လက္က်န္ရာသီမွာ သခင္ႀကီး မာရွယ္ျပန္လာမယ္လို႔ အာမခံကတိေပးလိုက္တဲ့ နည္းျပႀကီးတန္ဟက္ဂ္

လက္က်န္ရာသီမွာ သခင္ႀကီး မာရွယ္ျပန္လာမယ္လို႔ အာမခံကတိေပးလိုက္တဲ့ နည္းျပႀကီးတန္ဟက္ဂ္
လက္က်န္ရာသီဝက္မွာ ပိုမိုေကာင္းမြန္တဲ့ ကစားသမား ျဖစ္လာမယ့္ သရဲနီၾကယ္ပြင့္ကို အမႊန္းတင္ အာမခံလိုက္တဲ့ မန္ယူနည္းျပ တန္ဟက္ဂ္

မန္ယူႏိုက္တဒ္ အတြက္ တေက်ာ့ျပန္ သြင္းဂိုးရယူေပးခဲ့တဲ့ မာစီရယ္ အတြက္ နည္းျပႀကီး တန္ဟဂ္ က အထူးတလည္ ခ်ီးမြန္းခဲ့ၿပီး ျပင္သစ္သားဟာ လက္က်န္ရာသီဝက္မွာ ပိုမိုေကာင္းမြန္တဲ့ ကစားသမား ျဖစ္လာလိမ့္မယ္လို႔ ကတိေပးလိုက္ပါတယ္။

ရာသီအစထဲက ေျခသလုံးႂကြက္သားနာက်င္မႈေၾကာင့္ ပြဲဆက္လြဲေခ်ာ္ေနရတဲ့ေနာက္ မာစီရယ္ ကို ကာလရွည္ၾကာအနားေပးခဲ့ၿပီး ႀကံခိုင္မႈ ျပန္လည္တိုးတက္ေရးနဲ႔ ႂကြက္သားျပသနာကို ေျဖရွင္းႏိုင္ေရးအတြက္ လုံးပန္းခဲ့ၾကၿပီး လက္ရွိအခ်ိန္မွာေတာ့ မာစီရယ္ ဟာ ရာႏႈန္းျပည့္ႀကံခိုင္မႈ ရရွိေနၿပီး ႂကြက္သားနာက်င္မႈကိုလည္း ေျဖရွင္းႏိုင္ခဲ့ၿပီလို႔သိရပါတယ္။

တန္ဟဂ္ က “မန္ယူႏိုက္တဒ္ ကစားသမားတစ္ေယာက္ျဖစ္ဖို႔ဆိုရင္ အသင္းရဲ႕ျမင့္မားတဲ့ စံႏႈန္းေတြကို လိုက္မွီဖို႔လိုပါတယ္။ကြၽန္ေတာ့္အသင္းက ပထမပိုင္းမွာ ကစားပုံေကာင္းေပမယ့္ တိုက္စစ္ဆင္ရာမွာေတာ့ ေႏွးေကြးတယ္လို႔ ခံစားရပါတယ္။ကြၽန္ေတာ္တို႔က ၿပိဳင္ဘက္ကို အခြင့္အေရးေတြဖန္တီးႏိုင္ဖို႔ ခြင့္ျပဳေပးခဲ့ပါတယ္။”

” ဒါေၾကာင့္ ဒုတိယပိုင္းမွာ အေျပာင္းလဲတခ်ိဳ႕ ျပဳလုပ္ခဲ့ၿပီး တိုက္စစ္ကလည္းလွ်င္ျမန္လာသလို ၿပိဳင္ဘက္ကိုလည္းဖိဖိစီးစီးကစားႏိုင္ခဲ့ပါတယ္။ကြၽန္ေတာ္တို႔မွာ ေတာင့္တင္းတဲ့လူစာရင္းရွိလို႔ ကစားသမားေတြအေပၚ ကြၽန္ေတာ့္ဖက္က အၿမဲတမ္း အျမင့္မားဆုံးေတာင္းဆိုမႈပဲ ျပဳလုပ္သြားမွာပါ။မန္ယူႏိုက္တဒ္ ကစားသမားတစ္ေယာက္ျဖစ္ခ်င္ရင္ ဘယ္လိုေတာင္းဆိုမႈမ်ိဳးကိုမဆို ျဖစ္ေအာင္လုပ္ျပရပါလိမ့္မယ္”

“ကြၽန္ေတာ္တို႔အားလုံး အန္သိုနီမာစီရယ္ သာ ႀကံခိုင္မႈျပည့္ဝေနရင္ ဘာေတြလုပ္ႏိုင္တယ္ဆိုတာ ေကာင္းေကာင္းသိပါတယ္။သူႀကံခိုင္မႈ အျပည့္မရေသးခ်ိန္မွာေတာင္ လုပ္ျပႏိုင္တာက အံမခန္းပါပဲ။တကယ္လို႔သူသာ ႀကံခိုင္မႈ အျပည့္နဲ႔ (၁၀)ပြဲဆက္နီးပါး ကစားႏိုင္ၿပီဆိုတာ သူ႔ရဲ႕တိုးတက္မႈေတြကို ေတြ႕ျမင္ရပါလိမ့္မယ္။အရင္ကထက္ ပိုေကာင္းၿပီး ခမ်ားတို႔ ျမင္ခဲ့တဲ့ အန္သိုနီမာစီရယ္ ထက္ ပိုေကာင္းတဲ့ ကစားသမားကို ျမင္ေတြ႕ရမွာပါ။”

” ကြၽန္ေတာ္တို႔ ရာသီအစထဲက ဒဏ္ရာျပသနာေတြနဲ႔ ေတာက္ေလွ်ာက္ရင္ဆိုင္ေနရၿပီး အခုခ်ိန္မွသာ ကစားသမားအစုံလင္ကို အသုံးျပဳဖို႔အဆင္ေျပတာပါ။ဆုဖလားေတြရယူဖို႔ဆိုရင္ ကစားသမားအကုန္လုံး ႀကံခိုင္မႈျပည့္ေနဖို႔လိုပါတယ္။ဒီညပြဲမွာဆိုရင္ ကြၽန္ေတာ့္အသင္းကို ေျပာင္းလဲဖို႔ အရံခုံကေန ဝင္လာတဲ့ ကစားသမားေတြနဲ႔ ျပဳလုပ္ႏိုင္ခဲ့ၿပီး ေျပာင္းလဲသြားတဲ့ တိုက္စစ္အရွိန္က ေၾကာက္စရာပါပဲ”လို႔ဆိုပါတယ္။
crd

Unicode
လက်ကျန်ရာသီမှာ သခင်ကြီး မာရှယ်ပြန်လာမယ်လို့ အာမခံကတိပေးလိုက်တဲ့ နည်းပြကြီးတန်ဟက်ဂ်
လက်ကျန်ရာသီဝက်မှာ ပိုမိုကောင်းမွန်တဲ့ ကစားသမား ဖြစ်လာမယ့် သရဲနီကြယ်ပွင့်ကို အမွှန်းတင် အာမခံလိုက်တဲ့ မန်ယူနည်းပြ တန်ဟက်ဂ်

မန်ယူနိုက်တဒ် အတွက် တကျော့ပြန် သွင်းဂိုးရယူပေးခဲ့တဲ့ မာစီရယ် အတွက် နည်းပြကြီး တန်ဟဂ် က အထူးတလည် ချီးမွန်းခဲ့ပြီး ပြင်သစ်သားဟာ လက်ကျန်ရာသီဝက်မှာ ပိုမိုကောင်းမွန်တဲ့ ကစားသမား ဖြစ်လာလိမ့်မယ်လို့ ကတိပေးလိုက်ပါတယ်။

ရာသီအစထဲက ခြေသလုံးကြွက်သားနာကျင်မှုကြောင့် ပွဲဆက်လွဲချော်နေရတဲ့နောက် မာစီရယ် ကို ကာလရှည်ကြာအနားပေးခဲ့ပြီး ကြံခိုင်မှု ပြန်လည်တိုးတက်ရေးနဲ့ ကြွက်သားပြသနာကို ဖြေရှင်းနိုင်ရေးအတွက် လုံးပန်းခဲ့ကြပြီး လက်ရှိအချိန်မှာတော့ မာစီရယ် ဟာ ရာနှုန်းပြည့်ကြံခိုင်မှု ရရှိနေပြီး ကြွက်သားနာကျင်မှုကိုလည်း ဖြေရှင်းနိုင်ခဲ့ပြီလို့သိရပါတယ်။

တန်ဟဂ် က “မန်ယူနိုက်တဒ် ကစားသမားတစ်ယောက်ဖြစ်ဖို့ဆိုရင် အသင်းရဲ့မြင့်မားတဲ့ စံနှုန်းတွေကို လိုက်မှီဖို့လိုပါတယ်။ကျွန်တော့်အသင်းက ပထမပိုင်းမှာ ကစားပုံကောင်းပေမယ့် တိုက်စစ်ဆင်ရာမှာတော့ နှေးကွေးတယ်လို့ ခံစားရပါတယ်။ကျွန်တော်တို့က ပြိုင်ဘက်ကို အခွင့်အရေးတွေဖန်တီးနိုင်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။”

” ဒါကြောင့် ဒုတိယပိုင်းမှာ အပြောင်းလဲတချို့ ပြုလုပ်ခဲ့ပြီး တိုက်စစ်ကလည်းလျှင်မြန်လာသလို ပြိုင်ဘက်ကိုလည်းဖိဖိစီးစီးကစားနိုင်ခဲ့ပါတယ်။ကျွန်တော်တို့မှာ တောင့်တင်းတဲ့လူစာရင်းရှိလို့ ကစားသမားတွေအပေါ် ကျွန်တော့်ဖက်က အမြဲတမ်း အမြင့်မားဆုံးတောင်းဆိုမှုပဲ ပြုလုပ်သွားမှာပါ။မန်ယူနိုက်တဒ် ကစားသမားတစ်ယောက်ဖြစ်ချင်ရင် ဘယ်လိုတောင်းဆိုမှုမျိုးကိုမဆို ဖြစ်အောင်လုပ်ပြရပါလိမ့်မယ်”

“ကျွန်တော်တို့အားလုံး အန်သိုနီမာစီရယ် သာ ကြံခိုင်မှုပြည့်ဝနေရင် ဘာတွေလုပ်နိုင်တယ်ဆိုတာ ကောင်းကောင်းသိပါတယ်။သူကြံခိုင်မှု အပြည့်မရသေးချိန်မှာတောင် လုပ်ပြနိုင်တာက အံမခန်းပါပဲ။တကယ်လို့သူသာ ကြံခိုင်မှု အပြည့်နဲ့ (၁၀)ပွဲဆက်နီးပါး ကစားနိုင်ပြီဆိုတာ သူ့ရဲ့တိုးတက်မှုတွေကို တွေ့မြင်ရပါလိမ့်မယ်။အရင်ကထက် ပိုကောင်းပြီး ခများတို့ မြင်ခဲ့တဲ့ အန်သိုနီမာစီရယ် ထက် ပိုကောင်းတဲ့ ကစားသမားကို မြင်တွေ့ရမှာပါ။”

” ကျွန်တော်တို့ ရာသီအစထဲက ဒဏ်ရာပြသနာတွေနဲ့ တောက်လျှောက်ရင်ဆိုင်နေရပြီး အခုချိန်မှသာ ကစားသမားအစုံလင်ကို အသုံးပြုဖို့အဆင်ပြေတာပါ။ဆုဖလားတွေရယူဖို့ဆိုရင် ကစားသမားအကုန်လုံး ကြံခိုင်မှုပြည့်နေဖို့လိုပါတယ်။ဒီညပွဲမှာဆိုရင် ကျွန်တော့်အသင်းကို ပြောင်းလဲဖို့ အရံခုံကနေ ဝင်လာတဲ့ ကစားသမားတွေနဲ့ ပြုလုပ်နိုင်ခဲ့ပြီး ပြောင်းလဲသွားတဲ့ တိုက်စစ်အရှိန်က ကြောက်စရာပါပဲ”လို့ဆိုပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *