ယူႏိုက္တက္အသင္းရဲ႕ ဇန္နဝါရီအဓိက ပစ္မွတ္ျဖစ္တဲ့ တိုက္စစ္မႉးဂတ္ပိုအတြက္ ေျပာင္းေ႐ြ႕ေၾကး သတ္မွတ္ေပးလိုက္တဲ့ ပီအက္စ္ဗြီအသင္း

၁၆ သင္းအဆင့္ရႈံးထြက္ပြဲစဥ္မွာေတာ့ နယ္သာလန္အသင္းဟာ ပင္နယ္တီနဲ႔ အေရးနိမ့္ခဲ့ၿပီး ၿပိဳင္ပြဲမွထြက္ခြာခဲ့ရပါတယ္။ ယေန႔မနက္မွာေတာ့ နာမည္ေက်ာ္ ေဘာလုံးသတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုက PSV နဲ႔ နယ္သာလန္ၾကယ္ပြင့္ ဂတ္ပိုနဲ႔ပတ္သတ္ၿပီး ယူႏိုက္တက္အေနျဖင့္ ေျပာင္းေ႐ြ႕ေၾကးဘယ္ေလာက္ေပးေခ်ရမလဲ ဆိုတာေျပာျပသြားတာျဖစ္ပါတယ္။

အသက္ ( ၂၃ ) ႏွစ္အ႐ြယ္သာရွိေသးသည့္ ဂတ္ပိုသည္ ကလပ္အသင္းမွာကတည္းက အေတာ္ေလးေျခစြမ္ျပ ကစားႏိုင္ခဲ့ၿပီး အသင္းႀကီးမ်ားစြာရဲ႕စိတ္ဝင္စားမႈကို ခံေနရတာျဖစ္ပါတယ္။ ယခုကမာၻ႔ဖလားမွာလည္း ဂတ္ပိုဟာ လူဝစ္ဗန္ဟားလက္‌ေအာက္တြင္ နယ္သာလန္အသင္းႏွင့္အတူ ေတာက္ပခဲ့ၿပီး အုပ္စု ၃ ပြဲဆက္တိုက္ သြင္းဂိုးရယူႏိုင္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဂတ္ပိုကို ေခၚယူဖို႔ ေရပန္းစားေနတဲ့ တစ္သင္းတည္းေသာအသင္းမဟုတ္ဘဲ အာဆင္နယ္အသင္းကလည္း ယင္းနယ္သာလန္ၾကယ္ပြင့္ကို ေခၚယူရန္ စိတ္ဝင္စားေနေၾကာင္း သိရသည္။ ဂတ္ပိုကိုယ္တိုင္ကလည္း ယခုေႏြရာသီမွာကတည္းက ပရီးမီးယားလိဂ္သို႔ေျပာင္းေ႐ႊ႕ရန္ စိတ္အားထက္သန္ေနၿပီး ယူႏိုက္တက္အသင္းရဲ႕ကမ္းလွမ္းမႈကို ေစာင့္ဆိုင္းေနေၾကာင္း ၿပီးခဲ့တဲ့လက အင္တာဗ်ဴးမွာ ဖြင့္ဟဝန္ခံခဲ့ဖူးပါတယ္။

ဂတ္ပိုအတြက္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ပတ္သတ္ၿပီး အီတလီသတင္းေထာက္ ဖာဘရီဇီယို ႐ိုမန္ႏိုက ” ပီအက္စ္ဗြီအသင္းရဲ႕ မူလအစီစဥ္က ဂတ္ပိုကို ‌‌ေႏြရာသီက်မွ ေရာင္းခ်သြားဖို႔ ျဖစ္ၿပီး ဇန္နဝါရီမွာ ေရာင္းခ်သြားဖို႔ မဟုတ္ပါဘူး။ ဒါေပမယ့္ အခုက်ေတာ့ ဒီကမာၻ႔ဖလားၿပိဳင္ပြဲၿပီးသြားရင္ ယူ႐ို သန္း ၅၀ ( ေပါင္ ၄၃ သန္း ) ထက္မ်ားတဲ့ ကမ္းလွမ္းမႈသာ ရွိလာမယ္ဆိုရင္ ဂတ္ပိုအေနနဲ႔ ဇန္နဝါရီမွာ ထြက္ဖို႔ အခြင့္အေရး ရွိပါတယ္။ ကြၽန္ေတာ္က အတည္အခြင့္အေရး‌ရွိတယ္လို႔ ေျပာေနတာပါ။ ဒီေတာ့ လာမယ့္ ရက္အနည္းငယ္အတြင္း ေစ်းကြက္ကို ေစာင့္ၾကည့္ေနလိုက္ပါ ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။
crd

Unicode
ယူနိုက်တက်အသင်းရဲ့ ဇန်နဝါရီအဓိက ပစ်မှတ်ဖြစ်တဲ့ တိုက်စစ်မှူးဂတ်ပိုအတွက် ပြောင်းရွေ့ကြေး သတ်မှတ်ပေးလိုက်တဲ့ ပီအက်စ်ဗွီအသင်း

ရော်နယ်လ်ဒိုရဲ့ နေရာကို အစားထိုးဖို့ တန်ဟက်ဂ်ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ နယ်သာလန်ကြယ်ပွင့် ဂတ်ပိုအတွက် ပြောင်းရွေ့ကြေး သတ်မှတ်ပေးလိုက်တဲ့ ပီအက်စ်ဗွီအသင်း

၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာတော့ နယ်သာလန်အသင်းဟာ ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။ ယနေ့မနက်မှာတော့ နာမည်ကျော် ဘောလုံးသတင်းထောက် ဖာဘရီဇီယို ရိုမာနိုက PSV နဲ့ နယ်သာလန်ကြယ်ပွင့် ဂတ်ပိုနဲ့ပတ်သတ်ပြီး ယူနိုက်တက်အနေဖြင့် ပြောင်းရွေ့ကြေးဘယ်လောက်ပေးချေရမလဲ ဆိုတာပြောပြသွားတာဖြစ်ပါတယ်။

အသက် ( ၂၃ ) နှစ်အရွယ်သာရှိသေးသည့် ဂတ်ပိုသည် ကလပ်အသင်းမှာကတည်းက အတော်လေးခြေစွမ်ပြ ကစားနိုင်ခဲ့ပြီး အသင်းကြီးများစွာရဲ့စိတ်ဝင်စားမှုကို ခံနေရတာဖြစ်ပါတယ်။ ယခုကမ္ဘာ့ဖလားမှာလည်း ဂတ်ပိုဟာ လူဝစ်ဗန်ဟားလက်‌အောက်တွင် နယ်သာလန်အသင်းနှင့်အတူ တောက်ပခဲ့ပြီး အုပ်စု ၃ ပွဲဆက်တိုက် သွင်းဂိုးရယူနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂတ်ပိုကို ခေါ်ယူဖို့ ရေပန်းစားနေတဲ့ တစ်သင်းတည်းသောအသင်းမဟုတ်ဘဲ အာဆင်နယ်အသင်းကလည်း ယင်းနယ်သာလန်ကြယ်ပွင့်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ ဂတ်ပိုကိုယ်တိုင်ကလည်း ယခုနွေရာသီမှာကတည်းက ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေပြီး ယူနိုက်တက်အသင်းရဲ့ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေကြောင်း ပြီးခဲ့တဲ့လက အင်တာဗျူးမှာ ဖွင့်ဟဝန်ခံခဲ့ဖူးပါတယ်။

ဂတ်ပိုအတွက် ပြောင်းရွှေ့ကြေးနဲ့ပတ်သတ်ပြီး အီတလီသတင်းထောက် ဖာဘရီဇီယို ရိုမန်နိုက ” ပီအက်စ်ဗွီအသင်းရဲ့ မူလအစီစဥ်က ဂတ်ပိုကို ‌‌နွေရာသီကျမှ ရောင်းချသွားဖို့ ဖြစ်ပြီး ဇန်နဝါရီမှာ ရောင်းချသွားဖို့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုကျတော့ ဒီကမ္ဘာ့ဖလားပြိုင်ပွဲပြီးသွားရင် ယူရို သန်း ၅၀ ( ပေါင် ၄၃ သန်း ) ထက်များတဲ့ ကမ်းလှမ်းမှုသာ ရှိလာမယ်ဆိုရင် ဂတ်ပိုအနေနဲ့ ဇန်နဝါရီမှာ ထွက်ဖို့ အခွင့်အရေး ရှိပါတယ်။ ကျွန်တော်က အတည်အခွင့်အရေး‌ရှိတယ်လို့ ပြောနေတာပါ။ ဒီတော့ လာမယ့် ရက်အနည်းငယ်အတွင်း စျေးကွက်ကို စောင့်ကြည့်နေလိုက်ပါ ” လို့ ပြောဆိုသွားခဲ့ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *