ရက္ရွ္ဖို႔ဒ္ကဒီေလာက္နဲ႔ေက်နပ္ေနမယ့္ကစားသမားမ်ိဳးမဟုတ္ဘူးလို႔ဆိုလိုက္တဲ့ တန္ဟဂ္

ရက္ရွ္ဖို႔ဒ္ကဒီေလာက္နဲ႔ေက်နပ္ေနမယ့္ကစားသမားမ်ိဳးမဟုတ္ဘူးလို႔ဆိုလိုက္တဲ့ တန္ဟဂ္

ဝက္စ္ဟမ္းကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ အသင္းအတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တဲ့ တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ဟာ ဒီထက္ပိုၿပီး တိုးတက္လာေတာ့မယ့္ ကစားသမားျဖစ္တယ္လို႔ မန္ယူနည္းျပ အဲရစ္တန္ဟတ္ က ခ်ီးမြမ္းလိုက္ပါတယ္။ ဟမ္းမားေတြနဲ႔ ယွဥ္ၿပိဳင္ခဲ့တဲ့ ပြဲစဥ္မွာ ရက္ရွ္ဖို႔ဒ္ဟာ ယူႏိုက္တက္အတြက္ ပထမပိုင္းမွာတင္ အဲရစ္ဆင္ရဲ႕ ဖန္တီးေပးမႈကတစ္ ဆင့္ ေခါင္းတိုက္ဂိုးသြင္းယူၿပီး သူ႔ရဲ႕ မန္ယူကစားသမားဘ၀ သြင္းဂိုး ၁၀၀ ျပည့္ေျမာက္တဲ့ စံခ်ိန္ကို ရခဲ့တာျဖစ္ပါတယ္။

 

ႏုပ်ိဳသစ္လြင္ေနတဲ့ ကစားသမား ရက္ရွ္ဖို႔ဒ္ဟာ ဝိန္း႐ြန္ေနးေနာက္ပိုင္း အသက္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ သြင္း ဂိုး စံခ်ိန္ေတြ တင္ႏိုင္တဲ့ မန္ယူရဲ႕ ပထမဆုံး ကစားသမားျဖစ္လာေနတာ ေၾကာင့္ သူဟာ ဂိုးသြင္းစံခ်ိန္ေတြကို ခ်ိဳးဖ်က္ႏိုင္မယ့္ ကစားသမားမ်ိဳးလားလို႔ သတင္းေထာက္တစ္ေယာက္က ေမးျမန္းခဲ့ရာမွာေတာ့ တန္ဟက္က ‘’သူက အဲ့လိုမ်ိဳးေတာင္ ျဖစ္ေနပါၿပီ။ အသက္ ၂၅ ႏွစ္ မတိုင္ခင္ သြင္းဂိုး ၁၀၀ သြင္း ဖို႔ဆိုတာက အဲ့ဒီလိုမ်ိဳး အဆင့္အတန္းကို ေရာက္ႏွင့္ေနၿပီလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ဒါေပမဲ့ သူက ဒီေလာက္နဲ႔ ေက်နပ္ေနမယ့္ ကေလးမ်ိဳးေတာ့ မဟုတ္ဘူး။ အဆုံးသတ္တစ္ခုမွာ အသင္းနဲ႔အတူ ဆုဖလားေတြ ဘယ္ေလာက္အထိ ဆြတ္ခူးႏိုင္မယ္ဆိုတာမ်ိဳးကို ဦးစားေပးမယ့္သေဘာေပါ့။ သူက ဒီထက္ပိုၿပီး ေတာ့ေတာင္ တိုးတက္လာႏိုင္ပါေသးတယ္’’ လို႔ ေျပာဆိုသြားခဲ့တာပါ။

 

