ရန္သူေတာ္ေဟာင္းႀကီးဆီႁမြန္နီႏွင့္ျပန္ဆုံရေတာ့မယ့္ သရဲနီ စီေရာ္နယ္ဒို

ရန္သူေတာ္ေဟာင္းႀကီးဆီႁမြန္နီႏွင့္ျပန္ဆုံရေတာ့မယ့္ သရဲနီ စီေရာ္နယ္ဒို

ခ်န္ပီယံလိဂ္ ရႈံးထြက္အဆင့္အတြက္ မဲႏႈိက္ရာမွာ ယူႏိုက္တက္ဟာ PSGနဲ႔ က်ခဲ့ေပမယ့္ နည္းပညာျပသနာနဲ႔ အသင္းမ်ားကေစာဒဂတက္တာေၾကာင့္ ေနာက္တႀကိမ္မဲျပန္ႏႈိက္ခဲ့ရပါတယ္။ဒီတႀကိမ္မွာေတာ့ သရဲနီေတြဟာ ေရာ္နယ္ဒိုရဲ႕ငယ္ႏိုင္အသင္းျဖစ္တဲ့ အက္သလက္တီကိုနဲ႔ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။အက္သလက္တီကိုနည္းျပ ဆီႁမြန္နီဟာ သူ႔အသည္းကို အႀကိမ္ႀကိမ္ခြဲခဲ့တဲ့ ေရာ္နယ္ဒိုနဲ႔ ယွဥ္ၿပိဳင္ရမွာကို လိုလားမွာမဟုတ္ပါဘူး။တစ္ခ်ိန္က ဆီႁမြန္နီက အင္တာဗ်ဴးတစ္ခုမွာ “ေရာ္နယ္ဒိုက အေကာင္းဆုံးထဲက တစ္ေယာက္ဗ်။ သူသာ ေဘာလုံးသမားတစ္ေယာက္မဟုတ္ခဲ့ရင္ က်ေနာ္ အက္သလက္တီကိုအသင္းနဲ႔ UCL ဖလား ၃ လုံးေလာက္ရၿပီးေနေလာက္ၿပီ “လို႔ အ႐ြံ႕ေဖာက္ ေျပာဆိုခဲ့တယ္။

 

သူအဲ့လိုေျပာရတာကလည္း အေၾကာင္းရွိတယ္ဗ်။ ေရာ္နယ္တို႔ႏွင့္ ဆီႁမြန္နီတို႔က ၿပိဳင္ဘက္ေတြအျဖစ္ အႀကိမ္ႀကိမ္ေတြ႕ဆုံခဲ့ဖူးၾကတယ္။အဲ့ဒိထဲမွာမွ ေရာ္နယ္ဒိုဟာ ဆီႁမြန္နီကို UCL ကေန ထြက္ရေအာင္ ၅ႀကိမ္အထိ ျပဳလုပ္ထားဖူးတယ္။ (၂၀၁၄ ဖိုင္နယ္၊ ၂၀၁၅ ကြာတား၊၂၀၁၆ ဖိုင္နယ္၊ ၂၀၁၇ ဆီမီး၊၂၀၁၉ ရႈံးထြက္) သူတို႔ႏွစ္ေယာက္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈမွာလည္း ဆီႁမြန္နီက အိမ္ကြင္းမွာ ဂ်ဴဗီကို ၃ ဂိုးျပတ္ျဖင့္ ပထမအေက်ာ့မွာ အႏိုင္ရရွိခဲ့တယ္။ဒုတိယအေက်ာ့လည္း ဂ်ဴဗီကြင္းလည္း ေရာက္ေရာ ေရာ္နယ္ဒိုက ကိုယ္တိုင္ဟက္ထရစ္သြင္းယူကာ ဆီႁမြန္နီကို ၿပိဳင္ပြဲကေန ထြက္ခြာေစခဲ့ပါတယ္။

ေရာ္နယ္ဒို ဂ်ဳဗင္တပ္စ္မွာကစားေနစဥ္က ဆီႁမြန္နီရဲ႕ အက္သလက္တီကိုနဲ႔ ခ်န္ပီယံလိဂ္မွာ ထိပ္တိုက္ေတြ႕ဆုံခဲ့ရာ ပထမအေက်ာ့မွာ အက္သလက္တီကိုက 2-0 နဲ႔အႏိုင္ရခဲ့ပါတယ္။ဆီႁမြန္နီဟာ သူ႔အသင္းက ဂ်ဳဗင္တပ္စ္ကို ဒုတိယအႏိုင္ဂိုးသြင္းယူၿပီးခ်ိန္မွာ မထိန္းႏိုင္ဘဲ ပရိသတ္ဘက္လွည့္ကာ သူ႔ရဲ႕ ညီေလးကို ကိုင္ၿပီး ျပင္းထန္စြာ ေအာင္ပြဲခံခဲ့ပါတယ္။“ဆိုလိုတာက ငါတို႔မွာ ေဘာရွိတယ္၊ ေဘာလုံးေတြအမ်ားႀကီးရွိတယ္။ လာဇီယို-ဘိုေလာ့ဂ္နာမွာ ကစားသမားတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္လုပ္ခဲ့ၿပီး ကြၽန္ေတာ္တို႔ရဲ႕ ပရိသတ္ေတြကို ျပသဖို႔ ထပ္လုပ္ခဲ့ပါတယ္” ဟု ဆီႁမြန္နီ က ရွင္းျပခဲ့သည္။

 

ေရာ္နယ္ဒိုလည္း အားက်မခံ “ငါ ခ်န္ပီယံလိဂ္ ၅ ႀကိမ္ရထားၿပီးၿပီ၊ မင္းတို႔ တႀကိမ္မွမရေသးဘူး”ဆိုတာကို စကားနဲ႔မေျပာပဲ အမူအရာနဲ႔ ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။တကယ္လို႔သာ တျခားကစားသမားတေယာက္ေယာက္က အဲ့လိုလုပ္ျပခဲ့မယ္ဆိုရင္ေတာ့ အရႈံးကိုလက္မခံႏိုင္ပဲ ေမာက္မာတဲ့လုပ္ရပ္ျဖစ္မွာပါ။ဒါေပမယ့္ ထိုအမူအရာေတြက ေရာ္နယ္ဒိုကေနလာတာဆိုရင္ေတာ့ အဲ့တာက သတိေပးခ်က္တခုပါပဲ။သုံးပတ္အၾကာမွာေတာ့ ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္အတြက္ အက္သလက္တီကိုအား ဟတ္ထရစ္ သြင္းယူကာ သူေျပာခဲ့တဲ့အတိုင္း လုပ္ျပႏိုင္ခဲ့ပါတယ္။ေရာ္နယ္ဒိုဟာ သူ႔ရဲ႕ (8) ႀကိမ္ေျမာက္ဟတ္ထရစ္ကို အက္သလက္တီကိုအား သြင္းယူအၿပီးမွာေတာ့ ဆီႁမြန္နီေအာင္ပြဲခံခဲ့တဲ့ပုံစံအတိုင္း လုပ္ျပခဲ့ၿပီး လက္စား ေခ် ႏိုင္ခဲ့ပါတယ္။“ဒီညဟာ တကယ္ကို ထူးျခားတဲ့ညတစ္ညျဖစ္ရပါမယ္၊ ျဖစ္လဲျဖစ္ခဲ့ပါတယ္။”လို႔ ေရာ္နယ္ဒိုက ေျပာခဲ့ပါတယ္။“အဲဒါေၾကာင့္ ဂ်ဴဗင္တပ္က ကြၽန္ေတာ့္ကို ေခၚယူခဲ့တာပါ။

ေပၚတူဂီၾကယ္ပြင့္ ေရာ္နယ္ဒိုရဲ႕ ေအာင္ျမင္မႈကို ၾကည့္ရႈေနတဲ့ အက္သလက္တီကိုနဲ႔ သူ႔ပရိသတ္မ်ားအတြက္ေတာ့ မေမ့ႏိုင္တဲ့ ခံစားမႈတစ္ခုျဖစ္ေနမွာပါ။ စီေရာ္နယ္ဒိုဟာ ကစားသမားဘဝတစ္ေလွ်ာက္ အက္သလက္တီကိုအသင္းနဲ႔ ၃၅ပြဲ ယွဥ္ၿပိဳင္ကစားခဲ့ဖူးၿပီး ၂၅ဂိုးသြင္းယူကာ ဂိုးဖန္တီမႈ ၉ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။လက္ရွိမွာလည္း စီေရာ္နယ္ဒိုရဲ႕ မန္ယူဟာ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္မွာ ဆီႁမြန္နီရဲ႕ အက္သလက္တီကိုအသင္းနဲ႔ ေတြ႕ဆုံေနပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈေတြမွာ ေရာ္နယ္ဒိုက 25 ဂိုးႏွင့္ 9ဂိုး ဖန္တီးထားႏိုင္တာက အက္သလက္တီကိုရဲ႕ အႀကီးဆုံးရန္သူတေယာက္ဆိုတာကို ျပသေနပါတယ္။
crd

unicode

ရန်သူတော်ဟောင်းကြီးဆီမြွန်နီနှင့်ပြန်ဆုံရတော့မယ့် သရဲနီ စီရော်နယ်ဒို

ချန်ပီယံလိဂ် ရှုံးထွက်အဆင့်အတွက် မဲနှိုက်ရာမှာ ယူနိုက်တက်ဟာ PSGနဲ့ ကျခဲ့ပေမယ့် နည်းပညာပြသနာနဲ့ အသင်းများကစောဒဂတက်တာကြောင့် နောက်တကြိမ်မဲပြန်နှိုက်ခဲ့ရပါတယ်။ဒီတကြိမ်မှာတော့ သရဲနီတွေဟာ ရော်နယ်ဒိုရဲ့ငယ်နိုင်အသင်းဖြစ်တဲ့ အက်သလက်တီကိုနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။အက်သလက်တီကိုနည်းပြ ဆီမြွန်နီဟာ သူ့အသည်းကို အကြိမ်ကြိမ်ခွဲခဲ့တဲ့ ရော်နယ်ဒိုနဲ့ ယှဉ်ပြိုင်ရမှာကို လိုလားမှာမဟုတ်ပါဘူး။တစ်ချိန်က ဆီမြွန်နီက အင်တာဗျူးတစ်ခုမှာ “ရော်နယ်ဒိုက အကောင်းဆုံးထဲက တစ်ယောက်ဗျ။ သူသာ ဘောလုံးသမားတစ်ယောက်မဟုတ်ခဲ့ရင် ကျနော် အက်သလက်တီကိုအသင်းနဲ့ UCL ဖလား ၃ လုံးလောက်ရပြီးနေလောက်ပြီ “လို့ အရွံ့ဖောက် ပြောဆိုခဲ့တယ်။

သူအဲ့လိုပြောရတာကလည်း အကြောင်းရှိတယ်ဗျ။ ရော်နယ်တို့နှင့် ဆီမြွန်နီတို့က ပြိုင်ဘက်တွေအဖြစ် အကြိမ်ကြိမ်တွေ့ဆုံခဲ့ဖူးကြတယ်။အဲ့ဒိထဲမှာမှ ရော်နယ်ဒိုဟာ ဆီမြွန်နီကို UCL ကနေ ထွက်ရအောင် ၅ကြိမ်အထိ ပြုလုပ်ထားဖူးတယ်။ (၂၀၁၄ ဖိုင်နယ်၊ ၂၀၁၅ ကွာတား၊၂၀၁၆ ဖိုင်နယ်၊ ၂၀၁၇ ဆီမီး၊၂၀၁၉ ရှုံးထွက်) သူတို့နှစ်ယောက် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှုမှာလည်း ဆီမြွန်နီက အိမ်ကွင်းမှာ ဂျူဗီကို ၃ ဂိုးပြတ်ဖြင့် ပထမအကျော့မှာ အနိုင်ရရှိခဲ့တယ်။ဒုတိယအကျော့လည်း ဂျူဗီကွင်းလည်း ရောက်ရော ရော်နယ်ဒိုက ကိုယ်တိုင်ဟက်ထရစ်သွင်းယူကာ ဆီမြွန်နီကို ပြိုင်ပွဲကနေ ထွက်ခွာစေခဲ့ပါတယ်။

ရော်နယ်ဒို ဂျုဗင်တပ်စ်မှာကစားနေစဉ်က ဆီမြွန်နီရဲ့ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ရာ ပထမအကျော့မှာ အက်သလက်တီကိုက 2-0 နဲ့အနိုင်ရခဲ့ပါတယ်။ဆီမြွန်နီဟာ သူ့အသင်းက ဂျုဗင်တပ်စ်ကို ဒုတိယအနိုင်ဂိုးသွင်းယူပြီးချိန်မှာ မထိန်းနိုင်ဘဲ ပရိသတ်ဘက်လှည့်ကာ သူ့ရဲ့ ညီလေးကို ကိုင်ပြီး ပြင်းထန်စွာ အောင်ပွဲခံခဲ့ပါတယ်။“ဆိုလိုတာက ငါတို့မှာ ဘောရှိတယ်၊ ဘောလုံးတွေအများကြီးရှိတယ်။ လာဇီယို-ဘိုလော့ဂ်နာမှာ ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော်လုပ်ခဲ့ပြီး ကျွန်တော်တို့ရဲ့ ပရိသတ်တွေကို ပြသဖို့ ထပ်လုပ်ခဲ့ပါတယ်” ဟု ဆီမြွန်နီ က ရှင်းပြခဲ့သည်။

ရော်နယ်ဒိုလည်း အားကျမခံ “ငါ ချန်ပီယံလိဂ် ၅ ကြိမ်ရထားပြီးပြီ၊ မင်းတို့ တကြိမ်မှမရသေးဘူး”ဆိုတာကို စကားနဲ့မပြောပဲ အမူအရာနဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။တကယ်လို့သာ တခြားကစားသမားတယောက်ယောက်က အဲ့လိုလုပ်ပြခဲ့မယ်ဆိုရင်တော့ အရှုံးကိုလက်မခံနိုင်ပဲ မောက်မာတဲ့လုပ်ရပ်ဖြစ်မှာပါ။ဒါပေမယ့် ထိုအမူအရာတွေက ရော်နယ်ဒိုကနေလာတာဆိုရင်တော့ အဲ့တာက သတိပေးချက်တခုပါပဲ။သုံးပတ်အကြာမှာတော့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အတွက် အက်သလက်တီကိုအား ဟတ်ထရစ် သွင်းယူကာ သူပြောခဲ့တဲ့အတိုင်း လုပ်ပြနိုင်ခဲ့ပါတယ်။ရော်နယ်ဒိုဟာ သူ့ရဲ့ (8) ကြိမ်မြောက်ဟတ်ထရစ်ကို အက်သလက်တီကိုအား သွင်းယူအပြီးမှာတော့ ဆီမြွန်နီအောင်ပွဲခံခဲ့တဲ့ပုံစံအတိုင်း လုပ်ပြခဲ့ပြီး လက်စား ချေ နိုင်ခဲ့ပါတယ်။“ဒီညဟာ တကယ်ကို ထူးခြားတဲ့ညတစ်ညဖြစ်ရပါမယ်၊ ဖြစ်လဲဖြစ်ခဲ့ပါတယ်။”လို့ ရော်နယ်ဒိုက ပြောခဲ့ပါတယ်။“အဲဒါကြောင့် ဂျူဗင်တပ်က ကျွန်တော့်ကို ခေါ်ယူခဲ့တာပါ။

ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒိုရဲ့ အောင်မြင်မှုကို ကြည့်ရှုနေတဲ့ အက်သလက်တီကိုနဲ့ သူ့ပရိသတ်များအတွက်တော့ မမေ့နိုင်တဲ့ ခံစားမှုတစ်ခုဖြစ်နေမှာပါ။ စီရော်နယ်ဒိုဟာ ကစားသမားဘဝတစ်လျှောက် အက်သလက်တီကိုအသင်းနဲ့ ၃၅ပွဲ ယှဉ်ပြိုင်ကစားခဲ့ဖူးပြီး ၂၅ဂိုးသွင်းယူကာ ဂိုးဖန်တီမှု ၉ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။လက်ရှိမှာလည်း စီရော်နယ်ဒိုရဲ့ မန်ယူဟာ ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ ဆီမြွန်နီရဲ့ အက်သလက်တီကိုအသင်းနဲ့ တွေ့ဆုံနေပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ရော်နယ်ဒိုက 25 ဂိုးနှင့် 9ဂိုး ဖန်တီးထားနိုင်တာက အက်သလက်တီကိုရဲ့ အကြီးဆုံးရန်သူတယောက်ဆိုတာကို ပြသနေပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *