ရႈံးေပမယ့္ ဂုဏ္မငယ္ခဲ့ၾကတဲ့ အာဆင္နယ္ ၁-၀ ယူႏိုက္တက္ပြဲစဥ္မွ သရဲနီကစားသမားမ်ားရဲ႕ Player Ratings အဆင့္သတ္မွတ္ခ်က္မ်ား
|ရႈံးေပမယ့္ ဂုဏ္မငယ္ခဲ့ၾကတဲ့ အာဆင္နယ္ ၁-၀ ယူႏိုက္တက္ပြဲစဥ္မွ သရဲနီကစားသမားမ်ားရဲ႕ Player Ratings အဆင့္သတ္မွတ္ခ်က္မ်ား
နည္းစနစ္ပိုင္းယွဥ္ႏိုင္ခဲ့ေပမယ့္ ကစားသမားအင္အားမယွဥ္ႏိုင္ခဲ့တဲ့ အာဆင္နယ္ ၁-၀ ယူႏိုက္တက္ပြဲစဥ္မွ သရဲနီကစားသမားမ်ားရဲ႕ Player Ratings အဆင့္သတ္မွတ္ခ်က္မ်ား
အာဆင္နယ္ကို ရႈံးခဲ့တဲ့ ပြဲစဥ္မွ ယူႏိုက္တက္ ကစားသမားေတြရဲ႕ Rating မ်ား
ပရီးမီးယားလိဂ္ ထိပ္သီး ကလပ္ေတြ ျဖစ္ၾကတဲ့ မန္ခ်က္္စတာ ယူႏိုက္တက္ နဲ႔ အာဆင္နယ္ အသင္းတို႔ဟာ မေန႔ညက အမ္းမရိတ္ကြင္းထဲ ပရီးမီးယားလိဂ္ ပြဲစဥ္ 21 ကစားခဲ့ၾကၿပီး အိမ္ရွင္တို႔က ပထမ အေက်ာ့ ရႈံးပြဲကို 3 – 2 ဆိုတဲ့ ရလဒ္ နဲ႔ ျပန္လည္ ေျခပသြားႏိုင္ခဲ့ၾကပါတယ္ ။
ဒီပြဲမွာေတာ့ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းရဲ႕ တိုက္္စစ္ ကစားသမား ျဖစ္သူ မားကပ္စ္ ရပ္ရွ္ဖို႔ဟာ ပြဲခ်ိန္ 17 မိနစ္မွာပဲ ဦးေဆာင္ဂိုး သြင္းယူခဲ့ၿပီး ဧည့္သည္ အသင္္းကို ရင္ခုန္မႈေတြ ေပးခဲ့ပါတယ္ ။ ဒါေပမဲ့ အာဆင္နယ္ ကေတာ့ 7 မိနစ္ အၾကာမွာပဲ ေျခပႏိုင္ခဲ့ပါတယ္ ။
အဲ့ဒီေနာက္ ဒုတိယပိုင္း 53 မိနစ္ မွာလည္း ဆာကာရဲ႕ သြင္းဂိုးေၾကာင့္ အာဆင္နယ္တို႔ ဦးေဆာင္ခြင့္ ျပန္လည္ ရရွိသြားခဲ့ၾကပါတယ္ ။ ဒါေပမဲ့ 6 မိနစ္ အၾကာမွာပဲ မာတီနက္ဇ္ က ျပန္လည္ ေျခပႏိုင္ခဲ့တာေၾကာင့္ ပြဲရွိန္ဟာ ပိုမို ျမင့္တက္လာခဲ့ရပါတယ္ ။
ေနာက္ဆုံးမွာေတာ့ အာဆင္နယ္ အသင္းဟာ ပြဲခ်ိန္ 90+ မိနစ္မွ အျငင္းပြားဖြယ္ သြင္းဂိုးေၾကာင့္ လိုအပ္ေနခဲ့တဲ့ အႏိုင္္ 3 မွတ္ကို ရယူသြားႏိုင္ခဲ့ပါတယ္ ။ ဒီဂိုးမွာ ဂိုးသြင္းခဲ့ခ်ိန္ လူမကြၽံခဲ့ေပမဲ့ ဇင္ခ်န္ကို ေဘာလုံး ေပးခ်ိန္မွာ ကြၽံမကြၽံ မစစ္ေဆးခဲ့တာက ေဝဖန္စရာ ျဖစ္ခဲ့ရပါတယ္ ။
