ယေန႔ည ခရစၥတဲလ္ပဲေလ့စ္နဲ႔ပြဲမွာပဲ ယူႏိုက္တက္အတြက္ ပြဲထြက္ကစားလာႏိုင္တဲ့ တိုက္စစ္မႉးအသစ္ ဝက္ဂ္ေဟာ့စ္

ယေန႔ည ခရစၥတဲလ္ပဲေလ့စ္နဲ႔ပြဲမွာပဲ ယူႏိုက္တက္အတြက္ ပြဲထြက္ကစားလာႏိုင္တဲ့ တိုက္စစ္မႉးအသစ္ ဝက္ဂ္ေဟာ့စ္
ေလာေလာလတ္လတ္ ပူပူေႏြးေႏြးေခၚယူထားတဲ့ တိုက္စစ္မႉးအသစ္ ဝက္ဂ္ေဟာ့စ္ ယေန႔ည ခရစၥတဲလ္ပဲေလ့စ္နဲ႔ပြဲမွာပဲ ယူႏိုက္တက္အတြက္ ပြဲထြက္ကစားလာႏိုင္

မာစီရယ္သည္ ဒဏ္ရာရေနေသာ္လည္း မန္ခ်က္စတာဒါဘီတြင္ ဝင္ကစားခြင့္ရရန္ ေတာင္းပန္ခဲ့ေၾကာင္း ထိုပြဲမကစားမီတြင္ မာစီရယ္သည္ဒဏ္ရာေၾကာင့္ ေလ့က်င့္ေရးကို ေကာင္းစြာဆင္းႏိုင္ျခင္းမရွိေၾကာင္း တန္းဟက္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

မာစီရယ္သည္ အိုးထရက္ဖို႔တြင္ ကစားသည့္ မန္ခ်က္စတာဒါဘီပြဲစဥ္တြင္ ပြဲထြက္ကစားသမား အျဖစ္ပါဝင္ကစားေသာ္လည္း ပထမပိုင္းအၿပီးတြင္ လူစားလဲခဲ့ရသည္။ မန္ယူသည္ ဂရီးလစ္ရွ္၏ သြင္းဂိုးျဖင့္ ဦးေဆာင္ဂိုးေပးခဲ့ရေသာ္လည္း ေနာက္ပိုင္းတြင္ ရက္ရွ္ဖို႔ႏွင့္ ဖာနန္ဒက္စ္တို႔၏ သြင္းဂိုးမ်ားျဖင့္ မန္စီးတီးကို အႏိုင္ရခဲ့သည္။

မန္ယူသည္ ေနာက္ထပ္ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ခရစၥတဲလ္ပဲေလ့စ္ႏွင့္ ကစားရန္ရွိၿပီး ထိုပြဲတြင္ အႏိုင္ရပါက လိဂ္ပြဲ ၆ ပြဲဆက္တိုက္အႏိုင္ရျခင္းအျဖစ္မွတ္တမ္းဝင္မည္ျဖစ္သည္။ မာစီရယ္သည္ ဒဏ္ရာေၾကာင့္ ပဲေလ့စ္ႏွင့္ပြဲကို ပါဝင္ကစားႏိုင္ရန္ အလားအလာနည္းေနသည္။

“မာစီရယ္က ေလ့က်င့္ေရးေကာင္းေကာင္းမဆင္းႏိုင္ေပမယ့္ မန္စီးတီးနဲ႔ပြဲမွာ အရမ္းကို ပါဝင္ကစားခ်င္ေနတယ္။ ကြၽန္ေတာ္က ဒဏ္ရာကို ပိုမဆိုးသြားေစခ်င္ဘူး။ ဒါေပမယ့္ သူက ပါဝင္ကစားဖို႔ ဆုံးျဖတ္ခဲ့ၿပီး ကြၽန္ေတာ္တို႔လည္းလက္ခံလိုက္ပါတယ္။ မန္စီးတီးနဲ႔ပြဲမွာ ပြဲအစက အေရးႀကီးၿပီး ၿပိဳင္ဘက္ကို ဖိအားေပးႏိုင္ဖို႔လိုတယ္။ မာစီရယ္က ၿပိဳင္ဘက္ကို ဖိအားေပးတဲ့ေနရာမွာ အရမ္းအသုံးဝင္ပါတယ္။ ဒါေပမယ့္ ပထမပိုင္းအၿပီးမွာ ျပန္ၿပီ ဆန္းစစ္ၾကည့္ေတာ့ မာစီရယ္က ရာႏႈန္းျပည့္ကစားႏိုင္သလို သူ႔ဒဏ္ရာကိုလည္းပိုၿပီး မဆိုးသြားေစခ်င္ပါဘူး။ ဒါေၾကာင့္ သူ႔ကို ပထမပိုင္းအၿပီးမွာ လူစားလဲလိုက္တာပါ။ မန္ယူရဲ႕ေျခစြမ္းလည္း အနည္းနဲ႔အမ်ားထိခိုက္သြားတယ္”ဟု တန္းဟက္က ေျပာသည္။

မာစီရယ္သည္ မန္ယူ၏ေနာက္ဆုံး ၅ ပြဲတြင္ ပြဲထြက္ကစားသမားအျဖစ္ပါဝင္ကစားခဲ့သည္။ ပဲေလ့စ္ႏွင့္ ပြဲတြင္ မာစီရယ္မပါႏိုင္ပါက ဝက္ဂ္ေဟာ့စ္ပြဲထြက္ခြင့္ရလာႏိုင္သည္။
crd

Unicode
ယနေ့ည ခရစ္စတဲလ်ပဲလေ့စ်နဲ့ပွဲမှာပဲ ယူနိုက်တက်အတွက် ပွဲထွက်ကစားလာနိုင်တဲ့ တိုက်စစ်မှူးအသစ် ဝက်ဂ်ဟော့စ်
လောလောလတ်လတ် ပူပူနွေးနွေးခေါ်ယူထားတဲ့ တိုက်စစ်မှူးအသစ် ဝက်ဂ်ဟော့စ် ယနေ့ည ခရစ္စတဲလ်ပဲလေ့စ်နဲ့ပွဲမှာပဲ ယူနိုက်တက်အတွက် ပွဲထွက်ကစားလာနိုင်

မာစီရယ်သည် ဒဏ်ရာရနေသော်လည်း မန်ချက်စတာဒါဘီတွင် ဝင်ကစားခွင့်ရရန် တောင်းပန်ခဲ့ကြောင်း ထိုပွဲမကစားမီတွင် မာစီရယ်သည်ဒဏ်ရာကြောင့် လေ့ကျင့်ရေးကို ကောင်းစွာဆင်းနိုင်ခြင်းမရှိကြောင်း တန်းဟက်က ထုတ်ဖော်ပြောဆိုလိုက်သည်။

မာစီရယ်သည် အိုးထရက်ဖို့တွင် ကစားသည့် မန်ချက်စတာဒါဘီပွဲစဉ်တွင် ပွဲထွက်ကစားသမား အဖြစ်ပါဝင်ကစားသော်လည်း ပထမပိုင်းအပြီးတွင် လူစားလဲခဲ့ရသည်။ မန်ယူသည် ဂရီးလစ်ရှ်၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုးပေးခဲ့ရသော်လည်း နောက်ပိုင်းတွင် ရက်ရှ်ဖို့နှင့် ဖာနန်ဒက်စ်တို့၏ သွင်းဂိုးများဖြင့် မန်စီးတီးကို အနိုင်ရခဲ့သည်။

မန်ယူသည် နောက်ထပ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခရစ္စတဲလ်ပဲလေ့စ်နှင့် ကစားရန်ရှိပြီး ထိုပွဲတွင် အနိုင်ရပါက လိဂ်ပွဲ ၆ ပွဲဆက်တိုက်အနိုင်ရခြင်းအဖြစ်မှတ်တမ်းဝင်မည်ဖြစ်သည်။ မာစီရယ်သည် ဒဏ်ရာကြောင့် ပဲလေ့စ်နှင့်ပွဲကို ပါဝင်ကစားနိုင်ရန် အလားအလာနည်းနေသည်။

“မာစီရယ်က လေ့ကျင့်ရေးကောင်းကောင်းမဆင်းနိုင်ပေမယ့် မန်စီးတီးနဲ့ပွဲမှာ အရမ်းကို ပါဝင်ကစားချင်နေတယ်။ ကျွန်တော်က ဒဏ်ရာကို ပိုမဆိုးသွားစေချင်ဘူး။ ဒါပေမယ့် သူက ပါဝင်ကစားဖို့ ဆုံးဖြတ်ခဲ့ပြီး ကျွန်တော်တို့လည်းလက်ခံလိုက်ပါတယ်။ မန်စီးတီးနဲ့ပွဲမှာ ပွဲအစက အရေးကြီးပြီး ပြိုင်ဘက်ကို ဖိအားပေးနိုင်ဖို့လိုတယ်။ မာစီရယ်က ပြိုင်ဘက်ကို ဖိအားပေးတဲ့နေရာမှာ အရမ်းအသုံးဝင်ပါတယ်။ ဒါပေမယ့် ပထမပိုင်းအပြီးမှာ ပြန်ပြီ ဆန်းစစ်ကြည့်တော့ မာစီရယ်က ရာနှုန်းပြည့်ကစားနိုင်သလို သူ့ဒဏ်ရာကိုလည်းပိုပြီး မဆိုးသွားစေချင်ပါဘူး။ ဒါကြောင့် သူ့ကို ပထမပိုင်းအပြီးမှာ လူစားလဲလိုက်တာပါ။ မန်ယူရဲ့ခြေစွမ်းလည်း အနည်းနဲ့အများထိခိုက်သွားတယ်”ဟု တန်းဟက်က ပြောသည်။

မာစီရယ်သည် မန်ယူ၏နောက်ဆုံး ၅ ပွဲတွင် ပွဲထွက်ကစားသမားအဖြစ်ပါဝင်ကစားခဲ့သည်။ ပဲလေ့စ်နှင့် ပွဲတွင် မာစီရယ်မပါနိုင်ပါက ဝက်ဂ်ဟော့စ်ပွဲထွက်ခွင့်ရလာနိုင်သည်။

Add a Comment

Your email address will not be published. Required fields are marked *