ၿပီးခဲ့တဲ့ ရာသီမွာ ပုံစံေကာင္းရဖို႔ ႐ုန္းကန္ခဲ့ရေပမဲ့ လက္ရွိေဘာလုံးရာသီမွာေတာ့ မန္ယူနဲ႔အတူ ပုံစံေကာင္းရေနတဲ့ တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္အေပၚ ပရိသတ္ေတြ ခ်ီးမြမ္းေနၾကၿပီ ျဖစ္ေပမဲ့လည္း ကာယကံရွင္ကေတာ့ ႏွိမ့္ခ်႐ိုက်ိဳး တဲ့ စိတ္ဓာတ္မ်ိဳးသာရွိေနၿပီး အသင္းအတြက္ အျပည့္အ၀ အာ႐ုံစိုက္ထားတယ္လို႔ ဆိုပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ အခုဆိုရင္ ဒီရာသီမွာ ၿပိဳင္ပြဲစုံ ၇ ဂိုး သြင္းထားႏိုင္ၿပီး ၿပီးခဲ့တဲ့ တစ္ရာသီလုံးစာထက္ ၂ ဂိုး ပိုမ်ားေနၿပီျဖစ္ပါတယ္။ မန္ယူဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ အဆင့္ ၆ နဲ႔သာ ဇာတ္သိမ္းခဲ့ရၿပီး အသင္းသမိုင္း တစ္ေလွ်ာက္ ရမွတ္အနည္းဆုံး ရာသီအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္။ ဒါေၾကာင့္ ေလာင္းရိပ္မလြတ္တဲ့ ရက္ရွ္ဖို႔ဒ္ကလည္း ေျခစြမ္းမျပႏိုင္ခဲ့လို႔ ေရာႀကိတ္တာ ခံရၿပီး ေဝဖန္ေရးသမားေတြပါးစပ္ထဲ အရသာခံစရာ ျဖစ္ခဲ့တာပါ။ ဒီရာသီမွာေတာ့ ျခားနားတဲ့ ဇာတ္ဝင္ခန္းေတြကို ျမင္ေနရၿပီျဖစ္လို႔ ေဝဖန္ေရးသမားေတြ အသံတိတ္သြားၾကတာမ်ိဳး ရွိေပမဲ့လည္း ရက္ရွ္ဖို႔ဒ္ကေတာ့ ႏွိမ့္ခ် မႈ အျပည့္နဲ႔သာ ဆက္ဆံေရးတစ္ခုကို တည္ေဆာက္ေနပါတယ္။

‘’အ႐ိုးသား ဆုံး ေျပာရရင္ေတာ့ တစ္သင္းလုံးက မတူကြဲျပားတဲ့ စြမ္းအားေတြ လုံးလုံးလ်ားလ်ားကို ရွိေနတာမ်ိဳးပါ။ အဲဒါက ကြၽန္ေတာ့္ကို စိတ္ေနစိတ္ထားအရ ပို ၿပီး ေကာင္းလာေစခဲ့တယ္။ ကြၽန္ေတာ္ တကယ္ကို လႈံ႕ေဆာ္မႈ ရခဲ့တယ္။ ၿပီးခဲ့တဲ့ႏွစ္တုန္းကေတာ့ ကြၽန္ေတာ္ တိုင္ပတ္ခဲ့တာေပါ့။ စိတ္ဓာတ္ပိုင္းေရာ၊ ကြင္းတြင္းစြမ္းေဆာင္ရည္တင္ မေကာင္းတာမဟုတ္ဘူး။ ကြင္းျပင္မွာေရာပဲ။ အခုေတာ့ ၿပီးခဲ့တဲ့ရာသီနဲ႔ ေတာ္ေတာ္ကို ျခားနားသြားၿပီ’’ လို႔ ရက္ရွ္ဖို႔ဒ္က ဝက္စ္ဟမ္းနဲ႔ ပြဲအၿပီးမွာ ေျပာဆိုခဲ့ပါတယ္။

 

ဒါ့အျပင္ ေဝဖန္ေရးသမားေတြအ ေနနဲ႔ ကစားသမားတစ္ေယာက္ရဲ႕ ကြင္းျပင္ပက ကိစၥေတြအေပၚမွာေရာ သုံးသပ္လို႔ ရႏိုင္မလားဆိုတဲ့ ေမးခြန္းအေပၚမွာေတာ့ အဂၤလန္သားက ‘’ ခင္ဗ်ားတို႔ အလုပ္က ကြင္းထဲမွာ ရွိတဲ့ကိစၥေတြကိုပဲ ေျပာဖို႔ပါ။ ဒါက ခင္ဗ်ားတို႔ လုပ္ရမယ့္ အရာပဲေလ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔အတြက္ကေတာ့ ပြဲတစ္ပြဲ အတြင္းမွာ စိတ္ဓာတ္ေကာင္းေကာင္းနဲ႔ ရွိေနရမယ္။ ၿပီးခဲ့တဲ့ရာသီတုန္းက ေတာ့ ကြၽန္ေတာ္ဟာ အဲဒီလို စိတ္မ်ိဳး မရခဲ့ဘူး။ အဲဒါေၾကာင့္ ကြၽန္ေတာ္ ေဝဖန္ခံခဲ့ရတာေတြနဲ႔ ပတ္သက္ၿပီး မအံ့ၾသပါဘူးဗ်ာ’’ လို႔ ျပန္ေျဖခဲ့ပါတယ္။ အခုလိုမ်ိဳး ေမးခြန္းသတ္တာကို ႏွိမ့္ခ်မႈအျပည့္နဲ႔ ျပန္ေျဖသြားခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ အေပၚ မန္ယူပရိသတ္ေတြကေတာ့ လူမႈကြန္ရက္ေပၚမွာ အသည္းေလးေတြ ေပးေနၾကၿပီျဖစ္ပါတယ္။
crd

unicode

ရက်ရှ်ဖို့ဒ်ကဒီလောက်နဲ့ကျေနပ်နေမယ့်ကစားသမားမျိုးမဟုတ်ဘူးလို့ဆိုလိုက်တဲ့ တန်ဟဂ်

ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ဒီထက်ပိုပြီး တိုးတက်လာတော့မယ့် ကစားသမားဖြစ်တယ်လို့ မန်ယူနည်းပြ အဲရစ်တန်ဟတ် က ချီးမွမ်းလိုက်ပါတယ်။ ဟမ်းမားတွေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် ပထမပိုင်းမှာတင် အဲရစ်ဆင်ရဲ့ ဖန်တီးပေးမှုကတစ် ဆင့် ခေါင်းတိုက်ဂိုးသွင်းယူပြီး သူ့ရဲ့ မန်ယူကစားသမားဘ၀ သွင်းဂိုး ၁၀၀ ပြည့်မြောက်တဲ့ စံချိန်ကို ရခဲ့တာဖြစ်ပါတယ်။

နုပျိုသစ်လွင်နေတဲ့ ကစားသမား ရက်ရှ်ဖို့ဒ်ဟာ ဝိန်းရွန်နေးနောက်ပိုင်း အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ သွင်း ဂိုး စံချိန်တွေ တင်နိုင်တဲ့ မန်ယူရဲ့ ပထမဆုံး ကစားသမားဖြစ်လာနေတာ ကြောင့် သူဟာ ဂိုးသွင်းစံချိန်တွေကို ချိုးဖျက်နိုင်မယ့် ကစားသမားမျိုးလားလို့ သတင်းထောက်တစ်ယောက်က မေးမြန်းခဲ့ရာမှာတော့ တန်ဟက်က ‘’သူက အဲ့လိုမျိုးတောင် ဖြစ်နေပါပြီ။ အသက် ၂၅ နှစ် မတိုင်ခင် သွင်းဂိုး ၁၀၀ သွင်း ဖို့ဆိုတာက အဲ့ဒီလိုမျိုး အဆင့်အတန်းကို ရောက်နှင့်နေပြီလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ သူက ဒီလောက်နဲ့ ကျေနပ်နေမယ့် ကလေးမျိုးတော့ မဟုတ်ဘူး။ အဆုံးသတ်တစ်ခုမှာ အသင်းနဲ့အတူ ဆုဖလားတွေ ဘယ်လောက်အထိ ဆွတ်ခူးနိုင်မယ်ဆိုတာမျိုးကို ဦးစားပေးမယ့်သဘောပေါ့။ သူက ဒီထက်ပိုပြီး တော့တောင် တိုးတက်လာနိုင်ပါသေးတယ်’’ လို့ ပြောဆိုသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ရာသီမှာ ပုံစံကောင်းရဖို့ ရုန်းကန်ခဲ့ရပေမဲ့ လက်ရှိဘောလုံးရာသီမှာတော့ မန်ယူနဲ့အတူ ပုံစံကောင်းရနေတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အပေါ် ပရိသတ်တွေ ချီးမွမ်းနေကြပြီ ဖြစ်ပေမဲ့လည်း ကာယကံရှင်ကတော့ နှိမ့်ချရိုကျိုး တဲ့ စိတ်ဓာတ်မျိုးသာရှိနေပြီး အသင်းအတွက် အပြည့်အ၀ အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ အခုဆိုရင် ဒီရာသီမှာ ပြိုင်ပွဲစုံ ၇ ဂိုး သွင်းထားနိုင်ပြီး ပြီးခဲ့တဲ့ တစ်ရာသီလုံးစာထက် ၂ ဂိုး ပိုများနေပြီဖြစ်ပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဆင့် ၆ နဲ့သာ ဇာတ်သိမ်းခဲ့ရပြီး အသင်းသမိုင်း တစ်လျှောက် ရမှတ်အနည်းဆုံး ရာသီအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ဒါကြောင့် လောင်းရိပ်မလွတ်တဲ့ ရက်ရှ်ဖို့ဒ်ကလည်း ခြေစွမ်းမပြနိုင်ခဲ့လို့ ရောကြိတ်တာ ခံရပြီး ဝေဖန်ရေးသမားတွေပါးစပ်ထဲ အရသာခံစရာ ဖြစ်ခဲ့တာပါ။ ဒီရာသီမှာတော့ ခြားနားတဲ့ ဇာတ်ဝင်ခန်းတွေကို မြင်နေရပြီဖြစ်လို့ ဝေဖန်ရေးသမားတွေ အသံတိတ်သွားကြတာမျိုး ရှိပေမဲ့လည်း ရက်ရှ်ဖို့ဒ်ကတော့ နှိမ့်ချ မှု အပြည့်နဲ့သာ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နေပါတယ်။

‘’အရိုးသား ဆုံး ပြောရရင်တော့ တစ်သင်းလုံးက မတူကွဲပြားတဲ့ စွမ်းအားတွေ လုံးလုံးလျားလျားကို ရှိနေတာမျိုးပါ။ အဲဒါက ကျွန်တော့်ကို စိတ်နေစိတ်ထားအရ ပို ပြီး ကောင်းလာစေခဲ့တယ်။ ကျွန်တော် တကယ်ကို လှုံ့ဆော်မှု ရခဲ့တယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ ကျွန်တော် တိုင်ပတ်ခဲ့တာပေါ့။ စိတ်ဓာတ်ပိုင်းရော၊ ကွင်းတွင်းစွမ်းဆောင်ရည်တင် မကောင်းတာမဟုတ်ဘူး။ ကွင်းပြင်မှာရောပဲ။ အခုတော့ ပြီးခဲ့တဲ့ရာသီနဲ့ တော်တော်ကို ခြားနားသွားပြီ’’ လို့ ရက်ရှ်ဖို့ဒ်က ဝက်စ်ဟမ်းနဲ့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဝေဖန်ရေးသမားတွေအ နေနဲ့ ကစားသမားတစ်ယောက်ရဲ့ ကွင်းပြင်ပက ကိစ္စတွေအပေါ်မှာရော သုံးသပ်လို့ ရနိုင်မလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ အင်္ဂလန်သားက ‘’ ခင်ဗျားတို့ အလုပ်က ကွင်းထဲမှာ ရှိတဲ့ကိစ္စတွေကိုပဲ ပြောဖို့ပါ။ ဒါက ခင်ဗျားတို့ လုပ်ရမယ့် အရာပဲလေ။ ဒါကြောင့် ကျွန်တော်တို့အတွက်ကတော့ ပွဲတစ်ပွဲ အတွင်းမှာ စိတ်ဓာတ်ကောင်းကောင်းနဲ့ ရှိနေရမယ်။ ပြီးခဲ့တဲ့ရာသီတုန်းက တော့ ကျွန်တော်ဟာ အဲဒီလို စိတ်မျိုး မရခဲ့ဘူး။ အဲဒါကြောင့် ကျွန်တော် ဝေဖန်ခံခဲ့ရတာတွေနဲ့ ပတ်သက်ပြီး မအံ့သြပါဘူးဗျာ’’ လို့ ပြန်ဖြေခဲ့ပါတယ်။ အခုလိုမျိုး မေးခွန်းသတ်တာကို နှိမ့်ချမှုအပြည့်နဲ့ ပြန်ဖြေသွားခဲ့တဲ့ ရက်ရှ်ဖို့ဒ် အပေါ် မန်ယူပရိသတ်တွေကတော့ လူမှုကွန်ရက်ပေါ်မှာ အသည်းလေးတွေ ပေးနေကြပြီဖြစ်ပါတယ်။
crd

ရက်ရှ်ဖို့ဒ်ကဒီလောက်နဲ့ကျေနပ်နေမယ့်ကစားသမားမျိုးမဟုတ်ဘူးလို့ဆိုလိုက်တဲ့ တန်ဟဂ်

ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ဒီထက်ပိုပြီး တိုးတက်လာတော့မယ့် ကစားသမားဖြစ်တယ်လို့ မန်ယူနည်းပြ အဲရစ်တန်ဟတ် က ချီးမွမ်းလိုက်ပါတယ်။ ဟမ်းမားတွေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် ပထမပိုင်းမှာတင် အဲရစ်ဆင်ရဲ့ ဖန်တီးပေးမှုကတစ် ဆင့် ခေါင်းတိုက်ဂိုးသွင်းယူပြီး သူ့ရဲ့ မန်ယူကစားသမားဘ၀ သွင်းဂိုး ၁၀၀ ပြည့်မြောက်တဲ့ စံချိန်ကို ရခဲ့တာဖြစ်ပါတယ်။

နုပျိုသစ်လွင်နေတဲ့ ကစားသမား ရက်ရှ်ဖို့ဒ်ဟာ ဝိန်းရွန်နေးနောက်ပိုင်း အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ သွင်း ဂိုး စံချိန်တွေ တင်နိုင်တဲ့ မန်ယူရဲ့ ပထမဆုံး ကစားသမားဖြစ်လာနေတာ ကြောင့် သူဟာ ဂိုးသွင်းစံချိန်တွေကို ချိုးဖျက်နိုင်မယ့် ကစားသမားမျိုးလားလို့ သတင်းထောက်တစ်ယောက်က မေးမြန်းခဲ့ရာမှာတော့ တန်ဟက်က ‘’သူက အဲ့လိုမျိုးတောင် ဖြစ်နေပါပြီ။ အသက် ၂၅ နှစ် မတိုင်ခင် သွင်းဂိုး ၁၀၀ သွင်း ဖို့ဆိုတာက အဲ့ဒီလိုမျိုး အဆင့်အတန်းကို ရောက်နှင့်နေပြီလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ သူက ဒီလောက်နဲ့ ကျေနပ်နေမယ့် ကလေးမျိုးတော့ မဟုတ်ဘူး။ အဆုံးသတ်တစ်ခုမှာ အသင်းနဲ့အတူ ဆုဖလားတွေ ဘယ်လောက်အထိ ဆွတ်ခူးနိုင်မယ်ဆိုတာမျိုးကို ဦးစားပေးမယ့်သဘောပေါ့။ သူက ဒီထက်ပိုပြီး တော့တောင် တိုးတက်လာနိုင်ပါသေးတယ်’’ လို့ ပြောဆိုသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ရာသီမှာ ပုံစံကောင်းရဖို့ ရုန်းကန်ခဲ့ရပေမဲ့ လက်ရှိဘောလုံးရာသီမှာတော့ မန်ယူနဲ့အတူ ပုံစံကောင်းရနေတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အပေါ် ပရိသတ်တွေ ချီးမွမ်းနေကြပြီ ဖြစ်ပေမဲ့လည်း
ကာယကံရှင်ကတော့ နှိမ့်ချရိုကျိုး တဲ့ စိတ်ဓာတ်မျိုးသာရှိနေပြီး အသင်းအတွက် အပြည့်အ၀ အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ အခုဆိုရင် ဒီရာသီမှာ ပြိုင်ပွဲစုံ ၇ ဂိုး သွင်းထားနိုင်ပြီး ပြီးခဲ့တဲ့ တစ်ရာသီလုံးစာထက် ၂ ဂိုး ပိုများနေပြီဖြစ်ပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဆင့် ၆ နဲ့သာ ဇာတ်သိမ်းခဲ့ရပြီး အသင်းသမိုင်း တစ်လျှောက် ရမှတ်အနည်းဆုံး ရာသီအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ဒါကြောင့် လောင်းရိပ်မလွတ်တဲ့ ရက်ရှ်ဖို့ဒ်ကလည်း ခြေစွမ်းမပြနိုင်ခဲ့လို့ ရောကြိတ်တာ ခံရပြီး ဝေဖန်ရေးသမားတွေပါးစပ်ထဲ အရသာခံစရာ ဖြစ်ခဲ့တာပါ။ ဒီရာသီမှာတော့ ခြားနားတဲ့ ဇာတ်ဝင်ခန်းတွေကို မြင်နေရပြီဖြစ်လို့ ဝေဖန်ရေးသမားတွေ အသံတိတ်သွားကြတာမျိုး ရှိပေမဲ့လည်း ရက်ရှ်ဖို့ဒ်ကတော့ နှိမ့်ချ မှု အပြည့်နဲ့သာ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နေပါတယ်။

‘’အရိုးသား ဆုံး ပြောရရင်တော့ တစ်သင်းလုံးက မတူကွဲပြားတဲ့ စွမ်းအားတွေ လုံးလုံးလျားလျားကို ရှိနေတာမျိုးပါ။ အဲဒါက ကျွန်တော့်ကို စိတ်နေစိတ်ထားအရ ပို ပြီး ကောင်းလာစေခဲ့တယ်။ ကျွန်တော် တကယ်ကို လှုံ့ဆော်မှု ရခဲ့တယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ ကျွန်တော် တိုင်ပတ်ခဲ့တာပေါ့။ စိတ်ဓာတ်ပိုင်းရော၊ ကွင်းတွင်းစွမ်းဆောင်ရည်တင် မကောင်းတာမဟုတ်ဘူး။ ကွင်းပြင်မှာရောပဲ။ အခုတော့ ပြီးခဲ့တဲ့ရာသီနဲ့ တော်တော်ကို ခြားနားသွားပြီ’’ လို့ ရက်ရှ်ဖို့ဒ်က ဝက်စ်ဟမ်းနဲ့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဝေဖန်ရေးသမားတွေအ နေနဲ့ ကစားသမားတစ်ယောက်ရဲ့ ကွင်းပြင်ပက ကိစ္စတွေအပေါ်မှာရော သုံးသပ်လို့ ရနိုင်မလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ အင်္ဂလန်သားက ‘’ ခင်ဗျားတို့ အလုပ်က ကွင်းထဲမှာ ရှိတဲ့ကိစ္စတွေကိုပဲ ပြောဖို့ပါ။ ဒါက ခင်ဗျားတို့ လုပ်ရမယ့် အရာပဲလေ။ ဒါကြောင့် ကျွန်တော်တို့အတွက်ကတော့ ပွဲတစ်ပွဲ အတွင်းမှာ စိတ်ဓာတ်ကောင်းကောင်းနဲ့ ရှိနေရမယ်။ ပြီးခဲ့တဲ့ရာသီတုန်းက တော့ ကျွန်တော်ဟာ အဲဒီလို စိတ်မျိုး မရခဲ့ဘူး။ အဲဒါကြောင့် ကျွန်တော် ဝေဖန်ခံခဲ့ရတာတွေနဲ့ ပတ်သက်ပြီး မအံ့သြပါဘူးဗျာ’’ လို့ ပြန်ဖြေခဲ့ပါတယ်။ အခုလိုမျိုး မေးခွန်းသတ်တာကို နှိမ့်ချမှုအပြည့်နဲ့ ပြန်ဖြေသွားခဲ့တဲ့ ရက်ရှ်ဖို့ဒ် အပေါ် မန်ယူပရိသတ်တွေကတော့ လူမှုကွန်ရက်ပေါ်မှာ အသည်းလေးတွေ ပေးနေကြပြီဖြစ်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *