crd
unicode
ယူနိုက်တက်အသင်းမှာရော်နယ်ဒိုရဲ့ခေါင်းဆောင်နေရာကိုအစားထိုးဖို့ ကစားသမားအဆင်သင့်ရှိနေကြောင်း ပြောကြားလာတဲ့ အဲရစ်တန်ဟဂ်
ကမ္ဘာ့ဖလားပြိုင်ပွဲကြီးပြီးဆုံးချိန် ပြည်တွင်းလိဂ်များ ပြန်လည်စတင်ချိန်တွင် ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပြန်ကစားရဖို့ဟာ အခွင့်အရေးမရှိသလောက် ပြီးဆုံးသွားဖို့ရှိနေပြီး အဲရစ်တန်ဟက်ဂ်ဟာ ရော်နယ်ဒိုရဲ့နေရာကို အစားထိုးဖို့ အစီအစဉ်ရှိနေပြီ ဖြစ်ပါတယ်။ ဒီရာသီယူနိုက်တက်အသင်းရဲ့ ပထမအသင်းခေါင်းဆောင်ဟာ ဟယ်ရီမက်ဂွိုင်းယားဖြစ်ပြီး ဒုတိယအသင်းခေါင်းဆောင်ဟာ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ဖြစ်ပါတယ်။
တတိယအသင်းခေါင်းဆောင်ဟာ မည်သူဖြစ်သလဲဆိုတာ အဲရစ်တန်ဟဂ်က တိတိကျကျထုတ်ဖော်မပြောကြားခဲ့ပေမယ့် ရော်နယ်ဒိုကို သတ်မှတ်ထားကြောင်း အက်စတွန်ဗီလာနဲ့ပွဲစဉ်က သက်သေပြထားပါတယ်။ နိုဝင်ဘာလ ၆ ရက်နေ့က ဗီလာပါ့ခ်မှာကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ယူနိုက်တက်တို့ပွဲစဉ်မှာ ယူနိုက်တက်မန်နေဂျာက ရော်နယ်ဒိုအား အသင်းခေါင်းဆောင်ရာထူးကို ဘာကြောင့်ရွေးချယ်ပေးအပ်ခဲ့တာလဲဆိုတာ ရှင်းပြခဲ့ထားပြီး ဒေးဗစ်ဒီဂီယာနဲ့ ကာစီမီရိုတို့ကို ခေါင်းဆောင်ရာထူးအတွက် ထည့်သွင်းစဉ်းစားထားတယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။
အသင်းခေါင်းဆောင်ရာထူးနှင့်ပတ်သတ်ပြီး – “ကျွန်တော်တို့မှာ ခေါင်းဆောင်တွေ အများကြီးရှိပါတယ်၊ ဟယ်ရီက အရန်ခုံမှာ ရှိနေပြီး၊ ဘရူနိုကို ပွဲပယ်ပြစ်ဒဏ်ကျခံထားရတဲ့အချိန်မှာ ခေါင်းဆောင်မှုရှိတဲ့ ကစားသမားကို အသင်းခေါင်ဆောင်ရာထူး ပေးအပ်ရမှာပါ။ ဂိုးသမားဟာ ဂိုးပေါက်မှာရှိနေတာကြောင့် ကွင်းထဲက အခြေအနေတွေနဲ့ ဝေးကွာတတ်ပါတယ်၊ အထူးသဖြင့် ပြိုင်ဘက်ရဲ့ တစ်ဝက်မှာ ကျွန်တော်တို့က ကစားချင်ပြီး ဒိလိုအခြေအနေမျိုးမှာ ဖြစ်တဲ့ပြဿနာတွေကို သူကဖြေရှင်းဖို့ မစွမ်းဆောင်နိုင်ပါဘူး။ ” ” Casemiro က အင်္ဂလိပ်ဘာသာစကားကို အပြည့်အစုံ မပြောတတ်သေးပါဘူး။ ဒါကြောင့် ဘယ်သူကအသင်းခေါင်ဆောင်ရာထူးနဲ့ သင့်တော်မလဲဆိုတာ ဆုံးဖြတ်ခဲ့ပြီး သင့်တော်မယ့်လူကို ဗီလာနဲ့ပွဲမှာ အသုံးပြုခဲ့တာပါ။
မင်းဟာ အသင်းခေါင်းဆောင်ဖြစ်တဲ့အခါ မင်းကို အသင်းသားတွေအားလုံးက စံနမူနာယူရမယ့်လူဖြစ်အောင် ကြိုးစာဖို့လိုပါတယ်။ အဲဒါက ငါမျှော်လင့်ထားသလိုပါပဲ၊ သူက အသင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ၊ ငါတို့လည်း သူနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ အခု သူ့ကို ဒီထက်ပိုပြီး လိုအပ်ပါတယ်။ “ဟု Ten Hag က ပြောကြားခဲ့သည်။ ယခုအချိန်မှာတော့ တန်ဟဂ်ဟာ ရော်နယ်ဒိုရဲ့ အင်တာဗျူးကြောင့် အလွန်စိတ်ပျက်ဒေါသထွက်ခဲ့ပြီး ရော်နယ်ဒိုမပါဝင်တဲ့အသင်းအနာဂတ်ကို တည်ဆောက်ဖို့ကြိုးပမ်းနေပြီး တတိယအသင်းခေါင်းဆောင်ရာထူးအတွက် ကစားသမားသစ်တစ်ဦးကို ပြန်လည်ရွေးချယ်ရတော့မှာဖြစ်ပါတယ်။ ပရိသတ်တို့ရော ယူနိုက်တက်ရဲ့တတိယအသင်းခေါင်းဆောင်ရာထူးက မည်သူနှင့်ထိုက်တန်မှုရှိသည်ဟု ထင်မြင်ပါသလဲခင်ဗျာ။