ယူႏိုက္တက္အသင္းဟာ အသင္းပိုင္ရွင္သစ္ကို ရွာေဖြေနေၾကာင္းနဲ႔ အသင္းပိုင္ရွင္ အေျပာင္းအလဲ ျဖစ္သြားရင္ ျဖစ္လာႏိုင္တာေတြကို အတည္ျပဳေပးလိုက္တဲ့ တန္ဟက္ဂ္

ယူႏိုက္တက္အသင္းဟာ အသင္းပိုင္ရွင္သစ္ကို ရွာေဖြေနေၾကာင္းနဲ႔ အသင္းပိုင္ရွင္ အေျပာင္းအလဲ ျဖစ္သြားရင္ ျဖစ္လာႏိုင္တာေတြကို အတည္ျပဳေပးလိုက္တဲ့ တန္ဟက္ဂ္
ပိုင္ရွင္အသစ္ႏွင့္အတူ အသင္းအတြက္ ရင္းႏွီးျမဳပ္ႏွံမႈေတြ ပေရာဂ်က္ေတြ ဆုဖလားေတြ ရယူလိုေၾကာင္းေျပာလာတဲ့ မန္ယူေဘာ့စ္ တန္ဟက္ဂ္

ကမာၻေပၚမွာ ပရိသတ္ အားေပးမႈ အမ်ားဆုံး အသင္းေတြထဲက တသင္း ျဖစ္တဲ့ မန္ခ်က္စတာ ယူႏိုက္တက္ကို အေမရိကန္ သန္းႂကြယ္သူေဌး မိသားစု ျဖစ္တဲ့ ဂေလဇာမိသားစုက ပိုင္ဆိုင္တာ ျဖစ္ၿပီး ဂေလဇာမိသားစုဟာ မန္ခ်က္စတာ ယူႏိုက္တက္ကို ဆယ္စုႏွစ္ ၂စုနီးပါး ၾကာေအာင္ ပိုင္ဆိုင္ခဲ့တာပါ။

ဂေလဇာမိသားစုက မန္ခ်က္စတာ ယူႏိုက္တက္ကို ဘဏ္ေခ်းေငြေတြနဲ႔ ဝယ္ယူခဲ့သလို ဘဏ္အတိုးေတြကိုလည္း အသင္းပိုင္ ေငြေၾကးထဲ ကေန အၿမဲ ေပးခဲ့တာေၾကာင့္ မန္ခ်က္စတာ ယူႏိုက္တက္ ပရိသတ္ေတြနဲ႔ ဂေလဇာမိသားစုတို႔ရဲ႕ ၾကားထဲမွာ ဆက္ဆံေရးအရ အဆင္မေျပမႈေတြ ရွိခဲ့သလို ယူႏိုက္တက္ပရိသတ္ေတြက ဂေလဇာမိသားစုကို အသင္းကေန ထြက္သြားဖို႔ စဥ္ဆက္မျပတ္ ေတာင္းဆိုခဲ့ၾကပါတယ္။

လက္ရွိမွာေတာ့ ဂေလဇာမိသားစုက မန္ခ်က္စတာ ယူႏိုက္တက္ကို ေရာင္းခ်ဖို႔ အတြက္ ဆုံးျဖတ္လိုက္ၿပီး ဂေလဇာမိသားစုဟာ မန္ခ်က္စတာ ယူႏိုက္တက္ကို ၂၀၂၃ခုႏွစ္ အတြင္း အၿပီးသတ္ ေရာင္းခ်ႏိုင္ဖို႔ ေမွ်ာ္လင့္ထားသလို မန္ခ်က္စတာ ယူႏိုက္တက္ကို ေရာင္းခ်ရာကေန ေပါင္ ၅ဘီလီယံနဲ႔ ေပါင္ ၉ဘီလီယံၾကား ပမာဏ တရပ္ ရရွိခ်င္ေနပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ နည္းျပျဖစ္သူ တန္ဟက္ဂ္ကလည္း သူတို႔အသင္းဟာ အသင္းပိုင္ရွင္သစ္ကို ရွာေဖြေနေၾကာင္းနဲ႔ အသင္းပိုင္ရွင္ အေျပာင္းအလဲ ျဖစ္သြားရင္ အသင္းအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ဖို႔ ေငြေၾကးေတြ ရလာႏိုင္တာေၾကာင့္ အသင္းပိုင္ရွင္ အေျပာင္းအလဲ ျဖစ္တာဟာ အသင္းအတြက္ ေကာင္းမြန္လိမ့္မယ္လို႔ ဆိုလာပါတယ္။

တန္ဟက္ဂ္က – “အသင္းအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈအသစ္ေတြ ေရာက္လာဖို႔ ရွိပါတယ္။ (အသင္းပိုင္ရွင္ အေျပာင္းအလဲ ျဖစ္မႈအား ရည္႐ြယ္လ်က္) အဲ့ဒါက ေကာင္းမြန္တဲ့ ကိစၥရပ္ တခုပါ။ ကြၽန္ေတာ္နဲ႔ ရစ္ခ်က္ အာႏိုးလ္တို႔က အသင္းရဲ႕ ယဥ္ေက်းမႈ ၊ ပန္းတိုင္ ၊ လုပ္ရမယ့္ အရာေတြ အတြက္ ေဆြးေႏြးခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ လုပ္ခ်င္တဲ့ ပေရာဂ်က္ေတြ အတြက္ ေငြေၾကးမ်ားမ်ားစားစား ရဖို႔ လိုအပ္ေနပါတယ္” လို႔ ထုတ္ေဖာ္ ေျပာၾကားသြားခဲ့တာပါ။
ခရက္ဒစ္

Unicode
ယူနိုက်တက်အသင်းဟာ အသင်းပိုင်ရှင်သစ်ကို ရှာဖွေနေကြောင်းနဲ့ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်သွားရင် ဖြစ်လာနိုင်တာတွေကို အတည်ပြုပေးလိုက်တဲ့ တန်ဟက်ဂ်
ပိုင်ရှင်အသစ်နှင့်အတူ အသင်းအတွက် ရင်းနှီးမြုပ်နှံမှုတွေ ပရောဂျက်တွေ ဆုဖလားတွေ ရယူလိုကြောင်းပြောလာတဲ့ မန်ယူဘော့စ် တန်ဟက်ဂ်

ကမ္ဘာပေါ်မှာ ပရိသတ် အားပေးမှု အများဆုံး အသင်းတွေထဲက တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကို အမေရိကန် သန်းကြွယ်သူဌေး မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုက ပိုင်ဆိုင်တာ ဖြစ်ပြီး ဂလေဇာမိသားစုဟာ မန်ချက်စတာ ယူနိုက်တက်ကို ဆယ်စုနှစ် ၂စုနီးပါး ကြာအောင် ပိုင်ဆိုင်ခဲ့တာပါ။

ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ဘဏ်ချေးငွေတွေနဲ့ ဝယ်ယူခဲ့သလို ဘဏ်အတိုးတွေကိုလည်း အသင်းပိုင် ငွေကြေးထဲ ကနေ အမြဲ ပေးခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေနဲ့ ဂလေဇာမိသားစုတို့ရဲ့ ကြားထဲမှာ ဆက်ဆံရေးအရ အဆင်မပြေမှုတွေ ရှိခဲ့သလို ယူနိုက်တက်ပရိသတ်တွေက ဂလေဇာမိသားစုကို အသင်းကနေ ထွက်သွားဖို့ စဉ်ဆက်မပြတ် တောင်းဆိုခဲ့ကြပါတယ်။

လက်ရှိမှာတော့ ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချဖို့ အတွက် ဆုံးဖြတ်လိုက်ပြီး ဂလေဇာမိသားစုဟာ မန်ချက်စတာ ယူနိုက်တက်ကို ၂၀၂၃ခုနှစ် အတွင်း အပြီးသတ် ရောင်းချနိုင်ဖို့ မျှော်လင့်ထားသလို မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချရာကနေ ပေါင် ၅ဘီလီယံနဲ့ ပေါင် ၉ဘီလီယံကြား ပမာဏ တရပ် ရရှိချင်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ တန်ဟက်ဂ်ကလည်း သူတို့အသင်းဟာ အသင်းပိုင်ရှင်သစ်ကို ရှာဖွေနေကြောင်းနဲ့ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်သွားရင် အသင်းအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ ငွေကြေးတွေ ရလာနိုင်တာကြောင့် အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်တာဟာ အသင်းအတွက် ကောင်းမွန်လိမ့်မယ်လို့ ဆိုလာပါတယ်။

တန်ဟက်ဂ်က – “အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ရောက်လာဖို့ ရှိပါတယ်။ (အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်မှုအား ရည်ရွယ်လျက်) အဲ့ဒါက ကောင်းမွန်တဲ့ ကိစ္စရပ် တခုပါ။ ကျွန်တော်နဲ့ ရစ်ချက် အာနိုးလ်တို့က အသင်းရဲ့ ယဉ်ကျေးမှု ၊ ပန်းတိုင် ၊ လုပ်ရမယ့် အရာတွေ အတွက် ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်ချင်တဲ့ ပရောဂျက်တွေ အတွက် ငွေကြေးများများစားစား ရဖို့ လိုအပ်နေပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။
ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *