ရက္ရွ္ဖို႔ဒ္ရဲ႕ေျခစြမ္းတိုးတက္လာမႈေတြက goat ႀကီးထံမွဆင္းသက္လာတယ္လို႔ယုံၾကည္ေနတဲ့ သရဲနီပရိသတ္မ်ား

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းရဲ႕ တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ တနဂၤေႏြညက ဝက္စ္ဟမ္း အသင္းကို ၁-၀ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲအၿပီးမွာ အသင္းနဲ႔ ပတ္သက္ၿပီး အေပါင္းလကၡဏာေဆာင္တဲ့ တုံ႔ျပန္မႈမ်ိဳး ျပဳလုပ္သြားခဲ့ပါတယ္။ ယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟဂ္ဟာ အသက္ ၃၇ႏွစ္အ႐ြယ္ ကစားသမားႀကီး အတြက္ ဒီရာသီ တတိယေျမာက္ ပြဲထြက္ ကစားသမားအျဖစ္ ပါဝင္ခြင့္ ေပးခဲ့ၿပီး၊ ဝက္စ္ဟမ္းနဲ႔ပြဲဟာ ေရာ္နယ္လ္ဒိုရဲ႕ ဒီရာသီ ပြဲခ်ိန္ျပည့္ ကစားရတဲ့ ဒုတိယေျမာက္ပြဲ ျဖစ္ခဲ့ပါတယ္။ ေရာ္နယ္လ္ဒိုဟာ ဝက္စ္ဟမ္းနဲ႔ပြဲ မတိုင္မီ ယခုႏွစ္ ေဘာလုံးရာသီ ပရီးမီးယားလိဂ္မွာ ပြဲခ်ိန္ျပည့္ ပါဝင္ ကစားခြင့္ရခဲ့တာ တပြဲသာရွိပါတယ္။ အဆိုပါ ပြဲကေတာ့ ၿပီးခဲ့တဲ့ ဩဂုတ္လက သရဲနီတို႔ ဘရန္႔ဖို႔ဒ္ အသင္းကို ၄-၀ဂိုးနဲ႔ အရွက္တကြဲ ရႈံးနိမ့္ခဲ့တဲ့ပြဲပါ။

ဒီေပၚတူဂီ ၾကယ္ပြင့္ဟာ ေတာ့တင္ဟမ္ ေဟာ့စပါး အသင္းကို ၂-၀ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ လူစားဝင္ ကစားသမား အျဖစ္ ပါဝင္ဖို႔ ျငင္းဆန္ခဲ့ၿပီး ပြဲမၿပီးခင္ ကြင္းထဲက ထြက္ခြာခဲ့တာေၾကာင့္ လူငယ္ အသင္းနဲ႔ ေလ့က်င့္ခန္းဆင္းဖို႔ ျပစ္ဒဏ္ ခ်မွတ္ခံခဲ့ရပါတယ္။ အဲဒီေနာက္ သူဟာ ယူ႐ိုပါလိဂ္ ပြဲစဥ္အျဖစ္ ရွရစ္ဖ္ အသင္းကို ၃-၀ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ကလပ္အသင္း အဆင့္ သြင္းဂိုး ၇၀၁ဂိုးေျမာက္ကို သြင္းယူ ႏိုင္ခဲ့ၿပီး၊ ၿပီးခဲ့တဲ့ တနဂၤေႏြညက ဝက္စ္ဟမ္း အသင္းကို အႏိုင္ရခဲ့တဲ့ပြဲမွာ ပြဲအစကတည္းက ပါဝင္ခြင့္ ရခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္ တိုက္စစ္မႉးေဟာင္းဟာ ဝက္စ္ဟမ္း အသင္းနဲ႔ ကစားခဲ့တဲ့ ပြဲခ်ိန္ ဒုတိယပိုင္းမွာ သရဲနီတို႔ အတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးေတြ သြင္းယူ ေပးႏိုင္ဖို႔ ေကာင္းမြန္တဲ့ အခြင့္အေရးေတြ ရရွိခဲ့ေပမယ့္၊ သူ႔အတြက္ ၇၀၂ဂိုးေျမာက္ သြင္းဂိုးကိုေတာ့ သြင္းယူႏိုင္ခဲ့ျခင္း မရွိပါဘူး။ ဒါေပမယ့္ ဒီပြဲမွာ အသက္႐ြယ္နဲ႔ မလိုက္ေအာင္ ေရာ္နယ္လ္ဒိုရဲ႕ ႀကိဳးစား အားထုတ္မႈေတြကို ျမင္ေတြ႕ခဲ့ရတာက ယူႏိုက္တက္ ပရိတ္သတ္ေတြ အတြက္ ၾကည္ႏူးစရာ ျမင္ကြင္းမ်ိဳး ျဖစ္ခဲ့ၿပီး၊ ေပၚတူဂီ လက္ေ႐ြးစင္ အသင္းေခါင္းေဆာင္ဟာ အသင္းအတြက္ ႀကိဳးႀကိဳးစားစား ကစားေပးခဲ့တာ ျမင္ေတြ႕ခဲ့ရပါတယ္။

ေရာ္နယ္လ္ဒိုဟာ လူငယ္ အသင္းနဲ႔ ေလ့က်င့္ခန္းဆင္းရတဲ့ တပတ္တာကာလ ေက်ာ္လြန္ၿပီးေနာက္မွာ အသင္းအတြက္ ျပန္လည္ အာ႐ုံစိုက္လာတဲ့ ပုံစံမ်ိဳး ျမင္ေတြ႕ရၿပီး၊ တိုက္စစ္မႉး မားကပ္စ္ ရပ္ခ္်ဖို႔ဒ္ကလည္း ေပၚတူဂီ စူပါစတားဆီက သင္ယူမႈေတြ ျပဳလုပ္ေနပုံမ်ိဳး ေတြ႕ရပါတယ္။ဟုတ္ပါတယ္ ဝက္စ္ဟမ္း အသင္းကို အႏိုင္ရခဲ့တဲ့ပြဲမွာ မားကပ္စ္ ရပ္ခ္်ဖို႔ဒ္ရဲ႕ ခ်ိန္သားကိုက္ ေခါင္းတိုက္ပုံေတြနဲ႔ အျမင့္ခုံတဲ့ ပုံစံေတြဟာ ယခင္ကထက္ တိုးတက္လာခဲ့တာေၾကာင့္ ဒီလို တိုးတက္လာေအာင္ ေရာ္နယ္လ္ဒိုဆီက သင္ယူတာမ်ိဳး ျဖစ္ႏိုင္တယ္လို႔ သုံးသပ္ေနၾကတာပါ။ေရာ္နယ္လ္ဒိုနဲ႔ ရပ္ခ္်ဖို႔ဒ္တို႔ဟာ ဝက္စ္ဟမ္း အသင္းကို အႏိုင္ရခဲ့တဲ့ပြဲမွာ တိုက္စစ္ပိုင္း အတြက္ ေကာင္းမြန္စြာ ခ်ိတ္ဆက္ ကစားႏိုင္ခဲ့တာ ေတြ႕ရၿပီး၊ သူတို႔ႏွစ္ဦးဟာ ယူ႐ိုပါလိဂ္ ပြဲစဥ္အျဖစ္ ၾကာသပေတးညမွာ ရီးရဲလ္ဆိုစီဒက္ အသင္းနဲ႔ ပြဲအတြက္ တန္ဟဂ္ရဲ႕ ကစားသမား စာရင္းမွာ ပါဝင္လာဖို႔ ရွိေနပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ ၿပိဳင္ပြဲအရပ္ရပ္မွာ ရႈံးပြဲမရွိခဲ့တာ ၈ပြဲအထိ ရွိလာခဲ့ၿပီ ျဖစ္ၿပီး၊ ယူႏိုက္တက္ နည္းျပ အဲရစ္ တန္ဟဂ္ဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ေတာက္ပခဲ့ဖူးတဲ့ ေရာ္နယ္လ္ဒိုရဲ႕ ေန႔ရက္ေတြကို ျပန္လည္ ယူေဆာင္ေပးဖို႔ ကူညီႏိုင္လိမ့္မယ္လို႔ ယူဆေနၾကပါတယ္။ ဝက္စ္ဟမ္း အသင္းကို မန္ခ်က္စတာ ယူႏိုက္တက္ အသင္းက အႏိုင္ရၿပီးေနာက္ ေရာ္နယ္လ္ဒိုဟာ သူ႔အသင္း အႏိုင္ရတဲ့ ေအာင္ပြဲခံပုံကို သူ႔ရဲ႕ လူမႈကြန္ရက္မွာ တင္ခဲ့ၿပီး၊ ဒီအေနအထားဟာ ယူႏိုက္တက္ ပရိတ္သတ္ေတြနဲ႔ ေရာ္နယ္လ္ဒိုရဲ႕ ဆက္ဆံေရးကို ျပန္လည္ ေႏြးေထြးလာေစႏိုင္တာ အမွန္ပါပဲ။ ဒါ့အျပင္ ရပ္ခ္်ဖို႔ဒ္ကလည္း ဝက္စ္ဟမ္း အသင္းကို အႏိုင္ရခဲ့တဲ့ ပြဲအၿပီးမွာ ေအာင္ပြဲခံတဲ့ပုံကို သူ႔ရဲ႕ အင္စတာဂရမ္မွာ တင္ခဲ့ၿပီး၊ ဝက္စ္ဟမ္း အသင္းနဲ႔ပြဲမွာ ရပ္ခ္်ဖို႔ဒ္ သြင္းယူခဲ့တဲ့ဂိုးက အသင္းအတြက္ တလုံးတည္းေသာ အႏိုင္ဂိုး ျဖစ္ခဲ့တဲ့အျပင္ သူ႔အတြက္လည္း ၁၀၀ဂိုးျပည့္ေျမာက္ေစတဲ့ သြင္းဂိုး ျဖစ္ခဲ့ပါတယ္။
crd

unicode

ရက်ရှ်ဖို့ဒ်ရဲ့ခြေစွမ်းတိုးတက်လာမှုတွေက goat ကြီးထံမှဆင်းသက်လာတယ်လို့ယုံကြည်နေတဲ့ သရဲနီပရိသတ်များ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေညက ဝက်စ်ဟမ်း အသင်းကို ၁-၀ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ အသင်းနဲ့ ပတ်သက်ပြီး အပေါင်းလက္ခဏာဆောင်တဲ့ တုံ့ပြန်မှုမျိုး ပြုလုပ်သွားခဲ့ပါတယ်။ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟဂ်ဟာ အသက် ၃၇နှစ်အရွယ် ကစားသမားကြီး အတွက် ဒီရာသီ တတိယမြောက် ပွဲထွက် ကစားသမားအဖြစ် ပါဝင်ခွင့် ပေးခဲ့ပြီး၊ ဝက်စ်ဟမ်းနဲ့ပွဲဟာ ရော်နယ်လ်ဒိုရဲ့ ဒီရာသီ ပွဲချိန်ပြည့် ကစားရတဲ့ ဒုတိယမြောက်ပွဲ ဖြစ်ခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ ဝက်စ်ဟမ်းနဲ့ပွဲ မတိုင်မီ ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ပွဲချိန်ပြည့် ပါဝင် ကစားခွင့်ရခဲ့တာ တပွဲသာရှိပါတယ်။ အဆိုပါ ပွဲကတော့ ပြီးခဲ့တဲ့ ဩဂုတ်လက သရဲနီတို့ ဘရန့်ဖို့ဒ် အသင်းကို ၄-၀ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ပွဲပါ။

ဒီပေါ်တူဂီ ကြယ်ပွင့်ဟာ တော့တင်ဟမ် ဟော့စပါး အသင်းကို ၂-၀ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ် ပါဝင်ဖို့ ငြင်းဆန်ခဲ့ပြီး ပွဲမပြီးခင် ကွင်းထဲက ထွက်ခွာခဲ့တာကြောင့် လူငယ် အသင်းနဲ့ လေ့ကျင့်ခန်းဆင်းဖို့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ အဲဒီနောက် သူဟာ ယူရိုပါလိဂ် ပွဲစဉ်အဖြစ် ရှရစ်ဖ် အသင်းကို ၃-၀ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကလပ်အသင်း အဆင့် သွင်းဂိုး ၇၀၁ဂိုးမြောက်ကို သွင်းယူ နိုင်ခဲ့ပြီး၊ ပြီးခဲ့တဲ့ တနင်္ဂနွေညက ဝက်စ်ဟမ်း အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲအစကတည်းက ပါဝင်ခွင့် ရခဲ့ပါတယ်။ ဂျူဗင်တပ်စ် တိုက်စစ်မှူးဟောင်းဟာ ဝက်စ်ဟမ်း အသင်းနဲ့ ကစားခဲ့တဲ့ ပွဲချိန် ဒုတိယပိုင်းမှာ သရဲနီတို့ အတွက် နောက်ထပ် ဦးဆောင်ဂိုးတွေ သွင်းယူ ပေးနိုင်ဖို့ ကောင်းမွန်တဲ့ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့်၊ သူ့အတွက် ၇၀၂ဂိုးမြောက် သွင်းဂိုးကိုတော့ သွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် ဒီပွဲမှာ အသက်ရွယ်နဲ့ မလိုက်အောင် ရော်နယ်လ်ဒိုရဲ့ ကြိုးစား အားထုတ်မှုတွေကို မြင်တွေ့ခဲ့ရတာက ယူနိုက်တက် ပရိတ်သတ်တွေ အတွက် ကြည်နူးစရာ မြင်ကွင်းမျိုး ဖြစ်ခဲ့ပြီး၊ ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ အသင်းအတွက် ကြိုးကြိုးစားစား ကစားပေးခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။

ရော်နယ်လ်ဒိုဟာ လူငယ် အသင်းနဲ့ လေ့ကျင့်ခန်းဆင်းရတဲ့ တပတ်တာကာလ ကျော်လွန်ပြီးနောက်မှာ အသင်းအတွက် ပြန်လည် အာရုံစိုက်လာတဲ့ ပုံစံမျိုး မြင်တွေ့ရပြီး၊ တိုက်စစ်မှူး မားကပ်စ် ရပ်ခ်ျဖို့ဒ်ကလည်း ပေါ်တူဂီ စူပါစတားဆီက သင်ယူမှုတွေ ပြုလုပ်နေပုံမျိုး တွေ့ရပါတယ်။ဟုတ်ပါတယ် ဝက်စ်ဟမ်း အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ မားကပ်စ် ရပ်ခ်ျဖို့ဒ်ရဲ့ ချိန်သားကိုက် ခေါင်းတိုက်ပုံတွေနဲ့ အမြင့်ခုံတဲ့ ပုံစံတွေဟာ ယခင်ကထက် တိုးတက်လာခဲ့တာကြောင့် ဒီလို တိုးတက်လာအောင် ရော်နယ်လ်ဒိုဆီက သင်ယူတာမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြတာပါ။ရော်နယ်လ်ဒိုနဲ့ ရပ်ခ်ျဖို့ဒ်တို့ဟာ ဝက်စ်ဟမ်း အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ တိုက်စစ်ပိုင်း အတွက် ကောင်းမွန်စွာ ချိတ်ဆက် ကစားနိုင်ခဲ့တာ တွေ့ရပြီး၊ သူတို့နှစ်ဦးဟာ ယူရိုပါလိဂ် ပွဲစဉ်အဖြစ် ကြာသပတေးညမှာ ရီးရဲလ်ဆိုစီဒက် အသင်းနဲ့ ပွဲအတွက် တန်ဟဂ်ရဲ့ ကစားသမား စာရင်းမှာ ပါဝင်လာဖို့ ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြိုင်ပွဲအရပ်ရပ်မှာ ရှုံးပွဲမရှိခဲ့တာ ၈ပွဲအထိ ရှိလာခဲ့ပြီ ဖြစ်ပြီး၊ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟဂ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ တောက်ပခဲ့ဖူးတဲ့ ရော်နယ်လ်ဒိုရဲ့ နေ့ရက်တွေကို ပြန်လည် ယူဆောင်ပေးဖို့ ကူညီနိုင်လိမ့်မယ်လို့ ယူဆနေကြပါတယ်။ ဝက်စ်ဟမ်း အသင်းကို မန်ချက်စတာ ယူနိုက်တက် အသင်းက အနိုင်ရပြီးနောက် ရော်နယ်လ်ဒိုဟာ သူ့အသင်း အနိုင်ရတဲ့ အောင်ပွဲခံပုံကို သူ့ရဲ့ လူမှုကွန်ရက်မှာ တင်ခဲ့ပြီး၊ ဒီအနေအထားဟာ ယူနိုက်တက် ပရိတ်သတ်တွေနဲ့ ရော်နယ်လ်ဒိုရဲ့ ဆက်ဆံရေးကို ပြန်လည် နွေးထွေးလာစေနိုင်တာ အမှန်ပါပဲ။ ဒါ့အပြင် ရပ်ခ်ျဖို့ဒ်ကလည်း ဝက်စ်ဟမ်း အသင်းကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ အောင်ပွဲခံတဲ့ပုံကို သူ့ရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ပြီး၊ ဝက်စ်ဟမ်း အသင်းနဲ့ပွဲမှာ ရပ်ခ်ျဖို့ဒ် သွင်းယူခဲ့တဲ့ဂိုးက အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုး ဖြစ်ခဲ့တဲ့အပြင် သူ့အတွက်လည်း ၁၀၀ဂိုးပြည့်မြောက်စေတဲ့ သွင်းဂိုး ဖြစ်ခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *