လက္စတာကိုဂိုးျပတ္ေခ်မႈန္းႏိုင္ခဲ့တဲ့ပြဲမွာ အဓိကက်ခဲ့တဲ့ တန္ဟဂ္ရဲ႕ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္သုံးရပ္
|လက္စတာကိုဂိုးျပတ္ေခ်မႈန္းႏိုင္ခဲ့တဲ့ပြဲမွာ အဓိကက်ခဲ့တဲ့ တန္ဟဂ္ရဲ႕ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္သုံးရပ္
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ယေန႔ညမွာ လက္စတာစီးတီးအသင္းကို အိမ္ကြင္းအိုးထရက္ဖို႔ဒ္မွာ မားကပ္ ရက္ရွ္ဖို႔ဒ္၊ ေဂ်ဒန္ ဆန္ခ်ိဳတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ၃ ဂိုး- ဂိုးမရွိဆိုတဲ့ရလဒ္နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ဒီေန႔ပြဲမွာ တိုက္စစ္ပိုင္းက ေျခစြမ္းျပခဲ့သလို၊ ခံစစ္ပိုင္းမွာလည္း ဂိုးသမား ေဒးဗစ္ ဒီဂီယာက အေရးပါတဲ့ကာကြယ္မႈေတြကို အစြမ္းျပကာ လုပ္ျပခဲ့ၿပီးေတာ့၊ ဟာေဗး ဘားနက္စ္၊ အီဟာနာခ်ိဳတို႔ရဲ႕ ဂိုးေပါက္ကန္သြင္းမႈေတြကို အံ့အားသင့္ဖြယ္ကာကြယ္ျပသြားခဲ့တာ ျဖစ္ပါတယ္။ ထိုႏိုင္ပြဲေၾကာင့္ မန္ယူဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားရဲ႕ အဆင့္ ၂ ေနရာက မန္စီးတီးအသင္းနဲ႔ သုံးမွတ္သာ ကြာေတာ့တာ ျဖစ္ပါတယ္။ ထို႔အတြက္ေၾကာင့္ ဒီေန႔ပြဲက မန္ယူနည္းျပ တန္ဟန႔္ လုပ္ခဲ့တဲ့ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္သုံးခုအေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) ဒီဂီယာကို ယုံၾကည္ခဲ့ျခင္း – တန္ဟန႔္ဟာ မန္ယူအသင္းကို ေရာက္လာခါစက ဒီဂီယာရဲ႕ ေနရာကို အစားထိုးႏိုင္ဖို႔ ဒီဘက္ေခတ္ဂိုးသမားတစ္ဦး ေခၚသြားမယ္လို႔ သတင္းေတြ ထြက္ခဲ့ေပမယ့္၊ ဒီဂီယာကိုပဲ သူ႔အသင္းမွာ အဓိကဂိုးသမားအျဖစ္ ဆက္ထားခဲ့ၿပီး၊ သူ႔ရဲ႕ ဆုံးျဖတ္ခ်က္ဟာ မွန္ကန္ေၾကာင္း ဒီဂီယာက ဒီေန႔မွာ သက္ေသျပခဲ့ပါတယ္။ ဒီဂီယာဟာ မန္ယူအသင္းဘက္က ဂိုးမသြင္းႏိုင္ေသးခင္မွာ အေရးပါတဲ့ဂိုးေပါက္ကာကြယ္မႈႏွစ္ႀကိမ္ကို ျပဳလုပ္ခဲ့ၿပီး၊ အသင္းကို တစ္မ်ိဳးတစ္ဖုံ ကယ္တင္သြားခဲ့တာ ျဖစ္ပါတယ္။
(၂) ရက္ရွ္ဖို႔ဒ္ကို Roaming ဆန္ဆန္ေဆာ့ခိုင္းခဲ့ျခင္း – ရက္ရွ္ဖို႔ဒ္ဟာ ဒီေန႔ပြဲမွာ ႏွစ္ဂိုးအထိ သြင္းယူေပးႏိုင္ ခဲ့တာေၾကာင့္၊ သူ႔ရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္တစ္ရာသီအတြင္း အမ်ားဆုံး သြင္းယူထားႏိုင္တဲ့ ဂိုးပမာဏထက္ေက်ာ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။ ထိုကဲ့သို႔ဂိုးေတြသြင္းႏိုင္ျခင္းရဲ႕ အဓိကအေၾကာင္းအရင္းမွာ ရက္ရွ္ဖို႔ဒ္အေနနဲ႔ ကြင္းထဲမွာ သူ ကစားခြင့္ရတဲ့ပုံစံေၾကာင့္ျဖစ္ၿပီး၊ ဒီေန႔ပြဲမွာဆိုရင္ ရက္ရွ္ဖို႔ဒ္က ဝက္ေဟာ့စ္ထက္ပိုၿပီး တိုက္စစ္တစ္ေလွ်ာက္ ပိုလုပ္ျပႏိုင္ခဲ့ပါတယ္၊ ပထမပိုင္းမွာ ဝက္ေဟာ့စ္က အေရွ႕ထိတက္ကစားလြန္းတာက ရက္ရွ္ဖို႔ဒ္ကို သူ႔ရဲ႕ ေျပးအားႏႈန္းနဲ႔ လက္စတာခံစစ္ကို ၿဖိဳခြင္းဖို႔ ပိုလြတ္လပ္ေစခဲ့ပါတယ္။
(၃) ဆန္ခ်ိဳကို ထည့္သြင္းခဲ့ျခင္း – မန္ယူအသင္းဟာ ပထမပိုင္းမွာ ဦးေဆာင္ႏိုင္ခဲ့တယ္ဆိုေပမယ့္၊ ကစားပုံကေတာ့ အားရစရာမရွိခဲ့တာ ျဖစ္ပါတယ္။ ထို႔အတြက္ေၾကာင့္ တန္ဟန႔္ဟာ ပထမပိုင္းအၿပီး ဂါနာခ်ိဳကို ထုတ္ကာ၊ ဆန္ခ်ိဳကို ထည့္သြင္းခဲ့ပါတယ္။ ဆန္ခ်ိဳဝင္ေရာက္လာတာေၾကာင့္ ယူႏိုက္တက္တိုက္စစ္ဟာ အရင္ကတိုက္စစ္သုံးေယာက္ပုံစံမ်ိဳး ျဖစ္သြားခဲ့ၿပီး၊ ရက္ရွ္ဖို႔ဒ္က ဘယ္ျခမ္းေရာက္သြားကာ၊ ဝက္ေဟာ့စ္က အလယ္မွာ ကစားရပါတယ္။ ရက္ရွ္ဖို႔ဒ္က ဒုတိယေျမာက္ဂိုးသြင္းအၿပီး၊ ၅ မိနစ္ေလာက္အၾကာမွာပဲ ဆန္ခ်ိဳက ဒီရာသီ သူ႔ရဲ႕ လိဂ္ ၄ ဂိုးေျမာက္ကို သြင္းယူခဲ့ပါတယ္။
crd
unicode
လက်စတာကိုဂိုးပြတ်ချေမှုန်းနိုင်ခဲ့တဲ့ပွဲမှာ အဓိကကျခဲ့တဲ့ တန်ဟဂ်ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်သုံးရပ်
မန်ချက်စတာယူနိုက်တက်အသင်းဟာ ယနေ့ညမှာ လက်စတာစီးတီးအသင်းကို အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ မားကပ် ရက်ရှ်ဖို့ဒ်၊ ဂျေဒန် ဆန်ချိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ၃ ဂိုး- ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနေ့ပွဲမှာ တိုက်စစ်ပိုင်းက ခြေစွမ်းပြခဲ့သလို၊ ခံစစ်ပိုင်းမှာလည်း ဂိုးသမား ဒေးဗစ် ဒီဂီယာက အရေးပါတဲ့ကာကွယ်မှုတွေကို အစွမ်းပြကာ လုပ်ပြခဲ့ပြီးတော့၊ ဟာဗေး ဘားနက်စ်၊ အီဟာနာချိုတို့ရဲ့ ဂိုးပေါက်ကန်သွင်းမှုတွေကို အံ့အားသင့်ဖွယ်ကာကွယ်ပြသွားခဲ့တာ ဖြစ်ပါတယ်။ ထိုနိုင်ပွဲကြောင့် မန်ယူဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာက မန်စီးတီးအသင်းနဲ့ သုံးမှတ်သာ ကွာတော့တာ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ဒီနေ့ပွဲက မန်ယူနည်းပြ တန်ဟန့် လုပ်ခဲ့တဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်သုံးခုအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဒီဂီယာကို ယုံကြည်ခဲ့ခြင်း – တန်ဟန့်ဟာ မန်ယူအသင်းကို ရောက်လာခါစက ဒီဂီယာရဲ့ နေရာကို အစားထိုးနိုင်ဖို့ ဒီဘက်ခေတ်ဂိုးသမားတစ်ဦး ခေါ်သွားမယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့်၊ ဒီဂီယာကိုပဲ သူ့အသင်းမှာ အဓိကဂိုးသမားအဖြစ် ဆက်ထားခဲ့ပြီး၊ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ကြောင်း ဒီဂီယာက ဒီနေ့မှာ သက်သေပြခဲ့ပါတယ်။ ဒီဂီယာဟာ မန်ယူအသင်းဘက်က ဂိုးမသွင်းနိုင်သေးခင်မှာ အရေးပါတဲ့ဂိုးပေါက်ကာကွယ်မှုနှစ်ကြိမ်ကို ပြုလုပ်ခဲ့ပြီး၊ အသင်းကို တစ်မျိုးတစ်ဖုံ ကယ်တင်သွားခဲ့တာ ဖြစ်ပါတယ်။
(၂) ရက်ရှ်ဖို့ဒ်ကို Roaming ဆန်ဆန်ဆော့ခိုင်းခဲ့ခြင်း – ရက်ရှ်ဖို့ဒ်ဟာ ဒီနေ့ပွဲမှာ နှစ်ဂိုးအထိ သွင်းယူပေးနိုင် ခဲ့တာကြောင့်၊ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်တစ်ရာသီအတွင်း အများဆုံး သွင်းယူထားနိုင်တဲ့ ဂိုးပမာဏထက်ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ထိုကဲ့သို့ဂိုးတွေသွင်းနိုင်ခြင်းရဲ့ အဓိကအကြောင်းအရင်းမှာ ရက်ရှ်ဖို့ဒ်အနေနဲ့ ကွင်းထဲမှာ သူ ကစားခွင့်ရတဲ့ပုံစံကြောင့်ဖြစ်ပြီး၊ ဒီနေ့ပွဲမှာဆိုရင် ရက်ရှ်ဖို့ဒ်က ဝက်ဟော့စ်ထက်ပိုပြီး တိုက်စစ်တစ်လျှောက် ပိုလုပ်ပြနိုင်ခဲ့ပါတယ်၊ ပထမပိုင်းမှာ ဝက်ဟော့စ်က အရှေ့ထိတက်ကစားလွန်းတာက ရက်ရှ်ဖို့ဒ်ကို သူ့ရဲ့ ပြေးအားနှုန်းနဲ့ လက်စတာခံစစ်ကို ဖြိုခွင်းဖို့ ပိုလွတ်လပ်စေခဲ့ပါတယ်။
(၃) ဆန်ချိုကို ထည့်သွင်းခဲ့ခြင်း – မန်ယူအသင်းဟာ ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့တယ်ဆိုပေမယ့်၊ ကစားပုံကတော့ အားရစရာမရှိခဲ့တာ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် တန်ဟန့်ဟာ ပထမပိုင်းအပြီး ဂါနာချိုကို ထုတ်ကာ၊ ဆန်ချိုကို ထည့်သွင်းခဲ့ပါတယ်။ ဆန်ချိုဝင်ရောက်လာတာကြောင့် ယူနိုက်တက်တိုက်စစ်ဟာ အရင်ကတိုက်စစ်သုံးယောက်ပုံစံမျိုး ဖြစ်သွားခဲ့ပြီး၊ ရက်ရှ်ဖို့ဒ်က ဘယ်ခြမ်းရောက်သွားကာ၊ ဝက်ဟော့စ်က အလယ်မှာ ကစားရပါတယ်။ ရက်ရှ်ဖို့ဒ်က ဒုတိယမြောက်ဂိုးသွင်းအပြီး၊ ၅ မိနစ်လောက်အကြာမှာပဲ ဆန်ချိုက ဒီရာသီ သူ့ရဲ့ လိဂ် ၄ ဂိုးမြောက်ကို သွင်းယူခဲ့ပါတယ်။