ယူႏိုက္တက္ႏွင့္အတူေျခစြမ္းျပႏိုင္ခဲ့တဲ့အတြက္ (၂)ႏွစ္ၾကာေဝးကြာေနတဲ့လက္ေ႐ြးစင္အသင္းမွာျပန္လည္ပါဝင္လာတဲ့ သရဲနီေနာက္ခံလူ

ယူႏိုက္တက္ႏွင့္အတူေျခစြမ္းျပႏိုင္ခဲ့တဲ့အတြက္ (၂)ႏွစ္ၾကာေဝးကြာေနတဲ့လက္ေ႐ြးစင္အသင္းမွာျပန္လည္ပါဝင္လာတဲ့ သရဲနီေနာက္ခံလူ

ယူႏိုက္တက္ ေနာက္ခံလူ အဲလက္စ္ တဲလက္စ္ ကို လာမယ့္ ကမာၻ႔ဖလား ေျခစစ္ပြဲ အတြက္ ဘရာဇီး လူစာရင္းမွာပါဝင္ဖို႔ ေ႐ြးခ်ယ္ လိုက္ၿပီျဖစ္ပါတယ္။တဲလက္စ္ဟာ 2020 ခုႏွစ္ႏိုဝင္ဘာလကတည္းက သူ႔ႏိုင္ငံအတြက္ ပြဲမကစားရေသးေပမယ့္ လာမယ့္သီတင္းပတ္ေတြမွာ သူ႔ရဲ႕ႏိုင္ငံအသင္းအတြက္ ေလးႀကိမ္အထိပါဝင္လာဖို႔ ေမွ်ာ္လင့္ေနပါတယ္။ယခုႏွစ္ 2022 ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ အရည္အခ်င္းျပည့္မီၿပီးသားျဖစ္တဲ့ ဘရာဇီးလ္အသင္းဟာ ဇန္နဝါရီ ၂၇ ရက္တြင္ အီေကြေဒါႏွင့္ ေဖေဖာ္ဝါရီ ၂ ရက္တြင္ ပါရာေဂြးတို႔ႏွင့္ ရင္ဆိုင္ရမွာျဖစ္ပါတယ္။

 

ယူႏိုက္တက္ကစားသမား တဲလက္စ္ကေတာ့ ဘယ္ဘက္ျခမ္းေနရာရဖို႔အတြက္ ဂ်ဴဗင္တပ္စ္ရဲ႕ Alex Sandro နဲ႔ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။ႏိုင္ငံအသင္းအတြက္ အေ႐ြးခံရတာကို တုံ႔ျပန္တဲ့အေနနဲ႔ Telles က Instagram မွာ တင္ခဲ့ပါတယ္- “အဲဒီဖုန္းေခၚဆိုမႈရဲ႕ ခံစားခ်က္က မတူပါဘူး။ ငါ့ႏိုင္ငံကို ကိုယ္စားျပဳဖို႔ ဒီအခြင့္အေရးသစ္အတြက္ စိတ္လႈပ္ရွားၿပီး စိတ္အားထက္သန္ေနတယ္။”တဲလက္စ္ရဲ႕ ယူႏိုက္တက္အသင္းေဖာ္အခ်ိဳ႕ကလည္း Instagram မွာသူ႔ရဲ႕ျပန္လည္ေခၚယူမႈကို ဂုဏ္ယူဝမ္းသာေၾကာင္းေရးသားခဲ့ၾကပါတယ္။

လုေရွာသည္ စေနေန႔တြင္ အက္စတြန္ဗီလာ ပြဲစဥ္အတြက္ ရပ္နားထားေသာေၾကာင့္ တဲလက္စ္ ဟာ သူ႔ရဲ႕ ႏိုင္ငံအသင္းမန္ေနဂ်ာႏွင့္ ယူႏိုက္တက္ယာယီနည္းျပ ရန္းနစ္တို႔အား အထင္ႀကီးေစဖို႔ ေနာက္ထပ္အခြင့္အေရးတစ္ခု ရရွိမွာျဖစ္ပါတယ္။ပရီးမီးယားလိဂ္ငါးပြဲဆက္တိုက္ ပြဲထြက္ၿပီးေနာက္မွာ တဲလက္စ္ဟာ ေနာက္ဆုံးပြဲစဥ္ႏွစ္ပြဲနဲ႔ တနလၤာေန႔က အက္ဖ္ေအဖလားအႏိုင္ရရွိခဲ့တဲ့ အက္စတြန္ဗီလာနဲ႔ ပြဲမွာ အရံအျဖစ္သာပါဝင္ခဲ့ရပါတယ္။ဒါေပမယ့္လာမဲ့ပြဲစဥ္ေတြမွာေတာ့ ဘယ္ေနာက္တန္းေနရာကေန တဲလက္စ္ရဲ႕ ဖ်က္ထုတ္မႈေတြကို ျပနါၾကည့္ရဖို႔မ်ားပါတယ္။

 

