crd
unicode
ယူနိုက်တက်အဝတ်လဲခန်းထဲက သရဲနီတို့ရဲ့ခေါင်းဆောင်ကြီးဆိုပြီး အသင်းဖော်တစ်ဦးကို တခုတ်တရချီးကျူးလိုက်တဲ့ ဖရက်ဒ်
ပြီးခဲ့တဲ့ နွေရာသီဈေးကွက်မှာ မန်ယူအသင်း ခေါ်ယူခဲ့တဲ့ ကစားသမားတွေရဲ့ အကျိုးသက်ရောက်မှုတွေက အသင်းရဲ့ စိတ်ဓာတ်ရေးရာကို ပြောင်းလဲပေးခဲ့တာဖြစ်ပြီး အဝတ်လဲခန်းထဲကို အားအင်တွေ အပြည့်ထည့်ပေးလိုက်တာမျိုး ဖြစ်တယ်လို့ မန်ယူကွင်းလယ်ကစားသမား ဖရက်ဒ်က ဆိုပါတယ်။
ဘရာဇီး သားဟာ ပြီးခဲ့တဲ့ နည်းပြဟောင်းတွေဖြစ်တဲ့ ဆိုးလ်ရှား၊ ရက်ဖ်ရန်းနစ်တို့ရဲ့ လက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့် မရခဲ့သလို လမ်းပျောက်ခဲ့တဲ့ ကစားသမား တစ်ယောက်ဖြစ်ပေမဲ့ နည်းပြ အဲရစ်တန်ဟတ်ရဲ့ လက်ထက်မှာ တိုးတက်မှု တွေရှိလာခဲ့ပြီး နွေရာသီမှာ အသင်းကို ရောက်လာတဲ့ လက်ရွေးစင်အသင်း ဖော် ကက်စ်မီရိုနဲ့ ဘယ်လိုမှ
ခွဲထားလို့မရနိုင်လောက်တဲ့အထိ ရာထူးတိုးလာ တာကို တွေ့ရပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ နွေရာသီဈေးကွက်မှာ ကက်စ်မီရို အပါဝင် အဲရစ်တန်ဟတ် ခေါ်လိုက်တဲ့ ကစားသမားတွေက အိပ်မက်ကဇာတ်ရုံရဲ့ အဝတ်လဲခန်းကို အများကြီး အရောင်တင်ပေးခဲ့တာ ဖြစ်တယ်လို့ ဖရက်ဒ်က ဆိုပါတယ်။
‘’ကျွန်တော်တို့ဟာ စိတ်ဓာတ်ရေးရာ ကောင်းမွန်တဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တယ်။ အရင်တုန်းက စိတ်ဓာတ်ရေးရာ မပြောင်းလဲသူတွေတောင် အခု ဒီလိုမျိုးတွေ ဖြစ်လာနေပါပြီ။ အဲရစ်တန်ဟတ်ဟာ သူတို့နဲ့အတူ အများကြီး လုပ်ပေးခဲ့တယ်။ သူက အဝတ်လဲခန်းထဲကို အားအင်တွေ ထည့်ပေးလိုက်တာ။ ခြားနားချက်က ဘာလဲဆိုတာတော့ ကျွန်တော် တပ်အပ်မသိပါဘူး။ လူတွေကတော့ ဒီလူတွေပါပဲ။ ဒါပေမဲ့ စိတ်ဓာတ်ကတော့ ပြောင်းသွားတယ်။ အချိန်ကာလ အပိုင်းအခြားတိုင်းမှာ ကျွန်တော်တို့ ယုံ ကြည်မှုရှိတယ်။ စိတ်ဓာတ်လည်း ခိုင်မာတယ်။ ဆုဖလားတွေ ရဖို့အတွက် အဲဒီဟာကို ထိန်းထားဖို့က အရေးကြီးတယ်။
ကက်စ်မီရိုလို ဘဲမျိုးနဲ့ တွဲပြီး ကစားရတာကို ကျွန်တော် အရမ်းကြိုက်တယ်။ သူက ရီးရဲလ်မှာ ဖလားတွေ အများကြီး ယူထားခဲ့တာလေ။ ဘရာဇီးလက်ရွေးစင်အသင်းမှာဆိုရင်လည်း သူက စိတ်ဓာတ်ကောင်းရှိတယ်။ သူက ကျွန်တော်တို့အသင်းအတွက် အရေး ပါတဲ့ အစိတ်အပိုင်း တစ်ခုပါ။ သူက ခေါင်းဆောင်ကြီးဗျ။ သူက နေ့တိုင်းမှာ ကျွန်တော်တို့အပါအဝင် ကစားသမားတွေအားလုံးနဲ့ စကားတွေ ဖောင်ဖွဲ့ တယ်။ အင်္ဂလိပ်စာလည်း သင်ဖို့ ကြိုးစားနေတယ်။ ဒါကိုတော့ လူတိုင်းသိ ပါတယ်။ အဝတ်လဲခန်းထဲမှာဆိုရင် သူက အရမ်းကို သဘောကျဖို့ ကောင်း တဲ့သူဖြစ်နေတာ’’ လို့ ဖရက်ဒ်ကဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ အက်ဖ်အေ ဖလားပွဲအပြီးမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။