ဘယ္လိုပဲ ျဖစ္ပါေစ ၊ ဒီပြဲမွာ ပိုေကာင္းေအာင္ ကစားျပႏိုင္ခဲ့တဲ့ အာဆင္နယ္ အသင္းဟာ အႏိုင္ 3 မွတ္နဲ႔ ထိုက္တန္္ခဲ့ၿပီး အမွတ္ေပး ဇယားထိပ္မွာ မန္စီးတီးကို 5 မွတ္ ဆက္္လက္ ျဖတ္ထားႏိုင္ခဲ့ပါၿပီ ။ အျခားတဖက္မွာေတာ့ ယူႏိုက္တက္တို႔လည္း အဆင့္ 4 ေနရာမွာ ရပ္တည္ေနခဲ့ရပါၿပီ ။
ယူႏိုက္တက္တို႔ ရႈံးနိမ့္ခဲ့ၾကေပမဲ့ အသင္းမွ ကစားသမားေတြရဲ႕ စိတ္အားထက္သန္မႈ ၊ ဒါဘီပြဲမွာ အရႈံးမေပးပဲ တိုက္္ခိုက္လိုစိတ္ ရွိေနမႈေတြကို ျပန္လည္ ျမင္ေတြ႕ခဲ့ရတဲ့ ပြဲစဥ္မွ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကို ေဖာ္ျပေပးလိုက္္ပါတယ္ ။
ဒီဂီယာ (5)
ေဘာလုံးကိုင္ ကစားပုံ မေသသပ္ခဲ့တဲ့အတြက္ ေျခပဂိုး ေပးခဲ့ရပါတယ္ ။ ဆာကာ ရဲ႕ ဂိုးကို ဟန္႔တားႏိုင္ခဲ့သင့္ပါတယ္ ။
ဘစ္ဆာကာ (5)
ခံစစ္ပိုင္း ကစားပုံ စိတ္ခ်လို႔ ရခဲ့တဲ့ ကစားသမားဟာ ဒီပြဲမွာေတာ့ အန္ကီးတီးယားကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရပါတယ္ ။ အာဆင္နယ္ရဲ႕ အႏိုင္ဂိုးမွာလည္း လူကြၽံ မဖမ္းႏိုင္ခဲ့ပါဘူး ။
ဗာရန္း (6)
သူ႔ရဲ႕ ေနရာမွာ တာဝန္ေက်ခဲ့ၿပီး ကစားပုံလည္း တည္ၿငိမ္္ခဲ့ပါတယ္ ။ ဒါေပမဲ့ ဘစ္ဆာကာ ရဲ႕ ကြက္လပ္ကို ျဖည့္ကစားေပးႏိုင္ျခင္းမရွိခဲ့ပါဘူး ။
မာတီနက္ဇ္ (8)
တိုက္စစ္ေရာ ခံစစ္ပိုင္းပါ ကစားပုံ ေကာင္းမြန္ခဲ့ပါတယ္ ။ အႏၲရာယ္ ျဖစ္ေစႏိုင္မယ့္ ေဘာလုံးေတြကို အေကာင္းဆုံး အနံ႔ခံ ဟန္႔တားျပႏိုင္ခဲ့ပါတယ္ ။
ေရွာ (6)
ပြဲခ်ိန္တစ္ေလွ်ာက္ ႏိုးႏိုးၾကားၾကား ကစားႏိုင္ခဲ့ၿပီး ဆာကာကိုလည္း တက္ႏိုင္သမွ် ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္ ။ ဒါေပမဲဲ့ အေကာင္းဆုံး မခုခံႏိုင္ခဲ့သလို တိုက္စစ္ကိုလည္း ထိထိေရာက္ေရာက္ မပံ့ပိုးႏိုင္ခဲ့ပါဘူး ။
ေတာ္မီေနး (6)
ကာစီမီ႐ို ရဲ႕ ေနရာကို ဝင္ျဖည့္ႏိုင္မွာ မဟုတ္ဘူးလို႔ ထင္္ေၾကးေပးခံခဲ့ရတဲ့ ေတာ္မီေနးဟာ ထင္တာထက္ပိုၿပီး ေျခစြမ္းျပႏိုင္ခဲ့သလို ဂိုးေပါက္လည္း ၿခိမ္းေျခာက္ျပႏိုင္ခဲ့ပါတယ္ ။
အဲရစ္ဆင္ (5)
ကြင္းလယ္မွာ သူ႔တာဝန္ ေက်ေအာင္ ကစားႏိုင္ခဲ့ေပမဲ့ ဆာကာ ဂိုးသြင္းခ်ိန္မွာ မဟန္႔တားႏိုင္ခဲ့ပါဘူး ။ အိုဒီဂတ္ ရဲ႕ ကန္ခ်က္ကိုေတာ့ ဟန္႔တားႏိုင္ခဲ့ပါတယ္ ။
အန္တိုနီ (6)
တိုက္စစ္ပိုင္းမွာ မထူးကဲျပႏိုင္ခဲ့ေပမဲ့ ခံစစ္ပိုင္းကိုေတာ့ အေတာ္ေလး ဆင္းကူေပးႏိုင္ခဲ့ပါတယ္ ။ ပဲေလ့စ္ နဲ႔ ပြဲတုန္္းကထက္ ပိုေကာင္းခဲ့ေပမဲ့ ယူႏိုက္တက္ ပရိသတ္ေတြ ျမင္ခ်င္တဲ့ ကစားသမားမ်ိဳး မျဖစ္ျပႏိုင္ခဲ့ပါဘူး ။
ဘ႐ူႏို (6)
ရပ္ရွ္ဖို႔ရဲ႕ အဖြင့္ဂိုးမွာ ပါဝင္ပတ္သက္ႏိုင္ခဲ့ၿပီး ပုံစံေကာင္္း အခ်ိဳ႕လည္း ျပသသြားႏိုင္ခဲ့ပါတယ္ ။ ဒါေပမဲ့ တိုက္စစ္္ပိုင္း ပံ့ပိုးမႈက အကန္႔အသတ္ ျဖစ္ခဲ့ရပါတယ္ ။
ရပ္ရွ္ဖို႔ (7)
ပုံစံေကာင္း ဆက္လက္ ျပသၿပီး အဖြင့္ဂိုး သြင္းယူေပးႏိုင္ခဲ့သလို အာဆင္နယ္ ခံစစ္ကိုလည္း ဗ်ာမ်ားေစခဲ့ပါတယ္ ။ ေနာက္တစ္ဂိုး ရရွိႏိုင္ခဲ့သင့္ေပမဲ့ ရမ့္စ္ေဒးလ္ လက္စြမ္းျပသြားခဲ့ပါတယ္ ။
ဝဂ္ေဟာ့စ္ (6)
ဂိုးသြင္းဖို႔ ေခၚယူထားတဲ့ ကစားသမားဟာ ဂိုးမသြင္းႏိုင္ခဲ့ေပမဲ့ အသင္းရဲ႕ ကစားကြက္မွာ အံဝင္ခြင္က် ကစားေပးႏိုင္ခဲ့ၿပီး အသင္းေဖာ္ေတြကို ကူညီေပးႏိုင္ခဲ့ပါတယ္ ။
လူစားဝင္ ကစားသမားမ်ား…
ဖရက္ဒ္ (5)
ဂါနာခ်ိဳ (NA)
crd
Unicode
ရှုံးပေမယ့် ဂုဏ်မငယ်ခဲ့ကြတဲ့ အာဆင်နယ် ၁-၀ ယူနိုက်တက်ပွဲစဉ်မှ သရဲနီကစားသမားများရဲ့ Player Ratings အဆင့်သတ်မှတ်ချက်များ
နည်းစနစ်ပိုင်းယှဉ်နိုင်ခဲ့ပေမယ့် ကစားသမားအင်အားမယှဉ်နိုင်ခဲ့တဲ့ အာဆင်နယ် ၁-၀ ယူနိုက်တက်ပွဲစဉ်မှ သရဲနီကစားသမားများရဲ့ Player Ratings အဆင့်သတ်မှတ်ချက်များ
အာဆင်နယ်ကို ရှုံးခဲ့တဲ့ ပွဲစဉ်မှ ယူနိုက်တက် ကစားသမားတွေရဲ့ Rating များ
ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ အာဆင်နယ် အသင်းတို့ဟာ မနေ့ညက အမ်းမရိတ်ကွင်းထဲ ပရီးမီးယားလိဂ် ပွဲစဉ် 21 ကစားခဲ့ကြပြီး အိမ်ရှင်တို့က ပထမ အကျော့ ရှုံးပွဲကို 3 – 2 ဆိုတဲ့ ရလဒ် နဲ့ ပြန်လည် ခြေပသွားနိုင်ခဲ့ကြပါတယ် ။
ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ဟာ ပွဲချိန် 17 မိနစ်မှာပဲ ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ဧည့်သည် အသင်းကို ရင်ခုန်မှုတွေ ပေးခဲ့ပါတယ် ။ ဒါပေမဲ့ အာဆင်နယ် ကတော့ 7 မိနစ် အကြာမှာပဲ ခြေပနိုင်ခဲ့ပါတယ် ။
အဲ့ဒီနောက် ဒုတိယပိုင်း 53 မိနစ် မှာလည်း ဆာကာရဲ့ သွင်းဂိုးကြောင့် အာဆင်နယ်တို့ ဦးဆောင်ခွင့် ပြန်လည် ရရှိသွားခဲ့ကြပါတယ် ။ ဒါပေမဲ့ 6 မိနစ် အကြာမှာပဲ မာတီနက်ဇ် က ပြန်လည် ခြေပနိုင်ခဲ့တာကြောင့် ပွဲရှိန်ဟာ ပိုမို မြင့်တက်လာခဲ့ရပါတယ် ။
နောက်ဆုံးမှာတော့ အာဆင်နယ် အသင်းဟာ ပွဲချိန် 90+ မိနစ်မှ အငြင်းပွားဖွယ် သွင်းဂိုးကြောင့် လိုအပ်နေခဲ့တဲ့ အနိုင် 3 မှတ်ကို ရယူသွားနိုင်ခဲ့ပါတယ် ။ ဒီဂိုးမှာ ဂိုးသွင်းခဲ့ချိန် လူမကျွံခဲ့ပေမဲ့ ဇင်ချန်ကို ဘောလုံး ပေးချိန်မှာ ကျွံမကျွံ မစစ်ဆေးခဲ့တာက ဝေဖန်စရာ ဖြစ်ခဲ့ရပါတယ် ။
ဘယ်လိုပဲ ဖြစ်ပါစေ ၊ ဒီပွဲမှာ ပိုကောင်းအောင် ကစားပြနိုင်ခဲ့တဲ့ အာဆင်နယ် အသင်းဟာ အနိုင် 3 မှတ်နဲ့ ထိုက်တန်ခဲ့ပြီး အမှတ်ပေး ဇယားထိပ်မှာ မန်စီးတီးကို 5 မှတ် ဆက်လက် ဖြတ်ထားနိုင်ခဲ့ပါပြီ ။ အခြားတဖက်မှာတော့ ယူနိုက်တက်တို့လည်း အဆင့် 4 နေရာမှာ ရပ်တည်နေခဲ့ရပါပြီ ။
ယူနိုက်တက်တို့ ရှုံးနိမ့်ခဲ့ကြပေမဲ့ အသင်းမှ ကစားသမားတွေရဲ့ စိတ်အားထက်သန်မှု ၊ ဒါဘီပွဲမှာ အရှုံးမပေးပဲ တိုက်ခိုက်လိုစိတ် ရှိနေမှုတွေကို ပြန်လည် မြင်တွေ့ခဲ့ရတဲ့ ပွဲစဉ်မှ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြပေးလိုက်ပါတယ် ။
ဒီဂီယာ (5)
ဘောလုံးကိုင် ကစားပုံ မသေသပ်ခဲ့တဲ့အတွက် ခြေပဂိုး ပေးခဲ့ရပါတယ် ။ ဆာကာ ရဲ့ ဂိုးကို ဟန့်တားနိုင်ခဲ့သင့်ပါတယ် ။
ဘစ်ဆာကာ (5)
ခံစစ်ပိုင်း ကစားပုံ စိတ်ချလို့ ရခဲ့တဲ့ ကစားသမားဟာ ဒီပွဲမှာတော့ အန်ကီးတီးယားကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ အာဆင်နယ်ရဲ့ အနိုင်ဂိုးမှာလည်း လူကျွံ မဖမ်းနိုင်ခဲ့ပါဘူး ။
ဗာရန်း (6)
သူ့ရဲ့ နေရာမှာ တာဝန်ကျေခဲ့ပြီး ကစားပုံလည်း တည်ငြိမ်ခဲ့ပါတယ် ။ ဒါပေမဲ့ ဘစ်ဆာကာ ရဲ့ ကွက်လပ်ကို ဖြည့်ကစားပေးနိုင်ခြင်းမရှိခဲ့ပါဘူး ။
မာတီနက်ဇ် (8)
တိုက်စစ်ရော ခံစစ်ပိုင်းပါ ကစားပုံ ကောင်းမွန်ခဲ့ပါတယ် ။ အန္တရာယ် ဖြစ်စေနိုင်မယ့် ဘောလုံးတွေကို အကောင်းဆုံး အနံ့ခံ ဟန့်တားပြနိုင်ခဲ့ပါတယ် ။
ရှော (6)
ပွဲချိန်တစ်လျှောက် နိုးနိုးကြားကြား ကစားနိုင်ခဲ့ပြီး ဆာကာကိုလည်း တက်နိုင်သမျှ ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အကောင်းဆုံး မခုခံနိုင်ခဲ့သလို တိုက်စစ်ကိုလည်း ထိထိရောက်ရောက် မပံ့ပိုးနိုင်ခဲ့ပါဘူး ။
တော်မီနေး (6)
ကာစီမီရို ရဲ့ နေရာကို ဝင်ဖြည့်နိုင်မှာ မဟုတ်ဘူးလို့ ထင်ကြေးပေးခံခဲ့ရတဲ့ တော်မီနေးဟာ ထင်တာထက်ပိုပြီး ခြေစွမ်းပြနိုင်ခဲ့သလို ဂိုးပေါက်လည်း ခြိမ်းခြောက်ပြနိုင်ခဲ့ပါတယ် ။
အဲရစ်ဆင် (5)
ကွင်းလယ်မှာ သူ့တာဝန် ကျေအောင် ကစားနိုင်ခဲ့ပေမဲ့ ဆာကာ ဂိုးသွင်းချိန်မှာ မဟန့်တားနိုင်ခဲ့ပါဘူး ။ အိုဒီဂတ် ရဲ့ ကန်ချက်ကိုတော့ ဟန့်တားနိုင်ခဲ့ပါတယ် ။
အန်တိုနီ (6)
တိုက်စစ်ပိုင်းမှာ မထူးကဲပြနိုင်ခဲ့ပေမဲ့ ခံစစ်ပိုင်းကိုတော့ အတော်လေး ဆင်းကူပေးနိုင်ခဲ့ပါတယ် ။ ပဲလေ့စ် နဲ့ ပွဲတုန်းကထက် ပိုကောင်းခဲ့ပေမဲ့ ယူနိုက်တက် ပရိသတ်တွေ မြင်ချင်တဲ့ ကစားသမားမျိုး မဖြစ်ပြနိုင်ခဲ့ပါဘူး ။
ဘရူနို (6)
ရပ်ရှ်ဖို့ရဲ့ အဖွင့်ဂိုးမှာ ပါဝင်ပတ်သက်နိုင်ခဲ့ပြီး ပုံစံကောင်း အချို့လည်း ပြသသွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ တိုက်စစ်ပိုင်း ပံ့ပိုးမှုက အကန့်အသတ် ဖြစ်ခဲ့ရပါတယ် ။
ရပ်ရှ်ဖို့ (7)
ပုံစံကောင်း ဆက်လက် ပြသပြီး အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့သလို အာဆင်နယ် ခံစစ်ကိုလည်း ဗျာများစေခဲ့ပါတယ် ။ နောက်တစ်ဂိုး ရရှိနိုင်ခဲ့သင့်ပေမဲ့ ရမ့်စ်ဒေးလ် လက်စွမ်းပြသွားခဲ့ပါတယ် ။
ဝဂ်ဟော့စ် (6)
ဂိုးသွင်းဖို့ ခေါ်ယူထားတဲ့ ကစားသမားဟာ ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ အသင်းရဲ့ ကစားကွက်မှာ အံဝင်ခွင်ကျ ကစားပေးနိုင်ခဲ့ပြီး အသင်းဖော်တွေကို ကူညီပေးနိုင်ခဲ့ပါတယ် ။
လူစားဝင် ကစားသမားများ…
ဖရက်ဒ် (5)
ဂါနာချို (NA)
crd