ယူႏိုက္တက္အသင္းအတြက္ တန္ဟက္ မျဖစ္မေနလုပ္ေဆာင္ရမယ့္အဓိကအခ်က္ကို ေထာက္ျပလိုက္တဲ့ သရဲနီေဟာင္း ေဖာ္ကြၽန္း

သရဲနီကြင္းလယ္လူေဟာင္း ကြင္တန္ ေဖာ္ကြၽန္းက နည္းျပသစ္ အဲရစ္တန္းဟက္ဂ္ဟာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းမွာ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ စြမ္းေဆာင္ျပေနေပမယ့္ လူအင္အားကို ယခုထက္ပိုမိုျဖည့္တင္းဖို႔ လိုအပ္ေသးေၾကာင္း ေထာက္ျပေျပာဆိုလိုက္ပါတယ္။ တန္ဟက္လက္ထက္ ပရီးမီးယားလိဂ္ရာသီအဖြင့္မွာ မန္ယူႏိုက္တက္အသင္းဟာ (၂) ပြဲဆက္ ရႈံးနိမ့္ခဲ့ေပမယ့္ ေနာက္ပိုင္းပြဲေတြမွာ ရလဒ္ေကာင္းခဲ့ၿပီး စုစုေပါင္း (၁၄) ပြဲမွာ (၂၆) မွတ္စုေဆာင္းႏိုင္ခဲ့ကာ အဆင့္ (၅) ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။ သရဲနီတို႔ဟာ လက္က်န္ပြဲတစ္ပြဲကိုသာ အႏိုင္ကစားႏိုင္ခဲ့ရင္ အဆင့္ (၄) ေနရာက စပါးနဲ႔ ရမွတ္တူသြားမွာျဖစ္ကာ အဆင့္ (၃) ေနရာက နယူးကာဆယ္နဲ႔ တစ္မွတ္သာကြာဟေတာ့မွာပါ။

ေဖာ္ကြၽန္းဟာ ၁၉၉၉ ခုႏွစ္ကေန ၂၀၀၆ ခုႏွစ္အထိ မန္ယူႏိုက္တက္အသင္းမွာ ကစားခဲ့ဖူးသူျဖစ္ကာ အသင္းနဲ႔အတူ ဆုဖလားေပါင္းမ်ားစြာဆြတ္ခူးႏိုင္ခဲ့သူပါ။ Stats Platform နဲ႔ ေတြ႕ဆုံရာမွာ သူက အသင္းေဟာင္းနဲ႔ ပတ္သက္ၿပီး – “ ၿပီးခဲ့တဲ့ႏွစ္က က်ေနာ္တို႔ ေတြ႕ခဲ့ရတဲ့ မန္ယူႏိုက္တက္ထက္စာရင္ တန္းဟက္ဂ္လက္ထက္မွာေတာ့ မယုံႏိုင္စရာ တိုးတက္လာခဲ့ပါၿပီ ဒီရာသီမွာ တန္းဟက္ဂ္အေနနဲ႔ အသင္းအတြက္ ဆုဖလားတစ္လုံးေတာ့ဆြတ္ခူးေပးခ်င္မွာပါ ဘာလို႔လဲဆိုရင္ ဒါက ဒီဘက္ေခတ္ေဘာလုံးေလာကရဲ႕ သဘာဝမို႔ပါပဲ ။

သူက အသင္းအတြက္ ေကာင္းမြန္တဲ့ ေျပာင္းလဲမႈအမ်ားႀကီးကို လုပ္ေပးထားႏိုင္ပါတယ္ ။အသင္းလိုက္ကစားပုံမွာလည္း တိုးတက္လာတာေတြကို က်ေနာ္တို႔ ျမင္ေတြ႕ႏိုင္ပါတယ္ ။ သူ႔အေနနဲ႔ လူအင္အားေတာင့္တင္းဖို႔အတြက္ ကစားသမားသစ္ေခၚယူမႈေတြေတာ့ ျပဳလုပ္ရမွာပါ ။ က်ေနာ္က မန္ယူႏိုက္တက္အသင္းဆီ ၁၉၉၉ ခုႏွစ္မွာ ေရာက္ခဲ့တာ အရမ္းကံေကာင္းပါတယ္ ဖလားသုံးလုံးကို ရခဲ့တယ္ေလ အသင္းရဲ႕ ေနရာစုံမွာလည္း ပြဲထြက္ခြင့္အတြက္ အားလုံးက ၿပိဳင္ဆိုင္ေနၾကပါတယ္ ေလ့က်င့္ခန္းေတြလည္း ျပင္းျပင္းထန္ထန္ဆင္းၾကရပါတယ္ မန္ယူႏိုက္တက္အသင္းအတြက္ ကစားေပးဖို႔ဆိုတာ မလြယ္ပါဘူး ဖိအားမ်ားပါတယ္ ။

ဒါေၾကာင့္ လက္ရွိမန္ယူႏိုက္တက္ကစားသမားေတြကလည္း အသင္းအတြက္ ကစားေပးဖို႔ဆိုရင္ မွန္ကန္တဲ့ ကာ႐ိုက္တာရွိဖို႔လိုပါတယ္ ။ အသင္းအေနနဲ႔ကလည္း ကစားသမားသစ္ဝယ္ယူရာမွာ ႏိုင္လိုစိတ္ျပင္းျပၿပီး အဝတ္လဲခန္းမွာ စည္းလုံးညီၫြတ္မႈေဖာ္ေဆာင္ႏိုင္မယ့္ ကစားသမားမ်ိဳးသာ ဝယ္ယူသင့္ပါတယ္” လို႔အႀကံေပးစကားေျပာၾကားခဲ့လိုက္တာျဖစ္ပါတယ္။
crd

unicode

ယူနိုက်တက်အသင်းအတွက် တန်ဟက် မဖြစ်မနေလုပ်ဆောင်ရမယ့်အဓိကအချက်ကို ထောက်ပြလိုက်တဲ့ သရဲနီဟောင်း ဖော်ကျွန်း

သရဲနီကွင်းလယ်လူဟောင်း ကွင်တန် ဖော်ကျွန်းက နည်းပြသစ် အဲရစ်တန်းဟက်ဂ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ မယုံနိုင်စရာကောင်းလောက်အောင် စွမ်းဆောင်ပြနေပေမယ့် လူအင်အားကို ယခုထက်ပိုမိုဖြည့်တင်းဖို့ လိုအပ်သေးကြောင်း ထောက်ပြပြောဆိုလိုက်ပါတယ်။ တန်ဟက်လက်ထက် ပရီးမီးယားလိဂ်ရာသီအဖွင့်မှာ မန်ယူနိုက်တက်အသင်းဟာ (၂) ပွဲဆက် ရှုံးနိမ့်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ရလဒ်ကောင်းခဲ့ပြီး စုစုပေါင်း (၁၄) ပွဲမှာ (၂၆) မှတ်စုဆောင်းနိုင်ခဲ့ကာ အဆင့် (၅) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ သရဲနီတို့ဟာ လက်ကျန်ပွဲတစ်ပွဲကိုသာ အနိုင်ကစားနိုင်ခဲ့ရင် အဆင့် (၄) နေရာက စပါးနဲ့ ရမှတ်တူသွားမှာဖြစ်ကာ အဆင့် (၃) နေရာက နယူးကာဆယ်နဲ့ တစ်မှတ်သာကွာဟတော့မှာပါ။

ဖော်ကျွန်းဟာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ မန်ယူနိုက်တက်အသင်းမှာ ကစားခဲ့ဖူးသူဖြစ်ကာ အသင်းနဲ့အတူ ဆုဖလားပေါင်းများစွာဆွတ်ခူးနိုင်ခဲ့သူပါ။ Stats Platform နဲ့ တွေ့ဆုံရာမှာ သူက အသင်းဟောင်းနဲ့ ပတ်သက်ပြီး – “ ပြီးခဲ့တဲ့နှစ်က ကျနော်တို့ တွေ့ခဲ့ရတဲ့ မန်ယူနိုက်တက်ထက်စာရင် တန်းဟက်ဂ်လက်ထက်မှာတော့ မယုံနိုင်စရာ တိုးတက်လာခဲ့ပါပြီ ဒီရာသီမှာ တန်းဟက်ဂ်အနေနဲ့ အသင်းအတွက် ဆုဖလားတစ်လုံးတော့ဆွတ်ခူးပေးချင်မှာပါ ဘာလို့လဲဆိုရင် ဒါက ဒီဘက်ခေတ်ဘောလုံးလောကရဲ့ သဘာဝမို့ပါပဲ ။

သူက အသင်းအတွက် ကောင်းမွန်တဲ့ ပြောင်းလဲမှုအများကြီးကို လုပ်ပေးထားနိုင်ပါတယ် ။အသင်းလိုက်ကစားပုံမှာလည်း တိုးတက်လာတာတွေကို ကျနော်တို့ မြင်တွေ့နိုင်ပါတယ် ။ သူ့အနေနဲ့ လူအင်အားတောင့်တင်းဖို့အတွက် ကစားသမားသစ်ခေါ်ယူမှုတွေတော့ ပြုလုပ်ရမှာပါ ။ ကျနော်က မန်ယူနိုက်တက်အသင်းဆီ ၁၉၉၉ ခုနှစ်မှာ ရောက်ခဲ့တာ အရမ်းကံကောင်းပါတယ် ဖလားသုံးလုံးကို ရခဲ့တယ်လေ အသင်းရဲ့ နေရာစုံမှာလည်း ပွဲထွက်ခွင့်အတွက် အားလုံးက ပြိုင်ဆိုင်နေကြပါတယ် လေ့ကျင့်ခန်းတွေလည်း ပြင်းပြင်းထန်ထန်ဆင်းကြရပါတယ် မန်ယူနိုက်တက်အသင်းအတွက် ကစားပေးဖို့ဆိုတာ မလွယ်ပါဘူး ဖိအားများပါတယ် ။

ဒါကြောင့် လက်ရှိမန်ယူနိုက်တက်ကစားသမားတွေကလည်း အသင်းအတွက် ကစားပေးဖို့ဆိုရင် မှန်ကန်တဲ့ ကာရိုက်တာရှိဖို့လိုပါတယ် ။ အသင်းအနေနဲ့ကလည်း ကစားသမားသစ်ဝယ်ယူရာမှာ နိုင်လိုစိတ်ပြင်းပြပြီး အဝတ်လဲခန်းမှာ စည်းလုံးညီညွတ်မှုဖော်ဆောင်နိုင်မယ့် ကစားသမားမျိုးသာ ဝယ်ယူသင့်ပါတယ်” လို့အကြံပေးစကားပြောကြားခဲ့လိုက်တာဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *