crd
unicode
ယူနိုက်တက်အသင်းမှ သူအကြိုက်ဆုံး တိုက်စစ်ကစားသမားကိုပြောပြလိုက်တဲ့ ဘရာဇီးစတား နေမာ
ဂျေဒန် ဆန်ချိုဟာ ရာသီအစတုန်းက ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ဆုံးမှာ တဖြည်းဖြည်း မှေးမှိန်သွားတဲ့အတွက် အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလား လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။ ဖျားနာမှုကြောင့် ဆန်ချိုဟာ ယူနိုက်တက်ရဲ့ နောက်ဆုံး ( ၄ ) ပွဲမှာ ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။
ဘရာဇီးလ် တိုက်စစ်မှူးနေမာက လောလောလတ်လတ် ပြုလုပ်တဲ့ အင်တာဗျူးမှာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးကို သူ့အကြိုက်ဆုံး ကစားသမားတွေထဲ ပါဝင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တယ်လီဂရပ်နဲ့ အင်တာဗျူးစဉ် နေမာက ဆန်ချိုကို သူ အလေးစားဆုံး အင်္ဂလန်ကစားသမား ( ၂ ) ဦးထဲမှာ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။
နေမာက “ ကျွန်တော် တကယ်ပဲ အင်္ဂလန်ကို မေ့နေခဲ့တာပဲ ။ဒါပေမယ့် သူတို့မှာ အခွင့်အရေးရှိတာ သိသာပါတယ်။”လို့ ဆိုခဲ့ပါတယ်။ “ ကျွန်တော် ကိန်း နှင့် ဆန်ချိုကို တကယ်ကြိုက်ပါတယ်။ သူတို့က အံ့မခန်း ကစားသမား ( ၂ ) ဦးဖြစ်ပြီး ကျွန်တော် သူတို့ အထူးသဘောကျပါတယ်။ ကျွန်တော်က အဲ့လို ကိုယ်ပိုင်အရည်အချင်းရှိတဲ့ ကစားသမားတွေကို ကြိုက်ပါတယ်။”
နေမာအနေနဲ့ ဆန်ချိုက အင်္ဂလန်အသင်းမှာ ရွေးချယ်မခံရဘူးဆိုတာ သတိမထားမိတာ ဖြစ်နိုင်ပါတယ်။ အသက် ( ၂၂ )နှစ်အရွယ် တောင်ပံ ကစားသမားဟာ ရာသီအစပိုင်းမှာ ခြေစွမ်းပြကာ ( ၃ ) ဂိုးသွင်းနိုင်ခဲ့ပေမယ့် စက်တင်ဘာ အားလပ်ရက်အပြီးမှာတော့ နောက်ထပ် ဂိုးမသွင်းနိုင်တော့ပါဘူး။