ရပ္တန္႔လို႔မရတဲ့ ရက္ရွ္ဖို႔ဒ္၊ super-sub ဂါနာခ်ိဳတို႔ရဲ႕သြင္းဂိုးေတြနဲ႔ လိဒ္ကိုအေဝးကြင္းမွာဂိုးျပတ္အႏိုင္ယူခဲ့တဲ့ မန္ယူႏိုက္တက္ (ပြဲၿပီးသုံးသပ္ခ်က္)

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာေတာ့ မက္ဂြိဳင္းယား၊ လုခ္ေရွာ၊ ဒါေလာနဲ႔ မာလာစီယာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖရက္ဒ္၊ ဆာဘစ္ဇာနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆန္ခ်ိဳ၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဗက္ဂ္ေဟာ့စ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။ အိမ္ရွင္ လိဒ္စ္ယူႏိုက္တက္တို႔ကေတာ့ ဂိုးသမား ေမလီေယး၊ ခံစစ္မွာ ကို႔ခ်္၊ ဗိုဘာ၊ ေအးလင္းနဲ႔ ဂ်ဴနီယာ ဖာပိုတို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ တိုင္လာ အက္ဒမ္စ္၊ မက္ကင္နီ၊ ဂႏြန္တို၊ ဟာရစ္ဆန္နဲ႔ ဆမ္းမားဗီးလ္တို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ ဘမ္ဖို႔ဒ္တစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

ယာယီနည္းျပ စကူဘာလာအေနနဲ႔ မန္ယူအိမ္ကြင္း အိုးလ္ထရက္ဖို႔ဒ္မွာ အငိုက္ဖမ္းႏိုင္ခဲ့ေပမယ့္ ကိုယ့္ကြင္း အယ္လန္႐ုတ္ဒ္မွာေတာ့ ေလးလံတဲ့ မက္ကင္နီေၾကာင့္ ဖရက္ဒ္နဲ႔ ဆာဘစ္ဇာတို႔ရဲ႕ ကြင္းလယ္ကို ကစားကြက္ခ်င္း ယွဥ္ကစားဖို႔ မတတ္ႏိုင္ခဲ့ဘဲ မာေက်ာတဲ့ ေနာက္ခံလူ စထ႐ိုက္ခ္ကိုလည္း ဒဏ္ရာေၾကာင့္ ဆုံးရႈံးထားခဲ့ရခ်ိန္မွာ ခံစစ္ထိုင္ၿပီး ေကာင္တာေခ်ာင္းကစားဖို႔ပဲ လုပ္ခဲ့ရတာျဖစ္ပါတယ္။ ပြဲခ်ိန္ ၄ မိနစ္မွာ ဖရီးကစ္ကေန ဆမ္းမားဗီးလ္ရဲ႕ ပိတ္သြင္းမႈက ဘားေပၚက ကပ္ထြက္သြားခဲ့လို႔ အိမ္ရွင္ေတြ နစ္နာခဲ့ရၿပီး ဒီေနာက္ပိုင္းမွာေတာ့ ပြဲကို ယူႏိုက္တက္တို႔က ထိန္းကစားခဲ့ေပမယ့္ အပိုင္အခြင့္အေရး ဖန္တီးမႈပိုင္းမွာ အလုပ္မျဖစ္ခဲ့သလို ေခါင္းႀကီး မက္ဂြိဳင္းယားနဲ႔ မာလာစီယာတို႔ကလည္း ကစားကြက္ကို ဖ်က္ေနခဲ့လို႔ ထိေရာက္တဲ့ ကစားဟန္ကိုေတာ့ မျပသႏိုင္ဘဲျဖစ္ေနခဲ့တာပါ။ မာလာစီယာရဲ႕ ခံစစ္မွာ အခ်ိဳးမေျပမႈေတြနဲ႔ ၾကမ္းတမ္းမႈေတြက အဝါမထိတာဘဲ ေတာ္လြန္းလွသလို လိဒ္စ္တို႔ အဆုံးသတ္ပိုင္းေတြ ညံ့ဖ်င္းၿပီး ဂိုးသမား ဒေဟးယား အမွားအယြင္းမရွိ တားဆီးေနႏိုင္လို႔သာ ပထမပိုင္းမွာ ယူႏိုက္တက္တို႔ ဂိုးမေပးခဲ့ရတာျဖစ္ၿပီး လက္ပတ္ႀကီးနဲ႔ ေခါင္းႀကီးကေတာ့ ထုံးစံအတိုင္း ဆဲဖတ္ပဲျဖစ္ခဲ့ရပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာ ဗိုဘာဆီကေန ေဘာလုံးလုယူႏိုင္ခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ တစ္ကိုယ္ေတာ္ ကန္ခြင့္က လိဒ္စ္ဂိုးသမား ေမလီေယးရဲ႕ ေျခေထာက္တည့္တည့္ကို ကန္မိခဲ့လို႔ ယူႏိုက္တက္တို႔ အဖြင့္ဂိုးနဲ႔ လြဲေခ်ာ္ခဲ့ရသလို ပထမပိုင္းမွာေတာ့ ဂိုးမရွိသေရက်ေနခဲ့ၿပီး ဒုတိယပိုင္းအစမွာေတာ့ ဆမ္းမားဗီးလ္က ဒေဟးယားကို ဧရိယာအစပ္ကေန အနိမ့္ေဘာကန္ၿပီး စတင္ၿခိမ္းေျခာက္ႏိုင္ခဲ့တာပါ။ ယူႏိုက္တက္ခံစစ္က ေပးပို႔မႈ အမွားေတြကိုေတာ့ လိဒ္စ္တိုက္စစ္က အခြင့္အေရး မယူႏိုင္ခဲ့ဘဲ ဂိုးေရွ႕မွာ အေစးမကပ္ဘဲျဖစ္ေနတဲ့ ဘမ္ဖို႔ဒ္နဲ႔ ဟာရစ္ဆန္တို႔ေၾကာင့္ ရွင္းထုတ္ခံခဲ့ရသလို ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ သုံးစားမရတဲ့ မာလာစီယာနဲ႔ ဆန္ခ်ိဳအစား လီဆန္ဒ႐ို မာတီနက္ဇ္နဲ႔ ဂါနာခ်ိဳကို ထည့္ၿပီး လုခ္ေရွာကို ဘယ္ေတာင္ပံ ထုတ္လိုက္ေတာ့မွ ဧည့္သည္ေတြရဲ႕ ကစားကြက္ ပိုအသားက်လာခဲ့ပါတယ္။

ႏွစ္ဖက္အျပန္အလွန္ တိုက္စစ္ဆင္ကစားေနခဲ့ၾကတာေၾကာင့္ ပြဲက ပိုၾကည့္ေကာင္းခဲ့ၿပီး ဒါေလာ့ရဲ႕ ကန္ခ်က္ ဘားထိထြက္ခဲ့သလို လိဒ္စ္ကပၸတိန္ ေအးလင္းရဲ႕ ကန္ခ်က္ေတြနဲ႔ ဆမ္းမားဗီးလ္၊ ဂႏြန္တိုတို႔ရဲ႕ လွ်ပ္တစ္ျပက္ ၿခိမ္းေျခာက္မႈေတြကိုလည္း ဒေဟးယားက တည္တည္ၿငိမ္ၿငိမ္နဲ႔ လက္စြမ္းျပ ကာကြယ္သြားႏိုင္ခဲ့လို႔ ယူႏိုက္တက္တို႔ အေဝးကြင္းမွာ ေတာင့္ခံႏိုင္ခဲ့တာပါ။ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ ယူႏိုက္တက္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဆာဘစ္ဇာရဲ႕ ဘယ္ျခမ္းကို အငိုက္ဖမ္းၿပီး ျဖတ္တင္ေပးမႈကို လုခ္ေရွာက ဂိုးေရွ႕ကို ျပန္မ,ေပးခဲ့ရာမွာ သူ႔ကို ကပ္ထားတဲ့ ဗိုဘာကို ခြာထြက္သြားခဲ့တဲ့ ရက္ရွ္ဖို႔ဒ္က တိက်တဲ့ ေခါင္းတိုက္ခ်က္နဲ႔ ဂိုးသြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၅ မိနစ္မွာ ယူႏိုက္တက္တို႔ပဲ အႏိုင္ေသခ်ာေစမယ့္ ဒုတိယဂိုးကို ရရွိခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္မွာ ေလးလံထိုင္းမႈိင္းေနတဲ့ ဖက္တီး မက္ကင္နီဆီကေန ဖရက္ဒ္က လုယူေပးခဲ့ၿပီး ဗက္ဂ္ေဟာ့စ္က ဘယ္ျခမ္းကို ခင္းေပးခဲ့ရာမွာ ဂါနာခ်ိဳက ေတာင္ပံေတာက္ေလွ်ာက္ဆြဲေျပးၿပီးမွာ ဧရိယာထဲ အေရာက္မွာ ေထာင့္က်ဥ္းထဲကို အျပင္းကန္သြင္းယူသြားခဲ့တာပါ။ ပြဲခ်ိန္ မိနစ္ ၉၀ မွာ ဘ႐ူႏို ဖာနန္ဒက္စ္ ေပးတာကေန ရက္ရွ္ဖို႔ဒ္က ဂိုးထဲ ကန္ထည့္ႏိုင္ခဲ့ေပမယ့္ လူကြၽံေနခဲ့တဲ့ေနာက္မွာေတာ့ အီလန္ဂါနဲ႔ လူစားလဲၿပီး အနားေပးသြားခဲ့သလို နာက်င္အခ်ိန္ပိုမွာ ဗက္ဂ္ေဟာ့စ္က ေထာင့္ကန္ေဘာကေန ဂိုးထပ္သြင္းခဲ့ေပမယ့္ လူကြၽံေနခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ ႏွစ္ဂိုး-ဂိုးမရွိ ႏိုင္ပြဲနဲ႔ပဲ ႏွစ္သိမ့္ခဲ့ရတာျဖစ္ပါတယ္။ ဒီပြဲရလဒ္ေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ မန္စီးတီးတို႔ မကစားခင္မွာ ဒုတိယေနရာကို ခဏတာ သိမ္းပိုက္ႏိုင္ခဲ့သလို လာမယ့္ ပြဲေတြမွာ ပိုမိုတည္ၿငိမ္တဲ့ ပုံစံေကာင္းနဲ႔ ဇယားထိပ္ပိုင္းကို ၿခိမ္းေျခာက္ေမႊေႏွာက္ေတာ့မယ္ဆိုတာကိုလည္း သတိေပးလိုက္ၿပီး တန္ဟတ္ရဲ႕လူေတြ ေဖေဖာ္ဝါရီမွာ ျပန္လည္ထႂကြႏိုင္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
crd

unicode

ရပ်တန့်လို့မရတဲ့ ရက်ရှ်ဖို့ဒ်၊ super-sub ဂါနာချိုတို့ရဲ့သွင်းဂိုးတွေနဲ့ လိဒ်ကိုအဝေးကွင်းမှာဂိုးပြတ်အနိုင်ယူခဲ့တဲ့ မန်ယူနိုက်တက် (ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာတော့ မက်ဂွိုင်းယား၊ လုခ်ရှော၊ ဒါလောနဲ့ မာလာစီယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဖရက်ဒ်၊ ဆာဘစ်ဇာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆန်ချို၊ ရက်ရှ်ဖို့ဒ်နဲ့ ဗက်ဂ်ဟော့စ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။ အိမ်ရှင် လိဒ်စ်ယူနိုက်တက်တို့ကတော့ ဂိုးသမား မေလီယေး၊ ခံစစ်မှာ ကို့ချ်၊ ဗိုဘာ၊ အေးလင်းနဲ့ ဂျူနီယာ ဖာပိုတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ တိုင်လာ အက်ဒမ်စ်၊ မက်ကင်နီ၊ ဂနွန်တို၊ ဟာရစ်ဆန်နဲ့ ဆမ်းမားဗီးလ်တို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ဘမ်ဖို့ဒ်တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ယာယီနည်းပြ စကူဘာလာအနေနဲ့ မန်ယူအိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ အငိုက်ဖမ်းနိုင်ခဲ့ပေမယ့် ကိုယ့်ကွင်း အယ်လန်ရုတ်ဒ်မှာတော့ လေးလံတဲ့ မက်ကင်နီကြောင့် ဖရက်ဒ်နဲ့ ဆာဘစ်ဇာတို့ရဲ့ ကွင်းလယ်ကို ကစားကွက်ချင်း ယှဉ်ကစားဖို့ မတတ်နိုင်ခဲ့ဘဲ မာကျောတဲ့ နောက်ခံလူ စထရိုက်ခ်ကိုလည်း ဒဏ်ရာကြောင့် ဆုံးရှုံးထားခဲ့ရချိန်မှာ ခံစစ်ထိုင်ပြီး ကောင်တာချောင်းကစားဖို့ပဲ လုပ်ခဲ့ရတာဖြစ်ပါတယ်။ ပွဲချိန် ၄ မိနစ်မှာ ဖရီးကစ်ကနေ ဆမ်းမားဗီးလ်ရဲ့ ပိတ်သွင်းမှုက ဘားပေါ်က ကပ်ထွက်သွားခဲ့လို့ အိမ်ရှင်တွေ နစ်နာခဲ့ရပြီး ဒီနောက်ပိုင်းမှာတော့ ပွဲကို ယူနိုက်တက်တို့က ထိန်းကစားခဲ့ပေမယ့် အပိုင်အခွင့်အရေး ဖန်တီးမှုပိုင်းမှာ အလုပ်မဖြစ်ခဲ့သလို ခေါင်းကြီး မက်ဂွိုင်းယားနဲ့ မာလာစီယာတို့ကလည်း ကစားကွက်ကို ဖျက်နေခဲ့လို့ ထိရောက်တဲ့ ကစားဟန်ကိုတော့ မပြသနိုင်ဘဲဖြစ်နေခဲ့တာပါ။ မာလာစီယာရဲ့ ခံစစ်မှာ အချိုးမပြေမှုတွေနဲ့ ကြမ်းတမ်းမှုတွေက အဝါမထိတာဘဲ တော်လွန်းလှသလို လိဒ်စ်တို့ အဆုံးသတ်ပိုင်းတွေ ညံ့ဖျင်းပြီး ဂိုးသမား ဒဟေးယား အမှားအယွင်းမရှိ တားဆီးနေနိုင်လို့သာ ပထမပိုင်းမှာ ယူနိုက်တက်တို့ ဂိုးမပေးခဲ့ရတာဖြစ်ပြီး လက်ပတ်ကြီးနဲ့ ခေါင်းကြီးကတော့ ထုံးစံအတိုင်း ဆဲဖတ်ပဲဖြစ်ခဲ့ရပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာ ဗိုဘာဆီကနေ ဘောလုံးလုယူနိုင်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ရဲ့ တစ်ကိုယ်တော် ကန်ခွင့်က လိဒ်စ်ဂိုးသမား မေလီယေးရဲ့ ခြေထောက်တည့်တည့်ကို ကန်မိခဲ့လို့ ယူနိုက်တက်တို့ အဖွင့်ဂိုးနဲ့ လွဲချော်ခဲ့ရသလို ပထမပိုင်းမှာတော့ ဂိုးမရှိသရေကျနေခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ ဆမ်းမားဗီးလ်က ဒဟေးယားကို ဧရိယာအစပ်ကနေ အနိမ့်ဘောကန်ပြီး စတင်ခြိမ်းခြောက်နိုင်ခဲ့တာပါ။ ယူနိုက်တက်ခံစစ်က ပေးပို့မှု အမှားတွေကိုတော့ လိဒ်စ်တိုက်စစ်က အခွင့်အရေး မယူနိုင်ခဲ့ဘဲ ဂိုးရှေ့မှာ အစေးမကပ်ဘဲဖြစ်နေတဲ့ ဘမ်ဖို့ဒ်နဲ့ ဟာရစ်ဆန်တို့ကြောင့် ရှင်းထုတ်ခံခဲ့ရသလို ပွဲချိန် ၆၁ မိနစ်မှာတော့ သုံးစားမရတဲ့ မာလာစီယာနဲ့ ဆန်ချိုအစား လီဆန်ဒရို မာတီနက်ဇ်နဲ့ ဂါနာချိုကို ထည့်ပြီး လုခ်ရှောကို ဘယ်တောင်ပံ ထုတ်လိုက်တော့မှ ဧည့်သည်တွေရဲ့ ကစားကွက် ပိုအသားကျလာခဲ့ပါတယ်။

နှစ်ဖက်အပြန်အလှန် တိုက်စစ်ဆင်ကစားနေခဲ့ကြတာကြောင့် ပွဲက ပိုကြည့်ကောင်းခဲ့ပြီး ဒါလော့ရဲ့ ကန်ချက် ဘားထိထွက်ခဲ့သလို လိဒ်စ်ကပ္ပတိန် အေးလင်းရဲ့ ကန်ချက်တွေနဲ့ ဆမ်းမားဗီးလ်၊ ဂနွန်တိုတို့ရဲ့ လျှပ်တစ်ပြက် ခြိမ်းခြောက်မှုတွေကိုလည်း ဒဟေးယားက တည်တည်ငြိမ်ငြိမ်နဲ့ လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့လို့ ယူနိုက်တက်တို့ အဝေးကွင်းမှာ တောင့်ခံနိုင်ခဲ့တာပါ။ပွဲချိန် မိနစ် ၈၀ မှာတော့ ယူနိုက်တက်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဆာဘစ်ဇာရဲ့ ဘယ်ခြမ်းကို အငိုက်ဖမ်းပြီး ဖြတ်တင်ပေးမှုကို လုခ်ရှောက ဂိုးရှေ့ကို ပြန်မ,ပေးခဲ့ရာမှာ သူ့ကို ကပ်ထားတဲ့ ဗိုဘာကို ခွာထွက်သွားခဲ့တဲ့ ရက်ရှ်ဖို့ဒ်က တိကျတဲ့ ခေါင်းတိုက်ချက်နဲ့ ဂိုးသွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာ ယူနိုက်တက်တို့ပဲ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်မှာ လေးလံထိုင်းမှိုင်းနေတဲ့ ဖက်တီး မက်ကင်နီဆီကနေ ဖရက်ဒ်က လုယူပေးခဲ့ပြီး ဗက်ဂ်ဟော့စ်က ဘယ်ခြမ်းကို ခင်းပေးခဲ့ရာမှာ ဂါနာချိုက တောင်ပံတောက်လျှောက်ဆွဲပြေးပြီးမှာ ဧရိယာထဲ အရောက်မှာ ထောင့်ကျဉ်းထဲကို အပြင်းကန်သွင်းယူသွားခဲ့တာပါ။ ပွဲချိန် မိနစ် ၉၀ မှာ ဘရူနို ဖာနန်ဒက်စ် ပေးတာကနေ ရက်ရှ်ဖို့ဒ်က ဂိုးထဲ ကန်ထည့်နိုင်ခဲ့ပေမယ့် လူကျွံနေခဲ့တဲ့နောက်မှာတော့ အီလန်ဂါနဲ့ လူစားလဲပြီး အနားပေးသွားခဲ့သလို နာကျင်အချိန်ပိုမှာ ဗက်ဂ်ဟော့စ်က ထောင့်ကန်ဘောကနေ ဂိုးထပ်သွင်းခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် ယူနိုက်တက်တို့ နှစ်ဂိုး-ဂိုးမရှိ နိုင်ပွဲနဲ့ပဲ နှစ်သိမ့်ခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ မန်စီးတီးတို့ မကစားခင်မှာ ဒုတိယနေရာကို ခဏတာ သိမ်းပိုက်နိုင်ခဲ့သလို လာမယ့် ပွဲတွေမှာ ပိုမိုတည်ငြိမ်တဲ့ ပုံစံကောင်းနဲ့ ဇယားထိပ်ပိုင်းကို ခြိမ်းခြောက်မွှေနှောက်တော့မယ်ဆိုတာကိုလည်း သတိပေးလိုက်ပြီး တန်ဟတ်ရဲ့လူတွေ ဖေဖော်ဝါရီမှာ ပြန်လည်ထကြွနိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *