



crd

unicode

ရက်ရှ်ဖို့ဒ်က အမ်ဘာပေရဲ့အဆင့်မှာရှိတယ်လို့ ပြောဆိုလိုက်တဲ့ သရဲနီတိုက်စစ်မှူးဟောင်း ဆာဟာ

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း လူးဝစ် ဆာဟာက မားကပ် ရက်ရှ်ဖို့ဒ်ဟာ ပီအက်စ်ဂျီတိုက်စစ်မှူး ကီလီယန် အမ်ဘာပေရဲ့ အဆင့်အတန်းမျိုးမှာ ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ၂၀၂၁-၂၂ ရာသီမှာ ခက်ခဲတဲ့အခြေအနေတစ်ခုနဲ့ ကြုံခဲ့ရပြီးနောက်၊ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ သူ့ရဲ့ ပုံစံကောင်းကို ပြန်ရှာတွေ့ခဲ့ပြီး ယူနိုက်တက်အတွက် ၁၉ ပွဲကစားပေးရာမှာ၈ ဂိုးသွင်းယူပြီး၊ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။

အဆိုပါပုံစံတွေကြောင့်ပဲ ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားအတွက် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှာ ပြန်လည်ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် ရက်ရှ်ဖို့ဒ်ဟာ ပွဲထွက်လူစာရင်းနေရာကနေတော့ ပါဝင်ရခြင်းမရှိသေးပဲ၊ အီရန်နဲ့ပွဲမှာ လူစားဝင်ရောက်လာပြီးနောက် ၁ မိနစ်အကြာမှာပဲ ဂိုး‌သွင်းပေးခဲ့သလို ယူအက်စ်အေနဲ့ပွဲမှာလည်း ပွဲပြီးဖို့ ၁၂ မိနစ်အလိုမှ လူစားဝင်ခွင့်ရခဲ့ပါတယ်။ ထို့အတွက်ကြောင့် ဆာဟာ က ရက်ရှ်ဖို့ဒ်ဟာ ပွဲထွက်ခွင့်ရရင် အင်္ဂလန်အတွက် အရေးပါတဲ့ကစားသမားဖြစ်နိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

“ မားကပ် ရက်ရှ်ဖို့ဒ်ကို ကျွန်တော် အရမ်းကြိုက်တယ်၊ သူက ပွဲထွက်ကစားသမားဖြစ်နိုင်တယ်၊ သူက အရည်အချင်းရှိပြီးတော့ ခြိမ်းခြောက်နိုင်စွမ်းရှိတယ်။ အီရန်နဲ့ပွဲမှာ မိနစ် ၂၀ တည်းနဲ့ သူက ဘယ်လောက်အန္တရာယ်ရှိကြောင်း ပြသွားခဲ့တယ်။ ဟယ်ရီကိန်းကို ကျွန်တော် ကြိုက်ပါတယ်၊ ဒါပေမယ့် ရက်ရှ်ဖို့ဒ်က အတော်လေးအရည်အချင်းရှိပြီးတော့၊ သူ့ကို ဒီအဆင့်မှာ မြင်ချင်တယ်။ ကိန်းက အကောင်းဆုံးသူပါ၊ ဒါပေမယ့် ရက်ရှ်ဖို့ဒ်က အင်္ဂလန်မှာ ကျွန်တော် အကြိုက်ဆုံးသူပါ ”

“ ဘာလို့လဲဆိုတော့ သူ့စတိုင်ကြောင့်ပါ၊ သူ ကစားတာကို ကြည့်ရတာ ကြိုက်တယ်။ ရက်ရှ်ဖို့ဒ်မှာ ကျားတစ်ကောင်ရဲ့ မျက်လုံးရှိရင်၊ သူ့ကို ထိန်းချုပ်လို့မရတော့ဘူး၊ သူက အမ်ဘာပေရဲ့ အဆင့်မှာပါ။ အသင်းမှာ လူငယ်တွေ လိုအပ်တဲ့အချိန်ရောက်လာအုန်းမာပါ၊ ဆာကာနဲ့ စတားလင်းက နေရာယူပုံအရမ်းကောင်းတဲ့သူတွေပါ၊ ဒါပေမယ့် ရက်ရှ်ဖို့ဒ်က အရည်အချင်းပိုရှိပြီး ကြံ့ခိုင်မှုပိုကောင်းတယ်၊ သူက ခေါင်းတိုက်ဂိုးလည်း သွင်းနိုင်တယ်။ ရက်ရှ်ဖို့ဒ်က ပိုပြီးပြည့်စုံတဲ့သူပါ ဒါပေမယ့် သူက ဂိမ်းပလန်တိုင်းမှာ အံဝင်မယ်လို့တော့ မဆိုလိုပါဘူး ” လို့ ဆိုခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *