လက္တြဲခဲ့ဖူးသမွ်နည္းျပေတြထဲ တန္ဟဂ္ကသူ႔ကိုအံ့အားအသင့္ေစဆုံးပဲလို႔ဆိုလိုက္တဲ့ ကြင္းလယ္ေက်ာက္ေဆာင္ ကတ္စ္မဲ႐ိုး
|လက္တြဲခဲ့ဖူးသမွ်နည္းျပေတြထဲ တန္ဟဂ္ကသူ႔ကိုအံ့အားအသင့္ေစဆုံးပဲလို႔ဆိုလိုက္တဲ့ ကြင္းလယ္ေက်ာက္ေဆာင္ ကတ္စ္မဲ႐ိုး
မန္ခ်က္စတာ ယူႏိုက္တက္ အသင္း ဟာ ၾကာသပေတးေန႔မွာ ရီးရဲလ္ဆိုစီဒက္အသင္းနဲ႔ ယူ႐ိုပါလိဂ္ပြဲစဥ္ကို ကစားရမွာျဖစ္ၿပီး အဆိုပါပြဲစဥ္ဟာ အုပ္စု E ရဲ႕ အဆင့္ (၁) ေနရာကို အဆုံးအျဖတ္ေပးမယ့္ ပြဲလည္း ျဖစ္ပါတယ္။ မန္ယူႏိုက္တက္အသင္းအေနနဲ႔ အနည္းဆုံး (၂) ဂိုးသာနဲ႔ အႏိုင္ရဖို႔လိုၿပီး ဒါမွသာလွ်င္ (၁၆) သင္းအဆင့္ကို တိုက္႐ိုက္တက္လွမ္းသြားႏိုင္မွာျဖစ္ပါတယ္။ ပြဲမတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ ကတ္စမဲ႐ိုးက နည္းျပအဲရစ္တန္းဟက္ရဲ႕ အႏိုင္ရလိုစိတ္ ျပင္းထန္ပုံကို သူအံ့အားသင့္မိရေၾကာင္းနဲ႔ သူျမင္ဖူးတဲ့ နည္းျပေတြထဲ ဒီလိုစိတ္ဓာတ္ရွိတဲ့ ရွားပါးတဲ့ နည္းျပျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။
ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ အတူခ်န္ပီယံလိဂ္ဖလားကို (၅) ႀကိမ္တိုင္တိုင္ ဆြတ္ခူးႏိုင္ခဲ့တဲ့ ကတ္စမဲ႐ိုးဟာ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာယူႏိုက္တက္အသင္းဆီ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ သန္း (၇၀) နဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။ ကတ္စမဲ႐ိုးဟာ ဇီဒန္း၊ အန္ဆယ္ေလာ့တီတို႔လို႔ နည္းျပဘဝမွာ စုစုေပါင္း ခ်န္ပီယံလိဂ္ (၇) လုံး ပိုင္ဆိုင္ထားတဲ့ နည္းျပေတြေအာက္ ကစားခဲ့ဖူးသူျဖစ္ပါတယ္။ သူက လက္ရွိ နည္းျပ အဲရစ္တန္းဟက္က သူတြဲဖူးသမွ်ထဲ အေကာင္းဆုံးျဖစ္ေၾကာင္း ခ်ီးက်ဴးလိုက္တာျဖစ္ပါတယ္။
“ ေဘာလုံးေလာကမွာ က်ေနာ္ က်င္လည္လာတာ အခ်ိန္တစ္ခုေတာ့ရွိလာပါၿပီ က်ေနာ့္ အသက္ကလည္း (၃၀) ရွိေနပါၿပီ ။ တန္းဟက္ရဲ႕ အႏိုင္ရလို စိတ္ ႀကီးမားပုံက က်ေနာ့္ကို အံ့အားအသင့္ေစဆုံးပါပဲ ။ သူ႔မွာ အားသာခ်က္ေတြေျမာက္မ်ားစြာရွိပါတယ္ ။ က်ေနာ္တို႔အသင္းကလည္း သူ႔လက္ထက္မွာ အမ်ားႀကီးတိုးတက္လာပါၿပီ
သူဟာ အႏိုင္ရလိုစိတ္ျပင္းထန္သူျဖစ္ၿပီး က်ေနာ္တို႔ကို ဒီစိတ္ေတြ႐ိုက္သြင္းေပးေနပါတယ္ ။ မီလီမီတာ အေသးစိတ္ကအစ က်ေနာ္တို႔ကို ပိုမိုေကာင္းမြန္လာေအာင္ ကူညီေပးေနပါတယ္ ။ ဒီလို အႏိုင္ရလိုစိတ္ျပင္းထန္တဲ့ နည္းျပကို က်ေနာ့္ဘဝမွာ အနည္းငယ္သာ ျမင္ခဲ့ဖူးပါတယ္” လို႔ ေျပာၾကားခဲ့လိုက္တာျဖစ္ပါတယ္။
crd
unicode
လက်တွဲခဲ့ဖူးသမျှနည်းပြတွေထဲ တန်ဟဂ်ကသူ့ကိုအံ့အားအသင့်စေဆုံးပဲလို့ဆိုလိုက်တဲ့ ကွင်းလယ်ကျောက်ဆောင် ကတ်စ်မဲရိုး
မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ကြာသပတေးနေ့မှာ ရီးရဲလ်ဆိုစီဒက်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို ကစားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်ဟာ အုပ်စု E ရဲ့ အဆင့် (၁) နေရာကို အဆုံးအဖြတ်ပေးမယ့် ပွဲလည်း ဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းအနေနဲ့ အနည်းဆုံး (၂) ဂိုးသာနဲ့ အနိုင်ရဖို့လိုပြီး ဒါမှသာလျှင် (၁၆) သင်းအဆင့်ကို တိုက်ရိုက်တက်လှမ်းသွားနိုင်မှာဖြစ်ပါတယ်။ ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ကတ်စမဲရိုးက နည်းပြအဲရစ်တန်းဟက်ရဲ့ အနိုင်ရလိုစိတ် ပြင်းထန်ပုံကို သူအံ့အားသင့်မိရကြောင်းနဲ့ သူမြင်ဖူးတဲ့ နည်းပြတွေထဲ ဒီလိုစိတ်ဓာတ်ရှိတဲ့ ရှားပါးတဲ့ နည်းပြဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အတူချန်ပီယံလိဂ်ဖလားကို (၅) ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့တဲ့ ကတ်စမဲရိုးဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် သန်း (၇၀) နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ ကတ်စမဲရိုးဟာ ဇီဒန်း၊ အန်ဆယ်လော့တီတို့လို့ နည်းပြဘဝမှာ စုစုပေါင်း ချန်ပီယံလိဂ် (၇) လုံး ပိုင်ဆိုင်ထားတဲ့ နည်းပြတွေအောက် ကစားခဲ့ဖူးသူဖြစ်ပါတယ်။ သူက လက်ရှိ နည်းပြ အဲရစ်တန်းဟက်က သူတွဲဖူးသမျှထဲ အကောင်းဆုံးဖြစ်ကြောင်း ချီးကျူးလိုက်တာဖြစ်ပါတယ်။
“ ဘောလုံးလောကမှာ ကျနော် ကျင်လည်လာတာ အချိန်တစ်ခုတော့ရှိလာပါပြီ ကျနော့် အသက်ကလည်း (၃၀) ရှိနေပါပြီ ။ တန်းဟက်ရဲ့ အနိုင်ရလို စိတ် ကြီးမားပုံက ကျနော့်ကို အံ့အားအသင့်စေဆုံးပါပဲ ။ သူ့မှာ အားသာချက်တွေမြောက်များစွာရှိပါတယ် ။ ကျနော်တို့အသင်းကလည်း သူ့လက်ထက်မှာ အများကြီးတိုးတက်လာပါပြီ
သူဟာ အနိုင်ရလိုစိတ်ပြင်းထန်သူဖြစ်ပြီး ကျနော်တို့ကို ဒီစိတ်တွေရိုက်သွင်းပေးနေပါတယ် ။ မီလီမီတာ အသေးစိတ်ကအစ ကျနော်တို့ကို ပိုမိုကောင်းမွန်လာအောင် ကူညီပေးနေပါတယ် ။ ဒီလို အနိုင်ရလိုစိတ်ပြင်းထန်တဲ့ နည်းပြကို ကျနော့်ဘဝမှာ အနည်းငယ်သာ မြင်ခဲ့ဖူးပါတယ်” လို့ ပြောကြားခဲ့လိုက်တာဖြစ်ပါတယ်။
crd