ယူႏိုက္တက္အသင္းေခါင္းေဆာင္ရာထူးအတြက္ ဆရာေဟာင္းရဲ႕ထုံးကိုႏွလုံးမူၿပီး ခန္႔အပ္သြားဖို႔ရွိေနတဲ့ အဲရစ္တန္ဟက္ဂ်္

ယူႏိုက္တက္အသင္းေခါင္းေဆာင္ရာထူးအတြက္ ဆရာေဟာင္းရဲ႕ထုံးကိုႏွလုံးမူၿပီး ခန္႔အပ္သြားဖို႔ရွိေနတဲ့ အဲရစ္တန္ဟက္ဂ်္

မန္ယူအသင္းကို ေရာက္လာၿပီးတဲ့ေနာက္ နည္းျပ အဲရစ္တန္ဟတ္တစ္ေယာက္ အသင္းကို အေကာင္းဆုံး ထုဆစ္ပုံေဖာ္ေပးႏိုင္တယ္ဆိုတာ အားလုံးအသိပါ။ ဒါေပမဲ့ သူလည္းေလ လူသားေပမို႔ ၿပီးျပည့္စုံတယ္လို႔ေတာ့ မဆိုႏိုင္ပါဘူး။ တန္ဟတ္ရဲ႕ မန္ယူနည္းျပဘ၀ သိသာထင္ရွားတဲ့ ေကာင္းကြက္ကေတာ့ အမွားနည္းတာျဖစ္ၿပီး ဆုံးျဖတ္ခ်က္တိုင္းဟာ အသင္းအတြက္ ေကာင္းက်ိဳးကိုျဖစ္ေစတာပါပဲ။

 

ေအဂ်က္ဇ္နည္းျပေဟာင္းဟာ ဆုံးျဖတ္ခ်က္ ျပတ္သားခိုင္မာသူတစ္ေယာက္ျဖစ္ၿပီး သိသာထင္ရွားတဲ့ ကိစၥကို ထုတ္ျပရမယ္ဆိုရင္ေတာ့ စီေရာ္နယ္ဒိုနဲ႔ မက္ဂြိဳင္းယားပါ။ တန္ဟတ္ဟာ စီေရာ္နယ္ဒိုနဲ႔ လမ္းခြဲခဲ့တဲ့ နည္းျပျဖစ္သလို မက္ဂြိဳင္းယားကိုလည္း အသင္း ေခါင္းေဆာင္ရာထူးကေန ဖယ္ပစ္ခဲ့တဲ့သူပါ။ အစပိုင္းမွာေတာ့ ဒီဆုံးျဖတ္ ခ်က္ေတြနဲ႔ပတ္သက္ၿပီး မွားယြင္းေကာင္း မွားယြင္းႏိုင္တယ္လို႔ ထင္ေၾကးေပး မႈေတြရွိခဲ့ေပမဲ့ လက္ရွိမွာေတာ့ အလုံးစုံ မွန္ကန္တယ္ဆိုတာကို တန္ဟတ္ တစ္ေယာက္ သက္ေသျပႏိုင္ခဲ့ပါတယ္။

ေရာ္နယ္ဒိုမရွိလည္း မန္ယူက အလုပ္ျဖစ္သလို မက္ဂြိဳင္းယား မရွိလည္း မန္ယူက ဖလားရတယ္ဆိုတာကို တန္ဟတ္ လုပ္ျပခဲ့ပါတယ္။ ဒါေပမဲ့ လက္ရွိ ယူႏိုက္တက္လူစာရင္းနဲ႔ ပတ္ သက္ၿပီး တန္ဟတ္တစ္ေယာက္ လာမယ့္ ေႏြရာသီမွာ လုပ္စရာေတြက အမ်ားႀကီး က်န္ေနပါေသးတယ္။ မက္ဂြိဳင္းယား၊ ကက္စ္မီ႐ို၊ ဖာနန္ဒက္စ္၊ ဒီဂီယာတို႔လို ကစားသမားမ်ိဳးေတြ ရွိေနတဲ့ အိုးလ္ထရက္ဖို႔ဒ္မွာ အၿမဲတမ္း အသင္းေခါင္းေဆာင္ ဘယ္သူလဲဆိုတဲ့ ကိစၥက နည္းျပတန္ဟတ္ ေခါင္းစား ရမယ့္ ကိစၥျဖစ္လာေနပါတယ္။

 

ဒီေနရာမွာ တန္ဟတ္ဟာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ စီးတီးနည္းျပ ဂြါဒီယိုလာရဲ႕ စာအုပ္ကို ခဏငွားၿပီး ယူၾကည့္တာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။ စပိန္သားနည္းျပဟာ လူစာရင္းကို ပုံေသထားသူမဟုတ္ဘဲ အလွည့္က်သုံးသူျဖစ္ၿပီး အသင္းရဲ႕ အဝတ္လဲခန္းထဲမွာ အေကာင္းဆုံးတည္ ၿငိမ္မႈရဖို႔အတြက္ အသင္းေခါင္းေဆာင္ေ႐ြးတဲ့ စနစ္ေကာင္းတစ္ခု ရွိေနပါ တယ္။ အဲဒီလိုမ်ိဳး အသင္းကို အလွည့္က်စနစ္နဲ႔ သြားတဲ့အခါ ကစားသမား ေတြအကုန္လုံးဟာ ႀကိဳးစားခ်င္စိတ္ရွိလာၿပီး ဘက္ေပါင္းစုံကေန အၿပိဳင္း အ႐ိုင္းနဲ႔ တိုးတက္လာတာ မ်က္ျမင္ပါပဲ။

ဒါေၾကာင့္ လာမယ့္ ေဘာလုံးရာသီ မွာဆိုရင္လည္း နည္းျပ အဲရစ္တန္ဟတ္ဟာ ၿပိဳင္ဘက္နည္းျပ ဂြါဒီယိုလာရဲ႕ ထုံးကို ႏွလုံးမူၿပီး မန္ယူအသင္းေခါင္းေဆာင္ ရာထူးကို ပုံေသမထားေတာ့ဘဲ အလွည့္က်စနစ္ထားဖို႔ ျပင္ဆင္လာႏိုင္တယ္လို႔ မန္ခ်က္စတာ ညေနခင္း သတင္းေဆာင္းပါးတစ္ခုမွာ ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ယူႏိုက္တက္အသင္းရဲ႕ လာမယ့္ေဘာလုံးရာသီ အသင္းေခါင္းေဆာင္သစ္က ဘယ္သူလဲဆို တာ ေျပာေနၾကမယ့္အစား သူတို႔မွာ အသင္းေခါင္းေဆာင္ေတြ အမ်ားႀကီး ရွိေနၿပီလို႔ ေျပာခြင့္ရမယ္ဆိုရင္ အိပ္မက္ကဇာတ္႐ုံႀကီးအတြက္ ပိုၿပီး ဖြဲ႕စည္းပုံ ေကာင္းတဲ့ အခင္းအက်င္းတစ္ခုကို ပိုင္ဆိုင္ေတာ့မယ္ဆိုတာ ေသခ်ာေနၿပီပဲ ျဖစ္ပါတယ္။
crd

unicode

ယူနိုက်တက်အသင်းခေါင်းဆောင်ရာထူးအတွက် ဆရာဟောင်းရဲ့ထုံးကိုနှလုံးမူပြီး ခန့်အပ်သွားဖို့ရှိနေတဲ့ အဲရစ်တန်ဟက်ဂျ်

မန်ယူအသင်းကို ရောက်လာပြီးတဲ့နောက် နည်းပြ အဲရစ်တန်ဟတ်တစ်ယောက် အသင်းကို အကောင်းဆုံး ထုဆစ်ပုံဖော်ပေးနိုင်တယ်ဆိုတာ အားလုံးအသိပါ။ ဒါပေမဲ့ သူလည်းလေ လူသားပေမို့ ပြီးပြည့်စုံတယ်လို့တော့ မဆိုနိုင်ပါဘူး။ တန်ဟတ်ရဲ့ မန်ယူနည်းပြဘ၀ သိသာထင်ရှားတဲ့ ကောင်းကွက်ကတော့ အမှားနည်းတာဖြစ်ပြီး ဆုံးဖြတ်ချက်တိုင်းဟာ အသင်းအတွက် ကောင်းကျိုးကိုဖြစ်စေတာပါပဲ။

အေဂျက်ဇ်နည်းပြဟောင်းဟာ ဆုံးဖြတ်ချက် ပြတ်သားခိုင်မာသူတစ်ယောက်ဖြစ်ပြီး သိသာထင်ရှားတဲ့ ကိစ္စကို ထုတ်ပြရမယ်ဆိုရင်တော့ စီရော်နယ်ဒိုနဲ့ မက်ဂွိုင်းယားပါ။ တန်ဟတ်ဟာ စီရော်နယ်ဒိုနဲ့ လမ်းခွဲခဲ့တဲ့ နည်းပြဖြစ်သလို မက်ဂွိုင်းယားကိုလည်း အသင်း ခေါင်းဆောင်ရာထူးကနေ ဖယ်ပစ်ခဲ့တဲ့သူပါ။ အစပိုင်းမှာတော့ ဒီဆုံးဖြတ် ချက်တွေနဲ့ပတ်သက်ပြီး မှားယွင်းကောင်း မှားယွင်းနိုင်တယ်လို့ ထင်ကြေးပေး မှုတွေရှိခဲ့ပေမဲ့ လက်ရှိမှာတော့ အလုံးစုံ မှန်ကန်တယ်ဆိုတာကို တန်ဟတ် တစ်ယောက် သက်သေပြနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုမရှိလည်း မန်ယူက အလုပ်ဖြစ်သလို မက်ဂွိုင်းယား မရှိလည်း မန်ယူက ဖလားရတယ်ဆိုတာကို တန်ဟတ် လုပ်ပြခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ ယူနိုက်တက်လူစာရင်းနဲ့ ပတ် သက်ပြီး တန်ဟတ်တစ်ယောက် လာမယ့် နွေရာသီမှာ လုပ်စရာတွေက အများကြီး ကျန်နေပါသေးတယ်။ မက်ဂွိုင်းယား၊ ကက်စ်မီရို၊ ဖာနန်ဒက်စ်၊ ဒီဂီယာတို့လို ကစားသမားမျိုးတွေ ရှိနေတဲ့ အိုးလ်ထရက်ဖို့ဒ်မှာ အမြဲတမ်း အသင်းခေါင်းဆောင် ဘယ်သူလဲဆိုတဲ့ ကိစ္စက နည်းပြတန်ဟတ် ခေါင်းစား ရမယ့် ကိစ္စဖြစ်လာနေပါတယ်။

ဒီနေရာမှာ တန်ဟတ်ဟာ မြို့ခံပြိုင်ဘက် မန် စီးတီးနည်းပြ ဂွါဒီယိုလာရဲ့ စာအုပ်ကို ခဏငှားပြီး ယူကြည့်တာမျိုး ဖြစ်လာနိုင်ပါတယ်။ စပိန်သားနည်းပြဟာ လူစာရင်းကို ပုံသေထားသူမဟုတ်ဘဲ အလှည့်ကျသုံးသူဖြစ်ပြီး အသင်းရဲ့ အဝတ်လဲခန်းထဲမှာ အကောင်းဆုံးတည် ငြိမ်မှုရဖို့အတွက် အသင်းခေါင်းဆောင်ရွေးတဲ့ စနစ်ကောင်းတစ်ခု ရှိနေပါ တယ်။ အဲဒီလိုမျိုး အသင်းကို အလှည့်ကျစနစ်နဲ့ သွားတဲ့အခါ ကစားသမား တွေအကုန်လုံးဟာ ကြိုးစားချင်စိတ်ရှိလာပြီး ဘက်ပေါင်းစုံကနေ အပြိုင်း အရိုင်းနဲ့ တိုးတက်လာတာ မျက်မြင်ပါပဲ။

ဒါကြောင့် လာမယ့် ဘောလုံးရာသီ မှာဆိုရင်လည်း နည်းပြ အဲရစ်တန်ဟတ်ဟာ ပြိုင်ဘက်နည်းပြ ဂွါဒီယိုလာရဲ့ ထုံးကို နှလုံးမူပြီး မန်ယူအသင်းခေါင်းဆောင် ရာထူးကို ပုံသေမထားတော့ဘဲ အလှည့်ကျစနစ်ထားဖို့ ပြင်ဆင်လာနိုင်တယ်လို့ မန်ချက်စတာ ညနေခင်း သတင်းဆောင်းပါးတစ်ခုမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ယူနိုက်တက်အသင်းရဲ့ လာမယ့်ဘောလုံးရာသီ အသင်းခေါင်းဆောင်သစ်က ဘယ်သူလဲဆို တာ ပြောနေကြမယ့်အစား သူတို့မှာ အသင်းခေါင်းဆောင်တွေ အများကြီး ရှိနေပြီလို့ ပြောခွင့်ရမယ်ဆိုရင် အိပ်မက်ကဇာတ်ရုံကြီးအတွက် ပိုပြီး ဖွဲ့စည်းပုံ ကောင်းတဲ့ အခင်းအကျင်းတစ်ခုကို ပိုင်ဆိုင်တော့မယ်ဆိုတာ သေချာနေပြီပဲ ဖြစ်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *