crd
Unicode
ယူနိုက်တက်အသင်းရဲ့ ခြေစွမ်းအဆင့်အတန်းကို နောက်တစ်ဆင့်မြင့်တက်စေခဲ့တဲ့ ကစားသမားကို ထုတ်ဖော်ချီးကျူးလိုက်တဲ့ နည်းပြတန်ဟက်ဂ်
ကွင်းလယ်Tank ကြီး ကတ်စ်မဲရိုးဟာ အသင်းရဲ့ ခြေစွမ်းအဆင့်အတန်းကို နောက်တစ်ဆင့်မြင့်တက်စေခဲ့တဲ့ ကစားသမားလို့ ထုတ်ဖော်ချီးကျူးလိုက်တဲ့ တန်ဟက်ဂ်
ဘရာဇီးကွင်းလယ်လူ ကာဆီမဲရိုးသည် မန်ယူအသင်းသို့ ရောက်ရှိလာပြီးနောက် ခြေစွမ်းပိုမိုတိုးတက်လာခဲ့ပြီး မန်ယူအသင်း၏ခြေစွမ်းလည်း တစ်ဆင့်မြင့်တက်လာကြောင်း အသင်းမန်နေဂျာ တန်းဟက်က ချီးကျူးပြောဆိုလိုက်သည်။
ရီးရဲမက်ဒရစ်နှင့်အတူ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်ရရှိထားသော ကာဆီမဲရိုးသည် မန်ယူကွင်းလယ်တွင် အဲရစ်ဆင်နှင့်အတွဲအဖက်မိစွာ ကစားပေးနိင်ခဲ့သည်။ မန်ယူသည် ယနေ့ညတွင် ဝုဖ်အသင်းနှင့် အဝေးကွင်းပွဲစဉ်ကစားရမည်ဖြစ်ပြီး အဆင့် ၄ နေရာတွင် ရပ်တည်နေသောအသင်းနှင့် တစ်မှတ်သာကွာဟ နေသည်။ ကာဆီမဲရိုးသည် မန်ယူအသင်းအတွက် များစွာထိထိရောက်ရောက် အကျိုးပြုနိုင်သည့်ကစားသမားဖြစ်ကြောင်း တန်းဟက်က ပြောဆိုလိုက်သည်။
“ရီးရဲမက်ဒရစ်က သူ့ကိုအသင်းပြောင်းခွင့်ပေးလိုက်တာကို ဝမ်းသာပါတယ်။ ကာဆီမဲရိုးက မန်ယူအတွက် သိပ်ကို အရေးပါတဲ့ကစားသမားပါ။ မန်ယူက နံပါတ် ၆ နေရာမှာကစားတတ်တဲ့ ကစားသမားမျိုးလိုနေတာကိုသိပါတယ်။ အဲဒီနေရာအတွက် မှန်ကန်တဲ့ကစားသမားမျိုးရရှိဖို့ ကျွန်တော်တို့က အကြိမ်ပေါင်းများစွာဆွေးနွေးခဲ့ပါတယ်။
သေချာတာက မန်ယူက မှန်ကန်တဲ့ ကစားသမားတစ်ယောက်ကို ခေါ်ယူလိုက်နိုင်တာပါပဲ။ သူကမန်ယူရဲ့ခြေစွမ်းအဆင့်အတန်းကို နောက်တစ်ဆင့်မြင့်တက်စေခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်”ဟု တန်းဟက်က ပြောဆိုလိုက်သည်။
crd