တဲလက္စ္ ရဲ႕ ယူႏိုက္တက္ အသင္းေဖာ္ ဖရက္ဒ္ ကိုလည္း ဘရာဇီး အသင္းက ေ႐ြးခ်ယ္ ခဲ့ ပါတယ္ ။ သူက Twitter မွာ “ေနာက္ထပ္ အခြင့္အေရးေကာင္းတစ္ခုပါ။ ဘုရားသခင္ကိုေက်းဇူးတင္ပါတယ္!”လို႔ေရးသားခဲ့ပါတယ္။ဖရက္ဒ္နဲ႔ တဲလက္စ္တို႔နဲ႔မတူဘဲ ကာဗာနီရဲ႕ ဥ႐ုေဂြးအသင္းဟာ ယခုေဆာင္းရာသီၿပိဳင္ပြဲအတြက္အရည္အခ်င္းျပည့္မီဖို႔ ႐ုန္းကန္ေနရပါတယ္။ဥ႐ုေဂြးသည္ လက္ရွိတြင္ ေတာင္အေမရိကအဆင့္တြင္ အဆင့္ (၇) ေနရာတြင္ ရပ္တည္ေနကယ ေလးပြဲကစားရန္ က်န္ရွိေနၿပီး ေနာက္တဆင့္တက္ႏိုင္ဖို႔တစ္မွတ္လိုေနပါေသးတယ္။
crd

unicode

ယူနိုက်တက်နှင့်အတူခြေစွမ်းပြနိုင်ခဲ့တဲ့အတွက် (၂)နှစ်ကြာဝေးကွာနေတဲ့လက်ရွေးစင်အသင်းမှာပြန်လည်ပါဝင်လာတဲ့ သရဲနီနောက်ခံလူ

ယူနိုက်တက် နောက်ခံလူ အဲလက်စ် တဲလက်စ် ကို လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွက် ဘရာဇီး လူစာရင်းမှာပါဝင်ဖို့ ရွေးချယ် လိုက်ပြီဖြစ်ပါတယ်။တဲလက်စ်ဟာ 2020 ခုနှစ်နိုဝင်ဘာလကတည်းက သူ့နိုင်ငံအတွက် ပွဲမကစားရသေးပေမယ့် လာမယ့်သီတင်းပတ်တွေမှာ သူ့ရဲ့နိုင်ငံအသင်းအတွက် လေးကြိမ်အထိပါဝင်လာဖို့ မျှော်လင့်နေပါတယ်။ယခုနှစ် 2022 ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အရည်အချင်းပြည့်မီပြီးသားဖြစ်တဲ့ ဘရာဇီးလ်အသင်းဟာ ဇန်နဝါရီ ၂၇ ရက်တွင် အီကွေဒေါနှင့် ဖေဖော်ဝါရီ ၂ ရက်တွင် ပါရာဂွေးတို့နှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ယူနိုက်တက်ကစားသမား တဲလက်စ်ကတော့ ဘယ်ဘက်ခြမ်းနေရာရဖို့အတွက် ဂျူဗင်တပ်စ်ရဲ့ Alex Sandro နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။နိုင်ငံအသင်းအတွက် အရွေးခံရတာကို တုံ့ပြန်တဲ့အနေနဲ့ Telles က Instagram မှာ တင်ခဲ့ပါတယ်- “အဲဒီဖုန်းခေါ်ဆိုမှုရဲ့ ခံစားချက်က မတူပါဘူး။ ငါ့နိုင်ငံကို ကိုယ်စားပြုဖို့ ဒီအခွင့်အရေးသစ်အတွက် စိတ်လှုပ်ရှားပြီး စိတ်အားထက်သန်နေတယ်။”တဲလက်စ်ရဲ့ ယူနိုက်တက်အသင်းဖော်အချို့ကလည်း Instagram မှာသူ့ရဲ့ပြန်လည်ခေါ်ယူမှုကို ဂုဏ်ယူဝမ်းသာကြောင်းရေးသားခဲ့ကြပါတယ်။

လုရှောသည် စနေနေ့တွင် အက်စတွန်ဗီလာ ပွဲစဉ်အတွက် ရပ်နားထားသောကြောင့် တဲလက်စ် ဟာ သူ့ရဲ့ နိုင်ငံအသင်းမန်နေဂျာနှင့် ယူနိုက်တက်ယာယီနည်းပြ ရန်းနစ်တို့အား အထင်ကြီးစေဖို့ နောက်ထပ်အခွင့်အရေးတစ်ခု ရရှိမှာဖြစ်ပါတယ်။ပရီးမီးယားလိဂ်ငါးပွဲဆက်တိုက် ပွဲထွက်ပြီးနောက်မှာ တဲလက်စ်ဟာ နောက်ဆုံးပွဲစဉ်နှစ်ပွဲနဲ့ တနင်္လာနေ့က အက်ဖ်အေဖလားအနိုင်ရရှိခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ပွဲမှာ အရံအဖြစ်သာပါဝင်ခဲ့ရပါတယ်။ဒါပေမယ့်လာမဲ့ပွဲစဉ်တွေမှာတော့ ဘယ်နောက်တန်းနေရာကနေ တဲလက်စ်ရဲ့ ဖျက်ထုတ်မှုတွေကို ပြနါကြည့်ရဖို့များပါတယ်။

တဲလက်စ် ရဲ့ ယူနိုက်တက် အသင်းဖော် ဖရက်ဒ် ကိုလည်း ဘရာဇီး အသင်းက ရွေးချယ် ခဲ့ ပါတယ် ။ သူက Twitter မှာ “နောက်ထပ် အခွင့်အရေးကောင်းတစ်ခုပါ။ ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်!”လို့ရေးသားခဲ့ပါတယ်။ဖရက်ဒ်နဲ့ တဲလက်စ်တို့နဲ့မတူဘဲ ကာဗာနီရဲ့ ဥရုဂွေးအသင်းဟာ ယခုဆောင်းရာသီပြိုင်ပွဲအတွက်အရည်အချင်းပြည့်မီဖို့ ရုန်းကန်နေရပါတယ်။ဥရုဂွေးသည် လက်ရှိတွင် တောင်အမေရိကအဆင့်တွင် အဆင့် (၇) နေရာတွင် ရပ်တည်နေကယ လေးပွဲကစားရန် ကျန်ရှိနေပြီး နောက်တဆင့်တက်နိုင်ဖို့တစ်မှတ်လိုနေပါသေးတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *