



crd

unicode

ယူနိုက်တက်အသင်းအတွက်ပြီးပြည့်စုံစေမယ့်ကစားသမားနှစ်ဦးကို ပြောပြလာတဲ့နယ်သာလန်လက်ရွေးစင်ဟောင်း Marciano Vink

နယ်သာလန်လက်ရွေးစင်ဟောင်းနဲ့ အေဂျက်စ်ကစားသမားဟောင်း Marciano Vink က နည်းပြဗန်ဟားလ်ကို ဝေဖန်ခဲ့ပြီး တင်ဘာနဲ့ဒီဂျောင်တို့ဟာ မန်ချက်စတာယူနိုက်တက်အတွက် ပြီးပြည့်စုံလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့သည်။m Vink က “ဒါက နည်းနည်းတော့ ဆန့်ကျင်ဘက်ဖြစ်နေလိမ့်မယ်။ တင်ဘာက မန်ချက်စတာယူနိုက်တက်ကိုသွားမယ်ဆိုရင် သူကစားရမှာမဟုတ်ဘူးလို့ ဘယ်သူပြောလဲ။ သူသာ ကစားခွင့်ရရင် နယ်သာလန်လက်ရွေးစင်မှာ ရွေးချယ်ခံရမှာ မဟုတ်ဘူးလား။

သူဟာ မန်ချက်စတာယူနိုက်တက်အတွက် အဓိကကစားသမားတစ်ဦးဖြစ်သလို သူတို့ကစားလိုတဲ့ကစားကွက်နဲ့ နောက်တန်းကနေ ဘောလုံးနဲ့ ဖိအားပေးနိုင်တဲ့ အဓိကကစားသမားတစ်ဦးပါ။ ဒီဂျောင်လည်း ဒီလိုပါပဲ။ သူတို့ဟာ ယူနိုက်တက်အတွက် အရေးပါတဲ့ ကစားသမားနှစ်ယောက်ဖြစ်လာမှာပါ“ဟု ပြောကြားခဲ့သည်။ မန်ယူနည်းပြသစ် အဲရစ်တန်ဟက်ဂ်သည် အေဂျက်စ်မှ ယူနိုက်တက်သို့ ရောက်ရှိလာသည်နှင့်တပြိုင်နက် သူအလိုရှိသော ပစ်မှတ်များကို အသင်းထံ အသိပေးခဲ့သည်။

ကွင်းလယ်ဦးစားပေးပစ်မှတ်အဖြစ် ဘာစီလိုနာရဲ့ ဖရန်ကီ ဒီဂျောင်နဲ့အတူ အားဖြည့်မှုတွေ ပြုလုပ်နေပေမယ့် နောက်တန်းခံစစ်အတွက်လည်း ကစားသမားသစ်တစ်ဦးကို အလိုရှိနေဆဲဖြစ်သည်။ ခံစစ်ကစားသမားသစ်များနှင့်ပတ်သက်၍ နည်းပြတန်ဟက်ဂ်သည် စွယ်စုံရအေဂျက်စ်နောက်ခံလူ ဂျူရီယန်တင်ဘာက်ု ယူနိုက်တက်အသင်းထံသို့ လာရောက်ပူးပေါင်းစေလိုသည်။

သတင်းအများအပြားသည် အပြောင်းအရွှေ့ဈေးကွက်အတွင်း အချိန်အတိုင်းအတာတစ်ခုအထိ နှစ်ဦးနှစ်ဖက်သည်သဘောတူညီမှုရနိုင်ခြေကို ဖော်ပြခဲ့သည်။ဒါ့အပြင် နယ်သာလန်လက်ရွေးစင်တင်ဘာ၏ အေးဂျင့်ဖြစ်သူ Revien Kanhai သည် ၎င်း၏ကိုယ်ပိုင်Instagram တွင် “အလုပ်အတွက် ခရီးသွားရတာကို နှစ်သက်သည်” ဟူသော စာတန်းနှင့်အတူ မန်ချက်စတာမြို့၏ ဓာတ်ပုံတစ်ပုံကို တင်ပြီးနောက် သတင်းများပိုမိုကျယ်ပြန့်လာသည်။

Add a Comment

Your email address will not be published. Required fields are marked *