏိုင္ရေအာင္ အစြမ္းကုန္ ႀကိဳးစား အားထုတ္သြားမယ္လို႔ ဆိုလာပါတယ္။
crd

Unicode
လက်ရှိယူနိုက်တက်အသင်းရဲ့ ခြေစွမ်းကို ဘယ်အသင်းကိုမဆို ရင်ဆိုင်နိုင်စွမ်းရှိနေပြီလို့ ကြွေးကြော်လိုက်တဲ့ သရဲနီပဲ့ကိုင်ရှင်ကြီး တန်ဟက်ဂ်
မန်စီးတီးအပါအဝင် ဘယ်အသင်းကိုမဆို ရင်ဆိုင်ဖို့အသင့်ရှိနေပြီလို့ ကြွေးကြော်လိုက်တဲ့ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်

နယ်သာလန်လူမျိုး နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယခုနှစ် ဘောလုံးရာသီ အစကမှ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ကာလရှည် စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားပုံက သိသိသာသာ ကောင်းမွန်လာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ရှေ့နှစ်တွေမှာလည်း ရလဒ်ကောင်းတွေ ဆက်တိုက် ရတဲ့ အခိုက်အတန့်မျိုး ရှိခဲ့ပေမယ့် ကစားပုံပိုင်းမှာ တိကျတဲ့ ကစားကွက်မျိုး ရှိမနေခဲ့ပဲ တဦးကောင်း ၊ တယောက်ကောင်း စွမ်းဆောင်ရည် အပေါ်သာ မှီခိုခဲ့ရပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ တန်ဟက်ဂ်ရဲ့ ဦးဆောင်မှုနဲ့အတူ ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားဟန် တခုကို ရလာခဲ့သလို ရလဒ်ကောင်းတွေ ရဖို့ ကစားသမား တဦးထဲကိုသာ မှီခိုနေရတာမျိုး မရှိတော့ပဲ အသင်းလိုက် ကြိုးစား အားထုတ်မှုနဲ့အတူ ရလဒ်ကောင်းတွေကို ရယူထားနိုင်ခဲ့တာပါ။

တန်ဟက်ဂ်ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်က ပြိုင်ပွဲစုံမှာ ၂၇ပွဲ ယှဉ်ပြိုင် ကစားထားရာ ပွဲ ၂၀ အထိ အနိုင်ရခဲ့သလို ၂ပွဲသရေ ကျထားကာ ၅ပွဲသာ ရှုံးနိမ့်ထားပါတယ်။ ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်က နောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၈ပွဲဆက်တိုက် အနိုင်ရထားပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်၄နေရာ ရထားသလို ကာရာဘောင်းဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ် အထိ တက်လှမ်းထားနိုင်ပါတယ်။

ဒါကြောင့်လည်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက တန်ဟက်ဂ်ရဲ့ အချိန်တိုအတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို အသင်းကြီး တသင်း ပြန်ဖြစ်လာအောင် ပုံသွင်းနိုင်ခဲ့မှုကို ချီးကျူးနေကြပြီး စနေနေ့ညမှာ ကစားရမယ့် မန်ချက်စတာဒါဘီ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ တန်ဟက်ဂ်က သူ့ရဲ့ အသင်းဟာ ဘယ်အသင်းကိုမဆို ယှဉ်ပြိုင် ကစားနိုင်စွမ်း ရှိနေပြီ ဖြစ်ကာ မန်ချက်စတာဒါဘီမှာ အနိုင်ရအောင် အစွမ်းကုန် ကြိုးစား အားထုတ်သွားမယ်လို့ ဆိုလာပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *