ယူႏိုက္တက္အသင္းမွာ ပေရာ္ဖက္ရွင္နယ္ပီသတဲ့ကစားသမားသုံးဦးသာရွိေၾကာင္း ေျပာဆိုလိုက္တဲ့ ေရာ္နယ္ဒို
|ယူႏိုက္တက္အသင္းမွာ ပေရာ္ဖက္ရွင္နယ္ပီသတဲ့ကစားသမားသုံးဦးသာရွိေၾကာင္း ေျပာဆိုလိုက္တဲ့ ေရာ္နယ္ဒို
ပီယာ့စ္ေမာ္ဂန္ႏွင့္ အင္တာဗ်ဴးတြင္ ေရာ္နယ္ဒိုက မန္ယူလူငယ္ကစားသမားမ်ား၏ စိတ္ဓာတ္ႏွင့္ ပေရာ္ဖက္ရွင္နယ္ပီသမႈကို ေဝဖန္ေျပာဆိုလိုက္သည္။ အဆိုပါအင္တာဗ်ဴးတြင္ ေရာ္နယ္ဒိုက သူ၏ ကေလးငယ္ေလး ကိုဆုံးရႈံးရသည့္ကိစၥ ဆိုးရွားကို ႏွစ္သက္သည့္အေၾကာင္း ၂၀၂၁ တြင္ မန္စီးတီးသို႔ေျပာင္းလုမတတ္ျဖစ္ခဲ့သည့္အေၾကာင္း စသည့္ကိစၥမ်ားကိုလည္း ေျပာဆိုခဲ့သည္။ လက္ရွိမန္ယူအသင္းသားမ်ားတြင္ ဒါးေလာ့၊ ကက္ဆီမဲ႐ိုးႏွင့္ မာတီနက္ဇ္တို႔သာလွ်င္ ပေရာ္ဖက္ရွင္နယ္ ပီသသူမ်ား ျဖစ္ေၾကာင္း ေရာ္နယ္ဒိုက ေျပာဆိုလိုက္သည္။
ေရာ္နယ္ဒိုက “မန္ယူအသင္းကစားသမားအခ်ိဳ႕က ပိုၿပီးအေတြ႕အႀကဳံရွိတဲ့ ပိုၿပီးအသက္ႀကီးတဲ့ ကစားသမားေတြကို မေလးစားဘူးလို႔ထင္တယ္။ သူတို႔နဲ႔က ေခတ္မတူေတာ့ဘူး။ ကြၽန္ေတာ့္ရဲ႕ အသက္ ၁၂ ႏွစ္အ႐ြယ္သားငယ္ေလးနဲ႔ေတာင္မွ သူတို႔က စိတ္သေဘာထားျခင္းမတူျဖစ္ေနတယ္။ ေအာင္ျမင္မႈကို ဆာေလာင္စိတ္လည္းမရွိဘူး။သူတို႔က အရာရာကို လြယ္လြယ္နဲ႔ရေနေတာ့ ခက္ခက္ခဲခဲ မႀကိဳးစားေတာ့ဘူး။ သူတို႔က ဂ႐ုမစိုက္သလိုျဖစ္ေနတယ္။ မန္ယူတစ္သင္းတည္းတင္မကပါဘူး။ အခုတျခားလိဂ္ တျခားအသင္းေတြမွာလည္း လူငယ္ကစားသမားမ်ိဳးဆက္က ကြၽန္ေတာ္တို႔ မ်ိဳးဆက္နဲ႔ မတူေတာ့ဘူး။ သိပ္ကြာသြားၿပီ။ နည္းပညာအသစ္ေတြနဲ႔ အာ႐ုံေထြျပားစရာေတြလည္း သိပ္မ်ားသြားတယ္ေလ။ ကြၽန္ေတာ္တို႔မွာ နားႏွစ္ဘက္ရွိတယ္။ တစ္ဘက္နားနဲ႔ နားေထာင္ၿပီး ေနာက္တစ္ဘက္နားနဲ႔ မလိုတာေတြကို ေမ့ပစ္ဖို႔လိုအပ္ပါတယ္”
“ကြၽန္ေတာ္က သူတို႔အျပဳအမူကို မအံ့ဩပါဘူး။ ဒါေပမယ့္သူတို႔ေရွ႕မွာ အေကာင္းဆုံးဥပမာတစ္ခု ရွိနရဲ႕သားနဲ႔ နည္းနည္းေလးမွ အတုမခိုးၾကဘူး။ ကြၽန္ေတာ့္အတြက္ေတာ့ ဒါက ထူးျခားတယ္လို႔ ထင္တယ္။ ကြၽန္ေတာ္ အသက္ ၁၈ ၁၉ ၂၀ တုန္းကဆိုရင္ အဲဒီေခတ္ရဲ႕ အေကာင္းဆုံးကစားသမားေတြ ျဖစ္တဲ့ နစၥတဲလ္႐ြိဳင္း ဖာဒီနန္ ႐ြိဳင္းကိန္း ဂစ္တို႔ကိုအတုခိုးတယ္။ ဒါေၾကာင့္လည္းကြၽန္ေတာ္က အခုလို ေအာင္ျမင္မႈကို အၾကာႀကီးရတာေပါ့။ ကြၽန္ေတာ္က သူတို႔ဆီကေနအတုယူခဲ့ပါတယ္။ ၿပီးေတာ့ကိုယ္ေရာ စိတ္ပါ ထိန္းသိမ္းၿပီးေနတယ္။ ဒါေၾကာင့္လည္းအၾကာႀကီးကစားႏိုင္တာေပါ့”
“မန္ယူမွာဆိုရင္ ဒါးေလာ့ကိုေျပာရပါလိမ့္မယ္။ သူက အသက္ငယ္ေပမယ့္ ပေရာ္ဖက္ရွင္နယ္ ပီသပါတယ္။ ဒါးေလာ့က ငယ္႐ြယ္ၿပီးဉာဏ္ေကာင္းေတာ့သူအၾကာႀကီး ကစားႏိုင္မယ္ထင္တယ္။ သူ႔အေနနဲ႔ ကစားသမားဘဝအျမင့္ဆုံးအဆင့္ကို တက္လွမ္းႏိုင္မွာေသခ်ာၿပီး သူ႔ရဲ႕တိုးတက္မႈကို ေရရွည္ထိန္းသိမ္းႏိုင္မယ့္သူတစ္ေယာက္ျဖစ္လာမွာပါ။ ေနာက္ထပ္ႏွစ္ေယာက္ေျပာရရင္ မာတီနက္ဇ္နဲ႔ ကာဆီမဲ႐ိုးတို႔ပါ။ သူတို႔လည္းအသက္ ၃၀ ေနာက္ပိုင္းေလာက္အထိ ေဘာလုံးကစားႏိုင္ၾကမယ္ထင္ပါတယ္”ဟု ေရာ္နယ္ဒိုက ေျပာဆိုလိုက္သည္။
crd
unicode
ယူနိုက်တက်အသင်းမှာ ပရော်ဖက်ရှင်နယ်ပီသတဲ့ကစားသမားသုံးဦးသာရှိကြောင်း ပြောဆိုလိုက်တဲ့ ရော်နယ်ဒို
ပီယာ့စ်မော်ဂန်နှင့် အင်တာဗျူးတွင် ရော်နယ်ဒိုက မန်ယူလူငယ်ကစားသမားများ၏ စိတ်ဓာတ်နှင့် ပရော်ဖက်ရှင်နယ်ပီသမှုကို ဝေဖန်ပြောဆိုလိုက်သည်။ အဆိုပါအင်တာဗျူးတွင် ရော်နယ်ဒိုက သူ၏ ကလေးငယ်လေး ကိုဆုံးရှုံးရသည့်ကိစ္စ ဆိုးရှားကို နှစ်သက်သည့်အကြောင်း ၂၀၂၁ တွင် မန်စီးတီးသို့ပြောင်းလုမတတ်ဖြစ်ခဲ့သည့်အကြောင်း စသည့်ကိစ္စများကိုလည်း ပြောဆိုခဲ့သည်။ လက်ရှိမန်ယူအသင်းသားများတွင် ဒါးလော့၊ ကက်ဆီမဲရိုးနှင့် မာတီနက်ဇ်တို့သာလျှင် ပရော်ဖက်ရှင်နယ် ပီသသူများ ဖြစ်ကြောင်း ရော်နယ်ဒိုက ပြောဆိုလိုက်သည်။
ရော်နယ်ဒိုက “မန်ယူအသင်းကစားသမားအချို့က ပိုပြီးအတွေ့အကြုံရှိတဲ့ ပိုပြီးအသက်ကြီးတဲ့ ကစားသမားတွေကို မလေးစားဘူးလို့ထင်တယ်။ သူတို့နဲ့က ခေတ်မတူတော့ဘူး။ ကျွန်တော့်ရဲ့ အသက် ၁၂ နှစ်အရွယ်သားငယ်လေးနဲ့တောင်မှ သူတို့က စိတ်သဘောထားခြင်းမတူဖြစ်နေတယ်။ အောင်မြင်မှုကို ဆာလောင်စိတ်လည်းမရှိဘူး။သူတို့က အရာရာကို လွယ်လွယ်နဲ့ရနေတော့ ခက်ခက်ခဲခဲ မကြိုးစားတော့ဘူး။ သူတို့က ဂရုမစိုက်သလိုဖြစ်နေတယ်။ မန်ယူတစ်သင်းတည်းတင်မကပါဘူး။ အခုတခြားလိဂ် တခြားအသင်းတွေမှာလည်း လူငယ်ကစားသမားမျိုးဆက်က ကျွန်တော်တို့ မျိုးဆက်နဲ့ မတူတော့ဘူး။ သိပ်ကွာသွားပြီ။ နည်းပညာအသစ်တွေနဲ့ အာရုံထွေပြားစရာတွေလည်း သိပ်များသွားတယ်လေ။ ကျွန်တော်တို့မှာ နားနှစ်ဘက်ရှိတယ်။ တစ်ဘက်နားနဲ့ နားထောင်ပြီး နောက်တစ်ဘက်နားနဲ့ မလိုတာတွေကို မေ့ပစ်ဖို့လိုအပ်ပါတယ်”
“ကျွန်တော်က သူတို့အပြုအမူကို မအံ့ဩပါဘူး။ ဒါပေမယ့်သူတို့ရှေ့မှာ အကောင်းဆုံးဥပမာတစ်ခု ရှိနရဲ့သားနဲ့ နည်းနည်းလေးမှ အတုမခိုးကြဘူး။ ကျွန်တော့်အတွက်တော့ ဒါက ထူးခြားတယ်လို့ ထင်တယ်။ ကျွန်တော် အသက် ၁၈ ၁၉ ၂၀ တုန်းကဆိုရင် အဲဒီခေတ်ရဲ့ အကောင်းဆုံးကစားသမားတွေ ဖြစ်တဲ့ နစ္စတဲလ်ရွိုင်း ဖာဒီနန် ရွိုင်းကိန်း ဂစ်တို့ကိုအတုခိုးတယ်။ ဒါကြောင့်လည်းကျွန်တော်က အခုလို အောင်မြင်မှုကို အကြာကြီးရတာပေါ့။ ကျွန်တော်က သူတို့ဆီကနေအတုယူခဲ့ပါတယ်။ ပြီးတော့ကိုယ်ရော စိတ်ပါ ထိန်းသိမ်းပြီးနေတယ်။ ဒါကြောင့်လည်းအကြာကြီးကစားနိုင်တာပေါ့”
“မန်ယူမှာဆိုရင် ဒါးလော့ကိုပြောရပါလိမ့်မယ်။ သူက အသက်ငယ်ပေမယ့် ပရော်ဖက်ရှင်နယ် ပီသပါတယ်။ ဒါးလော့က ငယ်ရွယ်ပြီးဉာဏ်ကောင်းတော့သူအကြာကြီး ကစားနိုင်မယ်ထင်တယ်။ သူ့အနေနဲ့ ကစားသမားဘဝအမြင့်ဆုံးအဆင့်ကို တက်လှမ်းနိုင်မှာသေချာပြီး သူ့ရဲ့တိုးတက်မှုကို ရေရှည်ထိန်းသိမ်းနိုင်မယ့်သူတစ်ယောက်ဖြစ်လာမှာပါ။ နောက်ထပ်နှစ်ယောက်ပြောရရင် မာတီနက်ဇ်နဲ့ ကာဆီမဲရိုးတို့ပါ။ သူတို့လည်းအသက် ၃၀ နောက်ပိုင်းလောက်အထိ ဘောလုံးကစားနိုင်ကြမယ်ထင်ပါတယ်”ဟု ရော်နယ်ဒိုက ပြောဆိုလိုက်သည်။