ရႈံးပြဲႀကဳံေတြ႕ခဲ့ရေပမယ့္ ပရိသတ္ေတြအတြက္ ဂုဏ္ျပဳႏႈတ္ဆက္ဖို႔ မပ်က္ကြက္ခဲ့တဲ့ ေလးစားဖြယ္ ဗာရန္း

ရႈံးပြဲႀကဳံေတြ႕ခဲ့ရေပမယ့္ ပရိသတ္ေတြအတြက္ ဂုဏ္ျပဳႏႈတ္ဆက္ဖို႔ မပ်က္ကြက္ခဲ့တဲ့ ေလးစားဖြယ္ ဗာရန္း

လီဗာပူးကို ၇-၀ ဂိုးရလဒ္နဲ႔ ရႈံးခဲ့တဲ့ပြဲအၿပီးမွာ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနခဲ့တဲ့ အသင္းေဖာ္ေတြကို အေဝးကြင္းဆီ လိုက္ၿပီး အားေပးၾကတဲ့ ပရိသတ္ေတြအတြက္ ဂုဏ္ျပဳႏႈတ္ဆက္ဖို႔ ေနာက္ခံလူ ရာေဖးလ္ ဗာရန္းက မခံခ်င္စိတ္နဲ႔လိုက္ၿပီး ေအာ္ဟစ္ေျပာဆိုေနခဲ့တဲ့အေပၚ သရဲနီပရိသတ္ေတြ ခ်ီးမြမ္းေနၾကပါတယ္။

 

မန္ယူက လီဗာပူးကို ေျချပတ္ဂိုးျပတ္ ရႈံးခဲ့ရတဲ့ အန္ဖီးလ္ကြင္း ပြဲစဥ္မွာ အသက္ ၂၉ ႏွစ္အ႐ြယ္ ျပင္သစ္သားက မန္ယူ အသင္းေဖာ္ေတြကို မခံခ်င္စိတ္နဲ႔ ေအာ္ဟစ္ေျပာဆိုေနတဲ့ ျမင္ကြင္းဟာ Sky Sport ႐ုပ္သံရဲ႕ ပြဲျမင္ကြင္း တိုက္႐ိုက္ ထုတ္လႊင့္ေနတဲ့ အစီအစဥ္မွာ ပါဝင္ လာခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ ထင္မွတ္မထားတဲ့ ရႈံးပြဲရလဒ္မ်ိဳးေၾကာင့္ ပြဲသိမ္းခရာသံအၿပီးမွာ ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိတဲ့ပုံစံမ်ိဳး ျဖစ္ေနတဲ့ ယူႏိုက္တက္ ကစားသမားတခ်ိဳ႕ဟာ ပရိသတ္ေတြကို လက္ခုပ္တီးၿပီး ႏႈတ္ ဆက္ဖို႔ ေမ့ေနခဲ့ၾကတာပါ။

 

ဒါေပမဲ့ ပြဲႀကီးအေတြ႕အႀကဳံ ရင့္က်က္ေနၿပီျဖစ္တဲ့ ရီးရဲလ္ေနာက္ခံလူေဟာင္းဟာ ခ်က္ခ်င္းဆိုသလို သရဲနီပရိသတ္ေတြရွိတဲ့ ပြဲၾကည့္စင္တန္းဆီကိုသြားၿပီး ႏႈတ္ဆက္ခဲ့သလို အသင္းေဖာ္ေတြကိုလည္း ႏႈတ္ဆက္ဖို႔အတြက္ အားႀကီးနဲ႔ ေအာ္ေျပာခဲ့တာျဖစ္ပါတယ္။ ဗာရန္းရဲ႕ ေအာ္ဟစ္ခဲ့တဲ့ အသံေၾကာင့္ ခ်က္ခ်င္း သတိလည္လာခဲ့သူကေတာ့ အသင္းေခါင္းေဆာင္ ဘ႐ူႏိုဖာနန္ဒက္ဇ္ျဖစ္ၿပီး ပရိသတ္ေတြကို လက္ခုပ္တီးႏႈတ္ဆက္ခဲ့ပါတယ္။

 

ေနာက္ၿပီး ဗာရန္းရဲ႕ ပြဲအၿပီး တုံ႔ျပန္ပုံဟာ တြစ္တာေပၚမွာ ခ်က္ခ်င္း ပ်ံ႕သြားခဲ့ၿပီးတဲ့ေနာက္ သရဲနီပရိသတ္ေတြကလည္း ျပင္သစ္သားအေပၚ ခ်ီးမြမ္းခန္းဖြင့္ခဲ့ၾကတာျဖစ္ပါတယ္။ ‘’ငါတို႔ရဲ႕ တကယ့္ ေခါင္းေဆာင္အစစ္ႀကီး’’ လို႔ ပရိသတ္တစ္ေယာက္က တြစ္တာမွာ ေရးသားခဲ့ ပါတယ္။ ဒုတိယ တစ္ေယာက္ေတာ့ ‘’မရပ္မနား ႀကိဳးစားေနတာ သူတစ္ ေယာက္ပဲ ရွိတယ္ကြာ’’  ‘’တခ်ိဳ႕ကစားသမားေတြ ခ်ာခနဲ လွည့္ထြက္သြားခဲ့တာကို ငါျဖင့္ ယုံေတာင္ မယုံႏိုင္ဘူးကြာ’’ လို႔ တတိယတစ္ေယာက္ကလည္း ေရးခဲ့ပါတယ္။ ေနာက္ထပ္ တစ္ေယာက္ကလည္း ‘’ပရိသတ္ေတြအတြက္ဆိုရင္ ဗာရန္းက ေရွ႕ဆုံးကပဲ’’ လို႔ ေရးသားခဲ့ပါတယ္။
crd

unicode

ရှုံးပွဲကြုံတွေ့ခဲ့ရပေမယ့် ပရိသတ်တွေအတွက် ဂုဏ်ပြုနှုတ်ဆက်ဖို့ မပျက်ကွက်ခဲ့တဲ့ လေးစားဖွယ် ဗာရန်း

လီဗာပူးကို ၇-၀ ဂိုးရလဒ်နဲ့ ရှုံးခဲ့တဲ့ပွဲအပြီးမှာ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့တဲ့ အသင်းဖော်တွေကို အဝေးကွင်းဆီ လိုက်ပြီး အားပေးကြတဲ့ ပရိသတ်တွေအတွက် ဂုဏ်ပြုနှုတ်ဆက်ဖို့ နောက်ခံလူ ရာဖေးလ် ဗာရန်းက မခံချင်စိတ်နဲ့လိုက်ပြီး အော်ဟစ်ပြောဆိုနေခဲ့တဲ့အပေါ် သရဲနီပရိသတ်တွေ ချီးမွမ်းနေကြပါတယ်။

မန်ယူက လီဗာပူးကို ခြေပြတ်ဂိုးပြတ် ရှုံးခဲ့ရတဲ့ အန်ဖီးလ်ကွင်း ပွဲစဉ်မှာ အသက် ၂၉ နှစ်အရွယ် ပြင်သစ်သားက မန်ယူ အသင်းဖော်တွေကို မခံချင်စိတ်နဲ့ အော်ဟစ်ပြောဆိုနေတဲ့ မြင်ကွင်းဟာ Sky Sport ရုပ်သံရဲ့ ပွဲမြင်ကွင်း တိုက်ရိုက် ထုတ်လွှင့်နေတဲ့ အစီအစဉ်မှာ ပါဝင် လာခဲ့တာကို တွေ့ခဲ့ရပါတယ်။ ထင်မှတ်မထားတဲ့ ရှုံးပွဲရလဒ်မျိုးကြောင့် ပွဲသိမ်းခရာသံအပြီးမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့ပုံစံမျိုး ဖြစ်နေတဲ့ ယူနိုက်တက် ကစားသမားတချို့ဟာ ပရိသတ်တွေကို လက်ခုပ်တီးပြီး နှုတ် ဆက်ဖို့ မေ့နေခဲ့ကြတာပါ။

ဒါပေမဲ့ ပွဲကြီးအတွေ့အကြုံ ရင့်ကျက်နေပြီဖြစ်တဲ့ ရီးရဲလ်နောက်ခံလူဟောင်းဟာ ချက်ချင်းဆိုသလို သရဲနီပရိသတ်တွေရှိတဲ့ ပွဲကြည့်စင်တန်းဆီကိုသွားပြီး နှုတ်ဆက်ခဲ့သလို အသင်းဖော်တွေကိုလည်း နှုတ်ဆက်ဖို့အတွက် အားကြီးနဲ့ အော်ပြောခဲ့တာဖြစ်ပါတယ်။ ဗာရန်းရဲ့ အော်ဟစ်ခဲ့တဲ့ အသံကြောင့် ချက်ချင်း သတိလည်လာခဲ့သူကတော့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်ဇ်ဖြစ်ပြီး ပရိသတ်တွေကို လက်ခုပ်တီးနှုတ်ဆက်ခဲ့ပါတယ်။

နောက်ပြီး ဗာရန်းရဲ့ ပွဲအပြီး တုံ့ပြန်ပုံဟာ တွစ်တာပေါ်မှာ ချက်ချင်း ပျံ့သွားခဲ့ပြီးတဲ့နောက် သရဲနီပရိသတ်တွေကလည်း ပြင်သစ်သားအပေါ် ချီးမွမ်းခန်းဖွင့်ခဲ့ကြတာဖြစ်ပါတယ်။ ‘’ငါတို့ရဲ့ တကယ့် ခေါင်းဆောင်အစစ်ကြီး’’ လို့ ပရိသတ်တစ်ယောက်က တွစ်တာမှာ ရေးသားခဲ့ ပါတယ်။ ဒုတိယ တစ်ယောက်တော့ ‘’မရပ်မနား ကြိုးစားနေတာ သူတစ် ယောက်ပဲ ရှိတယ်ကွာ’’  ‘’တချို့ကစားသမားတွေ ချာခနဲ လှည့်ထွက်သွားခဲ့တာကို ငါဖြင့် ယုံတောင် မယုံနိုင်ဘူးကွာ’’ လို့ တတိယတစ်ယောက်ကလည်း ရေးခဲ့ပါတယ်။ နောက်ထပ် တစ်ယောက်ကလည်း ‘’ပရိသတ်တွေအတွက်ဆိုရင် ဗာရန်းက ရှေ့ဆုံးကပဲ’’ လို့ ရေးသားခဲ့ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *