ယူႏိုက္တက္အသင္းမွာ ဝိန္း႐ြန္းနီလက္သစ္ရွိေနၿပီလို႔ တညီတၫြတ္တည္း ေထာက္ခံသြားခဲ့ၾကတဲ့ သရဲနီဂႏၲဝင္ႏွစ္ဦ
|ယူႏိုက္တက္အသင္းမွာ ဝိန္း႐ြန္းနီလက္သစ္ရွိေနၿပီလို႔ တညီတၫြတ္တည္း ေထာက္ခံသြားခဲ့ၾကတဲ့ သရဲနီဂႏၲဝင္ႏွစ္ဦး
မန္ခ်က္စတာယူႏိုက္တက္ ကစားသမားေဟာင္းေတြ ျဖစ္ၾကတဲ့ ေရာ္ဘင္ဗန္ပါစီ နဲ႔ ေပါလ္စခိုးလ္ တို႔ဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြက လိုအပ္ခ်က္အရ ေတာင္ပံထြက္ကစားေပးခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ တကိုယ္ေကာင္းဆန္မႈ ကင္းမဲ့တဲ့ စိတ္ဓာတ္ကို ခ်ီးက်ဴးသြားခဲ့ၿပီး ေပၚတူဂီ စတားကို ယူႏိုက္တက္ ဂႏၲဝင္ကစားသမား ဝိန္း႐ြန္းနီနဲ႔ ခိုင္းႏႈိင္းသြားခဲ့ပါတယ္။ ေနာက္ပိုင္းပြဲစဥ္ေတြမွာ နည္းျပ အဲရစ္တန္းဟတ္ဟာ ဝက္ေဟာ့စ္ကို နံပါတ္ ၁၀ ေနရာမွာ အသုံးျပဳတာ မ်ားလာခဲ့ၿပီး ဘ႐ူႏိုဖာနန္ဒက္စ္ ကေတာ့ ေတာင္ပံေတြမွာ ထြက္ကစားေနခဲ့ရပါတယ္။
တန္းဟတ္ရဲ႕ ဒီနည္းဗ်ဴဟာဟာ မေန႔ညက ဘာစီလိုနာနဲ႔ ယူ႐ိုပါလိဂ္ ရႈံးထြက္ ဒုတိယအေက်ာ့ ပြဲစဥ္ရဲ႕ ပထမပိုင္းမွာ အလုပ္ မျဖစ္ခဲ့ဘဲ စပိန္ကလပ္ဟာ ယူႏိုက္တက္ကို ဦးေဆာင္ထားႏိုင္ခဲ့ၿပီး တန္းဟတ္ဟာ ပထမပိုင္းအၿပီးမွာ ဝက္ေဟာ့စ္ကို အန္တိုနီနဲ႔ လူစားလဲခဲ့ရပါတယ္။ ဒုတိယပိုင္းမွာေတာ့ ဘ႐ူႏိုဟာ သူ႔ရဲ႕ ပုံမွန္ နံပါတ္ ၁၀ ေနရာမွာ ျပန္ကစားခဲ့ရၿပီး ခ်က္ခ်င္းဆိုသလိုပဲ ဖရက္ရဲ႕ ေခ်ပဂိုးအတြက္ ဖန္တီးေပးႏိုင္ခဲ့ကာ အႏိုင္ဂိုး ကိုေတာ့ လူစားဝင္ အန္တိုနီက သြင္းယူေပးခဲ့ၿပီး ယူႏိုက္တက္ဟာ ႏွစ္ေက်ာ့ေပါင္း (၄-၃) နဲ႔ ေနာကိတဆင့္ တက္သြားခဲ့ပါတယ္။
မေန႔ညက ဘ႐ူႏိုဖာနန္ဒက္စ္ကို ေတာင္ပံမွာ ကစားေစခဲ့တဲ့ တန္းဟတ္ရဲ႕ ဗ်ဴဟာဟာ အလုပ္မျဖစ္ခဲ့ေပမယ့္လည္း ဗန္ပါစီ နဲ႔ စခိုးလ္ တို႔ကေတာ့ အသက္ ၂၈ ႏွစ္အ႐ြယ္ ကစားသမားရဲ႕ တကိုယ္ေကာင္းမဆန္တဲ့ စိတိဓာတ္ကို ခ်ီးက်ဴးသြားခဲ့ကာ ၎ဟာ ဆာအဲလက္စ္ဖာဂူဆန္ရဲ႕ လက္ေအာက္မွာ ႐ြန္းနီ လုပ္ေလ့ရွိခဲ့သလိူမ်ိဳး လုပ္ေနတယ္လို႔ ဆိုသြားပါတယ္။
ဗန္ပါစီ “ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ေနာက္ပိုင္းပြဲစဥ္ေတြမွာ ကလပ္အတြက္ ေတာင္ပံေတြမွာ ထြက္ကစားေပးေနပါတယ္။ ႀကီးၾကယ္တဲ့ ကစားသမားေတြဟာ အသင္းအတြက္ ဒီလိုမ်ိဳး လုပ္ေပးၾကပါတယ္။ ႐ြန္းနီကလည္း မန္ယူႏိုက္တက္ ကစားသမားမွာ အႀကိမ္ေပါင္းမ်ားစြာ ေတာင္ပံေတြထြက္ၿပီး ကစားေပးခဲ့ပါတယ္။ ႀကီးၾကယ္တဲ့ ကစားသမားေတြဟာ မ်ားေသာအားျဖင့္ team player ေတြ ျဖစ္ၾကပါတယ္။ အသင္းက သူ႔ကို ေတာင္ပံမွာ ကစားေစဖို႔ အလိုရွိတဲ့အခါ သူဟာ ဒါကို လုပ္ေပးခဲ့ပါတယ္။ ဘ႐ူႏိုဟာ အသင္းအတြက္ အားလုံးအတြက္ ႏိုင္ပြဲေတြ ရယူေပးခ်င္တာကို ျပသေနတာ ျဖစ္ပါတယ္။ ေတာင္ပံမွာ ကစားေနရတာေတာင္ သူဟာ ေကာင္းေကာင္း လုပ္ျပေနဆဲ ျဖစ္ပါတယ္။ ဒါေပမယ့္ က်ေနာ္ အိုဝင္ဟားဂေရ႕စ္ရဲ႕ စကားကို ေထာက္ခံပါတယ္။ သူ centre of the pitch ေန ကစားတာကေတာ့ အမ်ားႀကီးကို ပိုေကာင္းပါတယ္။” လို႔ေျပာသြားပါတယ္။
စခိုးလ္ကလည္း ဗန္ပါစီရဲ႕ မွတ္ခ်က္ကို သေဘာတူညီခဲ့ၿပီး “ပထမပိုင္းမွာ သူ႔ကို ေတာင္ပံမွာ ကစားေစခဲ့တာဟာ သိပ္ၿပီး အလုပ္ မျဖစ္ခဲ့ပါဘူး။ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ေတာင္ပံထြက္ကစားကာ ကလပ္အတြက္ ေပးဆပ္ခဲ့တယ္ဆိုတာ က်ေနာ္တို႔ သိပါတယ္။ ေဂ်ဒြန္ဆန္ခ်ိဳကလည္း အနည္းငယ္ ျခားနားတဲ့ ပုံစံနဲ႔ ကစားခဲ့ရပါတယ္။ သူဟာ ၿပီးခဲ့တဲ့ ပြဲစဥ္မွာ လူစားဝင္လာၿပီးေနာက္ ေကာင္းေကာင္း လုပ္ျပခဲ့ပါတယ္။ ဒါေပမယ့္ သူဟာ အတြင္းမွာ ဝင္ကစားေနရတာ သက္ေတာင့္သက္သာ ျဖစ္မေနခဲ့ပါဘူး။ သူဟာ ေတာင္ပံက ေနရာလြတ္ေတြမွာ ရွိခ်င္ခဲ့တာပါ။
ဒီလို ပြဲႀကီးပြဲေကာင္းေတြမွာ ကစားသမားေတြရဲ႕ ေပးဆပ္မႈပိုင္းက တအားကို အေရးႀကီးလွပါတယ္။ ခင္ဗ်ား ခုနက ႐ြန္းနီ အေၾကာင္းကို ထည့္ေျပာခဲ့တဲ့ အတိုင္းပဲ သူဟာ ခရစ္စတီယာႏိုေရာ္နယ္ဒို ေျခစြမ္းျပကစားႏိုင္ဖို႔အတြက္ ဒီလိုမ်ိဳး ေပးဆပ္မႈေတြ အမ်ားႀကီး လုပ္ေပးခဲ့ပါတယ္။ ဘ႐ူႏိုဟာ အကြက္ျမင္မႈနဲ႔ အရည္အေသြးပိုင္း ေကာင္းမြန္တဲ့ ကစားသမား ျဖစ္ေနတာေၾကာင့္ အသင္းမွာ ဘယ္ေနရာပဲ ကစားရသည္ ျဖစ္ေစ ဂိုးကေတာ့ ဖန္တီးေပးႏိုင္ေနတာပါပဲ။” လို႔ ခ်ီးက်ဴးသြားခဲ့ပါတယ္။
crd
unicode
ယူနိုက်တက်အသင်းမှာ ဝိန်းရွန်းနီလက်သစ်ရှိနေပြီလို့ တညီတညွတ်တည်း ထောက်ခံသွားခဲ့ကြတဲ့ သရဲနီဂန္တဝင်နှစ်ဦး
မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ ရော်ဘင်ဗန်ပါစီ နဲ့ ပေါလ်စခိုးလ် တို့ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက လိုအပ်ချက်အရ တောင်ပံထွက်ကစားပေးခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ တကိုယ်ကောင်းဆန်မှု ကင်းမဲ့တဲ့ စိတ်ဓာတ်ကို ချီးကျူးသွားခဲ့ပြီး ပေါ်တူဂီ စတားကို ယူနိုက်တက် ဂန္တဝင်ကစားသမား ဝိန်းရွန်းနီနဲ့ ခိုင်းနှိုင်းသွားခဲ့ပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ နည်းပြ အဲရစ်တန်းဟတ်ဟာ ဝက်ဟော့စ်ကို နံပါတ် ၁၀ နေရာမှာ အသုံးပြုတာ များလာခဲ့ပြီး ဘရူနိုဖာနန်ဒက်စ် ကတော့ တောင်ပံတွေမှာ ထွက်ကစားနေခဲ့ရပါတယ်။
တန်းဟတ်ရဲ့ ဒီနည်းဗျူဟာဟာ မနေ့ညက ဘာစီလိုနာနဲ့ ယူရိုပါလိဂ် ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်ရဲ့ ပထမပိုင်းမှာ အလုပ် မဖြစ်ခဲ့ဘဲ စပိန်ကလပ်ဟာ ယူနိုက်တက်ကို ဦးဆောင်ထားနိုင်ခဲ့ပြီး တန်းဟတ်ဟာ ပထမပိုင်းအပြီးမှာ ဝက်ဟော့စ်ကို အန်တိုနီနဲ့ လူစားလဲခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ဘရူနိုဟာ သူ့ရဲ့ ပုံမှန် နံပါတ် ၁၀ နေရာမှာ ပြန်ကစားခဲ့ရပြီး ချက်ချင်းဆိုသလိုပဲ ဖရက်ရဲ့ ချေပဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့ကာ အနိုင်ဂိုး ကိုတော့ လူစားဝင် အန်တိုနီက သွင်းယူပေးခဲ့ပြီး ယူနိုက်တက်ဟာ နှစ်ကျော့ပေါင်း (၄-၃) နဲ့ နောကိတဆင့် တက်သွားခဲ့ပါတယ်။
မနေ့ညက ဘရူနိုဖာနန်ဒက်စ်ကို တောင်ပံမှာ ကစားစေခဲ့တဲ့ တန်းဟတ်ရဲ့ ဗျူဟာဟာ အလုပ်မဖြစ်ခဲ့ပေမယ့်လည်း ဗန်ပါစီ နဲ့ စခိုးလ် တို့ကတော့ အသက် ၂၈ နှစ်အရွယ် ကစားသမားရဲ့ တကိုယ်ကောင်းမဆန်တဲ့ စိတိဓာတ်ကို ချီးကျူးသွားခဲ့ကာ ၎င်းဟာ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ လက်အောက်မှာ ရွန်းနီ လုပ်လေ့ရှိခဲ့သလိူမျိုး လုပ်နေတယ်လို့ ဆိုသွားပါတယ်။
ဗန်ပါစီ “ဘရူနိုဖာနန်ဒက်စ်ဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ကလပ်အတွက် တောင်ပံတွေမှာ ထွက်ကစားပေးနေပါတယ်။ ကြီးကြယ်တဲ့ ကစားသမားတွေဟာ အသင်းအတွက် ဒီလိုမျိုး လုပ်ပေးကြပါတယ်။ ရွန်းနီကလည်း မန်ယူနိုက်တက် ကစားသမားမှာ အကြိမ်ပေါင်းများစွာ တောင်ပံတွေထွက်ပြီး ကစားပေးခဲ့ပါတယ်။ ကြီးကြယ်တဲ့ ကစားသမားတွေဟာ များသောအားဖြင့် team player တွေ ဖြစ်ကြပါတယ်။ အသင်းက သူ့ကို တောင်ပံမှာ ကစားစေဖို့ အလိုရှိတဲ့အခါ သူဟာ ဒါကို လုပ်ပေးခဲ့ပါတယ်။ ဘရူနိုဟာ အသင်းအတွက် အားလုံးအတွက် နိုင်ပွဲတွေ ရယူပေးချင်တာကို ပြသနေတာ ဖြစ်ပါတယ်။ တောင်ပံမှာ ကစားနေရတာတောင် သူဟာ ကောင်းကောင်း လုပ်ပြနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော် အိုဝင်ဟားဂရေ့စ်ရဲ့ စကားကို ထောက်ခံပါတယ်။ သူ centre of the pitch နေ ကစားတာကတော့ အများကြီးကို ပိုကောင်းပါတယ်။” လို့ပြောသွားပါတယ်။
စခိုးလ်ကလည်း ဗန်ပါစီရဲ့ မှတ်ချက်ကို သဘောတူညီခဲ့ပြီး “ပထမပိုင်းမှာ သူ့ကို တောင်ပံမှာ ကစားစေခဲ့တာဟာ သိပ်ပြီး အလုပ် မဖြစ်ခဲ့ပါဘူး။ ဘရူနိုဖာနန်ဒက်စ်ဟာ တောင်ပံထွက်ကစားကာ ကလပ်အတွက် ပေးဆပ်ခဲ့တယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဂျေဒွန်ဆန်ချိုကလည်း အနည်းငယ် ခြားနားတဲ့ ပုံစံနဲ့ ကစားခဲ့ရပါတယ်။ သူဟာ ပြီးခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင်လာပြီးနောက် ကောင်းကောင်း လုပ်ပြခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အတွင်းမှာ ဝင်ကစားနေရတာ သက်တောင့်သက်သာ ဖြစ်မနေခဲ့ပါဘူး။ သူဟာ တောင်ပံက နေရာလွတ်တွေမှာ ရှိချင်ခဲ့တာပါ။
ဒီလို ပွဲကြီးပွဲကောင်းတွေမှာ ကစားသမားတွေရဲ့ ပေးဆပ်မှုပိုင်းက တအားကို အရေးကြီးလှပါတယ်။ ခင်ဗျား ခုနက ရွန်းနီ အကြောင်းကို ထည့်ပြောခဲ့တဲ့ အတိုင်းပဲ သူဟာ ခရစ်စတီယာနိုရော်နယ်ဒို ခြေစွမ်းပြကစားနိုင်ဖို့အတွက် ဒီလိုမျိုး ပေးဆပ်မှုတွေ အများကြီး လုပ်ပေးခဲ့ပါတယ်။ ဘရူနိုဟာ အကွက်မြင်မှုနဲ့ အရည်အသွေးပိုင်း ကောင်းမွန်တဲ့ ကစားသမား ဖြစ်နေတာကြောင့် အသင်းမှာ ဘယ်နေရာပဲ ကစားရသည် ဖြစ်စေ ဂိုးကတော့ ဖန်တီးပေးနိုင်နေတာပါပဲ။” လို့ ချီးကျူးသွားခဲ့ပါတယ်။
crd