ယေန႔ညမွာ ယွဥ္ၿပိဳင္ကစားမယ့္ အာဆင္နယ္နဲ႔ ယူႏိုက္တက္တို႔ရဲ႕ ပြဲစဥ္မွာ အာဆင္နယ္ကို အားေပးသြားမယ္လို႔ ေျပာၾကားလိုက္တဲ့ ဆန္းခ်က္ဇ္

ယေန႔ညမွာ ယွဥ္ၿပိဳင္ကစားမယ့္ အာဆင္နယ္နဲ႔ ယူႏိုက္တက္တို႔ရဲ႕ ပြဲစဥ္မွာ အာဆင္နယ္ကို အားေပးသြားမယ္လို႔ ေျပာၾကားလိုက္တဲ့ ဆန္းခ်က္ဇ္
ဆင္ပ်ံႀကီးနဲ႔ သရဲနီတို႔ ေရကုန္ေရခန္းႀကဳံးၾကမယ့္ပြဲမွာ ဂန္းနားပရိတ္သတ္အျဖစ္ရွိေနမယ္လို႔ ေျပာၾကားလိုက္တဲ့ ႏွစ္သင္းစလုံးမွာ ကစားခဲ့ဖူးတဲ့ ဆန္းခ်က္ဇ္

ပရီးမီးယားလိဂ္ရဲ႕ နာမည္ႀကီးကလပ္ေတြ ျဖစ္တဲ့ အာဆင္နယ္နဲ႔ မန္ယူတို႔ ႏွစ္သင္းစလုံးမွာ ကစားခဲ့ဖူးတဲ့ ခ်ီလီၾကယ္ပြင့္ ဆန္းခ်က္ဇ္ကေတာ့ ယေန႔ညမွာ ယွဥ္ၿပိဳင္ ကစားမယ့္ အာဆင္နယ္နဲ႔ မန္ခ်က္စတာ ယူႏိုက္တက္တို႔ရဲ႕ ပြဲစဥ္မွာ အာဆင္နယ္ကို အားေပးသြားမယ္လို႔ သူ႔ရဲ႕ လူမႈကြန္ယက္အေကာင့္မွာ ေရးသား ေဖာ္ျပသြားခဲ့ပါတယ္။

အသက္ ၃၄ႏွစ္ အ႐ြယ္ ခ်ီလီလက္ေ႐ြးစင္ ေတာင္ပံတိုက္စစ္ ကစားသမား ဆန္းခ်က္ဇ္ဟာ တခ်ိန္တုန္းက ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး ေတာင္ပံကစားသမား အျဖစ္ သတ္မွတ္ခံခဲ့ရသူ ျဖစ္ၿပီး သူက အာဆင္နယ္နဲ႔အတူ အက္ဖ္ေအဖလား ၂ႀကိမ္နဲ႔ ကြန္ျမဴနတီဒိုင္း ၁ႀကိမ္တို႔ကို ရယူႏိုင္ခဲ့ပါတယ္။

ဆန္းခ်က္ဇ္က အာဆင္နယ္နဲ႔အတူ သူ႔ကစားသမားဘဝရဲ႕ အေကာင္းဆုံး ေျခစြမ္းေတြကို ရခဲ့ေပမယ့္ ၂၀၁၈ခုႏွစ္မွာေတာ့ အာဆင္နယ္ကေန မန္ခ်က္စတာ ယူႏိုက္တက္ဆီ တိုက္႐ိုက္ ေျပာင္းေ႐ႊ႕ခဲ့ၿပီး အဲ့ဒီ အေျပာင္းအေ႐ႊ႕ေၾကာင့္ ဆန္းခ်က္ဇ္ဟာ အာဆင္နယ္ ပရိသတ္ေတြရဲ႕ အမုန္းကို ခါးစီးခံခဲ့ရေပမယ့္ သူဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ လုပ္ခလစာ အျမင့္ဆုံး ကစားသမား ဆိုတဲ့ ဂုဏ္ပုဒ္ကိုပါ ရခဲ့ပါတယ္။

ဆန္းခ်က္ဇ္က မန္ခ်က္စတာ ယူႏိုက္တက္မွာ စံခ်ိန္တင္ လုပ္ခလစာ တရပ္ ရခဲ့ေပမယ့္ အာဆင္နယ္မွာလို မေအာင္ျမင္ခဲ့ပဲ သူက မန္ခ်က္စတာ ယူႏိုက္တက္နဲ႔အတူ ဆုဖလားေတြ မရခဲ့သလို ပုံမွန္ ေျခစြမ္းျပဖို႔ေတာင္ ႐ုန္းကန္ခဲ့ရတာေၾကာင့္ ၂၀၂၀ခုႏွစ္မွာ မန္ခ်က္စတာ ယူႏိုက္တက္ ကေန အင္တာမီလန္ဆီ အလြတ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

လက္ရွိမွာေတာ့ ဆန္းခ်က္ဇ္က ျပင္သစ္နာမည္ႀကီးကလပ္ မာေဆးလ္မွာ ကစားေနၿပီး ဆန္းခ်က္ဇ္က သူဟာ အာဆင္နယ္ကို အၿမဲတမ္း အားေပးေနမွာ ျဖစ္သလို အာဆင္နယ္ဟာ သူ႔ရဲ႕ ပထမဦးဆုံး မိသားစု ျဖစ္ေၾကာင္း အာဆင္နယ္ရဲ႕ တရားဝင္ေပ့ခ်္ကေန တင္ခဲ့တဲ့ သူ႔ရဲ႕ အာဆင္နယ္ အသင္းသား အျဖစ္ မန္ခ်က္စတာ ယူႏိုက္တက္ဘက္ကို ဂိုးသြင္းခဲ့တဲ့ ဗြီဒီယို တပုဒ္ကို My Dayမွာ တင္ရင္း သူ႔ရဲ႕ သေဘာထားအမွန္ကို ျပသသြားခဲ့ပါတယ္။

ဆန္းခ်က္ဇ္က – “မင္းတို႔က (အာဆင္နယ္ကို ရည္ၫႊန္းလ်က္) ငါ့ကို မွတ္မိေနေသးတာပဲ။ ငါကလည္း အာဆင္နယ္ကို ဘယ္ေတာ့မွ မေမ့ပါဘူး။ အာဆင္နယ္က အၿမဲတမ္း ငါ့ရဲ႕ ႏွလုံးသားထဲမွာ ရွိေနမယ့္ အသင္းပါ။ အာဆင္နယ္က အဂၤလန္ေျမမွာ ရခဲ့တဲ့ ငါ့ရဲ႕ ပထမဦးဆုံး မိသားစုပဲ။ ၿပီးေတာ့ အာဆင္နယ္ ပရိသတ္ေတြနဲ႔ အာဆင္နယ္ရဲ႕ ဝန္ထမ္းေတြ အားလုံးက ငါ့ကို ဂ႐ုစိုက္ခဲ့ၾကတယ္။ ဂန္းနားေတြ အားလုံး အေကာင္းဆုံး အရာေတြပဲ ရပါေစ”လို႔ သူ႔ရဲ႕ အင္စတာဂရမ္အေကာင့္မွာ တင္ရင္း သူက အာဆင္နယ္ကို အားေပးေနမယ့္ အေၾကာင္း ေျပာၾကားသြားခဲ့တာပါ။
crd

Unicode
ယနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် အာဆင်နယ်နဲ့ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်မှာ အာဆင်နယ်ကို အားပေးသွားမယ်လို့ ပြောကြားလိုက်တဲ့ ဆန်းချက်ဇ်
ဆင်ပျံကြီးနဲ့ သရဲနီတို့ ရေကုန်ရေခန်းကြုံးကြမယ့်ပွဲမှာ ဂန်းနားပရိတ်သတ်အဖြစ်ရှိနေမယ်လို့ ပြောကြားလိုက်တဲ့ နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ ဆန်းချက်ဇ်

ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ယူတို့ နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ ချီလီကြယ်ပွင့် ဆန်းချက်ဇ်ကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်မှာ အာဆင်နယ်ကို အားပေးသွားမယ်လို့ သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ ရေးသား ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် ချီလီလက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဆန်းချက်ဇ်ဟာ တချိန်တုန်းက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး တောင်ပံကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပြီး သူက အာဆင်နယ်နဲ့အတူ အက်ဖ်အေဖလား ၂ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၁ကြိမ်တို့ကို ရယူနိုင်ခဲ့ပါတယ်။

ဆန်းချက်ဇ်က အာဆင်နယ်နဲ့အတူ သူ့ကစားသမားဘဝရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ရခဲ့ပေမယ့် ၂၀၁၈ခုနှစ်မှာတော့ အာဆင်နယ်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ တိုက်ရိုက် ပြောင်းရွှေ့ခဲ့ပြီး အဲ့ဒီ အပြောင်းအရွှေ့ကြောင့် ဆန်းချက်ဇ်ဟာ အာဆင်နယ် ပရိသတ်တွေရဲ့ အမုန်းကို ခါးစီးခံခဲ့ရပေမယ့် သူဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လုပ်ခလစာ အမြင့်ဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကိုပါ ရခဲ့ပါတယ်။

ဆန်းချက်ဇ်က မန်ချက်စတာ ယူနိုက်တက်မှာ စံချိန်တင် လုပ်ခလစာ တရပ် ရခဲ့ပေမယ့် အာဆင်နယ်မှာလို မအောင်မြင်ခဲ့ပဲ သူက မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ဆုဖလားတွေ မရခဲ့သလို ပုံမှန် ခြေစွမ်းပြဖို့တောင် ရုန်းကန်ခဲ့ရတာကြောင့် ၂၀၂၀ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက် ကနေ အင်တာမီလန်ဆီ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

လက်ရှိမှာတော့ ဆန်းချက်ဇ်က ပြင်သစ်နာမည်ကြီးကလပ် မာဆေးလ်မှာ ကစားနေပြီး ဆန်းချက်ဇ်က သူဟာ အာဆင်နယ်ကို အမြဲတမ်း အားပေးနေမှာ ဖြစ်သလို အာဆင်နယ်ဟာ သူ့ရဲ့ ပထမဦးဆုံး မိသားစု ဖြစ်ကြောင်း အာဆင်နယ်ရဲ့ တရားဝင်ပေ့ချ်ကနေ တင်ခဲ့တဲ့ သူ့ရဲ့ အာဆင်နယ် အသင်းသား အဖြစ် မန်ချက်စတာ ယူနိုက်တက်ဘက်ကို ဂိုးသွင်းခဲ့တဲ့ ဗွီဒီယို တပုဒ်ကို My Dayမှာ တင်ရင်း သူ့ရဲ့ သဘောထားအမှန်ကို ပြသသွားခဲ့ပါတယ်။

ဆန်းချက်ဇ်က – “မင်းတို့က (အာဆင်နယ်ကို ရည်ညွှန်းလျက်) ငါ့ကို မှတ်မိနေသေးတာပဲ။ ငါကလည်း အာဆင်နယ်ကို ဘယ်တော့မှ မမေ့ပါဘူး။ အာဆင်နယ်က အမြဲတမ်း ငါ့ရဲ့ နှလုံးသားထဲမှာ ရှိနေမယ့် အသင်းပါ။ အာဆင်နယ်က အင်္ဂလန်မြေမှာ ရခဲ့တဲ့ ငါ့ရဲ့ ပထမဦးဆုံး မိသားစုပဲ။ ပြီးတော့ အာဆင်နယ် ပရိသတ်တွေနဲ့ အာဆင်နယ်ရဲ့ ဝန်ထမ်းတွေ အားလုံးက ငါ့ကို ဂရုစိုက်ခဲ့ကြတယ်။ ဂန်းနားတွေ အားလုံး အကောင်းဆုံး အရာတွေပဲ ရပါစေ”လို့ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ရင်း သူက အာဆင်နယ်ကို အားပေးနေမယ့် အကြောင်း ပြောကြားသွားခဲ့တာပါ။
crd

Add a Comment

Your email address will not be published. Required fields are marked *