crd
unicode
ယူနိုက်တက်အသင်းရဲ့သွင်းဂိုးတွေအတွက် ရော်နယ်ဒို တစ်ဦးတည်းအပေါ်မှာသာ မှီခိုမနေသင့်ကြောင်းရှင်းပြပြောဆိုလိုက်တဲ့ ဘာဘာတော့ဗ်
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းဖြစ်တဲ့ ဘာဘာတော့ဗ်ဟာ ယူနိုက်တက်အသင်းရဲ့ သွင်းဂိုးတွေ ရရှိဖို့ ရုန်းကန်နေရတဲ့အပေါ် ရိုနယ်ဒိုတစ်ယောက်တည်းကိုပဲ အပြစ်ခံစေတာ မဖြစ်သင့်ဘူးလို့ဆိုလိုက်ပြီး သူမသွင်းနိုင်ရင်လဲ ကွင်းထဲမှာ ကျန်တဲ့ ၉ ယောက် သွင်းလို့ရတယ်လို့ ဆိုကာ အရှိကို အရှိတိုင်း မြင်ပေးကြဖို့ ပရိတ်သတ်တွေကို တောင်းဆိုလိုက်ပါတယ်။ထို့ပြင် ဘာဘာတော့ဗ်က ရိုနယ်ဒိုဟာ သူဘာဖြစ်နေတယ်ဆိုတာ ကောင်းကောင်းသိတဲ့သူဖြစ်ပြီး ပြန်ရုန်းထနိုင်ဖို့ သူ့ကိုယ်သူ တွန်းအားပေးမှာ ဖြစ်တာကြောင့် ပရိတ်သတ်တွေအနေနဲ့ သူ့အပေါ် ယုံကြည်မှု ဆက်ထားပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
“အသင်းရဲ့ ရလာဒ်မကောင်းဘူးဆိုရင် နာမည်ကြီးကစားသမားတွေက အမြဲတမ်းအပြစ်တင် ဝေဖန်ခံရတက်ပါတယ်။ အခု လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ရိုနယ်ဒိုခံနေရသလိုပေါ့။”“လက်ရှိမှာ ရိုနယ်ဒိုက ၁၀ ပွဲလောက်မှ တစ်ဂိုးပဲ သွင်းယူထားနိုင်လို့ လူတိုင်းအတွက်က ဒါဟာ ပြဿနာတစ်ရပ်လို့ ထင်နေကြလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ရိုနယ်ဒိုဂိုးမသွင်းနိုင်တာက ပြဿနာတစ်ရပ် မဟုတ်ပါဘူး။”“ရိုနယ်ဒို ဂိုးမသွင်းနိုင်ရင်လည်း ကွင်းထဲမှာ ကစားသမား ၁၁ နဲ့ ကစားတာလေ။ ကျန်တဲ့ ၉ ယောက်က ဘာလို့ ဂိုးမသွင်းနိုင်ကြတာလဲ။ ဒါကြောင့် အသင်းက ဂိုးမရတဲ့ကိစ္စအပေါ် ရိုနယ်ဒိုတစ်ယောက်တည်းကိုပဲ ခေါင်းခံစေလို့မရပါဘူး။ တစ်သင်းလုံး အတူတူ တာဝန်ယူသင့်ပါတယ်။”
“ရိုနယ်ဒိုက ဘောလုံးလောကရဲ့ အမှတ်အသားတစ်ခုလိုပါ။ ဒါပေမဲ့ အခုချိန်မှာ သူအသက် ၃၇ ရှိပြီဆိုတာကိုတော့ ပရိတ်သတ်တွေကို သတိရစေချင်တယ်။ ဒါကြောင့်ပဲ ကစားပွဲအတော်များများမှာ သူခြေစွမ်းပြဖို့ ရုန်းကန်နေရတာပါ။ ဒါပေမဲ့ အသင်းသာ တောင့်တင်းနေရင်တော့ ဒါက ပြဿနာတစ်ရပ်ဖြစ်လာမှာ မဟုတ်ပါဘူး။”“လူတွေအနေနဲ့ ရိုနယ်ဒိုနဲ့ ပတ်သတ်ပြီး အရှိကို အရှိတိုင်း မြင်တက်ဖို့လိုအပ်ပါတယ်။ အသက် ၂၇ နှစ်နဲ့ ၃၇ နှစ်က လုံးဝကွားခြားတယ်ဆိုတာကို လူတွေ နားလည်လက်ခံဖို့ လိုအပ်ပါတယ်။”“သူက အသင်းဖော်တွေရဲ့ လုပ်အားထုတ်လုပ်မှုကို အရင်ကထက် ပိုမို လိုအပ်လာတော့မှာပါ။ ဒါက ဘောလုံးလောကရဲ့ သဘာဝပါပဲ။ ဒါပေမဲ့ ရိုနယ်ဒိုက လုံးဝပရော်ဖက်ရှင်နယ်ပီသတဲ့ ကစားသမားတစ်ယောက်ဖြစ်တာကြောင့် သူ့အနေနဲ့ နည်းပြထံသွားပြီး လိုအပ်တာကို သွားဆွေးနွေးပါလိမ့်မယ်။ ပြီးတော့ သူက လက်ရှိကာလကနေ ရုန်းထွက်ပြီး ပိုကောင်းတာကို လုပ်ပြချင်နေပါလိမ့်မယ်။”
“ယူနိုက်တက်အသင်းသားတွေအနေနဲ့ အခုထက်ပိုပြီး ကြိုးစားအားထုတ်ဖို့ လိုအပ်နေပါတယ်။ သူ့တို့ရဲ့ အဆင့်အတန်းက အခုရှိနေတာထက် အများကြီး သာတဲ့အဆင့်မှာ ရှိနေသင့်တာပါ။”“ရိုနယ်ဒိုကလည်း လက်တွေ့ဆန်တဲ့ ကစားသမားဖြစ်တာကြောင့် သူ့ရဲ့ လက်ရှိစွမ်းဆောင်ရည်တွေက သူဖြစ်ချင်နေတာတွေ မဟုတ်ဘူးဆိုတာကို သူကောင်းကောင်း သိမှာပါ။ သူက အသက်ကြီးပြီး အရင်လို ကစားပုံနဲ့ လုံးဝမတူတော့ဘူးဆိုရင်တောင် သူကိုယ်သူ အမြင့်ဆုံးတွေလုပ်ပြဖို့ တောင်းဆိုနေအုံးမှာပါ။ သူ့ကိုယ်သူတွန်းအားပေးပြီး သူပြန်ရုန်းထွက်ပြမှာပါ။ ဒီအကြောင်းတွေကို ထွေထွေထူးထူး ရှင်းပြနေစရာမလိုပါဘူး..”လို့ ဘာဘာတော့ဗ်က ရိုနယ်ဒိုကို ကာကွယ်ပြောကြားသွားခဲ့ပါတယ်။
Add a Comment
Your email address will not be published. Required fields are marked *