ယူ႐ိုပါလိဂ္ပြဲစဥ္မွာလူငယ္ကစားသမားအမ်ားအျပားနဲ႔ပြဲထြက္ကစားဖို႔ရွိေနတဲ့ ယူႏိုက္တက္

မန္ယူႏိုက္တဒ္အသင္းရဲ႕ ယူ႐ိုပါလိဂ္ပြဲစဥ္ဟာ ပထမအသင္းႀကီးကစားသမားေတြကို အနားေပးကာ လူငယ္ကစားသမားေတြအတြက္ ပြဲကစားခ်ိန္အမ်ားစု ဖန္တီးေပးဖြယ္ရွိပါတယ္။ တန္ဟဂ္ က ခ်ဲလ္ဆီးကိုရင္ဆိုင္ခဲ့ၿပီးေနာက္ (၁၀)ရက္အတြင္း (၄) ပြဲ ကစားခဲ့ရတဲ့ ကစားသမားေတြကို အနားေပးရန္အတြက္ တနလၤာေန႔ ကို ေလ့က်င့္ခန္းမျပဳလုပ္ပဲ အနားယူခြင့္ေပးခဲ့တယ္လို႔ သိရပါတယ္။ ကစားသမားအမ်ားစုက အဆိုပါ (၄)ပြဲလုံးကို နားရက္မရပဲ ဆက္တိုက္ ကစားခဲ့ရတာေၾကာင့္ လာမယ့္ ရွရဖ္ နဲ႔ ပြဲမွာေတာ့ အနားေပးဖြယ္ရွိပါတယ္။

တန္ဟဂ္က လူငယ္ကစားသမားေတြထဲက တိုက္စစ္အတြက္ ဂါနာခ်ိဳ နဲ႔ ဒဏ္ရာကေနျပန္လည္သက္သာလာၿပီျဖစ္တဲ့ ဖာကြန္ဒို ကို ေနရာေပးဖြယ္ရွိၿပီး ကြင္းလယ္မွာ ဇီဒန္း၊ဆားေဗ့ခ်္ အျပင္ လူငယ္အသင္းကေန အသင္းႀကီးမွာ လာေရာက္ေလ့က်င့္ေနတဲ့ ကိုဘီမိုင္နီ ကိုပါ လူစာရင္းထဲ ေခၚယူလာဖြယ္ရွိပါတယ္။

ဂါနာခ်ိဳ က ကစားရန္အသင့္ျဖစ္ေနၿပီ ျဖစ္ၿပီး လာမယ့္ ပြဲေတြမွာ ေရာ္နယ္ဒို ရဲ႕ လစ္လပ္မႈကို အစားထိုးဝင္ေရာက္မယ့္ ကစားသမားျဖစ္လာပါလိမ့္မယ္။ ဥ႐ုေဂြးေတာင္ပံလူငယ္ကစားသမားဖာကြန္ဒို အတြက္ ပြဲထြက္ခြင့္နဲ႔အတူအငွားထြက္ကစားေရး အတြက္တန္ဟဂ္ က ျပင္ဆင္ေပးေနၿပီး ေဆာင္းေဈးကြက္မတိုင္ခင္ ယူ႐ိုပါလိဂ္ နဲ႔ ကာရာေဘာင္ ပြဲေတြမွာ ပါဝင္လာဖြယ္ရွိပါတယ္။

ယူႏိုက္တဒ္ အေနနဲ႔ ရွရဖ္ နဲ႔ပြဲမွာ မျဖစ္မေန အႏိုင္ယူရန္လိုေပမယ့္ အိုးထရဒ့္ဖိုဒ့္ မွာ ကစားရမယ့္ ပြဲျဖစ္တာေၾကာင့္ ကစားသမားအမ်ားစုကို အနားေပးထားဖြယ္ရွိပါတယ္။မက္ဂြိဳင္းယား ကို အသင္းေခါင္းေဆာင္အျဖစ္ ျပန္လည္ျမင္ေတြ႕ႏိုင္ၿပီး ဘစ္ဆာကာ၊လင္ဒီေလာဖ့္၊မလာစီယာ တို႔နဲ႔ ျမင္ေတြ႕ရႏိုင္ပါတယ္။ ကြင္းလယ္မွာ ေတာ္မေနး ကို ျပန္ျမင္ရႏိုင္ၿပီး ဖရဒ္ နဲ႔ အဲရခ္ဆင္ ကို ျမင္ရႏိုင္ေခ်ရွိပါတယ္။ တိုက္စစ္မွာေတာ့ ဒဏ္ရာကေနျပန္လည္သက္သာလာႏိုင္တဲ့ မာစီရယ္ ကို ဂါနာခ်ိဳ၊အန္တိုနီ တို႔နဲ႔ ျမင္ေတြ႕ရဖြယ္ရွိပါတယ္။ ယူႏိုက္တဒ္ အေနနဲ႔ ကစားသမားအမ်ားစုကို ပရီးမီးယားလိဂ္ ပြဲ အတြက္ အနားေပးထားကာ ၾကားရက္ကိုေတာ့ အရံ+လူငယ္ေတြနဲ႔သာ ပြဲထုတ္လာႏိုင္ေခ်မ်ားပါတယ္။
crd

unicode

ယူရိုပါလိဂ်ပွဲစဉ်မှာလူငယ်ကစားသမားအများအပြားနဲ့ပွဲထွက်ကစားဖို့ရှိနေတဲ့ ယူနိုက်တက်

မန်ယူနိုက်တဒ်အသင်းရဲ့ ယူရိုပါလိဂ်ပွဲစဉ်ဟာ ပထမအသင်းကြီးကစားသမားတွေကို အနားပေးကာ လူငယ်ကစားသမားတွေအတွက် ပွဲကစားချိန်အများစု ဖန်တီးပေးဖွယ်ရှိပါတယ်။ တန်ဟဂ် က ချဲလ်ဆီးကိုရင်ဆိုင်ခဲ့ပြီးနောက် (၁၀)ရက်အတွင်း (၄) ပွဲ ကစားခဲ့ရတဲ့ ကစားသမားတွေကို အနားပေးရန်အတွက် တနင်္လာနေ့ ကို လေ့ကျင့်ခန်းမပြုလုပ်ပဲ အနားယူခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ ကစားသမားအများစုက အဆိုပါ (၄)ပွဲလုံးကို နားရက်မရပဲ ဆက်တိုက် ကစားခဲ့ရတာကြောင့် လာမယ့် ရှရဖ် နဲ့ ပွဲမှာတော့ အနားပေးဖွယ်ရှိပါတယ်။

တန်ဟဂ်က လူငယ်ကစားသမားတွေထဲက တိုက်စစ်အတွက် ဂါနာချို နဲ့ ဒဏ်ရာကနေပြန်လည်သက်သာလာပြီဖြစ်တဲ့ ဖာကွန်ဒို ကို နေရာပေးဖွယ်ရှိပြီး ကွင်းလယ်မှာ ဇီဒန်း၊ဆားဗေ့ချ် အပြင် လူငယ်အသင်းကနေ အသင်းကြီးမှာ လာရောက်လေ့ကျင့်နေတဲ့ ကိုဘီမိုင်နီ ကိုပါ လူစာရင်းထဲ ခေါ်ယူလာဖွယ်ရှိပါတယ်။

ဂါနာချို က ကစားရန်အသင့်ဖြစ်နေပြီ ဖြစ်ပြီး လာမယ့် ပွဲတွေမှာ ရော်နယ်ဒို ရဲ့ လစ်လပ်မှုကို အစားထိုးဝင်ရောက်မယ့် ကစားသမားဖြစ်လာပါလိမ့်မယ်။ ဥရုဂွေးတောင်ပံလူငယ်ကစားသမားဖာကွန်ဒို အတွက် ပွဲထွက်ခွင့်နဲ့အတူအငှားထွက်ကစားရေး အတွက်တန်ဟဂ် က ပြင်ဆင်ပေးနေပြီး ဆောင်းဈေးကွက်မတိုင်ခင် ယူရိုပါလိဂ် နဲ့ ကာရာဘောင် ပွဲတွေမှာ ပါဝင်လာဖွယ်ရှိပါတယ်။

ယူနိုက်တဒ် အနေနဲ့ ရှရဖ် နဲ့ပွဲမှာ မဖြစ်မနေ အနိုင်ယူရန်လိုပေမယ့် အိုးထရဒ့်ဖိုဒ့် မှာ ကစားရမယ့် ပွဲဖြစ်တာကြောင့် ကစားသမားအများစုကို အနားပေးထားဖွယ်ရှိပါတယ်။မက်ဂွိုင်းယား ကို အသင်းခေါင်းဆောင်အဖြစ် ပြန်လည်မြင်တွေ့နိုင်ပြီး ဘစ်ဆာကာ၊လင်ဒီလောဖ့်၊မလာစီယာ တို့နဲ့ မြင်တွေ့ရနိုင်ပါတယ်။ ကွင်းလယ်မှာ တော်မနေး ကို ပြန်မြင်ရနိုင်ပြီး ဖရဒ် နဲ့ အဲရခ်ဆင် ကို မြင်ရနိုင်ချေရှိပါတယ်။ တိုက်စစ်မှာတော့ ဒဏ်ရာကနေပြန်လည်သက်သာလာနိုင်တဲ့ မာစီရယ် ကို ဂါနာချို၊အန်တိုနီ တို့နဲ့ မြင်တွေ့ရဖွယ်ရှိပါတယ်။ ယူနိုက်တဒ် အနေနဲ့ ကစားသမားအများစုကို ပရီးမီးယားလိဂ် ပွဲ အတွက် အနားပေးထားကာ ကြားရက်ကိုတော့ အရံ+လူငယ်တွေနဲ့သာ ပွဲထုတ်လာနိုင်ချေများပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *