ယူႏိုက္တက္အပါအဝင္ အသင္းႀကီးေတြရဲ႕ ပစ္မွတ္ျဖစ္တဲ့ ဒီကလန္႐ိုက္စ္ကို ေဈးသတ္မွတ္လိုက္တဲ့ ဝက္စ္ဟမ္းနည္းျပ မိုရက္စ္

ယူႏိုက္တက္အပါအဝင္ အသင္းႀကီးေတြရဲ႕ ပစ္မွတ္ျဖစ္တဲ့ ဒီကလန္႐ိုက္စ္ကို ေဈးသတ္မွတ္လိုက္တဲ့ ဝက္စ္ဟမ္းနည္းျပ မိုရက္စ္
ယူႏိုက္တက္နည္းျပေဟာင္း မိုရက္စ္က ဒီကလန္႐ိုက္စ္ကို ေႏြရာသီမွာ ေရာင္းခ်ေတာ့မွာမို႔ ေခၚဖို႔ အေျခအေနအ‌ေကာင္းဆုံးျဖစ္ေနတဲ့ မန္ယူအသင္း

အသက္ ၂၄ႏွစ္ အ႐ြယ္ အဂၤလန္ လက္ေ႐ြးစင္ ကြင္းလယ္ခံစစ္ ကစားသမား ဒီကလန္႐ိုက္စ္က ဝက္စ္ဟမ္းရဲ႕ လူငယ္ အကယ္ဒမီ ကေန ထြက္ေပၚလာတဲ့ ကစားသမားေကာင္း တဦး ျဖစ္သလို သူဟာ ဝက္စ္ဟမ္းရဲ႕ အသင္းေခါင္းေဆာင္ အျဖစ္ ကာလရွည္ တာဝန္ယူ ကစားထားသူပါ။

ဒီကလန္႐ိုက္စ္က ကြင္းလယ္ခံစစ္ ေနရာမွာ အဓိကထား ကစားေလ့ ရွိသူ ျဖစ္ၿပီး သူ႔ရဲ႕ တိက်တဲ့ ေဘာလုံးေပးပို႔ႏိုင္စြမ္း ၊ ၿပိဳင္ဘက္ရဲ႕ တိုက္စစ္လမ္းေၾကာင္းေတြကို အမွားအယြင္းကင္းကင္းနဲ႔ ဟန႔္တားႏိုင္စြမ္း ၊ ပြဲရဲ႕ အရွိန္ကို ထိန္းခ်ဳပ္ႏိုင္စြမ္းတို႔ေၾကာင့္ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ကြင္းလယ္ခံစစ္ ကစားသမားေတြထဲက တဦး အျဖစ္ သတ္မွတ္ခံထားရပါတယ္။

လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္ရဲ႕ ထိပ္သီးအသင္းေတြ ျဖစ္တဲ့ မန္ခ်က္စတာ ယူႏိုက္တက္ ၊ ခ်ယ္လ္ဆီး ၊ အာဆင္နယ္နဲ႔ မန္ခ်က္စတာ စီးတီးတို႔ အားလုံးက ဒီကလန္႐ိုက္စ္ကို ေခၚယူဖို႔ စိတ္ဝင္စားမႈေတြ ရွိေနၾကၿပီး ဒီကလန္႐ိုက္စ္ကလည္း လာမယ့္ ေႏြေဈးကြက္ အတြင္းမွာ ဝက္စ္ဟမ္းကို စြန႔္ခြာကာ ထိပ္သီးအသင္း တသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ စဥ္းစားထားပါတယ္။

ဒီကလန္႐ိုက္စ္နဲ႔ ဝက္စ္ဟမ္းတို႔ရဲ႕ ၾကားထဲမွာ ရွိေနတဲ့ စာခ်ဳပ္က လာမယ့္ ၂၀၂၅ခုႏွစ္မွာ ကုန္ဆုံးဖို႔ ရွိေနတာေၾကာင့္ ဝက္စ္ဟမ္းက ဒီကလန္႐ိုက္စ္ အတြက္ ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကး တရပ္ လိုခ်င္ရင္ လာမယ့္ ေႏြေဈးကြက္ အတြင္းမွာ ေရာင္းထုတ္ဖို႔ လိုအပ္ၿပီး ဝက္စ္ဟမ္းနည္းျပ မိုရက္စ္ကေတာ့ သူတို႔အသင္းဟာ ဒီကလန္႐ိုက္စ္ကို ၿဗိတိန္ရဲ႕ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးမ်ိဳး ရမွသာ ေရာင္းခ်သြားမယ္လို႔ ဆိုလာပါတယ္။

မိုရက္စ္က – “ဒီကလန္က ထိပ္တန္းအဆင့္ ကစားသမား တဦး ျဖစ္လာမယ္ ဆိုတာ ေမးခြန္းထုတ္စရာကို မလိုပါဘူး။ တကယ္လို႔ သူက ဝက္စ္ဟမ္းကေန ထြက္ခြာျဖစ္ရင္ သူဟာ ၿဗိတိန္ရဲ႕ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးပိုင္ရွင္ ျဖစ္လာပါလိမ့္မယ္။ အခုခ်ိန္မွာ ကြၽန္ေတာ္တို႔က ဒီကလန္႐ိုက္စ္ရဲ႕ အေျပာင္းအေ႐ႊ႕ အတြက္ သတင္းေတြ အမ်ားႀကီး ၾကားေနသလို ေဈးကြက္ရဲ႕ အေျပာင္းအလဲေတြကိုလည္း ခင္ဗ်ားတို႔ သိၾကပါတယ္။

ဒါေၾကာင့္ ကြၽန္ေတာ္ကေတာ့ ဒီကလန္႐ိုက္စ္သာ အသင္းေျပာင္းျဖစ္မယ္ ဆိုရင္ သူ႔ရဲ႕ ေျပာင္းေ႐ႊ႕ေၾကး ပမာဏဟာ စံခ်ိန္တင္ ပမာဏ ျဖစ္လိမ့္မယ္လို႔ ေျပာခ်င္ပါတယ္” ဆိုၿပီး ေျပာၾကားသြားခဲ့တာပါ။ လက္ရွိ ၿဗိတိန္ရဲ႕ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ပိုင္ရွင္က ခ်ယ္လ္ဆီး ကစားသမားသစ္ အန္ဇို ဖာနန္ဒက္ဇ္ ျဖစ္ၿပီး ခ်ယ္လ္ဆီးက အန္ဇို ဖာနန္ဒက္ဇ္ အတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၀၈သန္း ေပးေခ်ခဲ့ရပါတယ္။
crd

Unicode
ယူနိုက်တက်အပါအဝင် အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်တဲ့ ဒီကလန်ရိုက်စ်ကို ဈေးသတ်မှတ်လိုက်တဲ့ ဝက်စ်ဟမ်းနည်းပြ မိုရက်စ်
ယူနိုက်တက်နည်းပြဟောင်း မိုရက်စ်က ဒီကလန်ရိုက်စ်ကို နွေရာသီမှာ ရောင်းချတော့မှာမို့ ခေါ်ဖို့ အခြေအနေအ‌ကောင်းဆုံးဖြစ်နေတဲ့ မန်ယူအသင်း

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်က ဝက်စ်ဟမ်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမားကောင်း တဦး ဖြစ်သလို သူဟာ ဝက်စ်ဟမ်းရဲ့ အသင်းခေါင်းဆောင် အဖြစ် ကာလရှည် တာဝန်ယူ ကစားထားသူပါ။

ဒီကလန်ရိုက်စ်က ကွင်းလယ်ခံစစ် နေရာမှာ အဓိကထား ကစားလေ့ ရှိသူ ဖြစ်ပြီး သူ့ရဲ့ တိကျတဲ့ ဘောလုံးပေးပို့နိုင်စွမ်း ၊ ပြိုင်ဘက်ရဲ့ တိုက်စစ်လမ်းကြောင်းတွေကို အမှားအယွင်းကင်းကင်းနဲ့ ဟန့်တားနိုင်စွမ်း ၊ ပွဲရဲ့ အရှိန်ကို ထိန်းချုပ်နိုင်စွမ်းတို့ကြောင့် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီး ၊ အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့ အားလုံးက ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိနေကြပြီး ဒီကလန်ရိုက်စ်ကလည်း လာမယ့် နွေဈေးကွက် အတွင်းမှာ ဝက်စ်ဟမ်းကို စွန့်ခွာကာ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စဉ်းစားထားပါတယ်။

ဒီကလန်ရိုက်စ်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်က လာမယ့် ၂၀၂၅ခုနှစ်မှာ ကုန်ဆုံးဖို့ ရှိနေတာကြောင့် ဝက်စ်ဟမ်းက ဒီကလန်ရိုက်စ် အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် လိုချင်ရင် လာမယ့် နွေဈေးကွက် အတွင်းမှာ ရောင်းထုတ်ဖို့ လိုအပ်ပြီး ဝက်စ်ဟမ်းနည်းပြ မိုရက်စ်ကတော့ သူတို့အသင်းဟာ ဒီကလန်ရိုက်စ်ကို ဗြိတိန်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးမျိုး ရမှသာ ရောင်းချသွားမယ်လို့ ဆိုလာပါတယ်။

မိုရက်စ်က – “ဒီကလန်က ထိပ်တန်းအဆင့် ကစားသမား တဦး ဖြစ်လာမယ် ဆိုတာ မေးခွန်းထုတ်စရာကို မလိုပါဘူး။ တကယ်လို့ သူက ဝက်စ်ဟမ်းကနေ ထွက်ခွာဖြစ်ရင် သူဟာ ဗြိတိန်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးပိုင်ရှင် ဖြစ်လာပါလိမ့်မယ်။ အခုချိန်မှာ ကျွန်တော်တို့က ဒီကလန်ရိုက်စ်ရဲ့ အပြောင်းအရွှေ့ အတွက် သတင်းတွေ အများကြီး ကြားနေသလို ဈေးကွက်ရဲ့ အပြောင်းအလဲတွေကိုလည်း ခင်ဗျားတို့ သိကြပါတယ်။

ဒါကြောင့် ကျွန်တော်ကတော့ ဒီကလန်ရိုက်စ်သာ အသင်းပြောင်းဖြစ်မယ် ဆိုရင် သူ့ရဲ့ ပြောင်းရွှေ့ကြေး ပမာဏဟာ စံချိန်တင် ပမာဏ ဖြစ်လိမ့်မယ်လို့ ပြောချင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။ လက်ရှိ ဗြိတိန်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပိုင်ရှင်က ချယ်လ်ဆီး ကစားသမားသစ် အန်ဇို ဖာနန်ဒက်ဇ် ဖြစ်ပြီး ချယ်လ်ဆီးက အန်ဇို ဖာနန်ဒက်ဇ် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၈သန်း ပေးချေခဲ့ရပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *