ရန္းဂ္နစ္ရဲ႕High Pressing ကစားပုံေအာက္မွာျမင္ေတြ႕ရဖြယ္ရွိေနတဲ့သရဲနီပြဲထြက္လူစာရင္း

ရန္းဂ္နစ္ရဲ႕High Pressing ကစားပုံေအာက္မွာျမင္ေတြ႕ရဖြယ္ရွိေနတဲ့သရဲနီပြဲထြက္လူစာရင္း

မန္ခ်က္စတာ ယူႏိုက္တက္ဟာ ရာသီကုန္မတိုင္ခင္အထိ ကလပ္ကို ယာယီကိုင္တြယ္ေပးဖို႔ ရက္ဖ္ ရန္းနစ္ ဦးေဆာင္သြားမယ့္ အေၾကာင္းကို တရားဝင္ေၾကညာခဲ့ၿပီ ျဖစ္ပါတယ္။ေဘာလုံးေလာကရဲ႕ တျခားေသာ ထိပ္တန္းနည္းျပမ်ားစြာၾကား ဂု႐ုတစ္ေယာက္အျဖစ္ သတ္မွတ္ခံထားရတဲ့ ရန္းနစ္ရဲ႕ မွတ္တမ္းဟာ ဂ်ာမနီမွာသာ အမ်ားဆုံး ရွိခဲ့တာေၾကာင့္ ယူႏိုက္တက္ ပရိသတ္တိုင္းနဲ႔ သိပ္ၿပီး ရင္းႏွီးမႈ မရွိပါဘူး။ လိုက္ဇစ္မွာ သူဦးေဆာင္ခဲ့တဲ့ ကာလေတြအတြင္း ဘြန္ဒက္စ္လီဂါ အိမ္ျဖည့္အဆင့္ကေန ဖလား စိန္ေခၚႏိုင္သူေတြအျဖစ္ တိုးတက္ေျပာင္းလဲလာခဲ့ပါတယ္။

 

ရန္းနစ္ရဲ႕ ေနရာအသစ္ကို အတည္ျပဳလိုက္ျခင္းေၾကာင့္ ဂ်ာမာန္သားဟာ ယူႏိုက္တက္ကို ဖလားလမ္းေၾကာင္းေပၚ ျပန္တင္ေပးရမယ့္ ႀကီးမားတဲ့ တာဝန္တစ္ရပ္ကို ကိုင္တြယ္ရေတာ့မွာ ျဖစ္ပါတယ္။ ရန္းနစ္ဟာ လက္က်န္ရာသီအတြက္ပဲ အိုးထရက္ဖို႔ဒ္ နည္းျပ ထိုင္ခုံမွာ ရွိေနမွာျဖစ္ေပမယ့္ အတိုင္ပင္ခံအေနနဲ႔ မန္ခ်က္စတာမွာ ေနာက္ထပ္ ၂ ႏွစ္အထိ ဆက္ရွိေနမွာပါ။ရန္းနစ္ဟာ ဖိအားေပးကစားပုံရဲ႕ ေခါင္းကိုင္ဖခင္လည္း ျဖစ္တာေၾကာင့္ သူ႔လက္ေအာက္ ပြဲအနည္းငယ္ အၾကာမွာပဲ ယူႏိုက္တက္ရဲ႕ လႈပ္အားႏႈန္းျဖင့္ အားထုတ္ျခင္း အခ်က္အလက္ေတြက တဟုန္ထိုး တိုးတက္သြားႏိုင္ပါတယ္။ အာဆင္နယ္ပြဲကို သူကိုင္တြယ္ႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ေပမယ့္ ဒီဇင္ဘာလ ၅ ရက္ေန႔ ပဲေလစ့္နဲ႔ပြဲကိုေတာ့ သူ ကိုင္တြယ္ဖို႔ ေမွ်ာ္လင့္ရပါတယ္။

႐ုရွားကို မေရာက္ခင္အထိ ဂ်ာမန္ေဘာလုံးေလာကရဲ႕ အားထားရသူတစ္ေယာက္ ျဖစ္ခဲ့တဲ့ ရန္းနစ္ဟာ သူ႔ရဲ႕ ေဘာလုံးအေတြးအျမင္ကို ထုတ္ေျပာမႈေတြပါ လုပ္ခဲ့ေသးတာ ျဖစ္ပါတယ္။“ Gegenpressing ကစားပုံက ကိုယ္လိုခ်င္တာကို ဖန္တီးယူတတ္တဲ့ ပုံစံမ်ိဳးပါ။ ကေလာ့ပ္ လက္ေအာက္ ေဒါ့မြန္၊ လီဗာပူးတို႔ ကစားတဲ့ပုံနဲ႔ ဆင္တူပါတယ္။ ကြၽန္ေတာ္တို႔က သိပ္ျပင္းထန္တဲ့ တန္ျပန္ဖိအားေပးပုံနဲ႔ ကစားတယ္။ ကြၽန္ေတာ္တို႔မွာ ေဘာလုံးရွိရင္ ေဘးတိုက္ေတြ၊ ေနာက္ျပန္ေတြမေပးဘူး၊ ေရွ႕ကိုပဲ သြားတယ္။ဂိုးသမားကလည္း ေဘာလုံးနဲ႔ ထိေတြ႕မႈအရွိဆုံး သူတစ္ေယာက္ မျဖစ္သင့္ဘူး။ လိဂ္တိုင္း၊ ႏိုင္ငံတိုင္းနီးပါးမွာ ဂိုးသမားက နည္းစနစ္ပိုင္းအရ ကြင္းထဲမွာ လုပ္ပိုင္ခြင့္ ကန႔္သတ္ခံရဆုံး ကစားသမားျဖစ္တယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔က သူ႔ကို ေဘာလုံးနဲ႔ အထိ အနည္းဆုံးျဖစ္ေအာင္ ကစားဖို႔ လိုတယ္။ဒီစနစ္က လ်င္ျမန္တယ္၊ လိုခ်င္သလို လုပ္ယူတတ္တယ္၊ တိုက္စစ္၊ တန္ျပန္တိုက္စစ္၊ တန္ျပန္ဖိအားေပးကစားၿပီး စိတ္လႈပ္ရွားစရာေကာင္းတဲ့၊ ေဖ်ာ္ေျဖမႈေပးႏိုင္တဲ့ ကစားပုံမ်ိဳးပါ”လို႔ ရန္းနစ္က ေျပာျပခဲ့ေသးတာပါ။

 

ဗန္ဒီဘိခ္၊ ဆန္ခ်ိဳ အပါအဝင္ ဆိုးရွားလက္ေအာက္ အႏွိမ္ခံထားရတဲ့ ကစားသမားမ်ားစြာဟာ ရန္းနစ္ ေရာက္လာတဲ့ ေနာက္ပိုင္းမွာ သူတို႔ရဲ႕ ယူႏိုက္တက္ ကစားသမားဘဝကို ျပန္လည္ ရွင္သန္လာႏိုင္ပါတယ္။ရန္းနစ္က သူ႔အသင္းေတြကို အလြန္လ်င္ျမန္တဲ့ အရွိန္အဟုန္နဲ႔ ကစားေစတတ္တာေၾကာင့္ ဆန္ခ်ိဳနဲ႔ ရက္ဖို႔ဒ္ ဒါမွမဟုတ္ ေမဆန္ဂရင္းဝုဒ္ တစ္ေယာက္ေယာက္က ေတာင္ပံေနရာေတြမွာ ကစားရႏိုင္ပါတယ္။ မာရွယ္ရဲ႕ စတိုင္ကေတာ့ ရန္းနစ္လိုခ်င္တဲ့ ပုံစံနဲ႔ မကိုက္ညီတာေၾကာင့္ ၎ဟာ ထပ္ၿပီးေတာ့ ကစားခ်ိန္ ကန႔္သတ္ခံရဦးမွာပါ။ ဗန္ဒီဘီ- ယူႏိုက္တက္ မွလုပ္အားႏႈန္း အေကာင္းဆုံးကစားသမားေတြထဲက တစ္ေယာက္ပါ။ ဒါ့အျပင္ေဘာလုံးအျမင္လည္း ရွိသူတစ္ေယာက္ မို႔ Counter pass ေတြအဓိက ထားသုံးတဲ့ ရန္းနစ္တစ္ေယာက္ကေတာ့ဗန္ဒီဘီကို အႀကိဳက္ေတြ႕ဦးမယ္တိုတာ အေသအခ်ာပါပဲ။ ရန္းနစ္လက္ေအာက္ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ျဖစ္ႏိုင္ဖြယ္ လူစာရင္းကေတာ့ – ဒီဂီယာ၊ ဝမ္ဘစ္ဆာကာ၊ မက္ဂြဲယား၊ ဗာရန္း၊ ေရွာ၊ ေတာ္မီေနး၊ ဖာနန္ဒက္စ္၊ ဗန္ဒီဘိခ္၊ ဆန္ခ်ိဳ၊ ေရာ္နယ္ဒို၊ ရက္ဖိုဒ့္တို႔ပဲ ျဖစ္ပါတယ္။
crd

unicode

ရန်းဂ်နစ်ရဲ့High Pressing ကစားပုံအောက်မှာမြင်တွေ့ရဖွယ်ရှိနေတဲ့သရဲနီပွဲထွက်လူစာရင်း

မန်ချက်စတာ ယူနိုက်တက်ဟာ ရာသီကုန်မတိုင်ခင်အထိ ကလပ်ကို ယာယီကိုင်တွယ်ပေးဖို့ ရက်ဖ် ရန်းနစ် ဦးဆောင်သွားမယ့် အကြောင်းကို တရားဝင်ကြေညာခဲ့ပြီ ဖြစ်ပါတယ်။ဘောလုံးလောကရဲ့ တခြားသော ထိပ်တန်းနည်းပြများစွာကြား ဂုရုတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ ရန်းနစ်ရဲ့ မှတ်တမ်းဟာ ဂျာမနီမှာသာ အများဆုံး ရှိခဲ့တာကြောင့် ယူနိုက်တက် ပရိသတ်တိုင်းနဲ့ သိပ်ပြီး ရင်းနှီးမှု မရှိပါဘူး။ လိုက်ဇစ်မှာ သူဦးဆောင်ခဲ့တဲ့ ကာလတွေအတွင်း ဘွန်ဒက်စ်လီဂါ အိမ်ဖြည့်အဆင့်ကနေ ဖလား စိန်ခေါ်နိုင်သူတွေအဖြစ် တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။

 

ရန်းနစ်ရဲ့ နေရာအသစ်ကို အတည်ပြုလိုက်ခြင်းကြောင့် ဂျာမာန်သားဟာ ယူနိုက်တက်ကို ဖလားလမ်းကြောင်းပေါ် ပြန်တင်ပေးရမယ့် ကြီးမားတဲ့ တာဝန်တစ်ရပ်ကို ကိုင်တွယ်ရတော့မှာ ဖြစ်ပါတယ်။ ရန်းနစ်ဟာ လက်ကျန်ရာသီအတွက်ပဲ အိုးထရက်ဖို့ဒ် နည်းပြ ထိုင်ခုံမှာ ရှိနေမှာဖြစ်ပေမယ့် အတိုင်ပင်ခံအနေနဲ့ မန်ချက်စတာမှာ နောက်ထပ် ၂ နှစ်အထိ ဆက်ရှိနေမှာပါ။ရန်းနစ်ဟာ ဖိအားပေးကစားပုံရဲ့ ခေါင်းကိုင်ဖခင်လည်း ဖြစ်တာကြောင့် သူ့လက်အောက် ပွဲအနည်းငယ် အကြာမှာပဲ ယူနိုက်တက်ရဲ့ လှုပ်အားနှုန်းဖြင့် အားထုတ်ခြင်း အချက်အလက်တွေက တဟုန်ထိုး တိုးတက်သွားနိုင်ပါတယ်။ အာဆင်နယ်ပွဲကို သူကိုင်တွယ်နိုင်မလား စောင့်ကြည့်ရမှာဖြစ်ပေမယ့် ဒီဇင်ဘာလ ၅ ရက်နေ့ ပဲလေစ့်နဲ့ပွဲကိုတော့ သူ ကိုင်တွယ်ဖို့ မျှော်လင့်ရပါတယ်။

ရုရှားကို မရောက်ခင်အထိ ဂျာမန်ဘောလုံးလောကရဲ့ အားထားရသူတစ်ယောက် ဖြစ်ခဲ့တဲ့ ရန်းနစ်ဟာ သူ့ရဲ့ ဘောလုံးအတွေးအမြင်ကို ထုတ်ပြောမှုတွေပါ လုပ်ခဲ့သေးတာ ဖြစ်ပါတယ်။“ Gegenpressing ကစားပုံက ကိုယ်လိုချင်တာကို ဖန်တီးယူတတ်တဲ့ ပုံစံမျိုးပါ။ ကလော့ပ် လက်အောက် ဒေါ့မွန်၊ လီဗာပူးတို့ ကစားတဲ့ပုံနဲ့ ဆင်တူပါတယ်။ ကျွန်တော်တို့က သိပ်ပြင်းထန်တဲ့ တန်ပြန်ဖိအားပေးပုံနဲ့ ကစားတယ်။ ကျွန်တော်တို့မှာ ဘောလုံးရှိရင် ဘေးတိုက်တွေ၊ နောက်ပြန်တွေမပေးဘူး၊ ရှေ့ကိုပဲ သွားတယ်။ဂိုးသမားကလည်း ဘောလုံးနဲ့ ထိတွေ့မှုအရှိဆုံး သူတစ်ယောက် မဖြစ်သင့်ဘူး။ လိဂ်တိုင်း၊ နိုင်ငံတိုင်းနီးပါးမှာ ဂိုးသမားက နည်းစနစ်ပိုင်းအရ ကွင်းထဲမှာ လုပ်ပိုင်ခွင့် ကန့်သတ်ခံရဆုံး ကစားသမားဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့က သူ့ကို ဘောလုံးနဲ့ အထိ အနည်းဆုံးဖြစ်အောင် ကစားဖို့ လိုတယ်။ဒီစနစ်က လျင်မြန်တယ်၊ လိုချင်သလို လုပ်ယူတတ်တယ်၊ တိုက်စစ်၊ တန်ပြန်တိုက်စစ်၊ တန်ပြန်ဖိအားပေးကစားပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့၊ ဖျော်ဖြေမှုပေးနိုင်တဲ့ ကစားပုံမျိုးပါ”လို့ ရန်းနစ်က ပြောပြခဲ့သေးတာပါ။

 

ဗန်ဒီဘိခ်၊ ဆန်ချို အပါအဝင် ဆိုးရှားလက်အောက် အနှိမ်ခံထားရတဲ့ ကစားသမားများစွာဟာ ရန်းနစ် ရောက်လာတဲ့ နောက်ပိုင်းမှာ သူတို့ရဲ့ ယူနိုက်တက် ကစားသမားဘဝကို ပြန်လည် ရှင်သန်လာနိုင်ပါတယ်။ရန်းနစ်က သူ့အသင်းတွေကို အလွန်လျင်မြန်တဲ့ အရှိန်အဟုန်နဲ့ ကစားစေတတ်တာကြောင့် ဆန်ချိုနဲ့ ရက်ဖို့ဒ် ဒါမှမဟုတ် မေဆန်ဂရင်းဝုဒ် တစ်ယောက်ယောက်က တောင်ပံနေရာတွေမှာ ကစားရနိုင်ပါတယ်။ မာရှယ်ရဲ့ စတိုင်ကတော့ ရန်းနစ်လိုချင်တဲ့ ပုံစံနဲ့ မကိုက်ညီတာကြောင့် ၎င်းဟာ ထပ်ပြီးတော့ ကစားချိန် ကန့်သတ်ခံရဦးမှာပါ။ ဗန်ဒီဘီ- ယူနိုက်တက် မှလုပ်အားနှုန်း အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။ ဒါ့အပြင်ဘောလုံးအမြင်လည်း ရှိသူတစ်ယောက် မို့ Counter pass တွေအဓိက ထားသုံးတဲ့ ရန်းနစ်တစ်ယောက်ကတော့ဗန်ဒီဘီကို အကြိုက်တွေ့ဦးမယ်တိုတာ အသေအချာပါပဲ။ ရန်းနစ်လက်အောက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဖြစ်နိုင်ဖွယ် လူစာရင်းကတော့ – ဒီဂီယာ၊ ဝမ်ဘစ်ဆာကာ၊ မက်ဂွဲယား၊ ဗာရန်း၊ ရှော၊ တော်မီနေး၊ ဖာနန်ဒက်စ်၊ ဗန်ဒီဘိခ်၊ ဆန်ချို၊ ရော်နယ်ဒို၊ ရက်ဖိုဒ့်တို့ပဲ ဖြစ်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *